CRPH Myanmar
14.1K subscribers
2.84K photos
75 videos
6 files
430 links
Committee Representing Pyidaungsu Hluttaw
Download Telegram
❤13👍1
Malaysia has consistently demonstrated a principled engagement within ASEAN regarding Burma/Myanmar, repeatedly affirming its commitment to humanitarian values, democracy, and human rights. Receptive diplomatic hosting of Min Aung Hlaing at the head-of-state level stands in direct contradiction to these established principles.
Accordingly, the Steering Council for the Emergence of a Federal Democratic Union - SCEF respectfully and earnestly calls upon the Government of Malaysia to refrain from further confirming, or granting state-level legitimacy to Min Aung Hlaing and his junta.

Excerpt from the Statement of Objection to Min Aung Hlaing’s Visit to Malaysia

#SCEF
❤16👍1
❤16👍3
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)
office@scefdu.org
www.scefdu.org

အရပ်သားများအားဦးတည်သော အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် သဘောထားကြေညာချက်

၂၀၂၆ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့

၁။ ၂၀၂၆ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်တော်တွင် အကြမ်းဖက် စစ်အုပ်စု၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားများ အစုလိုက်အပြုံလိုက် ထိခိုက် သေကြေမှုရှိခဲ့သည့်အပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)မှ ရခိုင်ပြည်သူလူထုနှင့်ထပ်တူများစွာ ဝမ်းနည်း စိတ်မကောင်း ဖြစ်မိပါသည်။

၂။ အကြမ်းဖက်စစ်အုပ်စုသည် ကျောက်တော်ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် ရခိုင်ပြည်အနှံ့အပြား၊ ထားဝယ်ရေဘေးသင့်ဒေသများနှင့် အရပ်သားများအပေါ်ပစ်မှတ်ထား၍ ဆက်လက်တိုက်ခိုက်နေခြင်း၊ အခြားပြည်ထောင်စုအဖွဲ့ဝင် တိုင်းရင်းသားဒေသများနှင့် မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူလူထု အရပ်သားများနေထိုင်ရာဖြစ်သော စစ်ရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အအုံများ အပေါ်ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းတို့သည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း ကျူးလွန်သော ယုတ်မာသည့် အကြမ်းဖက်မှုဖြစ်သဖြင့် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါသည်။

၃။ ထိုသို့ နိုင်ငံအဝှမ်းရှိ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်ခြင်းသည် ပြည်သူလူထုအား ပိုမိုပြင်းထန်သည့် ဘေးဒုက္ခကို ဖန်တီးပေးနေသကဲ့သို့ မိမိတို့ ကြိုးပမ်းနေသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးလုပ်ငန်းစဉ်ကိုထိခိုက်စေနိုင်ပြီး ပြည်ထောင်စု ပြိုကွဲရေးသို့ ဦးတည်စေနိုင်သည်။

၄။ အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်ရေးနှင့် အရပ်သားများကို ခိုင်မာစွာ အကာအကွယ်ပေးရေးသည် အရေးကြီး ပြဿနာရပ်ဖြစ်ကြောင်း ပြသနေပါသည်။ အကြမ်းဖက် စစ်အုပ်စု၏ အရပ်သားများအပေါ် ဦးတည်ပစ်မှတ်ထား၍ အကြမ်းဖက်စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖေါက်နေမှုသည် တိုင်းပြည်ပြဿနာများကိုဖြေရှင်းရန် နိုင်ငံရေး စိတ်ဆန္ဒမရှိကြောင်းကိုလည်း ဖော်ပြနေသည့်အပြင် ၎င်းတို့အား ထောက်ခံနေသော၊ ထောက်ပံ့နေသော၊ ထိတွေ့ဆက်ဆံနေသော အဖွဲ့အစည်းများနှင့် နိုင်ငံများ၏ ကျင့်ဝတ်အခြေခံအပေါ်၌လည်း အနည်းနှင့်အများ ထိခိုက်မည်ဟုယုံကြည်ပါသည်။ သို့ဖြစ်၍ စစ်အုပ်စုနှင့် ဆက်ဆံနေသော အဖွဲ့အစည်း နိုင်ငံများအနေဖြင့် စစ်အုပ်စုနှင့်ပတ်သက်၍မိမိတို့၏ ရပ်တည်ချက်များကိုပြန်လည်ဆန်းစစ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် နိုင်ငံတကာမိသားစုများအနေဖြင့် စစ်အုပ်စု၏ အကြမ်းဖက်မှုများကိုရပ်တန့်စေရန် လက်တွေ့ကျသော လုပ်ဆောင်ချက်များ ချက်ချင်း လုပ်ဆောင်ခြင်းဖြင့် မြန်မာပြည်သူလူထု အားအကာအကွယ်ပေးကြရန် နှင့် စစ်ရာဇဝတ်မှုကျူးလွန်သည့် လုပ်ရပ်များကို အားပေးကူညီ ပါဝင်ခြင်းမှ အထူးဂရုစိုက်ရှောင်ရှားရန် အလေးအနက်ထားတိုက်တွန်းအပ်ပါသည်။

၅။ SCEF အနေဖြင့် ပြည်သူလူထု၊ မိတ်ဖက်အဖွဲ့အစည်းများ နိုင်ငံတကာမိသားစုများနှင့်လက်တွဲ၍ စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ဦးတည်သော အကြမ်းဖက်လုပ်ရပ်များအား ရပ်တန့်နိုင်ရေးနှင့် ပြည်သူလူထုအားအကြမ်းဖက်စစ်အုပ်စု၏ရန်မှ အကာအကွယ်ပေးနိုင်ရေးအတွက် အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အတူ SCEF အနေဖြင့် စစ်ရေးအင်အားသုံးပြီး ခြိမ်းခြောက် ဖိနှိပ်မှုတို့ဖြင့် တိုင်းပြည်၏ အနာဂတ်အား ဆုံးဖြတ်ခြင်းကို လက်ခံမည် မဟုတ်ဘဲ လက်တွေ့ကျပြီး ရေရှည်တည်တံ့ ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်သော နိုင်ငံရေး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)

#SCEF
❤9👍5
❤10👍4
Steering Council for the Emergence of the Federal Democratic Union
office@scefdu.org
www.scefdu.org

Date:October 8, 2026
Statement on Military Junta's Airstrikes Targeting Civilians

1. The Steering Council for the Emergence of a Federal Democratic Union (SCEF) expresses its profound sorrow and shares the grief of the people of Rakhine State following the mass casualties among innocent civilians caused by an aerial bombardment carried out by the military junta in Kyauk Taw, Rakhine State, on 28 September 2026.

2. The SCEF strongly condemns the military junta’s continued and deliberate attacks targeting civilians across Rakhine State, including the bombing in Kyauk Taw, as well as in the flood-affected areas of Dawei and other parts of the country. The junta’s deliberate targeting of civilian-populated areas, internally displaced persons (IDP) camps, schools, hospitals, and religious buildings in ethnic regions and across Myanmar constitutes blatant acts of terrorism and war crimes.

3. Such deliberate and indiscriminate attacks against civilians in ethnic areas and across the country not only inflict increasingly severe suffering on the people but also these attacks risk undermining the efforts to establish a federal democracy union and could ultimately contribute to the further fragmentation of the country.

4. Ending the military junta’s attacks against civilians and ensuring their effective protection must be treated as an urgent and critical priority. The junta’s continued and blatant commission of acts of terror and war crimes against civilians demonstrates not only its lack of political will to resolve the country’s crisis, but also risks undermining the ethical standing of organizations and countries that continue to support, provide assistance to, or engage with the regime. Therefore, the SCEF strongly urges all organizations and countries engaging with the junta to reassess and revise their positions toward it, and calls on the international community to take immediate and practical measures to halt the junta’s acts of violence and protect the people of Myanmar. The SCEF further urges all concerned to exercise particular caution and refrain from supporting, facilitating, or contributing to acts that enable the commission of war crimes.

5. The SCEF will continue to work to the fullest extent possible, in cooperation with the people, partner organizations, and the international community, to end the military junta’s acts of violence targeting civilians and to protect the people from the threats posed by the junta. At the same time, the SCEF will not accept the use of military force, threats, or repression as a means of determining the future of the country. Together with its partner organizations, the SCEF will continue to pursue a political transition toward a practical, sustainable, and peaceful federal democratic union.

Steering Council for the Emergence of the Federal Democratic Union (SCEF)

#SCEF
❤12👍2
❤12👍2
နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က CRPH အား ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်

၉ အောက်တိုဘာ ၂၀၂၆ ခုနှစ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အား IPU ၏ အဓိကမိတ်ဖက်ဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း ယနေ့ ကျင်းပသည့် အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်အတည်ပြုလိုက်သည်။

အမှုဆောင်ကော်မတီက "လက်ရှိအာဏာသိမ်းစစ်အစိုးရအား တရားဝင်မှု မပေးကြရန်” သက်ဆိုင်ရာအစိုးရများသို့ တိုက်တွန်းပေးရန် IPU အဖွဲ့ဝင်လွှတ်တော်များကို တိုက်တွန်းခဲ့သည်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အား အဓိကမိတ်ဖက် ဆွေးနွေးဖက်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ယနေ့တွင် ယင်းအသိအမှတ်ပြုမှုအား ဆက်လက် အတည်ပြုခဲ့ခြင်းဖြစ်ပါသည်။

ယခုကဲ့သို့ တရားမဝင်အာဏာသိမ်းစစ်အုပ်စုက အတုအယောင်လွှတ်တော်ခေါ်ယူပြီး နိုင်ငံတကာစင်မြင့်တွင် ကိုယ်စားပြုခွင့်နှင့် အသိအမှတ်ပြုခွင့် ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေချိန်တွင် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုသူများအဖြစ် ဆက်လက်အသိအမှတ်ပြုခြင်းသည် မြန်မာပြည်သူတို့၏ စစ်မှန်သော ဒီမိုကရေစီစိတ်ဆန္ဒအား အကြမ်းဖက်မှုများအပါအဝင် မည်သည့် နည်းလမ်းဖြင့်မျှ ဖျက်ဆီးနိုင်ခြင်းမရှိသည်ကို ထပ်မံ သက်သေပြခြင်းပင် ဖြစ်ပါသည်။ ယခုအသိအမှတ်ပြုခြင်းသည် လူမဆန်သော စစ်အာဏာရှင်များကို ကြံ့ကြံ့ခံ တွန်းလှန်ဆန့်ကျင်နေသည့် မြန်မာပြည်သူတို့၏ အောင်ပွဲသာ ဖြစ်သည်ကို အလေးအနက်ဖော်ပြလိုပါသည်။

မိမိတို့ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်များဖြစ်သည့် ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်အုပ်စုက ဆက်လက်ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် ပြည်သူလူထုက ၎င်းတို့၏ အနာဂတ်အား လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်နိုင်သည့် ဒီမိုကရေစီအနာဂတ်အား ဖော်ဆောင်ပေးနိုင်ရေးတို့အတွက် ယုံကြည်အားကိုးစွာ ဒီမိုကရေစီနည်းကျ အပ်နှင်းထားသည့် အခွင့်အာဏာအား ဆက်လက်ကျင့်သုံးကြိုးပမ်းသွားမည် ဖြစ်ပါသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၏ ညီလာခံတက်ရောက်ခဲ့မှုအခြေအနေများ၊ ရရှိခဲ့သည့် ရလဒ်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်သူလူထုအား အသိပေးတင်ပြအပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
❤13👍3
❤15👍2
❤13👍3
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တို့ အွန်လိုင်းမှတဆင့် ဒုတိယအကြိမ်တွေ့ဆုံ

၁၀ အောက်တိုဘာ ၂၀၂၆

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ ထိပ်ပိုင်းခေါင်းဆောင် များသည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၈) ရက် နေ့တွင် အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြသည်။

နှစ်နာရီခန့်ကြာတွေ့ဆုံဆွေးနွေးပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အတွင်းရေးမှူးအဖွဲ့၏ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီအလှည့်ကျ သဘာပတိ ခူဦးရယ်က အဖွင့်အမှာစကားပြောကြားခြင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ အစည်းအဝေးသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) မှ ဒု-ဥက္ကဋ္ဌ(၁) Dr ညိုထွန်းအောင်ဦးဆောင်သော ထိပ်ပိုင်းခေါင်းဆောင်အချို့တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် SCEF ဖက်မှ လွန်ခဲ့သော ဆယ်ရက်၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ အာရက္ခပြည်၊ ကျောက်တော်မြို့အနီး၊ အိန္ဒိယဈေး နှင့် ကစ္ဆပနဒီတံတားအား အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ (၅၀)ဦး သေဆုံး၊(၅၇)ဦး ဒါဏ်ရာရရှိသောဖြစ်စဉ်အပေါ် အာရက္ခပြည်သူများနှင့် ထပ်တူဝမ်းနည်းပါကြောင်း၊ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်၍ အဆိုပါဖြစ်ရပ်အပေါ် တသွေးတည်းတသားတည်းရှိပါကြောင်းပြသကာကန့်ကွက်ရှုတ်ချသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလကလည်း တွေ့ဆုံပွဲနှင့် ဆက်စပ်သော အကြောင်းအရာတချို့ကို အားဖြည့်ဆွေးနွေးသွားခဲ့သည်။

ထို့အတူအကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်းလုံးရှိ အရပ်သားပြည်သူများအပေါ် လေကြောင်းမှတဆင့်ပစ်မှတ်ထားတိုက်ခိုက်နေခြင်းမှာ စစ်ရာဇဝတ်မှုကိုဗြောင်ကျကျကျူးလွန်နေခြင်းဖြစ်ကာ မြန်မာပြည်၏ ပြည်တွင်းစစ်မီးကိုပိုမိုတောက်လောင်လာစေနိုင်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်းလည်းထောက်ပြခဲ့ကြသည်။

ဤအွန်လိုင်းတွေ့ဆုံမှုအတွင်း အာရက္ခဒေသအတွင်း အကြမ်းဖက် စစ်တပ် ၏ လက်ရှိထိုးစစ်အခြေအနေအပေါ်မေးမြန်းချက်ကို ULA/AA ဖက်မှ ပြန်လည်ဖြေကြားပေးခြင်း၊ SCEF ဖက်မှလည်း လက်ရှိလုပ်ဆောင်နေသော အကြောင်းအရာများထဲမှ ဖြစ်ပေါ်တိုးတက်မှု၊ လုပ်ငန်းစဉ်တချို့ နှင့် နိုင်ငံရေးမျှော်မှန်းချက်တချို့ကိုအသိပေးခြင်းတို့အပြင် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းအခြေအနေများအပေါ် အပြန်အလှန်ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့အပြင် အာရက္ခပြည်၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် ပြည်သူ့ကျန်းမာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်‌တော် (ULA/AA) ဖက်မှလည်း အထက်ပါအချက်အလက် များအပေါ် သဘောထား အမြင်များ၊ အကြံပြုချက်များ၊ အပြန်အလှန် မေးမြန်း-ဖြေဆိုချက်များနှင့်အတူ တွေ့ဆုံပွဲ ၏ နိဂုံးချုပ်အမှာစကားကို Dr ညိုထွန်းအောင်မှပြောကြားပြီးနောက်တွေ့ဆုံပွဲကို အောင်မြင်စွာအဆုံးသတ်ခဲ့ကြသည်။

ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ပထမအကြိမ်အွန်လိုင်းတွေ့ဆုံပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၂၃) ရက်နေ့တွင် ပြုလုပ်ခဲ့ကြပါသည်။

#SCEF
❤9👍4
❤12👍4
တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)၏ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ SCEF တာဝန်ရှိသူများ တက်ရောက်

၁၀ အောက်တိုဘာလ ၂၀၂၆

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သော နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)၏ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ SCEF ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုး၊ တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kulh Cung၊ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးကော်မတီအဖွဲ့ဝင် ဦးရည်မွန်၊ SCEF အတွင်းရေးမှူး အဖွဲ့ဝင် ဦးမြင့်အောင်မိုး တို့ တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ က SCEF ကိုယ်စား အမှာစကားပြောကြားခဲ့ပါသည်။

#SCEF
❤5👍4
❤7👍4