Creative Coder Myanmar
1.79K subscribers
680 photos
3 videos
163 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
အသက်ကြီးမှ Coding စလေ့လာလို့ အဆင်ပြေပါ့မလား ?
သင်တန်းသားသစ်တွေဆီက အမြဲကြားနေရတဲ့ စိုးရိမ်စိတ်တစ်ခုပါ။

“အသက် ၃၀ ကျော်နေပြီ...” “ကျောင်းပြီးတာ ကြာပြီ၊ အခုမှ စရင် မှတ်မိပါဦးမလား...” “လူငယ်တွေလောက် ဉာဏ်မပြေးတော့ရင်ရော...”

ကျနော့် အတွေ့အကြုံအရ အပွင့်လင်းဆုံး ပြောရရင်  "Coding လေ့လာဖို့ အသက်အရွယ်ထက်၊ ကိုယ့်ရဲ့ ပြဿနာဖြေရှင်းလိုတဲ့ စိတ်ဓာတ်က ပိုအရေးကြီးပါတယ်"

တကယ်တော့ အသက်ရလာတဲ့သူတွေမှာ လူငယ်တွေထက် သာတဲ့အချက်တွေ ရှိပါတယ်။
👉🏼လူငယ်တွေလို ဟိုဟာစပ်စပ်၊ ဒီဟာစပ်စပ် မဟုတ်ဘဲ တစ်ခုခုကို စလုပ်ရင် ဆုံးခန်းတိုင်အောင် လုပ်နိုင်တဲ့ စိတ်ဓာတ် ပိုရှိကြပါတယ်။
👉🏼 အပြင်လောကမှာ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကြောင့် အလုပ်တစ်ခုရဲ့ Flow နဲ့ Logic ကို နားလည်နိုင်စွမ်း ပိုမြင့်တတ်ကြပါတယ်။
👉🏼 အလုပ်ရှင်တွေက Skill ကိုပဲ ကြည့်တာပါ IT လောကက လူမျိုးရေး၊ အသက်အရွယ်ထက် “သင် ဘာတွေ တည်ဆောက်ပြနိုင်လဲ” ဆိုတဲ့ Result ကိုပဲ တန်ဖိုးထားတာပါ။

WDF (Web Development Foundation) အတန်းမှာ အသက် (၁၅) နှစ်ကနေ (၄၀) ကျော်အထိ Career ပြောင်းဖို့ ကြိုးစားနေသူတွေ အများကြီးရှိပါတယ်။

ကျနော်တို့က အသက်ကြီးလို့ စာမလိုက်နိုင်မှာ စိုးရိမ်သူတွေအတွက် One-on-One Meeting Support ထည့်ပေးထားပါတယ်။

နားမလည်တာရှိရင် Mentor နဲ့ တိုက်ရိုက် Video Call ချိန်းပြီး တစ်ဦးချင်း ရှင်းပြပေးမှာဖြစ်လို့ အသက်အရွယ်ကြောင့် နောက်ကျကျန်ခဲ့မှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ် အသက်အရွယ်နဲ့ ဘောင်မခတ်လိုက်ပါနဲ့။
၂၀၂၆ မှာ Career အသစ်တစ်ခု စတင်ဖို့ အခုပဲ ဆုံးဖြတ်ချက်ချလိုက်ပါ။
👉 m.me/creativecodermm ကို "WDF" လို့ ပို့လိုက်ပါ။

Creative Coder Myanmar

#WDF #web_development
3😢1
Foundation အတန်းစဖို့ (၇) ရက်သာ လိုပါတော့တယ်!

၂၀၂၆ ရဲ့ ပထမဆုံးခြေလှမ်းအဖြစ် Developer တစ်ယောက်ဖြစ်ဖို့ ပြင်ဆင်နေကြတဲ့သူတွေ အရမ်းများလွန်းလို့...
အခုဆိုရင် WDF (Web Development Foundation) Batch 11 အတွက် တက်ရောက်ရန် နေရာအနည်းငယ်သာ လိုပါတော့တယ်။
ကျနော်တို့က ကျောင်းသားတိုင်းကို Mentor နဲ့ တိုက်ရိုက်ထိတွေ့စေချင်လို့ လူဦးရေကို ကန့်သတ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေ ပြည့်သွားရင် အတန်းစရင်း ပိတ်လိုက်မှာဖြစ်ပြီး ထပ်တိုးလက်ခံမှာ မဟုတ်ပါဘူး။

ဒီအတန်းမှာ ဘာတွေသင်ကြားရမှာလဲ?
HTML, CSS, JavaScript ကို အခြေခံကနေ Modern Tailwind CSS အထိ စနစ်တကျ သင်ကြားပေးမှာပါ။
သင်တန်းပြီးရင် ပြစရာ Portfolio မရှိမှာ မပူပါနဲ့။ လက်တွေ့ Project တွေ ကိုယ်တိုင်ရေးရမှာပါ။
AI Tool တွေကို သုံးပြီး Code ဘယ်လိုမြန်မြန်ရေးမလဲဆိုတာပါ ထည့်သွင်းသင်ကြားပေးမှာပါ။
နားမလည်တာရှိရင် Mentor နဲ့ တိုက်ရိုက် Video Call ခေါ်ပြီး စာမေးနိုင်ပါတယ်။

ကျန်ရှိတဲ့ နေရာအနည်းငယ် ထဲမှာ အမြန်ဆုံးပါဝင်ပြီး ဒီလထဲမှာပဲ ကိုယ့်ရဲ့ Career ကို စတင်လိုက်ပါ။
သင်တန်းစမည့်ရက်: January 10

m.me/creativecodermm ကို "WDF" လို့ အခုပဲ ပို့ပြီးကိုယ့်နေရာကိုဦးထားလိုက်ပါ
— Creative Coder Myanmar
#CreativeCoderMyanmar #WDF #Batch11 #LastCall #WebDevelopment #CodingFoundation #JanIntake
၂၀၂၆ မှာ Python လား JavaScript လား?
ဒါက Beginner တော်တော်များများ အမြဲတမ်း မျက်စိလည်နေရတဲ့ မေးခွန်းပါ။
“Python က AI အတွက် အကောင်းဆုံးဆိုပဲ” “JavaScript မပါရင် Website လုပ်လို့မရဘူးတဲ့”
ဘယ်ဟာကို အရင်စရမလဲလို့ ဇဝေဇဝါဖြစ်နေရင် ကျနော့်ရဲ့ အမြင်ကို ပြောပြပါရစေ။ "၂၀၂၆ မှာ ဒီနှစ်ခုလုံးက အရေးကြီးသလို၊ နှစ်ခုလုံးကို သိထားတာက ကိုယ့်အတွက် အကြီးမားဆုံး Advantage ပါပဲ"
JavaScript ဘာကြောင့် သိထားသင့်လဲ?
Web Development လောကမှာ JS က ဘုရင်ပါပဲ။ Browser ပေါ်မှာ အလုပ်လုပ်ချင်ရင်၊ Website တွေကို Interactive ဖြစ်အောင် လုပ်ချင်ရင် JS မပါလို့ မရပါဘူး။ အခုခေတ်မှာ Backend ရော Mobile App ပါ JS နဲ့ ရေးလို့ရနေပါပြီ။
Python ဘာကြောင့် သိထားသင့်လဲ?
AI, Data Science နဲ့ Automation တွေအတွက် Python က နံပါတ် (၁) ပါ။ AI Era မှာ ကိုယ်တိုင် Tool တွေ တည်ဆောက်ချင်ရင် Python က မရှိမဖြစ် လိုအပ်ပါတယ်။
ကျနော့် အကြံပြုချင်တာကတော့ စစချင်းမှာJavaScript ကို အရင်ပိုင်နိုင်အောင် လုပ်ပါ။ အခြေခံ Logic တွေ ပိုင်သွားပြီဆိုရင် Python ကို ကူးပြောင်းလေ့လာဖို့က (၁) ပတ်ထက် ပိုမကြာတော့ပါဘူး။
တကယ်တော်တဲ့ Developer တစ်ယောက်ဆိုတာ Language တစ်ခုထဲမှာ ပိတ်မိနေသူ မဟုတ်ပါဘူး။ Language တွေကို Tool တစ်ခုလိုမျိုး လိုအပ်သလို တွဲဖက် အသုံးချတတ်သူ ဖြစ်ပါတယ်။
WDF (Web Development Foundation) အတန်းမှာတော့ ကျနော်တို့က အခြေခံ အကျဆုံးနဲ့ အရေးကြီးဆုံးဖြစ်တဲ့ JavaScript ကို Basic ကနေ Advanced အထိ အရင်ဆုံး ပိုင်နိုင်အောင် သင်ပေးပါတယ်။
Foundation ခိုင်မာသွားပြီဆိုရင် Python ပဲဖြစ်ဖြစ်၊ AI ပဲဖြစ်ဖြစ် ကိုယ်တိုင် ဆက်လက်လေ့လာနိုင်တဲ့ "Logic" မျိုး ရသွားအောင် လေ့ကျင့်ပေးတာပါ။
၂၀၂၆ မှာ မျက်စိမလည်ဘဲ လမ်းမှန်ကနေ စတင်ချင်တယ်ဆိုရင် WDF မှာ အတူတူ စတင်လိုက်ရအောင်။
👉 သင်တန်းစဖို့ ၇ ရက်သာ လိုပါတော့တယ်။ 👉 အသေးစိတ်မေးမြန်းရန်: m.me/creativecodermm ကို "WDF" လို့ ပို့လိုက်ပါ။
— Creative Coder Myanmar
#CreativeCoderMyanmar #WDF #PythonVsJS #Roadmap2026 #WebDevelopment #CodingLogic #JanIntake
2
အတန်းတက်ပြီး မနားလည်သေးဘူးလား?

သင်တန်းတစ်ခု အပ်လိုက်တိုင်း Beginner တွေ အကြောက်ဆုံးအရာက...

“သင်တန်းပြီးသွားလို့မှ ကိုယ်က မတတ်သေးရင် ဘယ်လိုလုပ်မလဲ?” ဆိုတဲ့ မေးခွန်းပါပဲ။

စာတွေက များ၊ အလုပ်တွေက ရှုပ်နဲ့ Batch တစ်ခုအတွင်းမှာ ကိုယ်က သေချာ အာရုံမစိုက်နိုင်ခဲ့ရင် သင်တန်းကြေး ဆုံးရှုံးသွားမှာကို စိုးရိမ်တတ်ကြပါတယ်။

Creative Coder မှာတော့ အဲ့ဒီအတွက် လုံးဝ စိတ်ပူစရာ မလိုပါဘူး။

ဘာကြောင့်လဲဆိုတော့ — "တစ်ခါအပ်ထားရုံနဲ့ မတတ်မချင်း (သို့မဟုတ်) နောက် Batch တွေမှာ အခမဲ့ ပြန်တက်ခွင့် (Re-attendance)" ပေးထားလို့ပါပဲ။

ကျနော်တို့ဆီမှာ တစ်ခါ အပ်နှံထားပြီးရင်...

နောက် Batch တွေမှာ Live ပြန်တက်မလား? (Re-attendance Form လေး ဖြည့်ရုံနဲ့ အခမဲ့ ပြန်တက်နိုင်ပါတယ်)

Video တွေကို အကြိမ်ကြိမ် ပြန်ကြည့်မလား? (Lifetime Access ပေးထားလို့ ကိုယ်အားတဲ့အချိန် ပြန်နွှေးလို့ရပါတယ်)

နားမလည်တာကို Mentor နဲ့ Call ခေါ်မလား? (One-on-One Meeting က အမြဲရှိနေမှာပါ)

ကျနော်တို့ရဲ့ ရည်ရွယ်ချက်က သင်တန်းကြေး ရဖို့ထက် သင်တန်းတက်တဲ့သူတိုင်း "တကယ် တတ်မြောက်သွားဖို့" က ပိုအရေးကြီးပါတယ်။

ဒါကြောင့် "စာမလိုက်နိုင်မှာ" ကို အကြောင်းပြချက်ပေးပြီး ကိုယ့်ရဲ့ အိမ်မက်တွေကို မရပ်တန့်လိုက်ပါနဲ့။

WDF (Web Development Foundation) မှာ ယုံကြည်ချက်ရှိရှိနဲ့ စတင်လိုက်ပါ။ ကျန်တာကို ကျနော်တို့ Mentor တွေက တာဝန်ယူပေးပါ့မယ်။

👉 ဒီလိုအရာတွေပါ၀င်တဲ့ Web Development Foundation Class လေးကို တက်ချင်တယ်ဆိုရင် m.me/creativecodermm ကို "WDF" ဟု ပို့ပေးပါ။

— Creative Coder Myanmar
WDF Batch 11 - နောက်ဆုံးလက်ကျန် (၅)နေရာသာလိုပါတော့တယ်။

Jan 10 မှာ အတန်းစဖို့ ရက်ပိုင်းပဲ လိုတော့သလို ကျောင်းသားဦးရေလည်း ပြည့်ခါနီးပါပြီ။
အခုအချိန်မှာ နောက်ဆုံးလက်ကျန် ၅ နေရာ သာ ကျန်ပါတော့တယ်။
ဒီ (၅) နေရာ ပြည့်တာနဲ့ Batch 11 အတွက် စာရင်းပိတ်မှာဖြစ်ပြီး နောက်ထပ် တိုးလက်ခံပေးမှာ မဟုတ်ပါဘူး။

ဘာတွေသင်မှာလဲ?
HTML, CSS, JS (Zero to Foundation)
Modern Tailwind CSS & React Basic
Real-world Project (၁၀) ခု
AI-Powered Development

၂၀၂၆ ရဲ့ Career အပြောင်းအလဲကို ဒီ Batch မှာပဲ အမိအရ စတင်လိုက်ပါ။
👉 အတန်းအပ်ရန် m.me/creativecodermm ကို "WDF" ဟု အခုပဲ ပို့လိုက်ပါ။
— Creative Coder Myanmar
#CreativeCoderMyanmar #WDF #Batch11 #Last5Seats #WebDevelopment #JanIntake
အခြေမခိုင်တဲ့ Beginner တွေ ဘာလို့ အမြဲ နောက်ကျကျန်ခဲ့ရတာလဲ? 🐢

ကျနော်တို့ Creative Coder က ကျောင်းသားဟောင်းတွေထဲမှာ ခဏခဏ မြင်ရလေ့ရှိတဲ့ ဖြစ်ရပ်တစ်ခု ရှိပါတယ်။
အဲ့ဒါကတော့ တခြားမှာ လေ့လာခဲ့တာ (၁) နှစ်၊ (၂) နှစ် ရှိနေပြီဖြစ်ပေမယ့် အလုပ်ထဲလည်းဝင်ရော ဘာမှမလုပ်တတ်တော့လို့ WDF အတန်းမှာ "အစကနေ ပြန်တက်ပါရစေ" ဆိုပြီး ရောက်လာကြတာပါပဲ။

ဘာကြောင့် အချိန်တွေ အများကြီး ပေးခဲ့ပါလျက်နဲ့ ရှေ့မတိုးနိုင်ဘဲ ဒီနေရာမှာပဲ ပြန်ပတ်ချာလည်နေရတာလဲ?

အဖြေက ရှင်းရှင်းလေးပါ။ "Foundation (အခြေခံ) မခိုင်ခဲ့လို့ပါ"
ကျနော် တွေ့ဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ပြောပြပါရစေ။

Beginner တော်တော်များများဟာ လေ့လာခါစမှာ Tutorial တွေ အများကြီး ကြည့်ကြပါတယ်။ Library တွေ၊ Framework တွေ နောက်ကို အသည်းအသန် လိုက်ကြပါတယ်။
HTML ရဲ့ အနှစ်သာရကို သေချာနားမလည်ဘဲ React ကို ခုန်တက်ကြတယ်။ JavaScript Logic ကို ပိုင်နိုင်အောင် မလုပ်ဘဲ Copy & Paste နဲ့ Project တွေ လိုက်ရေးကြတယ်။
ရလဒ်ကတော့... အပေါ်ယံကြည့်ရင် တတ်သလိုလိုရှိပေမယ့် တကယ်တမ်း ကိုယ်တိုင် Logic စဉ်းစားရမယ့် Project မျိုး၊ Error တစ်ခုကို ကိုယ်တိုင် Debugging လုပ်ရမယ့် အပိုင်းမျိုး ရောက်ရင် "လုံးဝ" ဆက်သွားလို့ မရတော့တာပါပဲ။

အဲ့ဒီအခါမှာ စိတ်ဓာတ်ကျလာတယ်၊ ကိုယ်နဲ့ မကိုက်ဘူးလို့ ထင်လာတယ်၊ နောက်ဆုံးတော့ အချိန်တွေသာ ကုန်သွားပြီး ဘာမှ လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ "Beginner Loop" ထဲ ပိတ်မိသွားကြပါတယ်။

ကျနော် အမြဲ ပြောလေ့ရှိတဲ့ စကားတစ်ခု ရှိပါတယ်။ "အုတ်မြစ်မခိုင်ဘဲ ဆောက်တဲ့ အိမ်ဟာ မြင့်လေ ပြိုဖို့ လွယ်လေပါပဲ"
WDF (Web Development Foundation) မှာ ကျနော်တို့က ကျောင်းသားတွေကို အပေါ်ယံ Code ရေးနည်း မသင်ပါဘူး။
ဘာကြောင့် ဒီ Code ကို ရေးရတာလဲ? အလုပ်လုပ်ပုံ Flow က ဘယ်လိုလဲ? ဆိုတဲ့ Fundamental Logic ကို ကျောက်ခဲထက် စာရေးသလို ခိုင်မာသွားအောင် အရင် လုပ်ပေးပါတယ်။

အခြေခံခိုင်သွားတဲ့သူဟာ နည်းပညာအသစ်တွေ ဘယ်လောက်ပေါ်ပေါ် (၁) ပတ်ထက် ပိုမကြာဘဲ အလွယ်တကူ လိုက်နိုင်သွားပါတယ်။
သင်ရော... အချိန်တွေ အကုန်ခံပြီး ဒီနေရာမှာပဲ လည်နေဦးမလား? ဒါမှမဟုတ် အခြေခံကို သေချာ ပြန်ဆောက်မလား?

WDF New Batch မှာ လမ်းမှန်ကနေ အတူတူ စတင်လိုက်ရအောင်။
👉 သင်တန်းစဖို့ (၃) ရက်သာ လိုပါတော့တယ်။ 👉 နေရာဦးရန်: m.me/creativecodermm ကို "WDF" လို့ ပို့လိုက်ပါ။
— Creative Coder Myanmar
#CreativeCoderMyanmar #WDF #FoundationFirst #WebDevelopment #BeginnerTips #CodingLogic #JanIntake
အခြေခံကနေ လုပ်ငန်းခွင်ဝင် Full Stack Developer တစ်ယောက်အဖြစ် တက်လှမ်းဖို့ Vue + Laravel Zoom Class မှာ အခုပဲ စတင်လိုက်ပါ

၂၀၂၆ မှာ Developer အဖြစ်လုပ်ငန်းခွင်ဝင်ချင်သူတွေအတွက် ကျောင်းသားတွေ တောင်းဆ်ုမှုများတဲ့ ဒီအတန်းလေး ပြန်လည်ရောက်ရှိလာပါပြီ။

✔️ 𝗙𝗿𝗼𝗻𝘁𝗲𝗻𝗱 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗲𝗿, 𝗕𝗮𝗰𝗸𝗲𝗻𝗱 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗲𝗿, 𝗙𝘂𝗹𝗹 𝗦𝘁𝗮𝗰𝗸 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗲𝗿 တစ်ဦးအဖြစ်ရပ်တည်လိုသူတွေ
✔️ 𝗙𝗿𝗼𝗻𝘁𝗲𝗻𝗱, 𝗕𝗮𝗰𝗸𝗲𝗻𝗱 ပိုင်းကိုအခြေခံမှစတင်ကာ ပိုင်နိုင်အောင်လေ့လာလိုသူတွေ အတွက် 𝗖𝗿𝗲𝘁𝗮𝗶𝘃𝗲 𝗖𝗼𝗱𝗲𝗿 ရဲ့ 𝗙𝗼𝘂𝗻𝗱𝗲𝗿 ဖြစ်သူ ဆရာလှိုင်မင်းသန်းကိုယ်တိုင် သင်ကြားပေးမယ့် 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗖𝗼𝗱𝗲𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရဲ့ ကိုယ်ပိုင်သင်ရိုးနဲ့ Vue & 𝗟𝗮𝗿𝗮𝘃𝗲𝗹 𝗭𝗼𝗼𝗺 အတန်းတွေကိုတက်ရောက်နိုင်ပါပြီ။

𝗥𝗲𝗮𝗹 𝘄𝗼𝗿𝗹𝗱 𝗽𝗿𝗼𝗷𝗲𝗰𝘁 တွေနဲ့အတူတကွ လေ့ကျင့်ချင်သူတွေ
𝗘𝗿𝗿𝗼𝗿 တွေကို 𝗢𝗻𝗲 𝗯𝘆 𝗼𝗻𝗲 𝗠𝗲𝗻𝘁𝗼𝗿𝘀𝗵𝗶𝗽 ပုံစံ ဖြေရှင်းပေးမှုကိုလိုချင်သူတွေ
𝗜𝗻𝘀𝘁𝗿𝘂𝗰𝘁𝗼𝗿 နဲ့အတူ 𝗰𝗼𝗻𝗰𝗲𝗽𝘁 တခုချင်းစီ ဘာကြောင့် သင်ရမလဲဆိုတဲ့ 𝘄𝗵𝘆 𝗾𝘂𝗲𝘀𝘁𝗶𝗼𝗻 တွေဆွေးနွေးရင်းသင်ကြားချင်သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ အတန်းလေးဖြစ်ပါတယ်။

💁 အတန်းနှစ်ခုလုံးကို သင်ကြားပေးမယ့်ဆရာကတော့ 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗖𝗼𝗱𝗲𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရဲ့ 𝗙𝗼𝗻𝗱𝗲𝗿 တစ်ဦးဖြစ်တဲ့ 𝗦𝗶𝗿 𝗛𝗹𝗮𝗶𝗻𝗴 𝗠𝗶𝗻 𝗧𝗵𝗮𝗻 ဖြစ်ပြီး 𝗙𝗼𝗿𝗲𝗶𝗴𝗻 𝗖𝗼𝗺𝗽𝗮𝗻𝘆 တွေမှာ လုပ်ကိုင်ခဲ့ဖူးတဲ့အတွေ့အကြုံရှိတဲ့အပြင် လက်ရှိမှာလည်း 𝗧𝗲𝗮𝗺 𝗟𝗲𝗮𝗱 အဖြစ်ဦးဆောင်ပြီး 𝗣𝗿𝗼𝗷𝗲𝗰𝘁 တွေရေးသားနေတာဖြစ်ပါတယ်။

ဒီအတန်းနှစ်ခုကို 𝗪𝗲𝗯 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 (𝗛𝗧𝗠𝗟, 𝗖𝗦𝗦) ကိုလေ့လာပြီးသွားသူတိုင်း တက်ရောက်နိုင်မှာဖြစ်ပါတယ်။

သင်ကြားပေးသွားမှာတွေကတော့
📌 JavaScript Basic
📌 Vuejs Basic to Advanced
📌 Php Basic to Advanced
📌 Laravel Basic to Advanced
📌 Database
📌 Api
📌 Inertia Js
📌 Vue + Laravel Final Project ပဲဖြစ်ပါတယ်။

📝 သင်တန်းအချိန်အသေးစိတ်ကတော့

📌 Tuesday & Friday - 8:30 to 10 pm
📌 Start Date - February (10)
📌 Course Fees - 350,000 MMK
(For early Birds (10) students 300,000 MMK)
📌 Duration - 2.5 months

သင်တန်းကြေးကိုနှစ်ခါခွဲသွင်းလို့ရအောင်လည်းစီစဉ်ပေးထားပါတယ်။

နှစ်ခါခွဲသွင်းမယ်ဆိုရင်တော့ Discount ရတော့မှာမဟုတ်ပါဘူး။

Creative Coder ရဲ့ Premium service တွေဖြစ်တဲ့ One on one meeting support နဲ့ recorded videos ကိုပါ access ရရှိနိုင်မှာပါ။ အတန်းတစ်ခါအပ်ပြီး နောက်တစ်ကြိမ်ပြန်တက်ချင်တယ်ဆိုရင်လည်း အခမဲ့တက်ရောက်ခွင့်ရဦးမှာပါ။

သင်တန်းကိုအစောဆုံး Discount နဲ့အပ်နှံနိုင်ဖို့ page messenger 👉🏼 http://m.me/creativecodermm မှာ Vue + Laravel လို့ပေးပို့ပြီးသင်တန်းအပ်နှံနိုင်ပါပြီ။

#creative_coder_myanmar
#vue
#laravel
၂၀၂၆ ရောက်နေပြီ... Vue နဲ့ Laravel က ခေတ်ကုန်သွားပြီလား

နည်းပညာလောကမှာ (၂) နှစ်ဆိုတာ အရမ်းကြာတဲ့ အချိန်ကာလတစ်ခုပါ။

Next.js တွေ၊ Go တွေ၊ Rust တွေ ခေတ်စားလာတဲ့ကြားက ကျနော်ကတော့ Vue + Laravel ကိုပဲ ၂၀၂၆ ရဲ့ Best Stack လို့ ညွှန်းချင်ပါတယ်။

ဘာကြောင့်လဲ?

ကျနော် ခံယူထားတဲ့ အမှန်တရားတစ်ခု ရှိပါတယ်။ "Tools ဆိုတာ အလုပ်ပြီးဖို့ပါ၊ ရှုပ်ဖို့ မဟုတ်ပါဘူး"

Developer တစ်ယောက်အနေနဲ့ Project တစ်ခုကို အစအဆုံး (Fullstack) တည်ဆောက်တဲ့အခါ အရေးကြီးဆုံးက Speed နဲ့ Efficiency ပါ။

အရင်ကတော့ Frontend သီးသန့်၊ Backend သီးသန့်ရေးပြီး API တွေ လိုက်ချိတ်ရတာ အတော်လေး လက်ဝင်ပါတယ်။

ဒါပေမဲ့ ၂၀၂၆ မှာတော့ Inertia.js လိုကောင်တွေ ပေါ်လာပြီးနောက်ပိုင်း Vue နဲ့ Laravel ဟာ "Modern Monolith" အဖြစ် ပေါင်းစပ်သွားပါပြီ။

API ရေးစရာမလိုတော့ဘူး။ Routing တွေ Frontend မှာ လိုက်ခွဲစရာ မလိုတော့ဘူး။ Backend ကနေ Frontend ကို Data လှမ်းပစ်ပေးလိုက်ရုံပါပဲ။

ဒါဟာ Solo Developer တစ်ယောက်အတွက်တော့ လက်နက်ကောင်း တစ်ခုပါပဲ။ လူအများကြီး မလိုဘဲ SaaS Product တွေ၊ Web App ကြီးတွေကို တစ်ယောက်တည်း တည်ဆောက်နိုင်တဲ့ Power ကို ပေးစွမ်းနိုင်ပါတယ်။

နောက်တစ်ခုက Developer Experience (DX) ပါ။

Vue 3 (Composition API) က ရေးရတာ ရှင်းတယ်။ Laravel 11 က လိုအပ်တာ အကုန်ပါပြီးသား။ ဒီနှစ်ခု ပေါင်းလိုက်ရင် Code ရေးရတာ "အရသာ" ရှိပါတယ်။

ဒါကြောင့် ပြောချင်တာက

👉 Trend နောက်ကို အရမ်းမလိုက်ပါနဲ့။
👉 အလုပ်မြန်မြန်ပြီးပြီး၊ Maintenance လုပ်ရလွယ်တဲ့ Stack ကို ရွေးပါ။

၂၀၂၆ မှာ နည်းပညာတွေ ဘယ်လောက်ပြောင်းပြောင်း... "Performance ကောင်းဖို့၊ အလုပ်မြန်မြန်ပြီးဖို့" ဆိုတဲ့ လိုအပ်ချက်က မပြောင်းလဲပါဘူး။

အဲ့ဒီအတွက် အကောင်းဆုံး အဖြေကတော့ Vue + Laravel ပါပဲ။

ဒီလို Modern Stack တွေနဲ့ လုပ်ငန်းခွင်ဝင် Full Stack Developer တစ်ယောက်ဖြစ်ဖို့ စိတ်ဝင်စားလား? လာမယ့် February 10 မှာ စမယ့် Vue + Laravel Class အတွက် အသေးစိတ်ကို "Vue & Laravel " လို့ပေးပို့ပြီး Messenger ကနေ စုံစမ်းနိုင်ပါတယ် 👉 m.me/creativecodermm

—Creative Coder Myanmar

#CreativeCoderMyanmar #VueJS #Laravel #WebDevelopment #2026Trends #FullStackDev