Creative Coder Myanmar
1.38K subscribers
546 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
MERN Stack သင်ယူဖို့အတွက် အကောင်းဆုံး YouTube Channel (၃)ခု


MERN Stack လေ့လာဖို့ အကောင်း‌ဆုံး YouTube channel တွေကိုဖော်ပြပေးလိုက်ပါတယ်။

📝Traversy Media
Brad Traversy ရဲ့ channel ဖြစ်ပြီး Web Development နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အသေးစိတ် သင်ပေးတဲ့ channel တစ်ခုပါ။ Concept တွေကို အခြေခံကနေ နက်နက်နဲနဲ ရှင်းပြပေးပါတယ်။ Project လေးတွေ တကယ်လက်တွေ့ လုပ်ပြီး သင်ပေးတာမို့ လိုက်လုပ်ရတာ လွယ်ကူပါတယ်။ MERN Stack နဲ့ အပြည့်အစုံ Project တွေ လုပ်ပြထားတာမို့ လေ့လာရတာ အဆင်ပြေပါတယ်။ နောက်ဆုံးထွက် features တွေနဲ့ version တွေကို update လုပ်ပြီး သင်ပေးပါတယ်။
ကြည့်သင့်တဲ့ Playlist တွေကတော့
MERN Stack Front To Back
React Crash Course
Node.js API Masterclass
Channel Link >> https://www.youtube.com/traversymedia
📝JavaScript Mastery
Adrian Hajdin ရဲ့ channel ဖြစ်ပြီး modern JavaScript နဲ့ MERN stack project တွေကို အထူးပြုသင်ကြားပေးတဲ့ channel ပါ။Code တွေကို step-by-step ရှင်းပြပေးတာမို့ လိုက်လုပ်ရလွယ်ကူပါတယ်။ Project တွေရဲ့ Design ပိုင်းကိုပါ အလေးထား သင်ကြားပေးပါတယ်။ Project တွေရဲ့ source code ကိုလည်း GitHub မှာ share ထားပေးပါတယ်
Playlist တွေကတော့
Build and Deploy Full Stack MERN Applications
Modern React Tutorials
Advanced MERN Stack Projects
Channel Link >> https://www.youtube.com/@javascriptmastery
📝Net Ninja
Shaun Pelling ရဲ့ channel ဖြစ်ပြီး Web Development နဲ့ပတ်သက်တဲ့ course တွေကို စနစ်တကျ သင်ကြားပေးပါတယ်။ Video တွေက ၁၀-၁၅ မိနစ်လောက်စီပဲ ကြာပြီး point ကျကျ ရှင်းပြပေးပါတယ်။ React, Node.js, MongoDB စတာတွေကို သီးခြားစီ လေ့လာနိုင်ပါတယ်။
အကောင်းဆုံး playlist တွေကတော့
MERN Stack Crash Course
Complete React Tutorial
Node.js Crash Course
Channel Link >> https://www.youtube.com/@NetNinja
#MERN
Laravel Project တွေကို Server ပေါ်တင်ချင်ပေမယ့် ဘယ်ကစရမှန်းမသိ ဖြစ်နေသူတွေအတွက် "Laravel Deployment From Scratch" Course လေးကို မိတ်ဆက်ပေးချင်ပါတယ်။
💰 သင်တန်းကြေး - ၅၀,၀၀၀ ကျပ်
ဘာတွေသင်မှာလဲ?
Server နဲ့ Domain တွေ ကိုယ်တိုင် ဝယ်တတ်အောင်
LEMP Stack (Linux, Nginx, MySQL, PHP) setup လုပ်နည်း
Laravel Project တွေကို Production မှာ Professional ပုံစံ deploy လုပ်နည်း
Queue & Supervisor setup ကနေစပြီး Cron Jobs အထိ
👨‍🏫 သင်ကြားပေးမယ့်သူ Sir Hlaing Min Than
💡 ဘယ်သူတွေတက်သင့်လဲ?
Server အကြောင်း လုံးဝမသိသေးတဲ့သူတွေ
Real World Deployment အတွေ့အကြုံ မရှိသေးတဲ့သူတွေ
PHP Laravel နဲ့ အနည်းငယ် ရင်းနှီးပြီးသားသူတွေ (Laravel မတတ်သေးရင်လည်း Pure HTML/CSS deploy လုပ်နည်းကို သိသွားမှာပါ)


အခြေခံကစပြီး တစ်ဆင့်ချင်း သေချာရှင်းပြပေးမှာပါ
Server, Domain ဝယ်ယူတာကနေ Database, HTTPS setup အထိ အကုန်လုံး cover လုပ်ထားပါတယ်
Real Project example နဲ့ လက်တွေ့ လိုက်လုပ်ရမှာပါ
production level deployment လုပ်နည်းကို professional standard နဲ့အညီ သိသွားမှာပါ
📚 Chapter တွေကတော့:
Project Setup & Droplets
Nginx Server Configuration
Domain Setup
Queue & Supervisor Setup
Crons and Scheduling
တစ်သက်လုံး အသုံးဝင်မယ့် Deployment Skill တွေကို ၅သောင်းတည်းနဲ့ ရယူနိုင်တဲ့ အခွင့်အရေးကို လက်မလွှတ်လိုက်ပါနဲ့!
Course ဝယ်ယူဖို့ နဲ့ အသေးစိတ်သိချင်ရင် creativecodermm.com မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
# creative_coder_myanmar
Web Security အကြောင်း သိထားသင့်တဲ့ အရေးကြီး အချက်များ 🔐


ခုခေတ်မှာ Security ဟာ Developer တိုင်းအတွက် မဖြစ်မနေ သိထားရမယ့် အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Application တွေကို ဘယ်လို လုံခြုံအောင် ထားမလဲ၊ ဘာတွေ သတိထားရမလဲ ဆိုတာ လေ့လာကြည့်ရအောင်။


🎯 SQL Injection ကို ဘယ်လို ကာကွယ်မလဲ
Parameterized Queries တွေကိုသာ အသုံးပြုပါ
javascript

// မှားယွင်းအသုံးပြုပုံ
const query = SELECT * FROM users WHERE id = ${userId};

// မှန်ကန်တဲ့အသုံးပြုပုံ
const query = 'SELECT * FROM users WHERE id = ?';
connection.query(query, [userId]);

ORM တွေကို အသုံးပြုခြင်းဖြင့် ပိုမို secure ဖြစ်စေပါတယ်
User input တွေကို စစ်ဆေးပြီးမှ database ထဲ ထည့်သွင်းပါ

⚔️ XSS (Cross-Site Scripting) ကာကွယ်နည်းများ
HTML entities အဖြစ် encode လုပ်ပါ
Content Security Policy (CSP) headers တွေကို သတ်မှတ်ပါ
Third-party libraries တွေကို sanitize လုပ်ပါ

💪 CSRF (Cross-Site Request Forgery) ကာကွယ်နည်းများ
CSRF tokens တွေကို အသုံးပြုပါ
SameSite cookies attribute ကို strict သို့မဟုတ် lax အဖြစ်သတ်မှတ်ပါ

app.use(csrf());
// Form ထဲမှာ CSRF token ထည့်သွင်းပုံ
<form action="/api/data" method="POST">
<input type="hidden" name="_csrf" value="<%= csrfToken %>">
</form>

🔍 အခြား သတိထားရမယ့် အချက်များ
Dependencies တွေကို အမြဲ update လုပ်ထားပါ
npm audit ကို ပုံမှန် run ပါ
Environment variables တွေကို သေချာကိုင်တွယ်ပါ
File upload လုပ်ငန်းစဉ်တွေကို သေချာ validate လုပ်ပါ

📝 စဉ်ဆက်မပြတ် လုပ်ဆောင်သင့်တာတွေကတော့
Code review လုပ်တဲ့အခါ security ကို ဦးစားပေးစစ်ဆေးပါ
Security testing tools တွေကို CI/CD pipeline မှာ ထည့်သွင်းပါ
Log files တွေကို သေချာ monitor လုပ်ပါ
Security incidents တွေကို မှတ်တမ်းတင်ပြီး သင်ခန်းစာယူပါ


Security ဆိုတာ တစ်ခါလုပ်ပြီး ပြီးသွားတဲ့ အရာမဟုတ်ပါဘူး။ စဉ်ဆက်မပြတ် လေ့လာနေရမယ့် process တစ်ခုဖြစ်ပါတယ်။ Security practices တွေကို project စတင်တည်ဆောက်တဲ့ အချိန်ကတည်းက ထည့်သွင်းစဉ်းစားပါ။ မိမိရဲ့ application က user တွေအတွက် လုံခြုံစိတ်ချရတဲ့ platform တစ်ခုဖြစ်စေဖို့ အမြဲ ကြိုးစားနေရမှာ ဖြစ်ပါတယ်။
ဒီ security practices တွေကို လက်တွေ့ project တွေမှာ စတင်အသုံးချကြည့်ပါ။ Developer တို့ရဲ့ code တွေ ပိုမို secure ဖြစ်လာတာကို တွေ့ရမှာပါ! 💪
#WebSecurity #BestPractices #WebDevelopment #CyberSecurity
#creative_coder_myanmar
Web Development အခြေခံအတန်းလေးလူပြည့်ရန် (၃) ဦးသာလိုပါတော့တယ် 🚀

ဒီနှစ်ကုန်အတန်းမမှီရင် နောက်နှစ်စောင့်ရမှာမို့ Web Development ကိုအခြေခံကနေစပြီး တတ်ကျွမ်းချင်သူတွေအတွက် WDF အတန်းလေးက November (30) ရက်နေ့မှာစတင်တော့မှာဖြစ်ပါတယ်။

အတန်းအပ်ချင်ပါက page messenger ကနေလာရောက်အပ်နှံနိုင်ပါတယ်။

#creative_coder_myanmar
အလုပ်ရှာနေတဲ့ Developer များအတွက် အကြံပြုချက်များ 🎯
အလုပ်ရှာဖွေနေတဲ့ ကာလဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတက်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်တော်တို့ အတူတူ အကြံဉာဏ်လေးတွေ မျှဝေကြရအောင်။

💼 CV ကို ဘယ်လိုရေးမလဲ?

Project တွေကို Detail ကျကျရေးပါ
"React နဲ့ E-commerce site ရေးဖူးပါတယ်"
"React, Node.js နဲ့ MongoDB သုံးပြီး payment system ပါတဲ့ online shop တစ်ခု ဖန်တီးခဲ့ပါတယ်။ daily active user 100+ ရှိပြီး၊ monthly transaction 1000+ ကို handle နိုင်ခဲ့ပါတယ်"

🚀 Portfolio ပြင်ဆင်နည်း

GitHub က code တွေကို သပ်သပ်ရပ်ရပ်ထားပါ
README တွေကို အသေးစိတ်ရေးပါ
Live demo link တွေ ထည့်ထားပါ
Code comment တွေ စနစ်တကុရှိအောင်ထားပါ

💡 Interview မတိုင်ခင် ပြင်ဆင်ရမယ့်အချက်များ
Algorithm နဲ့ Data Structure တွေ ပြန်လေ့ကျင့်ပါ
System Design ဆိုင်ရာ ဗဟုသုတများ စုဆောင်းထားပါ
ကိုယ့်ရဲ့ previous projects တွေအကြောင်း ပြန်လည်သုံးသပ်ထားပါ
Company ရဲ့ tech stack ကို ကြိုတင်လေ့လာထားပါ

🎯 အင်တာဗျူးအတွက် Tips များ

// ပရော်ဖက်ရှင်နယ်ကျကျ ဖြေပုံ
"ဒီ bug ကို ဘယ်လိုဖြေရှင်းရမှန်း မသိဘူး"
"ဒီ issue ကို ဖြေရှင်းဖို့ အချိန်နည်းနည်းယူရမယ်။ ဒီလို approach တွေနဲ့ စမ်းကြည့်နိုင်တယ်..."

🔍 အလုပ်ရှာဖွေတဲ့နေရာမှာ
LinkedIn profile ကို professional ဖြစ်အောင်ထားရပါမယ်။
Tech community တွေမှာ တက်ကြွစွာပါဝင်ပါ။
Networking events တွေတက်ရောက်ပါ။
Developer community တွေမှာ contribute လုပ်ပါ။
Developer တစ်ယောက်အနေနဲ့ အလုပ်ရှာတဲ့ခရီးလမ်းက ရိုးရှင်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စနစ်တကျ ပြင်ဆင်ထားမယ်ဆိုရင် အခွင့်အလမ်းကောင်းတွေ ရရှိမှာ အသေအချာပါပဲ။ 💪

#creative_coder_myanmar
တစ်ပတ်ခါစမဲ့ Web Development Foundation အတန်းလေး ကျောင်းသား 3 ယောက်တည်းသာလိုပါမယ်။🚀

Web development ကို အခုမှစလေ့လာလိုသူများ
1 by 1 meeting နဲ့ စာမေးလိုသူများ
Animation & Layout တွေကို Design မှ Code level ကို စနစ်တကျ စဉ်းစား ရေးသားတတ်လိုသူများတွက်ရည်ရွယ်ပါတယ်။💕🫶
React ကိုလေ့လာပြီးပြီ… Nextjs ကိုဆက်လေ့လာသင့်ရဲ့လား 🤔
React Developer တို့ကို Next.js ကို ဘာလို့လေ့လာသင့်လဲဆိုတာ ပြောပြပါရစေ။
အရင်ဆုံး React က frontend framework တစ်ခုပဲဆိုတော့ production မှာသုံးဖို့အတွက် သူတစ်ခုတည်းနဲ့ မလုံလောက်သေးဘူးနော်။ SEO ကောင်းဖို့၊ Performance ကောင်းဖို့၊ File-based routing လုပ်ဖို့၊ Image optimization လုပ်ဖို့ စသည်ဖြင့် အခြားသော tool တွေအများကြီးထပ်လိုအပ်နေသေးပါတယ်။ ဒါပေမယ့် Next.js ကတော့ ဒါတွေအကုန်ပါပြီးသားပါ။
ဘာတွေများပါလဲဆိုရင်…
📝File-based Routing React မှာဆို react-router-dom သပ်သပ်ထည့်ပြီး route တွေကို setup လုပ်ရသေးတယ်။ Next.js မှာတော့ pages folder အောက်မှာ about.js ဆိုတဲ့ file ထည့်လိုက်ရင် /about route ကရလာပြီပဲ။ Dynamic route တွေ၊ Nested route တွေကလည်း file နာမည်ပေါ်မူတည်ပြီး အလိုအလျောက်ရပါတယ်။
📝 Server-side & Static Site Generation React က client-side ပဲ render နိုင်တော့ SEO မကောင်းဘူး။ Next.js မှာက SSR နဲ့ SSG ပါတာမို့ SEO ကောင်းသလို၊ initial load time လည်းမြန်ပါတယ်။ ဥပမာ e-commerce site တစ်ခုမှာ product list page က static ဖြစ်ပြီး product detail page တွေက server-side render လုပ်တာမျိုးတွေလုပ်လို့ရပါတယ်။
📝 Full Stack Framework React က frontend framework ပဲဖြစ်တော့ backend ကိုသပ်သပ်ရေးရမယ်။ Next.js မှာက API route တွေပါပါတာမို့ backend ကို pages/api folder အောက်မှာပဲ ရေးလို့ရပါတယ်။ GET, POST, PUT, DELETE request တွေကို handle လုပ်တဲ့ code တွေကို Next.js project ထဲမှာပဲရေးလို့ရပါတယ်။
📝Image Optimization React မှာ image တွေကို optimize လုပ်ချင်ရင် third-party library တွေသုံးရပါတယ်။ Next.js မှာက built-in Image component ပါပြီးသားပါ။ သူက image တွေကို automatically optimize လုပ်ပေးသလို lazy loading လည်းပါတယ်။ ဒါ့အပြင် webp format ကို browser က support လုပ်ရင် automatically convert လုပ်ပေးပါတယ်။
📝Zero Configuration React app တစ်ခုမှာဆို webpack, babel စတဲ့ configuration တွေ setup လုပ်ရပါတယ်။ ဒါပေမယ့် Next.js မှာက production-ready configuration တွေက built-in ပါပြီးသားအပြင် TypeScript support တို့၊ environment variables တို့လည်း out of the box ပါပါတယ်။
Performance ပိုင်းမှာလည်း Next.js က အားသာချက်တွေရှိတယ်
Code splitting အလိုအလျောက်လုပ်ပေးတယ်
Client-side navigation ကြောင့် page load တာမြန်တယ်
Prefetching လုပ်ပေးတာမို့ user experience ကောင်းပါတယ်
ဒါကြောင့် React သိပြီးသား developer တွေအနေနဲ့ Next.js ကိုလေ့လာသင့်ပါတယ်။ ဒီအပေါ်မှာပြောခဲ့တဲ့ feature တွေကြောင့် production မှာ better solution ရရှိစေပြီး development experience လည်း ပိုကောင်းမွန်စေပါတယ်။
လက်ရှိ tech industry မှာလည်း Next.js ကိုတော်တော်များများသုံးနေကြပါပြီ။ TikTok, Netflix, Twitch, Nike စတဲ့ ကုမ္ပဏီကြီးတွေတောင် Next.js ကိုသုံးနေကြပါတယ်။ ဒါကြောင့် Next.js skill ရှိထားရင် job opportunity တွေလည်းပိုများပါတယ်။
React သိပြီးသားဆိုရင် Next.js ကို စလေ့လာဖို့ အချိန်အများကြီးလိုမှာမဟုတ်ပါဘူး။ React ရဲ့ official documentation မှာလည်း Next.js ကိုဆက်ပြီးလေ့လာဖို့ပြောထားပါတယ်။ Documentation က အရမ်းကောင်းပြီး example project တွေလည်းအများကြီးပါပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ skill set ကို upgrade လုပ်ချင်တယ်ဆိုရင် Next.js ကိုလေ့လာဖို့ တိုက်တွန်းချင်ပါတယ်။
𝐘𝐞𝐚𝐫-𝐞𝐧𝐝 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 မှာ အတန်ဆုံး ဈေးနဲ့ရမယ့် 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 အတန်းများ 🚀

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

(၂၀၂၄) သာကုန်တော့မယ် ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်လိုက်ရလို့ အခုလကစပြီး အ၀ကြုံးတော့မယ်လို့ ရည်ရွယ်ထားတဲ့ Developer ကြီးတွေရှိပါသလား 👀

Learning Platform က premium အတန်းတွေကို အတန်ဆုံးဈေးနှုန်းနဲ့အပ်နှံနိုင်မယ့် promotion လေးနဲ့မိတ်ဆက်ပေးပါရစေ၊။

ဒီ promotion လေးကအရင်ငွေဈေးကအတိုင်း ထားပေးထားတာဖြစ်ပြီး ကျောင်းသားတွေရဲ့တောင်းဆိုမှုကြောင့် နှစ်ကုန်မှာနောက်ဆုံးပိတ် အိတ်နဲ့လွယ်နိုင်အောင် ပြန်လည်စီစဉ်ပေးထားတာဖြစ်ပါတယ်။

ဒီအစီအစဉ်လေးမှာဆိုရင် ဒီဇင်ဘာတစ်လလုံး learning platform ကအတန်းတွေကို Discount နဲ့ဝယ်ယူလို့ရနေမှာဖြစ်ပါတယ်။

ပုံမှန် Premium အတန်း Discount တွေအပြင် အတန်ဆုံး Premium အတန်းတွေအကုန်လုံးကို သုံးသိန်းခွဲတည်းနဲ့အပ်နှံနိုင်မယ့် Discount လည်းရှိနေပါသေးတယ်။

📝 Creative Coder ရဲ့ Learning Platform ဆိုတာဘာလဲ?

💯 ဘယ်အချိန်၊ ဘယ်နေရာရာရောက်ရောက် သင်ယူလေ့လာမှုတွေကို မရပ်တန့်စေဖို့
💯 ဖုန်းတစ်လုံး ဒါမှမဟုတ် laptop တစ်လုံးရှိရုံနဲ့ သင်ယူနိုင်ဖို့
💯 အခုအပ်၊ အခုတက် ၊ အခုလေ့လာ
💯 တစ်ခါအတန်းအပ်ရုံနဲ့ တစ်သက်တာ လေ့လာလို့ရနိုင်စေဖို့
💯 စာတခုခု မရတာနဲ့ ဆရာနဲ့ 1 on 1 meeting နဲ့စာမေးနိုင်ဖို့

Web Development ကိုစိတ်ပါ၀င်စားတဲ့သူ လူငယ်တွေအတွက် Creative Coder ရဲ့ learning platform ကိုစီစဉ်ထားရှိပေးထားပါတယ်။

Learning platform အတန်းတွေဖြစ်တာကြောင့် စာသင်ရတာ interactive မဖြစ်မှာ ၊ စာမေးရခက်မှာတွေကို မစိုးရိမ်ပါနဲ့။
စာမေးဖို့ telegram gp လည်းပြုလုပ်ပေးထားမှာဖြစ်သလို နားမလည်တာတွေဖြေရှင်းဖို့အတွက် one on one personalized meeting လည်းပြုလုပ်ပေးထားမှာပါ။

ဒီ learning platform course တွေကို တက်ရောက်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့
👉 Course တွေကို အချိန်မရွေး download ဆွဲနိုင်မယ်။
👉 တကယ်လို့ သင်တာကို မကြိုက်ဘူးဆိုရင် course access ရပြီးပြီးချင်း သုံးရက်အတွင်း သင်တန်းကြေး 100% Refund ပြန်လည်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

TECH stack တွေဆိုတာ Web Development ကို လေ့လာဖို့အတွက် လိုအပ်တဲ့ Framework တွေကို ယှဉ်တွဲပေးထားတာဖြစ်ပါတယ်။

ပါ၀င်သွားမယ့် Tech Stack တွေကတော့

📌 Vue & Laravel

Frontend နဲ့ Backend အတွဲအစပ်ဖြစ်တဲ့ ဒီသင်တန်းလေးနှစ်ခုကို တစ်ခုချင်းလည်းလေ့လာနိုင်သလို Full Stack Developer ဖြစ်ချင်သူတွေအတွက် နှစ်ခုပေါင်းပြီးတော့လည်း တစ်ခါတည်းလေ့လာနိုင်ပါတယ်။

📌 Laravel & React

Frontend နဲ့ Backend နှစ်ခုပေါင်း powerful ဖြစ်တဲ့ combo package လေးဖြစ်ပါတယ်။ ဒီသင်တန်းလေးနှစ်ခုကိုလည်း Learning Platform မှာ အချိန်မရွေးလေ့လာနိုင်ပါတယ်။

📌 MERN Stack

Tech Stack တစ်ခုလုံး ပြည့်ပြည့်စုံစုံပါ၀င်တဲ့ ဒီအတန်းလေးမှာတော့
Nodejs, Express, React နဲ့ MongoDB တို့ကို Basic to Advanced level အထိသင်ကြားပေးထားပါတယ်။

ဒီတစ်ခေါက်မှာဆိုရင်တော့ အတန်းတစ်ခုစီကို Free course တွေနဲ့အတူ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ‌ဒါ့အပြင် ဒီလိုအရမ်းတန်တဲ့ အခွင့်အရေးကြီးကို December လကုန်အထိသာ ရရှိမှာဖြစ်ပါတယ်။

သင်တန်းကြေးကိုလည်း နှစ်ခါခွဲသွင်းလို့ရမှာဖြစ်ပြီး discount နဲ့အပ်နှံရင်တော့ တစ်ခါတည်းပေးသွင်းရမှာဖြစ်ပါတယ်။

ကဲ.. ဘယ်အတန်းတွေပါမလဲ ဆိုတာနဲ့ အတန်းတစ်ခုစီအကြောင်းကို ပုံတစ်ခုချင်းစီမှာ ဖတ်ရှုနိုင်ပါတယ် 👇

#creative_coder_myanmar
#website
#courses

==================================================

Developer Bundle Courses Package

Course တွေကို တစ်ခုချင်းစီမဟုတ်ဘဲ အကုန်စုတက်ချင်တဲ့ Developer တို့အတွက်လည်း အရမ်းတန်တဲ့ဈေးနှုန်းနဲ့ Bundle Package ကိုစီစဉ်ပေးထားပါတယ်။
တစ်ခုချင်းစီရဲ့ဈေးနှုန်းလေးတွေဟာဆိုရင်
JS Basic - 50,000 MMK
React - 120,000 MMK
Vue - 100,000 MMK
PHP Laravel - 100,000 MMK
Web Server Deployment - 50,000 MMK
MERN Stack - 180,000 MMK
MERN Stack Deployment - 50,000 MMK
ဆိုပြီး ခြောက်သိန်းကျော်ကျသင့်မှာဖြစ်ပါတယ်။

💯 ဒါပေမယ့် ဒီ package ကို၀ယ်ယူတဲ့ developer တိုင်းအတွက် 350,000MMK (2750 Baht)တည်းနဲ့ Premium Course အကုန်လုံးနဲ့ free course အားလုံးကို lifetime access ရရှိမှာဖြစ်ပါတယ်။
CreativeCoder က ဒီလို Promotion ပေးတာ အရမ်းရှားတာဖြစ်လို့ ကိုယ့်ရဲ့ Development career အတွက် အကောင်းဆုံး Investment ဖြစ်မယ်ဆိုတာ အသေအချာပါပဲခင်ဗျာ။🫰📝

Premium Services

One-on-One Meeting Requests: တစ်ဦးချင်းစီအတွက် စာလုပ်ရင်း အခက်ခဲရှိလာပါက Video Call ခေါ်စာမေးနိုင်ခြင်း။
100% Refund Guarantee: ကျွန်ုပ်တို့၏ သင်ကြားမှု နည်းလမ်းများ မကျေနပ်ပါက ၃ရက်အတွင်း လာပြောပါက အပြည့်အဝ ပြန်အမ်းငွေ ပြန်လည်ပေးမှာဖြစ်ပါတယ်။

==============================================================

MERN Stack Course (Javascript Fullstack Developer Pack)