Creative Coder Myanmar
1.38K subscribers
547 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
❝အခမဲ့ တက်ရောက်နိုင်တဲ့အတန်း 🧑‍💻
သင်တန်းတစ်လျှောက်လုံး အခမဲ့ Instructor နဲ့ One on One ဆွေးနွေးသင်ယူနိုင်မှု 📝
2021 တည်းကပြောင်းလဲခြင်းမရှိတဲ့အပြင် Promotion Price နဲ့တက်ရောက်နိုင်တဲ့အတန်းများ 📲

~~~~

ဒါတွေအကုန်လုံးကို Creative Coder ရဲ့အခုလက်ရှိ ဖွင့်လှစ်ထားတဲ့ Learning Platform အတန်းတွေမှာရယူနိုင်ပါတယ်။ 

ဒီအတန်းတွေဟာ အချိန်မရွေး one on one meeting service ပေးထားပြီး သင်တန်းအပြီးကိုယ့်ရဲ့ career path အတွက်ပါဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

📝 ဒါ့အပြင် အတန်းနှစ်တန်းတစ်ခါတည်းအပ်တိုင်း Free Course တွေပါတစ်ခါတည်း တက်လို့ရမှာ‌ဆိုတော့မိုက်မှမိုက်ပဲပေါ့ 💯

Developer တစ်ယောက်အဖြစ်
အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ အခြေခံရှိပြီးသူတိုင်း တက်ရောက်သင့်တဲ့အတန်းလေးဖြစ်‌တာကြောင့် ဒီအခွင့်အရေးကိုလက်လွှတ်မခံပါနဲ့နော် 👀

သင်တန်းအသေးစိတ်ကို comment မှာကြည့်ရှုနိုင်ပါတယ် 👇

#creative_coder_myanmar
#website 
❝ကျောင်းသားတွေမေးလေ့ရှိတဲ့ 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 𝐂𝐨𝐮𝐫𝐬𝐞 တွေ အတွက် 𝐅𝐀𝐐 များ 📝

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

မေး ။  ။ သင်တန်းကဘယ်လိုသင်ကြားပေးတာလဲ?
ဖြေ ။  ။ Creative Coder Website ကနေ lesson video တွေနဲ့ အချိန်မရွေးလေ့လာလို့ရနိုင်မှာဖြစ်ပါတယ် ။ အတန်းကိုအခုအပ်ပြီးတာနဲ့ အခုစပြီးလေ့လာလို့ရနိုင်မှာပါ။

မေး။။ ။ ကျောင်းသားတွေအတွက် Certificate ကရော ဘယ်လိုစီစဉ်ပေးထားလဲ?
ဖြေ။။ ။ final project ကိုတင်နိုင်တဲ့သူတိုင်းအတွက် Certificate ရရှိမှာဖြစ်ပါတယ်။ Certificate ကိုသင်ခန်းစာတွေအားလုံးလေ့လာပြီးတဲ့ အချိန်ထုတ်ယူနိုင်ပြီး အချိန်ကာလကန့်သတ်ထားခြင်းမရှိပါဘူး။

မေး ။ ။ မသိတဲ့စာတွေဘယ်လိုမေးလို့ရနိုင်မလဲ ? 
ဖြေ ။ ။ lesson video တစ်ခုချင်းစီရဲ့ comment box ကနေလည်းမေးနိုင်သလို ကျွန်တော်တို့ Creative Coder မှာရှိတဲ့ one on one meeting service နဲ့လည်းဖြေရှင်းပေးပါတယ်။

မေး ။ ။ သင်တန်းပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ‌ကရော ဘယ်လိုရှိနိုင်မလဲ ? 
ဖြေ ။ ။ ကျောင်းသားဟောင်းတွေကိုပဲ ဦးစားပေးတဲ့ internship program လည်းရှိပြီး အခြား အလုပ်အကိုင်တွေနဲ့လည်းချိတ်ဆက်ပေးပါတယ်။

မေး ။ ။ သင်ခန်းစာတွေကဘယ်အထိ access ရရှိနိုင်လဲ။
ဖြေ။ ။ စအပ်တဲ့နေ့ကနေစပြီး lifetime access ရရှိနိင်မှာဖြစ်ပါတယ်။ update တွေရှိရင်လည်း access ရရှိမှာပါ။ 

မေး ။ ။ သင်တန်းကြေးနှစ်ခါခွဲသွင်းလို့ရလား?
ဖြေ။ ။ တက်ရောက်လိုတဲ့ အတန်းတိုင်းအတွက် သင်တန်းကြေးကိုနှစ်ခါခွဲပြီးသွင်းလို့ရတာ ထုံးစံပဲဖြစ်ပါတယ်။

ဒီ learning platform အတန်းတွေကနေ ကျောင်းသားတွေအတွက် အာမခံပေးနိုင်တာကတော့ 
Course တစ်ခုချင်းရဲ့ roadmap ကိုသေချာနားလည်သွားမှာဖြစ်ပြီး ဘာပြီးရင်ဘာဆက်သွားရမယ်ဆိုတာကောင်းကောင်းသိသွားမှာဖြစ်ပါတယ်။
သင်တန်းတည်ဆောက်ပုံအရ real world project တွေနဲ့အတွေ့အကြုံရှိသွားပြီး လုပ်ငန်းခွင်အတွက် အသင့်ဖြစ်နေစေမှာပဲဖြစ်ပါတယ်။

လက်ရှိမှာ learning platform အတန်းတွေပြန်လည်ဖွင့်လှစ်ထားလို့ Discount တွေနဲ့လာရောက်အပ်နှံနိုင်ပါတယ်။ 

သင်တန်းအသေးစိတ်ကို comment မှာကြည့်ရှုနိုင်ပါတယ်။

#creative_coder_myanmar
#website 
ကျောင်းသားတွေနဲ့ ရင်ဘက်ချင်းနီး‌စေဖို့ Creative Coder ရဲ့ Bi weekly Journal 📝

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

📝 လက်ရှိတက်ရောက်လို့ရတဲ့ အတန်းတွေ 
📝 ဆက်လက်ဖွင့်လှစ်မယ့် အတန်းတွေ 
📝 Creative Coder Team ရဲ့ activities တွေအကုန်လုံးကို နှစ်ပတ်တစ်ကြိမ်စီစုစည်း ဖော်ပြပေးသွားမယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်။

ဒီ bi weekly Journal လေးရဲ့ရည်ရွယ်ချက်ကတော့ ကျောင်းသားတွေအနေနဲ့ ‌ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေကိုပိုသိအောင် ၊ ဖွင့်လှစ်ထားတဲ့အတန်းတွေနဲ့ပတ်သက်ပြီး အချိန်အဆက်ရှိနေအောင်ဖြစ်ပါတယ်။

ဒီ Digital Journal လေးကို မကြာခင်မှာ မျှဝေပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးသွားဖို့မမေ့နဲ့နော် 👀

#creative_coder_myanmar
#journal 
နှစ်ဆမြန်စေမယ့် Developer lifestyle အတွက် 👀

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

နေ့စဉ်အလုပ်တွေက မတွင်ကျယ်ဘူး ၊ အလုပ်မဖြစ်ဘူးလို့ခံစားနေရရင် ကိုယ့်ရဲ့ productivity တွေတိုးတက်ပြီး efficient ဖြစ်စေမယ့်နည်းလေးတွေကိုပြောပြပေးချင်ပါတယ်။

မလုပ်မဖြစ်ဘူးခံစားရတာဟာ အလုပ်ဖြစ်အောင်ကူညီပေးမယ့် tools တွေမရှိသေးလို့ပါပဲ။ ဘယ်အချိန်မှာ အလုပ်လုပ်မယ် ၊ learning လုပ်မယ် ဆိုတာခွဲထားပြီးရင် တနေ့တာအတွက် ကိုယ်ဘယ်လောက်ပြီးမြောက်ခဲ့လဲဆိုတာ ပြသပေးနိုင်မယ့် tools တွေရှိထားတာက အကောင်းဆုံးပါပဲ။ ဥပမာအနေနဲ့ ကျွန်တော်တို့ team မှာဆိုနေ့တိုင်း task တွေကိုခွဲပေးဖို့ Jira ဆိုတဲ့ project management tool ကိုအသုံးပြုပါတယ်။ နောက်ထပ် အသုံးပြုနိုင်တဲ့ tool တွေကတော့ Trello, Asana စတာတွေကို progress tracking အတွက်အသုံးပြုနိုင်ပါတယ်။ Google Calendar ကိုလည်း အသုံးပြုဖို့ highly recommend လုပ်ပါတယ်။ အသုံးပြုရလွယ်တဲ့ tool တစ်ခုဖြစ်ပြီး task တွေလည်းတစ်ခါတည်းခွဲထားနိုင်တာကြောင့်ဖြစ်ပါတယ်။

time management အတွက် pomodoro method 
ကိုသုံးလို့ရသလိုမျိုးပဲ forest တို့လို application တွေကိုလည်းသုံးပြီး အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ပါတယ်။

ကိုယ်လုပ်ရမယ့် task တွေကိုအပိုင်းသေးသေးလေးတွေခွဲပြီး ကိုယ်ပိုင် deadline ထားတာကလည်း task တွေကိုသေချာပြီးမြောက်ဖို့ ကောင်းတဲ့အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။

တစ်ခုသတိပေးလိုတာက အလုပ်တွေလုပ်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အနားပေးဖို့‌မမေ့ပါနဲ့နော် 🫂

ကဲ.. Developer ကြီးတို့ရော အလုပ်တွင်ကျယ်အောင်ဘယ်လိုနည်းလမ်းတွေသုံးလဲဆိုတာ comment မှာပြောပြပေးသွားပါဦးနော် 👀

#creative_coder_myanmar
#lifestyle 
Thank you our 30 K Followers 💕🥳

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

2020 တည်းက စတင်ခဲ့တဲ့ Creative Coder Myanmar ဟာကျောင်းသားမိတ်ဆွေတို့ရဲ့ အားပေးမှုကြောင့် အခုဆိုရင် 30 K Followers အထိရှိလာခဲ့ပြီဖြစ်ပါတယ်။ 

Creative Coder ရဲ့ခရီးစဉ်တစ်လျှောက်လုံး အတူတူရှိနေပေးခဲ့ကြတဲ့ မိတ်ဆွေတွေအားလုံးကို Creative Coder ကအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🥳

နောက်များမှာလည်း ကျောင်းသားတွေအတွက် ဒီ့ထက်ကောင်းမွန်တဲ့၀န်ဆောင်မှုတွေရရှိအောင် ကြိုးစားဖန်တီးပေးမှာမို့ စောင့်မျှော်အားပေးကြပါဦးခင်ဗျာ 🙆

#creative_coder_myanmar 
ကျောင်းသားတွေအတွက် အမြဲအသင့်ရှိနေတဲ့ Creative Coder Myanmar 
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

We are here to support you 🫂
အခုလတ်တလော အခြေအနေတွေကြောင့် ကျောင်းသားတွေအနေနဲ့ အလုပ်အကိုင်တွေ ၊ အခြားလမ်းညွှန်မှုတွေနဲ့ ပတ်သက်ပြီး သိလိုတာတွေကို Creative Coder မှာလာရောက်မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျာ ။

တက်လိုတဲ့သင်တန်းတွေ ၊ အလုပ်အကိုင်တွေအကြောင်းကိုလည်း သေချာရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။

#creative_coder_myanmar
#supoort 
Hackathon အကြောင်း လေ့လာလိုတဲ့ Developer‌ တွေအတွက် 🧑‍💻
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Hackathon ဆိုတာ computer programmers တွေ graphic designer တွေ project manager တွေစတဲ့ IT Field ကလူတွေအပြင် အခြား field ကကျွမ်းကျင်သူတွေ စုပေါင်းပြီး ပြိုင်တဲ့ပွဲတစ်ခုပဲဖြစ်ပါတယ်။ Hackathon ပွဲတွေရဲ့ goal ကတော့ ပွဲအပြီးမှာ team နဲ့အတူ software တစ်ခုဒါမှမဟုတ် hardware တစ်ခုတီထွင်နိုင်ဖို့ပဲဖြစ်ပါတယ်။ 

အချို့ Hackathon ပွဲတွေမှာတော့ specific focus တစ်ခုရှိပြီး ဥပမာ programming language, operation system နဲ့ application ဆိုပြီး ပေးထားတဲ့ ခေါင်းစဉ်အောက်ကနေပြိုင်ရတာမျိုးတွေလည်းရှိပါတယ်။ 
Theme အနေနဲ့ကလည်းတစ်ခုနဲ့တစ်ခုမတူညီနိုင်ဘဲ ဥပမာ environmental ပိုင်းကိုအလေးပေးတာမျိုး ၊ food waste ပိုင်းကို‌အလေးပေးပြီးဖန်တီးရတာမျိုးတွေလည်းရှိပါတယ်။

Hackathon တွေဟာများသောအားဖြင့် 24 hrs နဲ့ 72 hrs အထိကြာတတ်ကြပါတယ်။ Online , Offline နဲ့ Hybrid format တွေနဲ့ပါကျင်းပလေ့ရှိကြပါတယ်။ 

Hackathon တွေဟာ ပြိုင်ပွဲ၀င် participants တွေအတွက် Creative solution တွေရှာလို့ရတဲ့နေရာ ၊ skill အသစ်တွေသင်ယူနိုင်မယ့်နေရာတစ်ခုအဖြစ်ရှိနေပါတယ်။ ဒါ့အပြင် နယ်ပယ်အသီးသီးကလူတွေကို တွေ့ရမှာဖြစ်တဲ့အတွက် network လည်းတစ်ခါတည်းချဲ့ထွင်ပြီးသားဖြစ်စေမှာပါ။


Hackathon တွေမှာ၀င်ပြိုင်ခြင်းဖြင့်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ?
👉 Skill အသစ်တွေသင်ယူနိုင်မယ်။
👉 Networking ကိုချဲ့ထွင်နိုင်မယ်။
👉 Teamwork skill ပိုပြီးတော့ကောင်းလာမယ်။
👉 Career Opportunities တွေအတွက်လည်းအထောက်အကူဖြစ်လာနိုင်မယ်။
👉 Creative Skill ကိုတိုးတက်လာစေမှာလည်းဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့နာမည်ကြီးတဲ့ Hackathon တွေအနေနဲ့ကတော့ 
🧑‍💻 MIT က ကျင်းပတဲ့ HackMIT 
🧑‍💻 Europe မှာအကြီးဆုံး Hackathon တစ်ခုဖြစ်တဲ့ HacZurich
🧑‍💻 Canada ရဲ့အကြီးဆုံး Hackathon တစ်ခုဖြစ်တဲ့ Hack The North 
🧑‍💻 WeAreDevelopers ကနေကျင်းပတဲ့ CODE100 
🧑‍💻 NSM open Hackathon တွေပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ကျောင်းတွေ ၊ organization တွေက‌နေကြီးမှူးကျင်းပတဲ့ Hackathon ပွဲတွေအများကြီးရှိပါတယ်။ 

ကဲ… Developer တို့ရော ပြိုင်ချင်သွားကြပြီလား comment မှာပြောပေးသွားကြပါဦးနော် 👀
Discount နဲ့အပ်နှံနိုင်ဖို့ ကျောင်းသား 3+2 ယောက်သာ ကျန်ရှိပါတော့တယ် 📲

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

One on One meeting service ပေးတဲ့ learning platform အတန်းတွေကို အရမ်းကိုမှ တန်တဲ့ဈေးနှုန်းတဲ့ အပ်နှံခွင့်ရမယ့် ကျောင်းသား(၅) ယောက်ပဲလိုပါတော့တယ်။

Web Development ခရီးစဉ်အတွက်အသင့်တော်ဆုံးဖြစ်မယ့် အတန်းတွေပဲဖြစ်ပြီး “အခုအပ် အခုတက် တစ်ခါအပ်တာနဲ့ တစ်သက်လုံးလေ့လာလို့ရမှာဖြစ်ပါတယ်”

ဒီအတန်းလေးတွေကို Discount နဲ့အပ်နှံနိုင်သေးတာကြောင့် လူမပြည့်ခင် အမြန်လေးလာအပ်ဖို့မမေ့နဲ့နော် ကျောင်းသားတို့ရေ 👀📲

#creative_coder_myanmar
#website 
#classes
Developer ကြီးတွေမှာလည်းအသည်းနှလုံးနဲ့ပါ 😏
အသည်းနှလုံးရှိတဲ့ Developer တွေအတွက် Self Care Tips 

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

နေ့တိုင်းလိုလို laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေကြတဲ့ Developer ကြီးတို့အတွက် ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ဖို့လည်းမမေ့ရအောင် selfcare Tips လေးတွေကိုမျှဝေပေးလိုက်ရပါတယ်။ 

📝 Break ယူဖို့မမေ့ပါနဲ့။

Screen ရှေ့မှာအကြာကြီးထိုင်တာက မျက်လုံးကိုထိခိုက်စေတဲ့အပြင် လူကိုပါ overwhelm ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် screen ကို မိနစ် (၂၀) ကြည့်ပြီးတိုင်း ပေ (၂၀) အဝေးမှာရှိတဲ့ အရာ၀တ္တုတစ်ခုခု(စိမ်းစိုတဲ့ အရာဖြစ်ရင်ပိုအဆင်ပြေပါတယ်) ကို စက္ကန့် (၂၀) လောက်ကြည့်ပေးရင် အညောင်းလည်းပြေစေပြီး မျက်ကြောကိုက်တာတွေကနေလည်းသက်သာနိုင်ပါတယ်။ 
Break ယူတဲ့အတွင်းမှာ လမ်းထလျှောက်တာမျိုး ၊ အညောင်းအညာပြေအောင် လေ့ကျင့်ခန်းလုပ်တာမျိုးတွေလည်းပြုလုပ်နိုင်ပါတယ်။

📝 Workplace ကိုသေချာစီစဉ်ပါ။

Workplace ဟာ ကိုယ်အချိန်အများကြီးနေရတဲ့‌နေရာတစ်ခုဖြစ်တဲ့အတွက် Chair တွေ Monitor တွေကို eye level နဲ့အညီနေရာချပါ။ 

📝ရေများများသောက်ပြီး အစားကိုသေချာစားဖို့ကလည်း အားအင် ပြည့်၀ဖို့အတွက်အရေးကြီးတဲ့ အချက်တွေပဲဖြစ်ပါတယ်။

📝 အိပ်ချိန်ကိုလည်း အနည်းဆုံး ၆ နာရီရှိအောင် လုပ်နိုင်ရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်။

📝 အရေးကြီးတဲ့အချက်တစ်ခုကတော့ personal life နဲ့ work ကြားမှာ စည်းထားထားဖို့ပဲဖြစ်ပါတယ်။ အလုပ်ချိန်အလုပ် ၊ ကိုယ့်အတွက်အချိန်ဆိုပြီးသပ်သပ်ထားရင် stress တွေလည်းနည်းနိုင်မှာပါ။

 Developer ကြီးတို့အတွက် ဒီအချက်လေးတွေက အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ 

Developer ကြီးတို့သိကြတဲ့ အခြား self care tips လေးတွေရှိရင်လည်း sharing လုပ်ပေးသွားကြပါဦးနော် 👀

#developer
#selfcare 
Creative Coder ရဲ့ bi-weekly journal လေးရောက်ရှိလာပါပြီ 👀📝

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

📝လက်ရှိတတ်ရောက်နိုင်တဲ့အတန်းတွေကတော့ learning platform မှာဖွင့်လှစ်ထားတဲ့
👉 Vuejs Course 
👉 Laravel 
👉 React
👉 MERN Stack
👉 Web Deployment Class
👉 Javascript Basic
တွေပဲဖြစ်ပါတယ်။ Website ကနေလေ့လာလို့ရတဲ့အတန်းလေးတွေဖြစ်တာကြောင့် အချိန်မရွေးသင်တန်းအပ်နှံနိုင်မှာပဲဖြစ်ပါတယ်။

📝မကြာခင်ဖွင့်လှစ်တော့မယ့် အတန်းတွေကတော့
👉 Laravel zoom Class
👉 WDF Zoom Class တို့ပဲဖြစ်ပါတယ်။
(ဒီအတန်းတွေကို discount နဲ့ကြိုအပ်ထားလို့ရလည်းရတယ်နော် 👀)

📝 Breaking News အနေနဲ့ ကျောင်းသားတွေရဲ့ zoom အတန်းတောင်းဆိုမှုလေးတွေများလာတာကြောင့် ငါးလပိုင်းအထိ In Class အတန်းတွေအစား Zoom Class တွေကိုဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

📝 Upcoming Update 
Learning Platform ရဲ့မကြာခင်လာတော့မယ့် update အနေနဲ့ 
💯 Student Review Feature 
💯 Learning Platform Filter Path 
💯 FAQ feature တွေပဲဖြစ်ပါတယ်။

ဒီ feature တွေရဲ့ update ကိုအချိန်နဲ့တစ်ပြေးညီသိချင်ရင် Learning Platform Page အသစ်လေးကို like & follow လုပ်ထားဖို့လည်းလိုမယ်နော် 👀

📝Our Support 

Creative Coder အနေနဲ့ကျောင်းသားတွေကို one on one meeting နဲ့ service ပေးတာဖြစ်ပြီးမသိနားမလည်တာတွေကို ချက်ချင်းမေးမြန်းနိုင်မှာလည်းဖြစ်ပါတယ်။ 

ကဲ ဒီနှစ်ပတ်အတွက် update တွေကိုပြောပြပေးသွားပြီးပြီဆိုတော့ နောက်အပတ် journal တွေမှာပြန်တွေ့ကြမယ်နော် 👀