Creative Coder Myanmar
1.52K subscribers
592 photos
2 videos
110 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
🤖 Developer တိုင်း လေ့လာထားသင့်တဲ့ AI Agent တွေအကြောင်း

ခေတ်သစ် Developer တွေအတွက် AI Agent တွေရဲ့ အခန်းကဏ္ဍဟာ မရှိမဖြစ် ဖြစ်လာပါပြီ။ ဒီ Agent တွေဟာ ရိုးရှင်းတဲ့ Code ဖြည့်ပေးတာထက် ကျော်လွန်ပြီး၊ ပိုမိုရှုပ်ထွေးတဲ့ Coding Tasks တွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ပါတယ်။ ဥပမာအနေနဲ့ GitHub Copilot/Codex တို့လို Agent တွေဟာ Code အမြန်ရေးဖို့နဲ့ Boilerplate တွေထုတ်ဖို့မှာ အားကောင်းပြီး၊ Cursor လို Editor-based Agent တွေကတော့ Codebase ကြီးတွေထဲမှာ Navigate လုပ်တာ၊ Bug တွေရှာတာနဲ့ ရှိပြီးသား Code တွေကို နားလည်အောင် ကူညီပေးတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Claude ရဲ့ AI Code Agent တွေကလည်း ရှည်လျားတဲ့ Code Block တွေကို နားလည်အောင် ရှင်းပြပေးတာ၊ Refactoring အကြံဉာဏ်ပေးတာနဲ့ Complex Logic တွေ ဖြေရှင်းတာမျိုးမှာ အထောက်အကူပြုပါတယ်။

ဒီ Agent တွေကို သုံးစွဲတဲ့အခါ Developer တွေအနေနဲ့ Prompt Engineering နဲ့ Code Review တွေကို သိထားဖို့ လိုအပ်ပါတယ်။

📝Prompt Engineering ဆိုတာ AI Agent ကို ကိုယ့်ရဲ့လိုအပ်ချက်နဲ့အညီ တိကျသေချာတဲ့ အဖြေ၊ Code ဒါမှမဟုတ် Solution တစ်ခု ထုတ်ပေးနိုင်အောင် "မေးခွန်းထုတ်တဲ့ ပညာ" ဖြစ်ပါတယ်။ AI Agent တွေဟာ ဉာဏ်ကောင်းပေမယ့် သူတို့လိုချင်တဲ့ Input ပေးမှသာ Output ကောင်းကောင်း ရနိုင်ပါတယ်။

ဥပမာအားဖြင့်၊ "Login Form ရေးပေးပါ" လို့ မေးတာထက် "React နဲ့ Tailwind CSS ကိုသုံးပြီး Email နဲ့ Password Fields ပါတဲ့ Fully Responsive ဖြစ်တဲ့ Login Component တစ်ခု ရေးပေးပါ၊ Error Handling အတွက် React Hook Form ကိုသုံးပေးပါ" လို့ တိတိကျကျ ပြောလိုက်တဲ့အခါ၊ AI က ကိုယ်လိုချင်တဲ့ ရလဒ်နဲ့ ၉၀% ကိုက်ညီတဲ့ Code ကို ချက်ချင်း ထုတ်ပေးနိုင်ပါတယ်။

📝Code Review
AI Agent တွေဟာ အမှားကင်းတဲ့ Code တွေကို အမြဲတမ်း ပေးနိုင်တာ မဟုတ်ပါဘူး။ သူတို့ပေးတဲ့ Code တွေဟာ Syntax မှန်ကောင်း မှန်နိုင်ပေမယ့် Project ရဲ့ Standard၊ Performance၊ Security နဲ့ Best Practices တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကိုတော့ Developer ကိုယ်တိုင် ပြန်လည် စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါကို AI Code Review လို့ ခေါ်ပါတယ်။
AI က ထည့်ပေးလိုက်တဲ့ Code မှာ Injection Attacks တွေ၊ ဒါမှမဟုတ် မလုံခြုံတဲ့ API Key တွေ ပါမလာစေဖို့ သေချစစ်ဆေးပါ။ AI က ရိုးရှင်းတဲ့ Loop တစ်ခုကို ပိုရှုပ်ထွေးတဲ့ နည်းနဲ့ ရေးထားတာမျိုး ရှိ၊ မရှိ စစ်ဆေးပြီး Refactor လုပ်ပါ။ ကိုယ့် Project ရဲ့ Naming Convention တွေ၊ Code Style တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည် ညှိနှိုင်းရမှာပဲဖြစ်ပါတယ်။

ဒီလို Agent တွေကို ကိုယ့်ရဲ့ Workflow ထဲမှာ ထည့်သုံးလိုက်တဲ့အခါ၊ ကိုယ်တိုင် Code အသေးစိတ်တွေ ရေးနေရတဲ့အချိန် လျော့ကျသွားပြီး၊ Application ရဲ့ Architect Designing၊ Logic Flow ဒါမှမဟုတ် Higher-Level Problem Solving စတဲ့ ပိုမိုအရေးကြီးတဲ့ အပိုင်းတွေမှာ အချိန်ပိုပေးနိုင်သွားပါတယ်။ ဒါကြောင့် Developer တစ်ယောက်အနေနဲ့ ဒီ AI Agent တွေရဲ့ စွမ်းဆောင်ရည်နဲ့ AI Agent တွေကို ကိုယ်တိုင်ရဲ့ Workflow မှာ ပေါင်းစပ်သုံးစွဲနည်းတွေကို လေ့လာထားဖို့ဟာ ၂၀၂၆ အတွက် အဓိက လိုအပ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။

#CreativeCoderMyanmar #AIAgent #DeveloperSkills #CodingTools #Workflow
1