Creative Coder Myanmar
1.38K subscribers
555 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
နောက်ထပ် bugs မဖြစ်အောင် ဒီအမှားတွေမလုပ်နဲ့နော်!
JavaScript ကိုစလေ့လာတဲ့ beginner တွေမှားလေ့ရှိတာလေးတွေကို ကြည့်လိုက်ရအောင် 
📝map() ထဲမှာ return ပြန်လုပ်ဖို့ မေ့လျော့ခြင်း
map() ဟာ array တစ်ခုစီကို iterate လုပ်ပြီး အသစ်ပြင်ဆင်ထားတဲ့ array တစ်ခုကို ပြန်ပေးပါတယ်။ ဒါပေမဲ့ return statement ကို မသုံးမိရင်တော့ undefined တွေပါတဲ့ array တစ်ခုသာ ပြန်ရမှာပါ။
📝 == နဲ့ === ကို မှားယွင်းစွာ အသုံးပြုခြင်း
JavaScript မှာ တန်ဖိုးနှစ်ခု ညီမညီ စစ်ဆေးတဲ့ operator နှစ်ခုရှိပါတယ်။ == (loose equality) က type conversion ကို လုပ်ဆောင်ပေးပြီး === (strict equality) ကတော့ တန်ဖိုးနဲ့ type နှစ်ခုလုံးကို တိတိကျကျ စစ်ဆေးပါတယ်။ === ကိုသာ သုံးဖို့ အမြဲတမ်း အကြံပြုလိုပါတယ်။
📝let (သို့မဟုတ်) const မပါဘဲ Global Variables များ အသုံးပြုခြင်း
let ဒါမှမဟုတ် const မပါဘဲ variable တွေကို declare လုပ်မိရင် global object (browser မှာဆိုရင် window object) ပေါ်မှာ တင်လိုက်သလို ဖြစ်သွားပါတယ်။ ဒါက code မှာ မထင်မှတ်တဲ့ side effects တွေနဲ့ variable name clashes တွေကို ဖြစ်စေနိုင်ပါတယ်။
Code example လေးတွေနဲ့ပါပြောပြပေးထားတာဖြစ်လို့ သေချာကြည့်ဖို့မမေ့နဲ့နော်။
အခြားဘယ်အမှားတွေရှိသေးလဲဆိုတာ comment မှာရေးပေးသွားကြပါဦး

#creative_coder_myanmar