Creative Coder Myanmar
1.52K subscribers
598 photos
2 videos
112 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
နောက်ထပ် bugs မဖြစ်အောင် ဒီအမှားတွေမလုပ်နဲ့နော်!
JavaScript ကိုစလေ့လာတဲ့ beginner တွေမှားလေ့ရှိတာလေးတွေကို ကြည့်လိုက်ရအောင် 
📝map() ထဲမှာ return ပြန်လုပ်ဖို့ မေ့လျော့ခြင်း
map() ဟာ array တစ်ခုစီကို iterate လုပ်ပြီး အသစ်ပြင်ဆင်ထားတဲ့ array တစ်ခုကို ပြန်ပေးပါတယ်။ ဒါပေမဲ့ return statement ကို မသုံးမိရင်တော့ undefined တွေပါတဲ့ array တစ်ခုသာ ပြန်ရမှာပါ။
📝 == နဲ့ === ကို မှားယွင်းစွာ အသုံးပြုခြင်း
JavaScript မှာ တန်ဖိုးနှစ်ခု ညီမညီ စစ်ဆေးတဲ့ operator နှစ်ခုရှိပါတယ်။ == (loose equality) က type conversion ကို လုပ်ဆောင်ပေးပြီး === (strict equality) ကတော့ တန်ဖိုးနဲ့ type နှစ်ခုလုံးကို တိတိကျကျ စစ်ဆေးပါတယ်။ === ကိုသာ သုံးဖို့ အမြဲတမ်း အကြံပြုလိုပါတယ်။
📝let (သို့မဟုတ်) const မပါဘဲ Global Variables များ အသုံးပြုခြင်း
let ဒါမှမဟုတ် const မပါဘဲ variable တွေကို declare လုပ်မိရင် global object (browser မှာဆိုရင် window object) ပေါ်မှာ တင်လိုက်သလို ဖြစ်သွားပါတယ်။ ဒါက code မှာ မထင်မှတ်တဲ့ side effects တွေနဲ့ variable name clashes တွေကို ဖြစ်စေနိုင်ပါတယ်။
Code example လေးတွေနဲ့ပါပြောပြပေးထားတာဖြစ်လို့ သေချာကြည့်ဖို့မမေ့နဲ့နော်။
အခြားဘယ်အမှားတွေရှိသေးလဲဆိုတာ comment မှာရေးပေးသွားကြပါဦး

#creative_coder_myanmar
3
👨‍💻 Creative Coder ကြီးတို့အတွက် သတင်းကောင်း!
ဒီအပတ်မှာတော့ ကိုယ့် coding စွမ်းရည်ကို မြင်သာအောင် ပြသနိုင်တဲ့ Project တစ်ခုဖန်တီးပြီး၊ လက်ဆောင်တွေကိုလည်း ရယူနိုင်မယ့် ဒုတိယမြောက်အခွင့်အရေးကြီးကိုယူဆောင်လာပါပြီ။
📌 Weekly Project Challenge
ဒီအပတ်ရဲ့ challenge ကတော့ —
ကိုယ်ပိုင်အချက်အလက်နဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြနိုင်တဲ့ ရိုးရှင်းပြီး စိတ်ဝင်စားဖွယ်ရာ Portfolio Website/Page တစ်ခု ဖန်တီးဖို့ပဲ ဖြစ်ပါတယ်။
📌 Portfolio Website ဘာလို့အရေးကြီးလဲ?
Portfolio Website တစ်ခုဟာ —
🔹 သင်ဘယ်လို Developer တစ်ယောက်လဲ
🔹 ဘယ် Project တွေကို လုပ်ပြီးသားလဲ
🔹 ဘယ် Tech Stack တွေကို ကျွမ်းကျင်သလဲ
🔹 ကိုယ်ရေးထားတဲ့ Code Style/Design Pattern
တွေကို ပြသနိုင်တဲ့ အကောင်းဆုံး အလုပ်ရှာရာမှာကောင်းတဲ့အကူအညီပေးမယ့်နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။
Portfolio Website တစ်ခုမှာ ပါဝင်သင့်တဲ့ Common Features:
Home/Intro Section – ကိုယ်ကိုယ်တင်ပြတဲ့ short intro (name, role, tagline)
About Me –  career goal, passion
Skills – နားလည်တဲ့ programming languages, frameworks, tools
Projects – လုပ်ခဲ့ဖူးတဲ့ Projects ရဲ့ နမူနာ (GitHub link, screenshots, brief descriptions)
Contact Section – Email, LinkedIn, GitHub, phone number
Responsive Design – စတဲ့ အချက်လေးတွေတော့ပါ၀င်ရမှာဖြစ်ပါတယ်။
🏆 Challenge Participation Details:
📅 အချိန်ကာလ – (၅) ရက်
ဒီ challenge ရဲ့ အချိန်ကာလကတော့ စုစုပေါင်း (၅) ရက်သာရှိပါတယ်။ အဆိုပါကာလအတွင်းမှာ ပထမဆုံး Submit လုပ်သည့် Developer ၃ ဦးကို အထူးတန်ဖိုးရှိတဲ့ လက်ဆောင်များကို ပေးအပ်သွားမှာဖြစ်ပါတယ်။
လက်ဆောင်များမှာတော့ Creative Coder ရဲ့ Official T-Shirt တစ်ထည်၊ သယ်သွားရလွယ်ကူတဲ့ Dev Notebook တစ်စောင်၊ Coding Desk ပေါ်မှာအသုံးဝင်မယ့် Sticker တွေနဲ့ Mouse Pad တို့ ပါဝင်ပါမယ်။
💬 Programming Language မည်သည့်ဘာသာစကားဖြင့်မဆို ဖန်တီးနိုင်ပါတယ်။
🤖 AI Tools သုံးလို့ရပေမယ့် Code ကို ကိုယ်နားလည်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။
📤 GitHub Repo ကို Creative Coder Myanmar ရဲ့ Facebook Page Messenger မှာ ပေးပို့ဖို့လိုပါတယ်။

ဆရာဇေယျာဝင်းရဲ့ portfolio project အကြောင်းပြောပြပေးထားတဲ့ video ကိုလည်း အောက်ပါ link မှာကြည့်ရှုနိုင်ပါတယ်။

(https://youtu.be/s6qn8SL6pq4)
🔥 Challenge ထဲ ပါဝင်ချင်သူတွေကတော့ “Ready” လို့ comment မှာရေးခဲ့နော်။
ကိုယ့် coding journey ကို next level တက်ဖို့ ဒီအခွင့်အရေးကို လက်လွှတ်မခံနဲ့နော်! 🚀
#creative_coder_myanmar
#PortfolioChallenge
#BuildAndShow
2
Feedback ကောင်းများစွာရရှိထားတဲ့ Web Development Foundation အတန်းလေး July (5) ရက်နေ့စပါမယ် 🚀

Web Development မှာ အခြေခံကို ပိုင်နိုင်စွာလေ့လာထားပြီး လက်တွေ့အသုံးချတတ်ဖို့က အရေးကြီးပါတယ်။

ဒီအတန်းမှာ အခြေခံကိုပဲ၍သေချာပိုင်နိုင်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Telegram & Zoom Only အသုံးပြုသင်ကြားရမှာဖြစ်ပါတယ်။
One on One mentorship meeting support ပေးထားပါတယ်။
Video Record တွေလဲတရက်စာစီပေးထားတဲ့ အပြင် batch တိုင်းအခမဲ့ ပြန်တက်ရောက်နိုင်ပါသေးတယ်ခင်ဗျာ🚀

အတန်းအပ်မယ်ဆို page messenger ကနေ အပ်နှံနိုင်ပါပြီ 🥳

#creative_coder_myanmar
1
JavaScript မှာ String နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေက မကြာခဏဆိုသလို လိုအပ်လာတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်ရဲ့ Code ကို ပိုမိုထိရောက်စေဖို့အတွက် အသုံးများပြီး သိထားသင့်တဲ့ String Method (၅) ခုကို တစ်ပုံချင်းစီမှာ code example တွေနဲ့အတူ ကြည့်လိုက်ရအောင်👀
📝slice()
slice() Method က String တစ်ခုရဲ့ သတ်မှတ်ထားတဲ့ အပိုင်းအစကို ဖြတ်ထုတ်ယူဖို့ အသုံးပြုပါတယ်။
📝replace()
replace() Method က String တစ်ခုထဲမှာရှိတဲ့ သတ်မှတ်ထားတဲ့ စာသား ဒါမှမဟုတ် ပုံစံကို တခြားစာသားနဲ့ အစားထိုးဖို့ အသုံးပြုပါတယ်။ ပထမဆုံးတွေ့တဲ့ စာသားကိုပဲ အစားထိုးပေးမှာပါ။
📝toLowerCase()
toLowerCase() Method က String တစ်ခုလုံးမှာရှိတဲ့ အက္ခရာအားလုံးကို အင်္ဂလိပ်အက္ခရာ အသေး (lowercase) အဖြစ် ပြောင်းလဲပေးပါတယ်။
📝 includes()
includes() Method က String တစ်ခုထဲမှာ သတ်မှတ်ထားတဲ့ စာသား ဒါမှမဟုတ် စာလုံးပေါင်း ပါဝင်ဟုတ်မဟုတ်ကို စစ်ဆေးပါတယ်။ ပါဝင်တယ်ဆိုရင် true ၊ မပါဝင်ဘူးဆိုရင် false ပြန်ပေးပါတယ်။
📝 split()
split() Method က String တစ်ခုကို သတ်မှတ်ထားတဲ့ ခွဲခြားမှတ် (delimiter) နဲ့ ခွဲခြားပြီး Array တစ်ခုအဖြစ် ပြောင်းလဲပေးပါတယ်။
#creative_coder_myanmar
2
🚀 Web Development ကို AI နဲ့ Level Up လုပ်ကြမယ်။

Developer တိုင်းသိထားသင့်တဲ့ နောက်ဆုံးထွက် AI Tools များ
AI က Web Development လောကကို အရှိန်အဟုန်နဲ့ ပြောင်းလဲနေပါပြီ။ အခုဆိုရင် Code ရေးတာကနေ၊ Bug ရှင်းတာ၊ UI ဒီဇိုင်းဆွဲတာအထိ AI က နေရာတိုင်းမှာ ပါဝင်လာပါပြီ။ ဒါဟာ Developer တွေရဲ့ အလုပ်ကို အစားထိုးဖို့မဟုတ်ဘဲ၊ ပိုမြန်၊ ပိုတိကျ၊ ပို Productive ဖြစ်အောင် ကူညီပေးဖို့ပါပဲ။
ဒီနေ့တော့ Developer တွေရဲ့ Productivity ကို အဆပေါင်းများစွာ မြှင့်တင်ပေးမယ့် နောက်ဆုံးပေါ် AI Tool (၄) ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဘယ် tool တွေသုံးဖြစ်နေလဲ comment မှာရေးသွားကြပါဦးနော်။

#creative_coder_myanmar
2
🚀 Level-Up November: ဒီလက Developer Career အတွက် Turning Point ဖြစ်မယ့်လ လို့ထင်ပါသလား?

ဟုတ်ပါတယ်။ ဒီလက ပုံမှန်လ မဟုတ်ပါဘူး။
ဒါဟာ Developer career တိုးတက်ဖို့ အဓိကကျတဲ့ "ကွာတား" တစ်ခုဖြစ်လာမှာပါ။ ဒီလရဲ့ Focus က တကယ့် Developer အဖြစ် ရပ်တည်ချင်တဲ့သူတွေ...
"တိုးတက်ချင်ပါတယ်" "ကြိုးစားမယ်" "၂၀၂၆ ကို ကိုယ့်ရဲ့ Career Breakthrough Year အဖြစ် ပြောင်းလဲပစ်မယ်"
လို့ စိတ်ပိုင်းဖြတ်ထားပြီး ပြန်ပြောနိုင်တဲ့မိတ်‌ဆွေတို့အတွက်လပါပဲ 🤝🔥

ဒီလမှာ ကျွန်တော်တို့လုပ်မယ့် Program တွေကတော့
📝 team style coding စတင်ဖို့အတွက် Free Git & GitHub Workshop၊
📝modern UI ကို အမြန်တည်ဆောက်နိုင်ဖို့ Tailwind Mini Project၊
📝2026 demand အမြင့်ဆုံး skill ဖြစ်လာမယ့် Next.js Screencast Release နဲ့ beginner ကနေ real developer ဖြစ်လာဖို့ (Dec 6 စမယ့်) WDF Afternoon Class Enrollment တို့ပဲ ဖြစ်ပါတယ်။

2025 မကြာခင်ကုန်တော့မှာဖြစ်လို့ ကြိုးစားမှလည်း result ရမယ့်လလည်းဖြစ်ပါတယ်။ ။ ဒါကြောင့် ဒီလက ကိုယ့်ကိုယ်ကို ဂရုစိုက်မယ့်လ၊ တည်ဆောက်မယ့်လ၊ နိုင်အောင်လုပ်မယ့်လပဲဖြစ်ပါတယ်။ 💪🔥
Level-Up November — let's rise together

အတန်းတွေနဲ့ workshop အကြောင်းကိုသိချင်နေပြီဆိုရင် page messenger မှာတိတ်တိတ်လေးလာမေးလို့ရတယ်နော် 🗨️
#creative_coder_myanmar
WDF အတန်းကကျောင်းသားတွေ ဘာပြောခဲ့ကြလဲ?

အရှေ့ကအတန်းတွေမှာ တက်ရောက်ခဲ့ကြတဲ့ကျောင်းသားတွေ Creative Coder ကိုဘယ်လိုမျိုး feedback ပေးခဲ့ကြလဲဆိုတာ အောက်ပါ link မှာ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

#creative_coder
စာမရမှာ စိုးရိမ်စရာမလိုဘူး! ဆရာနဲ့ One-on-One Video Call ဖြင့် တိုက်ရိုက် စာမေးနိုင်တယ်ဆိုတာ သိပြီးပြီလား?

Creative Coder ရဲ့ သင်တန်းတွေမှာ အရေးကြီးဆုံး Support Service တစ်ခုအနေနဲ့၊ ကျောင်းသားတွေ စာမလိုက်နိုင်တာ၊ နားမလည်တာ၊ ဒါမှမဟုတ် Project တွေမှာ အခက်အခဲတွေ့တာမျိုးတွေရှိရင် သင်တန်းဆရာ (Mentor) နဲ့ တစ်ယောက်ချင်း Video Call ချိန်းဆိုပြီး တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်ခွင့် ပါဝင်ပါတယ်။

ဒါဟာ ရိုးရိုး Chat Support မျိုးမဟုတ်ဘဲ၊ သင်ခန်းစာတွေကို သီးသန့်ပြန်ရှင်းပြတာ၊ ကိုယ့် Project Code ကို အတူတူကြည့်ပြီး Bug ရှင်းပေးတာ၊ ဒါမှမဟုတ် Career Roadmap အကြံဉာဏ်တောင်းတာမျိုးတွေအထိပါ ပြုလုပ်နိုင်ပါတယ်။ ဒီလိုမျိုး One-on-One Meeting Support ဟာ သင်ယူမှုခရီးကို ပိုမိုမြန်ဆန်စေပြီး၊ မေးခွန်းတွေ မကျန်ရှိတော့ဘဲ စိတ်ချလက်ချ ရှေ့ဆက်နိုင်ဖို့အတွက် အခိုင်မာဆုံးသော အာမခံချက်တစ်ခုပဲ ဖြစ်ပါတယ်။

#creative_coder_myanmar