Git ကိုအခုမှ စလေ့လာမယ်ဆိုရင်တော့ သိထားသင့်တဲ့ command (၅) ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
📝 git init
ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ project folder ကို Git နဲ့ စတင်ချိတ်ဆက်ဖို့အတွက် git init command ကို အသုံးပြုရပါမယ်။ ဒီ command က လက်ရှိရောက်နေတဲ့ folder ထဲမှာ .git လို့ခေါ်တဲ့ ဖိုင်တွဲတစ်ခုကို ဖန်တီးပေးပြီး Git ရဲ့ version control စနစ်ကို စတင်ပေးပါတယ်။
📝git add
ကိုယ့် project ထဲမှာ အပြောင်းအလဲတွေ ပြုလုပ်ပြီးပြီဆိုရင် အဲဒီအပြောင်းအလဲတွေကို Git ရဲ့ "staging area" ထဲကို ထည့်သွင်းဖို့အတွက် git add command ကို အသုံးပြုပါတယ်။ ဥပမာ၊ ဖိုင်အားလုံးကို ထည့်မယ်ဆိုရင် git add . ကို သုံးနိုင်ပါတယ်။
📝 git commit
Staging area ထဲကို ထည့်ပြီးတဲ့ ဖိုင်တွေကို Git ရဲ့ "repository" ထဲကို အပြီးသတ်သိမ်းဆည်းဖို့အတွက် git commit command ကို အသုံးပြုပါတယ်။ commit တိုင်းမှာ ဘာတွေပြောင်းလဲသွားတယ်ဆိုတာကို မှတ်မိနိုင်အောင် message တစ်ခု ထည့်ပေးရပါတယ်။
📝git push
Local repository ထဲမှာ သိမ်းဆည်းထားတဲ့ အပြောင်းအလဲတွေကို GitHub (သို့မဟုတ်) အခြား remote repository တစ်ခုဆီကို ပို့ဖို့အတွက် git push command ကို အသုံးပြုပါတယ်။ ဒါမှ ကိုယ့်ရဲ့ code တွေကို အခြားသူတွေနဲ့ မျှဝေနိုင်ပြီး အွန်လိုင်းမှာ backup လုပ်ထားနိုင်မှာပါ။
📝 git pull
တခြားသူတွေ ပြုလုပ်ထားတဲ့ အပြောင်းအလဲတွေ ဒါမှမဟုတ် remote repository မှာရှိတဲ့ နောက်ဆုံး version ကို ကိုယ့် local repository ဆီကို download ပြန်ဆွဲဖို့အတွက် git pull command ကို အသုံးပြုပါတယ်။ ဒီ command က ကိုယ့်ရဲ့ local code ကို နောက်ဆုံးအခြေအနေနဲ့ synchronize လုပ်ပေးပါဝယ်။
ဒီ command တွေကို နားလည်ပြီး ကျွမ်းကျင်စွာ အသုံးပြုနိုင်မယ်ဆိုရင် project တွေကို စနစ်တကျ စီမံခန့်ခွဲရာမှာ အများကြီး အထောက်အကူဖြစ်စေမှာပါ။
Git နဲ့ပတ်သက်ပြီး Free Basic & Intermediate Course တွေကိုလည်း Creative Coder Myanmar ရဲ့ learning platform မှာ လေ့လာနိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါစေ။
#creative_coder_myanmar

နောက်ထပ် bugs မဖြစ်အောင် ဒီအမှားတွေမလုပ်နဲ့နော်!
JavaScript ကိုစလေ့လာတဲ့ beginner တွေမှားလေ့ရှိတာလေးတွေကို ကြည့်လိုက်ရအောင်
📝map() ထဲမှာ return ပြန်လုပ်ဖို့ မေ့လျော့ခြင်း
map() ဟာ array တစ်ခုစီကို iterate လုပ်ပြီး အသစ်ပြင်ဆင်ထားတဲ့ array တစ်ခုကို ပြန်ပေးပါတယ်။ ဒါပေမဲ့ return statement ကို မသုံးမိရင်တော့ undefined တွေပါတဲ့ array တစ်ခုသာ ပြန်ရမှာပါ။
📝 == နဲ့ === ကို မှားယွင်းစွာ အသုံးပြုခြင်း
JavaScript မှာ တန်ဖိုးနှစ်ခု ညီမညီ စစ်ဆေးတဲ့ operator နှစ်ခုရှိပါတယ်။ == (loose equality) က type conversion ကို လုပ်ဆောင်ပေးပြီး === (strict equality) ကတော့ တန်ဖိုးနဲ့ type နှစ်ခုလုံးကို တိတိကျကျ စစ်ဆေးပါတယ်။ === ကိုသာ သုံးဖို့ အမြဲတမ်း အကြံပြုလိုပါတယ်။
📝let (သို့မဟုတ်) const မပါဘဲ Global Variables များ အသုံးပြုခြင်း
let ဒါမှမဟုတ် const မပါဘဲ variable တွေကို declare လုပ်မိရင် global object (browser မှာဆိုရင် window object) ပေါ်မှာ တင်လိုက်သလို ဖြစ်သွားပါတယ်။ ဒါက code မှာ မထင်မှတ်တဲ့ side effects တွေနဲ့ variable name clashes တွေကို ဖြစ်စေနိုင်ပါတယ်။
Code example လေးတွေနဲ့ပါပြောပြပေးထားတာဖြစ်လို့ သေချာကြည့်ဖို့မမေ့နဲ့နော်။
အခြားဘယ်အမှားတွေရှိသေးလဲဆိုတာ comment မှာရေးပေးသွားကြပါဦး