Creative Coder Myanmar
1.38K subscribers
547 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
2025 မှာ ဒီနည်းပညာတွေကိုမသိသေးရင် ခေတ်နောက်ကျသွားမယ်နော် Developer တို့ရေ 👀🚀
ဒီနေ့မှာတော့ 2025 ခုနှစ်မှာ Developer တိုင်း သိထားသင့်တဲ့ နည်းပညာအသစ်တွေအကြောင်း မျှဝေပေးချင်ပါတယ်။
AI ခေတ်ထဲမှာ Web Development လောကက အရှိန်အဟုန်နဲ့ ပြောင်းလဲနေပါတယ်။
📝 ဒါကြောင့် ပထမဆုံးအနေနဲ့ AI-First Development အကြောင်း ကိုကြည့်လိုက်ရအောင်။ GitHub Copilot နဲ့ Amazon CodeWhisperer တို့လို AI tool တွေဟာ code ရေးတဲ့ပုံစံကို ပြောင်းလဲလိုက်သလိုပါပဲ။ ဒီ tool တွေက documentation ရေးတာကနေ code review လုပ်တာအထိ ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် AI ရဲ့ output ကို အမြဲတမ်း စစ်ဆေးဖို့တော့ လိုအပ်ပါတယ်နော်။
📝 React က framework ဆန်လာပြီး၊ Remix နဲ့ Next.js တို့ရဲ့ server-first approach က industry standard ဖြစ်လာပါပြီ။ Server Components တွေက performance ပိုင်းမှာ အရမ်းကောင်းမွန်လာသလို၊ development experience ကလည်း ယခင်ကထက် ပိုကောင်းလာပါတယ်။
📝 Streaming နဲ့ Partial Rendering တွေကလည်း 2025 မှာ အရမ်းအရေးပါလာပါတယ်။ User experience ကို မထိခိုက်စေပဲ content တွေကို တဖြည်းဖြည်းချင်း load လုပ်နိုင်တာက application တွေရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ မြှင့်တင်ပေးပါတယ်။
📝 Island Architecture က micro-frontends ထက် ပိုပြီး လူကြိုက်များလာပါတယ်။ Page ထဲက interactive ဖြစ်ဖို့လိုတဲ့ component တွေကိုပဲ hydrate လုပ်တာက initial load time ကို လျှော့ချပေးပါတယ်။ Astro framework က ဒီနေရာမှာ ဦးဆောင်နေပါတယ်။
📝 Database ပိုင်းမှာ Edge Database တွေက trend အသစ်တစ်ခု ဖြစ်လာပါတယ်။ PlanetScale နဲ့ Neon တို့လို serverless database တွေက scalability နဲ့ performance ကို တပါတည်း ဖြေရှင်းပေးနိုင်ပါတယ်။ Prisma လို type-safe ORM တွေနဲ့ တွဲသုံးတာကလည်း developer experience ကို အများကြီး ကောင်းမွန်စေပါတယ်။
📝 UI ပိုင်းမှာ "View Transitions API" က animation တွေကို native ပုံစံနဲ့ လုပ်နိုင်တာကြောင့် page transition တွေ၊ layout ပြောင်းလဲမှုတွေက ပိုမိုချောမွေ့လာပါတယ်။ ဒါ့အပြင် shadcn/ui လို component library တွေကလည်း beautiful UI တွေကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်အောင် ကူညီပေးပါတယ်။
📝 WebAssembly (Wasm) က browser ထဲမှာ high-performance code တွေ run နိုင်တာကြောင့် complex calculation တွေ၊ game development တွေမှာ အသုံးများလာပါတယ်။ Rust နဲ့ Go လို language တွေကနေ compile လုပ်ထားတဲ့ code တွေက browser မှာ near-native performance ရနိုင်ပါပြီ။
📝 Container ပိုင်းမှာ WebContainers က browser ထဲမှာ Node.js environment အပြည့်အစုံကို run နိုင်တာက online code editor တွေ၊ learning platform တွေအတွက် game changer ဖြစ်လာပါတယ်။ StackBlitz နဲ့ CodeSandbox တို့က ဒီနည်းပညာကို အသုံးချနေကြပါပြီ။
📝 Authentication ပိုင်းမှာ Passkeys က password-less authentication အနေနဲ့ standard ဖြစ်လာပြီး User တွေအတွက် လုံခြုံပြီး အသုံးပြုရ လွယ်ကူလာစေပါတယ်။
ဒါပေမယ့် trend နောက်လိုက်ရင်း Web Development ရဲ့အခြေခံတွေကိုတော့ မမေ့ထားသင့်ပါဘူး။ HTML semantics၊ CSS layout systems၊ JavaScript basics တွေက Web Development ကိုစတင်လေ့လာလိုသူတွေအတွက် အစကနေသင်ကြားသင့်တဲ့အရာတွေဖြစ်ပါတယ်။
မေးမြန်းလိုတာတွေ၊ ဆွေးနွေးလိုတာတွေ ရှိရင်လည်း comment မှာ ရေးပေးခဲ့လို့ရပါတယ်။ နောက်ရက်တွေမှာဘယ်လို knowledge sharing content တွေနဲ့ပြန်လာမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော် 👀
#creative_coder_myanmar
Web Development Foundation အတန်းတက်ဖူးတဲ့သူတွေ ဘာတွေပြောခဲ့ကြလဲဆိုတာ ဒီမှာကြည့်လိုက်ပါ 👇🏻

Web Development ကိုအခြေခံကနေ စတင်လေ့လာချင်သူတို့အတွက် အသင့်တော်ဆုံးအတန်းတစ်ခုဖြစ်တဲ့ Web Development Foundation အတန်းက ကျောင်းသား၊ ကျောင်းသူအချို့ရဲ့စကားသံကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

အခုလက်ရှိမှာလည်း ဒီအတန်းလေးကို 50,000 MMK OFF နဲ့အပ်နှံနိုင်မှာပါ။ 
အတန်းအပ်နှံလိုတဲ့ မိတ်ဆွေတို့အနေနဲ့ 👉m.me/creativecodermm 👈🏻 ကို “web” လို့ပေးပို့ပြီးအတန်းအပ်နှံနိုင်ပါတယ်  👀💬

အမှန်တကယ်စာလုပ်ပြီး သင်တန်းပြီးတဲ့အခါ ကျွမ်းကျင်စွာတတ်မြောက်သွားချင်တယ်ဆိုရင်တော့ အခြေခံခိုင်မာဖို့အတွက် 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐝𝐞𝐫 မှာ သင့်ရဲ့ 𝐰𝐞𝐛 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ခရီးစဉ်ကို စတင်လိုက်ပါ💯


#creative_coder_myanmar
(၃၀) နှစ်မြောက် ပြာသိုလပြည့် အမေများနေ့ကို Creative Coder မှ ဂုဏ်ပြုကြိုဆိုလျက်

အမေများနေ့ကို ဆရာကြီး ဘဘဦးသုခရဲ့ ကြိုးပမ်းမှုကြောင့် မြန်မာ့ပြက္ခဒိန်မှာ ၁၉၉၅ ကနေစတင်ပြီး ထည့်သွင်းလာခဲ့တာ ယနေ့ ၂၀၂၅ အရောက်မှာတော့ နှစ် (၃၀) တိုင်တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အမေများနေ့ကို Creative Coder Myanmar ကနေလည်း ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်။

#creative_coder_myanmar
Error တွေ့ရင် ဘယ်လိုဖြေရှင်းကြမလဲ?
Developer တစ်ယောက်အနေနဲ့ Error တစ်ခုကို Step by Step ဘယ်လိုဖြေရှင်းမလဲဆိုတာကို Graphic တစ်ခုချင်းစီနဲ့ ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ code example နဲ့ပြောပြပေးသွားမှာဖြစ်လို့ အကုန်လုံးလည်းလိုက်လုပ်ကြည့်လို့ရပါတယ်။
#creative_coder_myanmar
Web Development Foundation ကိုတက်ရောက်ခဲ့သူတို့ရဲ့ စကားသံကိုနားထောင်ကြည့်ရအောင်
🚀

Web Development ကိုအခြေခံကနေ စတင်လေ့လာချင်သူတို့အတွက် အသင့်တော်ဆုံးအတန်းတစ်ခုဖြစ်တဲ့ Web Development Foundation အတန်းက ကျောင်းသား၊ ကျောင်းသူအချို့ရဲ့စကားသံကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

အခုလက်ရှိမှာလည်း ဒီအတန်းလေးကို အပ်နှံလို့ရပါသေးတယ်။
အတန်းအပ်နှံလိုတဲ့ မိတ်ဆွေတို့အနေနဲ့ 👉m.me/creativecodermm 👈🏻 ကို “web” လို့ပေးပို့ပြီးအတန်းအပ်နှံနိုင်ပါတယ်  👀💬

အမှန်တကယ်စာလုပ်ပြီး သင်တန်းပြီးတဲ့အခါ ကျွမ်းကျင်စွာတတ်မြောက်သွားချင်တယ်ဆိုရင်တော့ အခြေခံခိုင်မာဖို့အတွက် 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐝𝐞𝐫 မှာ သင့်ရဲ့ 𝐰𝐞𝐛 𝐝𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ခရီးစဉ်ကို စတင်လိုက်ပါ💯

#creative_coder_myanmar
Developer တစ်ဦးအနေနဲ့ Laptop ရွေးချယ်တဲ့အခါဘာတွေသိထားသင့်လဲ?
Developer တစ်ယောက်အနေနဲ့ Laptop ရွေးချယ်တဲ့အခါမှာ RAM ကအရေးကြီးသလို၊ အခြား Specifications တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ RAM က Multitasking နဲ့ Heavy Applications တွေကို Run ဖို့အတွက် အဓိကကျပြီး၊ Minimum 8GB လောက်တော့ ရှိသင့်ပါတယ်။ Web Development လို Lightweight Tasks အတွက် 8GB က လုံလောက်ပေမယ့်၊ Android Development, Data Science, ဒါမှမဟုတ် Virtual Machines တွေသုံးမယ်ဆိုရင် 16GB ကနေ 32GB အထိ ရွေးချယ်သင့်ပါတယ်။ RAM များများရှိရင် Applications တွေကို Smoothly Run နိုင်ပြီး၊ Future-Proof ဖြစ်စေပါတယ်။
RAM အပြင်၊ Processor (CPU) ကလည်း အရေးကြီးပါတယ်။ Developer တစ်ယောက်အနေနဲ့ Intel Core i5 ဒါမှမဟုတ် AMD Ryzen 5 အထက်ကို ရွေးချယ်သင့်ပါတယ်။ Heavy Tasks အတွက်ဆိုရင် Intel Core i7/i9 ဒါမှမဟုတ် AMD Ryzen 7/9 တို့လို High-End Processors တွေကို ရွေးချယ်နိုင်ပါတယ်။ CPU ကောင်းရင် Code Compile လုပ်တာ၊ Applications Run တာ၊ နဲ့ Multitasking လုပ်တာတွေမှာ Speed ပိုမြန်ပါတယ်။
Storage ကလည်း သိထားသင့်တဲ့ အချက်တစ်ခုပါ။ SSD (Solid State Drive) ကို ရွေးချယ်သင့်ပြီး၊ Minimum 256GB လောက်တော့ ရှိသင့်ပါတယ်။ SSD က HDD ထက် Speed ပိုမြန်တာကြောင့်၊ System Boot Time, File Transfers, နဲ့ Applications Loading Time တွေကို သိသိသာသာ မြန်ဆန်စေပါတယ်။ Projects များများလုပ်မယ်၊ Data များများသိမ်းမယ်ဆိုရင် 512GB ဒါမှမဟုတ် 1TB SSD ကို ရွေးချယ်နိုင်ပါတယ်။
Graphics Card (GPU) ကတော့ ကိုယ်လုပ်မယ့် Workload အပေါ်မူတည်ပါတယ်။ Game Development, 3D Rendering, ဒါမှမဟုတ် Machine Learning လို Tasks တွေအတွက် Dedicated GPU (ဥပမာ - NVIDIA GTX/RTX Series) ကို ရွေးချယ်သင့်ပါတယ်။ သာမန် Web Development ဒါမှမဟုတ် Mobile App Development အတွက်ဆိုရင် Integrated Graphics က လုံလောက်ပါတယ်။
Display ကလည်း Developer တစ်ယောက်အတွက် အရေးကြီးပါတယ်။ Minimum 1080p (Full HD) Resolution ရှိတဲ့ Screen ကို ရွေးချယ်သင့်ပြီး၊ Screen Size အနေနဲ့ 14-inch ကနေ 16-inch အထိ ရွေးချယ်နိုင်ပါတယ်။ Color Accuracy ကောင်းတဲ့ Display က Design နဲ့ပတ်သက်တဲ့ Tasks တွေအတွက် အထောက်အကူဖြစ်စေပါတယ်။
Battery Life ကလည်း သိထားသင့်တဲ့ အချက်တစ်ခုပါ။  Minimum 6-8 Hours Battery Life ရှိတဲ့ Laptop ကို ရွေးချယ်နိုင်ပါတယ်။
Ports နဲ့ Connectivity Options တွေကိုလည်း သတိထားသင့်ပါတယ်။ USB-C, HDMI, နဲ့ Thunderbolt Ports တွေက External Devices တွေနဲ့ Connect လုပ်ဖို့အတွက် အဆင်ပြေစေပါတယ်။ Wi-Fi 6 နဲ့ Bluetooth 5.0 လို Modern Connectivity Options တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။
Laptop နဲ့ Desktop ရွေးချယ်ရာမှာလည်း ကောင်းကျိုးဆိုးကျိုးတွေရှိပါတယ်။ Laptop က Portable ဖြစ်ပြီး၊ ဘယ်နေရာမဆို ယူသွားလို့ရတာကြောင့်၊ Remote Work လုပ်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ဒါပေမယ့်၊ Laptop က Desktop လောက် Performance မရှိဘဲ၊ Upgrade လုပ်ရတာလည်း ခက်ခဲပါတယ်။ Desktop ကတော့ Performance ပိုကောင်းပြီး၊ Components တွေကို အလွယ်တကူ Upgrade လုပ်လို့ရပါတယ်။ ဒါပေမယ့်၊ Desktop က Portable မဖြစ်ဘဲ၊ နေရာလည်းယူပါတယ်။
ဒါကြောင့်၊ Developer တစ်ယောက်အနေနဲ့ Laptop ရွေးချယ်တဲ့အခါမှာ RAM, CPU, Storage, GPU, Display, Battery Life, နဲ့ Ports တွေကို သေချာစဉ်းစားပြီး၊ ကိုယ့်ရဲ့ Workload နဲ့ Budget အပေါ်မူတည်ကာ ရွေးချယ်သင့်ပါတယ်။

#creative_coder_myanmar
၂၀၂၅ မှာ Developer ဖြစ်ချင်သူတိုင်း တက်ကိုတက်သင့်တဲ့ အတန်း(၄) ခုကို Discount နဲ့လေ့လာနိုင်ပါပြီ

**ကျောင်းသား(၁၀) ဦးသာ ဒီ Early Bird Discount ကိုအရယူနိုင်မှာဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ Creative Coder ကနေ ထူးထူးခြားခြားဖြစ်အောင် TECH Stack လေးတစ်ခုကို လျှော့ဈေးနဲ့ အပ်နှံလို့ရအောင်ပြုလုပ်ပေးထားပါတယ်။

ဒီ Developer Starter Pack လေးကို HTML, CSS ပြီးထားတဲ့သူတိုင်း စတင်လေ့လာနိုင်မှာဖြစ်ပြီး Deployment Stage အထိထည့်သွင်းပေးထားပါတယ်။

ဒီထဲမှာ ပါ၀င်သွားမဲ့ အတန်းတွေကတော့

👉🏼Programmingရဲ့ အခြေခံကျတဲ့ သဘောတရားတွေ
👉🏼 JavaScript ရဲ့ အရေးကြီးတဲ့ Concepts တွေ
👉🏼လက်တွေ့ Project တွေနဲ့ အသုံးချနည်းတွေကို သင်ကြားပေးသွားမဲ့ Programming basic with JS class
Programming Basic with Javascript>> https://creativecodermm.com/courses/programming-basic-with-javascript
📝 React အခြေခံကနေ Firebase အထိ Project တွေနဲ့ သင်ကြားပေးသွားမယ့်  React + Firebase Class

React Class >> https://creativecodermm.com/courses/react-firebase-combo-package


📝Nodejs Absolute Basic
📝Node server 101
📝 Express 101
📝 MongoDB 101
📝 React Basic တွေပါ၀င်တဲ့ MERN Stack Class

MERN Stack Class >> https://creativecodermm.com/courses/mern-stack-basic-to-advance


✔️ Server ဆိုတာဘာလဲ လုံးဝ မသိသေးသူများ
✔️ Real World Deployment နဲ့ပက်သက်ပြီး လုံးဝ အတွေ့ကြုံ မရှိသေးသူများတွက်ရည်ရွယ်ထားသော course လေးဖြစ်တဲ့အတွက် Project လေးကို အသုံးချပြီး Website တစ်ခု အနေနဲ့ deploy လုပ်တာကို သင်ပြပေးသွားမဲ့
MERN Stack Deployment အတန်းတွေပဲဖြစ်ပါတယ်။

MERN Stack Deployment>> https://creativecodermm.com/courses/mern-stack-deployment

အတန်းတစ်ခုချင်းစီရဲ့ ပုံမှန်ဈေးနှုန်းက

Programming basic with JS (60,000 MMK)
React + Firebase (150,000 MMK)
MERN Stack (200,000 MMK)
MERN Stack Deployment (50,000 MMK)
ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ promotion လေးမှာတော့ ဒီအတန်း(၄) ခုကို (၂) သိန်းခွဲထဲနဲ့ အရယူနိုင်မှာဖြစ်ပါတယ်။

ဒါတွေကို Creative Coder ရဲ့ learning platform မှာ premium quality နဲ့တက်ရောက်သင်ယူနိုင်မှာဖြစ်ပါတယ် 💯

ကိုယ်အားတဲ့အချိန်မှ screencast video တွေကနေတစ်ဆင့်ကြည့်ရှုလေ့လာနိုင်ပြီး အတန်းတစ်တန်း အပ်လိုက်တာနဲ့ တစ်သက်တာလေ့လာခွင့်ကိုရရှိမှာလည်းဖြစ်ပါတယ်။

Learning Platform ကကျောင်းသားတွေအတွက်ကျွန်တော်တို့ပေးထားတဲ့အကောင်းဆုံး၀န်ဆောင်မှုတစ်ခုဖြစ်တဲ့ error တက်တာတွေနားမလည်တာတွေရှိရင် one on one meeting နဲ့ချက်ချင်း‌ဖြေရှင်းပေးထားပါတယ်။

သင်တန်းအပ်နှံလိုပါက 👉🏼m.me/creativecodermm 👈🏼
ကို Developer Starter Pack “DSP” လို့ပေးပို့ပြီး အပ်နှံနိုင်ပါတယ်။

(၁၀) ယောက်ပဲ Discount ရမှာဖြစ်လို့ မြန်မြန်လေးအပ်နှံဖို့တော့ လိုတယ်နော် မိတ်ဆွေတို့ရေ 🏃🏼
#creative_coder_myanmar
Software Developer Junior Position အတွက် အလုပ်ရှာဖို့ ခက်လာပြီလား? ဘာတွေ ပြင်ဆင်ထားသင့်လဲ?

အခုအချိန်မှာ AI (Artificial Intelligence) နဲ့ automation တွေ မြင့်တက်လာတာနဲ့အမျှ၊ software development industry မှာ Junior Developer Position တွေအတွက် အလုပ်ရှာဖို့ ပိုခက်ခဲလာနေပါပြီ။ လိုအပ်တဲ့ skills တွေကို သေချာလေ့လာပြီး လက်တွေ့ projects တွေနဲ့ ကိုယ့်ကိုယ်ကို ပြင်ဆင်ထားမယ်ဆိုရင် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ Junior Developer တစ်ယောက်အနေနဲ့ ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာကို ကြည့်လိုက်ရအောင် 

📝Core Programming Concepts ကို နားလည်အောင် လေ့လာပါ
AI နဲ့ automation တွေ မြင့်တက်လာတာနဲ့အမျှ၊ programming ရဲ့ အခြေခံ concepts တွေကို သေချာနားလည်ထားဖို့ ပိုအရေးကြီးလာပါတယ်။ ဒါကြောင့် data structures, algorithms, object-oriented programming (OOP), functional programming စတဲ့ core concepts တွေကို သေချာလေ့လာပါ။

📝 Programming Languages ကို ရွေးချယ်ပြီး ကျွမ်းကျင်အောင် လေ့လာပါ
Junior Developer တစ်ယောက်အနေနဲ့ programming language တစ်ခုကို ရွေးချယ်ပြီး ကျွမ်းကျင်အောင် လေ့လာထားဖို့လိုပါတယ်။ လက်ရှိ market မှာ လူကြိုက်များတဲ့ languages တွေဖြစ်တဲ့ Python, JavaScript, Java, C# တွေကို ရွေးချယ်လေ့လာနိုင်ပါတယ်။

📝 Version Control Systems (Git) ကို သုံးတတ်အောင် လေ့လာပါ။

Developer မှန်ရင် Git နဲ့ဝေးကွာလို့မရပါဘူး။Git က software development မှာ အရေးကြီးတဲ့ tool တစ်ခုဖြစ်ပါတယ်။ Git ကို အသုံးပြုပြီး code တွေကို manage လုပ်တတ်ဖို့၊ branches တွေကို သုံးတတ်ဖို့၊ pull requests တွေကို handle လုပ်တတ်ဖို့ လေ့လာပါ။ GitHub လို platforms တွေမှာ projects တွေကို upload လုပ်ပြီး portfolio တစ်ခုတည်ဆောက်ပါ။

📝 Real-World Projects တွေကို လုပ်ကြည့်ပါ
Junior Developer တစ်ယောက်အနေနဲ့ လက်တွေ့ projects တွေကို လုပ်ကြည့်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ သင်ယူထားတဲ့ concepts တွေကို အသုံးချတတ်မှာဖြစ်ပြီး၊ interview တွေမှာလည်း ကိုယ့်ရဲ့ skills တွေကို ပြသနိုင်မှာဖြစ်ပါတယ်။

📝AI နဲ့ Automation Tools တွေကို နားလည်အောင် လေ့လာပါ။
AI နဲ့ automation tools တွေကို နားလည်ထားဖို့လည်း အရေးကြီးပါတယ်။ ဒါမှသာ ဒီ tools တွေကို ဘယ်လိုအသုံးချမလဲဆိုတာ သိမှာဖြစ်ပြီး၊ ကိုယ့်ရဲ့ productivity ကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ AI tools တွေကို ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့အသုံးချပါ။ အားမကိုးပါနဲ့။ 

📝Soft Skills တွေကို မမေ့ပါနဲ့။
Technical skills တွေအပြင် soft skills တွေဖြစ်တဲ့ communication, teamwork, problem-solving တွေကိုလည်း မမေ့ပါနဲ့။ ဒီ skills တွေက ကိုယ့်ရဲ့ professional growth အတွက် အရေးကြီးပါတယ်။

📝 Portfolio တည်ဆောက်ပါ
ကိုယ့်ရဲ့ skills တွေကို ပြသနိုင်ဖို့ portfolio တစ်ခုတည်ဆောက်ပါ။ GitHub မှာ projects တွေကို upload လုပ်ပြီး၊ LinkedIn မှာ profile ကို update လုပ်ပါ။

Junior တစ်ယောက်အနေနဲ့ ဒီအချက်လေးတွေကို လိုက်လုပ်ပြီး ကောင်းတဲ့ position တစ်ခုကိုအရယူနိုင်မယ်လို့ထင်ပါတယ်။

#creative_coder_myanmar
Code ရေးရင်း Error တွေတက်လို့ လေ့လာတဲ့နေရာမှာ အခက်အခဲဖြစ်နေပြီလား ? Creative Coder ရဲ့ one on one meeting service ကိုသတိရလိုက်ပါ 💁🏼

coding လုပ်နေရင်း error တွေတွေ့တာ၊ ပြဿနာတစ်ခုခုကြုံတာ ဒါမှမဟုတ် နားမလည်တာတွေရှိပါက၊ ကျွန်ုပ်တို့ရဲ့ One-on-One Meeting Services ကို အသုံးပြုနိုင်ပါတယ်။ ကျွမ်းကျင်တဲ့ instructors တွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

ဘာကြောင့် One-on-One Meeting Services က အရေးကြီးတာလဲ?

📝 Coding လုပ်နေရင်း error တွေကြုံတဲ့အခါ၊ ဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိရင် စိတ်ညစ်ရပါတယ်။ One-on-One Meeting မှာ ဆရာနဲ့ တိုက်ရိုက်ဆွေးနွေးပြီး အဖြေရှာနိုင်ပါတယ်။

📝 ကိုယ်တိုင်ဖြေရှင်းဖို့ အချိန်ကုန်မယ့်အစား၊ ဆရာနဲ့ တိုက်ရိုက်ဆွေးနွေးပြီး အဖြေရှာနိုင်ပါတယ်။

ဒီ service ကိုတော့ Creative Coder ရဲ့ Zoom Class ကကျောင်းသားပဲဖြစ်စေ၊ Learning Platform အတန်းတွေတက်ရောက်နေတဲ့ကျောင်းသားပဲဖြစ်စေ ရယူနိုင်မှာဖြစ်ပါတယ်။

#creative_coder_myanmar
April (၅) ရက်နေ့မှာစတင်မဲ့ WDF အတန်းလေးကလူပြည့်ဖို့ ကျောင်းသား (၅) ဦးပဲလိုပါတော့တယ်

ဒီအတန်းလေးကို အစောဆုံးလာရောက်အပ်နှံထားတဲ့ကျောင်းသားတွေကိုလည်း အထူးပဲကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။

👉🏼 one on one meeting service
👉🏼 လက်တွေ့ project နဲ့
👉🏼 ပြီးမြောက်ကြောင်း certificate တွေပေးသွားမယ့်ဒီအတန်းလေးကို အပ်နှံနိုင်ဖို့ အခုပဲ page messenger မှာ “WDF” လို့ပေးပို့ပြီးအပ်နှံနိုင်ပါပြီ။

သင်တန်းကြေးကလည်းနှစ်ခါခွဲသွင်းလို့ရသေးတယ်နော် 👀

#creative_coder_myanmar
ပထမဆုံး အကြိမ် ဖွင့်လှစ်လိုက်တဲ့ 𝐕𝐮𝐞 𝐋𝐚𝐫𝐚𝐯𝐞𝐥 𝐅𝐮𝐥𝐥 𝐒𝐭𝐚𝐜𝐤 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐙𝐨𝐨𝐦 𝐂𝐥𝐚𝐬𝐬 ( 𝐄𝐚𝐫𝐥𝐲 𝐁𝐢𝐫𝐝 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐟𝐨𝐫 𝐟𝐢𝐫𝐬𝐭 𝟏𝟎 𝐬𝐭𝐮𝐝𝐞𝐧𝐭𝐬)

ဒီအတန်းလေးက ကျောင်းသားတွေ တောင်းဆိုတာများလို့ ပထမဆုံး ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ 

✔️ 𝗙𝗿𝗼𝗻𝘁𝗲𝗻𝗱 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗲𝗿, 𝗕𝗮𝗰𝗸𝗲𝗻𝗱 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗲𝗿, 𝗙𝘂𝗹𝗹 𝗦𝘁𝗮𝗰𝗸 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗲𝗿  တစ်ဦးအဖြစ်ရပ်တည်လိုသူတွေ 
✔️ 𝗙𝗿𝗼𝗻𝘁𝗲𝗻𝗱, 𝗕𝗮𝗰𝗸𝗲𝗻𝗱 ပိုင်းကိုအခြေခံမှစတင်ကာ ပိုင်နိုင်အောင်လေ့လာလိုသူတွေ အတွက် 𝗖𝗿𝗲𝘁𝗮𝗶𝘃𝗲 𝗖𝗼𝗱𝗲𝗿 ရဲ့ 𝗙𝗼𝘂𝗻𝗱𝗲𝗿 ဖြစ်သူ ဆရာလှိုင်မင်းသန်းကိုယ်တိုင် သင်ကြားပေးမယ့် 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗖𝗼𝗱𝗲𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရဲ့ ကိုယ်ပိုင်သင်ရိုးနဲ့  Vue & 𝗟𝗮𝗿𝗮𝘃𝗲𝗹 𝗭𝗼𝗼𝗺 အတန်းတွေကိုတက်ရောက်နိုင်ပါပြီ။ 

𝗥𝗲𝗮𝗹 𝘄𝗼𝗿𝗹𝗱 𝗽𝗿𝗼𝗷𝗲𝗰𝘁 တွေနဲ့အတူတကွ လေ့ကျင့်ချင်သူတွေ
𝗘𝗿𝗿𝗼𝗿 တွေကို 𝗢𝗻𝗲 𝗯𝘆 𝗼𝗻𝗲 𝗠𝗲𝗻𝘁𝗼𝗿𝘀𝗵𝗶𝗽 ပုံစံ ဖြေရှင်းပေးမှုကိုလိုချင်သူတွေ
𝗜𝗻𝘀𝘁𝗿𝘂𝗰𝘁𝗼𝗿 နဲ့အတူ 𝗰𝗼𝗻𝗰𝗲𝗽𝘁 တခုချင်းစီ ဘာကြောင့် သင်ရမလဲဆိုတဲ့ 𝘄𝗵𝘆 𝗾𝘂𝗲𝘀𝘁𝗶𝗼𝗻 တွေဆွေးနွေးရင်းသင်ကြားချင်သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ အတန်းလေးဖြစ်ပါတယ်။

💁 အတန်းနှစ်ခုလုံးကို သင်ကြားပေးမယ့်ဆရာကတော့ 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗖𝗼𝗱𝗲𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရဲ့ 𝗙𝗼𝗻𝗱𝗲𝗿 တစ်ဦးဖြစ်တဲ့ 𝗦𝗶𝗿 𝗛𝗹𝗮𝗶𝗻𝗴 𝗠𝗶𝗻 𝗧𝗵𝗮𝗻 ဖြစ်ပြီး 𝗙𝗼𝗿𝗲𝗶𝗴𝗻 𝗖𝗼𝗺𝗽𝗮𝗻𝘆 တွေမှာ လုပ်ကိုင်ခဲ့ဖူးတဲ့အတွေ့အကြုံရှိတဲ့အပြင် လက်ရှိမှာလည်း 𝗧𝗲𝗮𝗺 𝗟𝗲𝗮𝗱 အဖြစ်ဦးဆောင်ပြီး 𝗣𝗿𝗼𝗷𝗲𝗰𝘁 တွေရေးသားနေတာဖြစ်ပါတယ်။

ဒီအတန်းနှစ်ခုကို 𝗪𝗲𝗯 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 (𝗛𝗧𝗠𝗟, 𝗖𝗦𝗦) ကိုလေ့လာပြီးသွားသူတိုင်း တက်ရောက်နိုင်မှာဖြစ်ပါတယ်။

သင်ကြားပေးသွားမှာတွေကတော့ 
📌 JavaScript Basic 
📌 Vuejs Basic to Advanced 
📌 Php Basic to Advanced 
📌 Laravel Basic to Advanced 
📌 Database 
📌 Api
📌 Inertia Js 
📌 Vue + Laravel Final Project ပဲဖြစ်ပါတယ်။

📝 သင်တန်းအချိန်အသေးစိတ်ကတော့ 

📌 Tuesday, Wednesday, Friday - 8 to 10 pm 
📌 Start Date - June (3) 
📌 Course Fees - 350,000 MMK 
(For early Birds- 300,000 MMK) 


သင်တန်းကြေးကိုနှစ်ခါခွဲသွင်းလို့ရအောင်လည်းစီစဉ်ပေးထားပါတယ်။

နှစ်ခါခွဲသွင်းမယ်ဆိုရင်တော့ Discount ရတော့မှာမဟုတ်ပါဘူး။

Creative Coder ရဲ့ Premium service တွေဖြစ်တဲ့ One on one meeting support နဲ့ recorded videos ကိုပါ access ရရှိနိုင်မှာပါ။ အတန်းတစ်ခါအပ်ပြီး နောက်တစ်ကြိမ်ပြန်တက်ချင်တယ်ဆိုရင်လည်း အခမဲ့တက်ရောက်ခွင့်ရဦးမှာပါ။ 

သင်တန်းကိုအစောဆုံး Discount နဲ့အပ်နှံနိုင်ဖို့ page messenger မှာ Vue + Laravel လို့ပေးပို့ပြီးသင်တန်းအပ်နှံနိုင်ပါပြီ။

#creative_coder_myanmar
#vue
#laravel 
Code ရေးတာ Crush နဲ့စာရိုက်နေရသလိုပဲ
ဆိုပြီး Creative Coder အတန်းမှာ တက်ရောက်ခဲ့တဲ့ ကျောင်းသားတစ်ယောက်ကတော့review ပေးသွားပါတယ်🤭

နားလည်လွယ်အောင် သင်ကြားပေးပြီး လက်တွေ့ project တွေပါထည့်သွင်းထားတာကြောင့် မတတ်မြောက်မှာစိတ်ပူစရာမလိုပါဘူးနော်။

Learning Platform မှာတက်ရောက်ခဲ့တဲ့ကျောင်းသားတွေက ဘာတွေပြောခဲ့ကြလဲဆိုတာ ပုံတစ်ပုံချင်းစီမှာ ကြည့်ရှုနိုင်ပါတယ်။

#creative_coder_myanmar
WDF Foundation အတန်းလေးက Web Developer အဖြစ်ခြေလှမ်းစချင်သူတွေ တက်သင့်တဲ့အတန်းလေးဖြစ်ပါတယ်။

ဒီအတန်းလေးမှာဆိုရင် အခြေခံကနေစပြီး တွေးတတ်ခေါ်တတ်အောင် လေ့ကျင့်သင်ကြားပေးရုံသာမက ခေတ်နဲ့အညီ AI tools တွေသုံးပြီး code ကိုနားလည်လာအောင်၊ efficient ဖြစ်ဖြစ် code ရေးတတ်အောင်လည်းသင်ကြားပေးသွားမှာပါ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ လက်တွေ့ project တွေပါ၀င်သွားမယ့် အပြင် one on one meeting နဲ့ zoom video record ပါပါ၀င်သွားမှာဖြစ်ပါတယ်။

တကယ်လို့ အကြောင်းတစ်ခုခုကြောင့်ငွေသွင်းပြီးမှ ဆက်မတက်ဖြစ်တာမျိုးဆိုရင်လည်း နောက် batch တွေမှာ သင်တန်းကြေးလုံး၀(လုံး၀) ပေးစရာမလိုဘဲ ပြန်လည်တက်ရောက်နိုင်မှာပါ။

ဒီအတန်းလေးကို 50,000 MMK Discount နဲ့တက်ရောက်နိုင်သေးတာကြောင့် အခုပဲ page messenger မှာလာရောက်အပ်နှံနိုင်ပါပြီ။

#creative_coder_myanmar