Creative Coder Myanmar
1.38K subscribers
546 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
UI/UX အတွက် YouTube Channel Recommendation 🚀

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer ကြီးတို့ UI/UX ကိုစိတ်ဝင်စားလို့လေ့လာချင်တာပဲဖြစ်ဖြစ်၊ Design ပိုင်းကိုလေ့လာချင်တာပဲဖြစ်ဖြစ်အဆင်ပြေအောင် YouTube Channel recommendation လေးပြုလုပ်ပေးလိုက်ပါတယ်။ 

အောက်မှာ တစ်ပုံချင်းထောက်ပြီးကြည့်ရှုနိုင်ပါတယ် 👇🏻
Designer နဲ့ developer တွေအတွက် တန်ဖိုးရှိတဲ့ content တွေပါဝင်မယ့် channels တွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

အခြားသူငယ်ချင်းတွေသိအောင် share သွားဖို့လည်းမမေ့နဲ့နော် 👀

#creative_coder_myanmar,

📝 DesignCourse Channel
Link: https://www.youtube.com/@DesignCourse

ဒီ channel ဟာ UI/UX design, web development နဲ့ graphic design အတွက် top-tier content တွေပါဝင်ပါတယ်။ Gary Simon ဆိုတဲ့ instructor က practical tutorials, design workflow, trending technologies တွေကို very engaging style နဲ့ ဆွေးနွေးပေးပါတယ်။ Figma, Adobe XD, CSS animation စတဲ့ tools တွေပေါ်မှာ in-depth tutorials တွေနဲ့ရှင်းပြပေးထားပါတယ်။ 

📝 Flux Academy
Link: https://www.youtube.com/@FluxAcademy

UI/UX design world မှာ professional-level insights တွေရဲ့ အားထားရာ ဖြစ်ပါတယ်။ Jake Jabs ဦးဆောင်တဲ့ channel ဟာ user experience design, portfolio development, freelancing tips တွေကို comprehensive ဖြစ်အောင် cover လုပ်ပေးပါတယ်။ Design thinking process, prototyping techniques တွေကိုလည်း detail ကျကျ ရှင်းပြပေးပါတယ်။

📝AJ & Smart
Link: https://www.youtube.com/@AJSmart

Design sprint, UX strategy, product design တွေအတွက် world-class content တွေပါဝင်တဲ့ channel ဖြစ်ပါတယ်။ Jake Knapp နဲ့ design team တွေရဲ့ real-world experiences, case studies တွေကို share လုပ်ပေးပါတယ်။ Startup ecosystem မှာ design thinking ကိုဘယ်လိုတွေ apply လုပ်လို့ရလဲဆိုတာကို practical approach နဲ့ သင်ပေးထားပါတယ်။

📝 NN/g UX Training
Link: https://www.youtube.com/@NNgroup

Nielsen Norman Group ရဲ့ official channel ဖြစ်ပါတယ်။ UX research, usability testing, interaction design တွေအကြောင်း academic ဒါမှမဟုတ် professional-level insights တွေကို provide လုပ်ပေးပါတယ်။ UX field မှာ globally recognized expert team ဖြစ်တဲ့အတွက် credibility အရမ်းမြင့်ပါတယ်။

📝 Ran Segall
Link: https://www.youtube.com/@RanSegall

Product design, freelancing, entrepreneurship တွေကို real talk style နဲ့ cover လုပ်ပေးတဲ့ channel ဖြစ်ပါတယ်။ design process, client communication, portfolio building တွေအကြောင်း practical tips တွေကို share လုပ်ပေးပါတယ်။ Designer တွေအတွက် motivation နဲ့ inspiration ရအောင် content တွေ create လုပ်ပေးပါတယ်။


အကုန်အကျိုးရှိတဲ့ channel တွေပဲဖြစ်တာမို့ သွားလေ့လာကြဖို့တိုက်တွန်းချင်ပါတယ်။
Congratulations Lawoon Htet Aung 🎉

Creative Coder Team တစ်ခုလုံးက ဧရာ၀တီဘဏ်မှာ Full Stack Developer အနေနဲ့ အလုပ်ရသွားတဲ့ ကိုလ၀န်းထက်အောင်အတွက်များစွာဂုဏ်ယူမိပါတယ်။

နောက်လာမယ့် အနာဂတ်မှာလည်းအောင်မြင်မှုတွေအများကြီးသိမ်းပိုက်နိုင်ပါစေ။

=°=°=°=°=°=°=°=°=°=°=°=°=°=°==°=°=°=°=°=°

Internship program ကိုလျှောက်ထားချင်သူတွေအတွက်လည်း ပြန်ခေါ်နေပြီဖြစ်သလို Learning Platform ကသင်တန်းတွေအကုန်လုံးကို Discount နဲ့အပ်နှံနိုင်မယ့်အကြောင်းလည်း အသိပေးလိုက်ပါရစေခင်ဗျာ။


#creative_coder_myanmar
ရလဒ်ကောင်းတွေမြင်လာရတဲ့ Machine Learning နဲ့ Web Development တို့ရဲ့ပေါင်းစပ်မှု 🚀


=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Web developer တစ်ဦးအနေနဲ့ ကျွန်တော်တို့ဟာ AI နဲ့ machine learning ရဲ့ ကိုသုံးပြီး ပိုမို‌ကောင်းမွန်
တဲ့ web application တွေကိုဖန်တီးလို့ရပါတယ်။

ဥပမာတစ်ခု ပြောပြရမယ်ဆိုရင်၊ user experience ကိုပိုကောင်းစေဖို့ recommendation system တွေကို machine learning algorithm တွေနဲ့တည်ဆောင်လို့ရပါတယ်။
Netflix သို့မဟုတ် Spotify လို website တွေမှာ user တစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှု၊ browsing pattern တွေကို analyze လုပ်ပြီး personalized recommendation တွေပေးနိုင်ပါတယ်။

web developer တစ်ဦးအနေနဲ့ machine learning model တွေကို web application မှာ integrate လုပ်တဲ့အခါ TensorFlow.js, scikit-learn, PyTorch တို့လိုမျိုး library တွေကိုသုံးလို့ရပါတယ်။

browser ထဲမှာပဲ machine learning model တွေကို train လုပ်လည်းရ၊ prediction လည်းလုပ်လို့ရပါတယ်။

chatbot တွေ၊ image recognition system တွေ၊ predictive analytics တွေကို web platform မှာတည်ဆောင်လို့ရပါတယ်။

ဥပမာ - customer support chatbot တစ်ခုဟာ user ရဲ့ query တွေကို natural language processing နဲ့ analyze လုပ်ပြီး automated response တွေပေးနိုင်ပါတယ်။

သတိထားရမယ့်အချက်က machine learning ဟာ complex နည်းပညာဖြစ်တဲ့အတွက် continuous learning နဲ့ practice လုပ်ဖို့လိုအပ်ပါတယ်။ API တွေ၊ pre-trained model တွေကို utilize လုပ်ပြီး စတင်နိုင်ပါတယ်။ coding skills နဲ့ mathematics understanding တွေကလည်း အရေးကြီးပါတယ်။

web development မှာ machine learning ရဲ့ ပါ၀င်နိုင်မှုဟာ အလွန်ကျယ်ပြန့်ပါတယ်။ user experience ကို customize လုပ်ခြင်း၊ data-driven decision making၊ automation တွေကို implement လုပ်ခြင်းတို့မှာ machine learning ကတကယ်ကိုအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။

#web_development
# machine_learning
နောက်ဆုံးပေါ် web development နည်းပညာဖြစ်တဲ့  (PWAs) အကြောင်း သိပြီးသွားပြီလား ? 

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°


PWA တွေဟာ traditional web application နဲ့ mobile app တွေရဲ့ ကောင်းမွန်မှုတွေကို ပေါင်းစပ်ထားတဲ့ နည်းပညာဖြစ်ပါတယ်။

PWA ရဲ့ အဓိကအားသာချက်က offline mode မှာ လည်ပတ်နိုင်တာပါ။ service worker technology ကိုသုံးပြီး web application ဟာ internet connection မရှိသေးတဲ့အချိန်မှာလည်း အလုပ်လုပ်နိုင်ပါတယ်။

 ဥပမာ - Google Maps လို application တွေမှာ offline mode မှာ မြေပုံတွေကို cache လုပ်ထားနိုင်ပါတယ်။

mobile device တွေမှာ PWA တွေဟာ native app လိုပဲ smooth performance ပေးနိုင်ပါတယ်။ home screen မှာ icon တွေထည့်လို့ရပြီး, push notification တွေလည်း send လုပ်နိုင်ပါတယ်။

 developer တွေအတွက် single codebase နဲ့ multiple platform တွေကို cover လုပ်လို့ရတာက တစ်ကြောင်းတည်း အကျိုးရှိပါတယ်။

development process မှာ HTML5, CSS3, JavaScript နဲ့ framework တွေကဲ့သို့ React, Vue.js, Angular တွေကိုသုံးပြီး PWA တွေကို build လုပ်နိုင်ပါတယ်။ 

manifest file နဲ့ service worker တွေက key technology တွေဖြစ်ပါတယ်။
performance optimization, responsive design, security တွေကလည်း PWA development မှာ အရေးကြီးတဲ့ component တွေဖြစ်ပါတယ်။ Google Chrome developer tools တွေကလည်y PWA development အတွက် အထူးပြုထားတဲ့ audit tools တွေပါဝင်ပါတယ်။

enterprise level မှာ PWA တွေဟာ development cost ကိုလည်း သိသာထင်ရှားစွာ လျှော့ချနိုင်ပါတယ်။ maintenance ပိုင်းမှာလည်y single codebase နဲ့ update တွေကို streamline လုပ်လို့ရပါတယ์။
mobile-first approach နဲ့ PWA development ကို စဦး handle လုပ်မယ်ဆိုရင် responsive design principles, performance optimization, offline capabilities တွေကို နက်နက်နဲနဲ လေ့လာဖို့ လိုအပ်ပါတယ်။ 

PWA တွေကိုစပြီးလေ့လာနေတဲ့ Developer တွေရှိရင်လည်း comment မှာပြောပေးသွားကြပါဦးနော် 👀

# progressive_web_app
# creative_coder_myanmar
Github Copilot Free Vscode မှာ သုံးလို့ရတာ သိပြီးကြပြီလား 👀

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

GitHub Copilot က developer တွေအတွက် AI powered coding assistant တစ်ခုဖြစ်ပြီး code suggestions တွေ၊ auto-completion တွေ၊ documentation ရေးတာတွေမှာ အရမ်းအထောက်အကူဖြစ်စေပါတယ်။ VSCode editor မှာ extension အနေနဲ့ install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

အခုလတ်တလော GitHub Copilot ကထုတ်ပြန်ထားတာကနေ
GitHub Copilot Free ဆိုပြီး လတိုင်း အခမဲ့ ရမယ့် quota တွေက -

Code completion 2,000
Chat message 50 ဖြစ်ပါတယ်။ 

ဘယ်လိုသုံးလို့ရလဲဆိုတော့ personal GitHub account နဲ့ sign in လုပ်ရုံပါပဲ။ Account မရှိသေးရင်လည်း အသစ်လုပ်လို့ရပါတယ်။ VS Code မှာဆိုရင် အလိုအလျောက် integrate လုပ်ပေးထားပါတယ်။

အရေးကြီးတဲ့အချက်က AI model ရွေးခွင့်ပေးထားတာပါ။ နှစ်ခုထဲက တစ်ခုရွေးနိုင်ပါတယ် -

Anthropic ရဲ့ Claude 3.5 Sonnet နဲ့ 
OpenAI ရဲ့ GPT-4 ပဲဖြစ်ပါတယ်။ 

ဘာတွေလုပ်လို့ရလဲဆိုတော့ -

📝Coding မေးခွန်းတွေ မေးလို့ရပါတယ်။ 
📝ရှိပြီးသား code တွေကို ရှင်းပြခိုင်းလို့ရပါတယ်။
📝Bug ရှာခိုင်းလို့ရပါတယ်။ 
📝File တွေအများကြီးကို တစ်ခါတည်း edit လုပ်လို့ရပါတယ်။
📝Third-party agents တွေကို သုံးလို့ရသလို ကိုယ်ပိုင် extension တွေလည်း ဆောက်လို့ရပါတယ်။

အခုပဲသွားပြီးစမ်းသုံးကြည့်လိုက်ပါဦး။

# copiolt_free
# GitHub 
Promotion လေးပြီးဆုံးဖို့ (၉) ရက်ပဲလိုပါတော့တယ်

ဒီ (၉) ရက်အတွင်း learning platform က premium class တွေအကုန်လုံးကို (၃) သိန်းခွဲတည်းနဲ့အပ်နှံနိုင်မှာဖြစ်ပါတယ်။

နောက်မကျခင်မြန်မြန်လေးအပ်နှံမှ စိတ်ချရမယ်နော် 👀

#creative_coder_myanmar
Creative Coded Website ကနေတိုက်ရိုက်ငွေပေးချေလို့ရပါပြီ 👀

Messenger, Live chat အထိလာစရာမလိုတော့ဘဲ website မှာတစ်ခါတည်း၀ယ်၊ အဆင့်သင့်တက်ရောက်လို့ရပါပြီ။

လက်ရှိငွေပေးချေနိုင်တာတွေကတော့ Thai Baht ကို Promptpay နဲ့ပေးချေနိုင်ပြီး Myanmar Kyat ကိုတော့ Kpay, Wave Pay တို့နဲ့ပေးချေနိုင်မှာဖြစ်ပါတယ်။

အခုပဲ website မှာပေးချေပြီး တက်ရောက်လို့ရပါပြီ 🤓

#creative_coder_myanmar
Merry Christmas To You all  

အားလုံးပဲ Christmas ကာလမှာပျော်ရွှင်နွေးထွေးမှုတွေကို ခံစားနိုင်ကြပါစေကြောင်း Creative Coder မှ‌ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။

#creative_coder_myanmar
# Christmas 
Portfolio Website တစ်ခုတည်ဆောက်မယ်ဆိုရင် ဘာတွေသိထားသင့်လဲ ?
ပထမဆုံးအနေနဲ့ portfolio website တစ်ခုမှာ မရှိမဖြစ် ပါဝင်သင့်တဲ့ အပိုင်းတွေကို သိထားဖို့လိုပါတယ်။ Home page မှာ ကိုယ့်ရဲ့ မိတ်ဆက်စကားလေးနဲ့အတူ ကိုယ်ဘာတွေလုပ်နိုင်လဲ၊ ဘယ်လို skill set တွေရှိလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသင့်ပါတယ်။ About section မှာတော့ ကိုယ့်ရဲ့ ပညာရေးနောက်ခံ၊ အတွေ့အကြုံတွေနဲ့ ကိုယ်ပိုင်စိတ်ဝင်စားမှုတွေကို ထည့်သွင်းဖော်ပြနိုင်ပါတယ်။
Project showcase section ကတော့ portfolio website ရဲ့ အဓိကကျတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်လုပ်ဆောင်ခဲ့တဲ့ project တွေကို ပုံရိပ်လှလှလေးတွေနဲ့အတူ၊ project တစ်ခုချင်းစီရဲ့ ရှင်းလင်းချက်၊ အသုံးပြုခဲ့တဲ့ technology တွေ၊ GitHub link နဲ့ live demo link တွေကို ထည့်သွင်းဖော်ပြသင့်ပါတယ်။ ဒါ့အပြင် project တစ်ခုချင်းစီကနေ ဘာတွေသင်ယူခဲ့ရလဲ၊ ဘယ်လို challenge တွေကို ဖြေရှင်းခဲ့ရလဲဆိုတာတွေကိုလည်း ထည့်သွင်းဖော်ပြနိုင်ပါတယ်။
Technical skills section မှာတော့ ကိုယ်တတ်ကျွမ်းတဲ့ programming languages တွေ၊ framework တွေ၊ tool တွေကို ဖော်ပြထားသင့်ပါတယ်။ ဒီနေရာမှာ skill တစ်ခုချင်းစီရဲ့ proficiency level ကိုပါ ထည့်သွင်းဖော်ပြနိုင်ပါတယ်။ Contact section မှာတော့ ကိုယ့်ရဲ့ professional email၊ LinkedIn profile နဲ့ တခြား social media link တွေကို ထည့်သွင်းထားသင့်ပါတယ်။
Design ပိုင်းမှာလည်း အရေးကြီးတဲ့ အချက်တွေ ရှိပါတယ်။ Clean design ဖြစ်ဖို့၊ responsive ဖြစ်ဖို့၊ navigation လွယ်ကူဖို့တို့က အဓိကကျပါတယ်။ Website loading speed ကိုလည်း အထူးဂရုစိုက်သင့်ပြီး၊ image optimization တွေ၊ code optimization တွေကို သေချာလုပ်ဆောင်သင့်ပါတယ်။ Dark mode လို feature လေးတွေကိုလည်း ထည့်သွင်းနိုင်ရင် ပိုကောင်းပါတယ်။
SEO optimization ကိုလည်း မေ့လို့မရပါဘူး။ Meta tags တွေ၊ semantic HTML တွေကို သေချာသုံးပြီး search engine တွေက ကိုယ့် portfolio ကို ကောင်းကောင်း index လုပ်နိုင်အောင် စီစဉ်ထားသင့်ပါတယ်။ Analytics tool တွေကိုလည်း ထည့်သွင်းပြီး visitor တွေရဲ့ behavior ကို track လုပ်နိုင်ရင် ပိုကောင်းပါတယ်။
နောက်ဆုံးအနေနဲ့ portfolio website က ကိုယ့်ရဲ့ digital identity တစ်ခုဖြစ်တာမို့ အမြဲတမ်း update လုပ်နေဖို့ လိုအပ်ပါတယ်။ Project အသစ်တွေ၊ skill အသစ်တွေ၊ certification အသစ်တွေကို ပုံမှန် ထည့်သွင်းပေးခြင်းအားဖြင့် ကိုယ့်ရဲ့ professional growth ကို ပြသနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် website ကို regular maintenance လုပ်ခြင်းအားဖြင့် bug တွေ၊ broken link တွေ မရှိအောင် စစ်ဆေးပေးသင့်ပါတယ်။

ကောင်းမွန်တဲ့ portfolio တွေတည်ဆောက်နိုင်ကြပါစေ။

#creative_coder_myanmar
#portfolio
သုံးသိန်းခွဲ‌တည်းနဲ့တက်ရောက်နိုင်မယ့် December Promotion ကုန်ဆုံးဖို့ (၄) ရက်သာလိုပါတော့တယ် 👀

Learning Platform က Premium အတန်းတွေအကုန်လုံးကိုရယူနိုင်မယ့် ဒီနှစ်ရဲ့နောက်‌ဆုံးအခွင့်အရေးပဲဖြစ်ပါတယ်။

အခုအပ်၊ အခုတက်၊ တသက်လုံးလေ့လာလိုပါက Creative Coder အတန်းတွေကနေ ကြိုဆိုလိုက်ပါတယ်။

Page messenger ကနေဖြစ်စေ၊ Website ကနေဖြစ်စေ တိုက်ရိုက်အတန်းအပ်နှံနိုင်ပါတယ် 📝💬

#creative_coder_myanmar
# website