Creative Coder Myanmar
1.38K subscribers
555 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
ရလဒ်ကောင်းတွေမြင်လာရတဲ့ Machine Learning နဲ့ Web Development တို့ရဲ့ပေါင်းစပ်မှု 🚀


=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Web developer တစ်ဦးအနေနဲ့ ကျွန်တော်တို့ဟာ AI နဲ့ machine learning ရဲ့ ကိုသုံးပြီး ပိုမို‌ကောင်းမွန်
တဲ့ web application တွေကိုဖန်တီးလို့ရပါတယ်။

ဥပမာတစ်ခု ပြောပြရမယ်ဆိုရင်၊ user experience ကိုပိုကောင်းစေဖို့ recommendation system တွေကို machine learning algorithm တွေနဲ့တည်ဆောင်လို့ရပါတယ်။
Netflix သို့မဟုတ် Spotify လို website တွေမှာ user တစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှု၊ browsing pattern တွေကို analyze လုပ်ပြီး personalized recommendation တွေပေးနိုင်ပါတယ်။

web developer တစ်ဦးအနေနဲ့ machine learning model တွေကို web application မှာ integrate လုပ်တဲ့အခါ TensorFlow.js, scikit-learn, PyTorch တို့လိုမျိုး library တွေကိုသုံးလို့ရပါတယ်။

browser ထဲမှာပဲ machine learning model တွေကို train လုပ်လည်းရ၊ prediction လည်းလုပ်လို့ရပါတယ်။

chatbot တွေ၊ image recognition system တွေ၊ predictive analytics တွေကို web platform မှာတည်ဆောင်လို့ရပါတယ်။

ဥပမာ - customer support chatbot တစ်ခုဟာ user ရဲ့ query တွေကို natural language processing နဲ့ analyze လုပ်ပြီး automated response တွေပေးနိုင်ပါတယ်။

သတိထားရမယ့်အချက်က machine learning ဟာ complex နည်းပညာဖြစ်တဲ့အတွက် continuous learning နဲ့ practice လုပ်ဖို့လိုအပ်ပါတယ်။ API တွေ၊ pre-trained model တွေကို utilize လုပ်ပြီး စတင်နိုင်ပါတယ်။ coding skills နဲ့ mathematics understanding တွေကလည်း အရေးကြီးပါတယ်။

web development မှာ machine learning ရဲ့ ပါ၀င်နိုင်မှုဟာ အလွန်ကျယ်ပြန့်ပါတယ်။ user experience ကို customize လုပ်ခြင်း၊ data-driven decision making၊ automation တွေကို implement လုပ်ခြင်းတို့မှာ machine learning ကတကယ်ကိုအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။

#web_development
# machine_learning