Creative Coder Myanmar
1.4K subscribers
563 photos
1 video
103 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
August 21, 2024
August 23, 2024
August 23, 2024
August 23, 2024
Developer Bundle Course လေးကိုအပ်နှံနိုင်ဖို့ (၆) ရက်သာလိုပါတော့တယ်

ဒီအတန်းလေးကို ဒီလို discount နဲ့တက်ရောက်နိုင်တာ ဒီတစ်ခါနောက်ဆုံးပဲဖြစ်ပါတယ်။
ထပ်မံလက်ခံနိုင်မယ့် ‌ကျောင်းသားဦးရေကလည်း (၅) ယောက်သာကျန်ရှိတော့တာဖြစ်ပါတယ်။

August လကုန်ရင် ဒီလိုအခွင့်အရေးထပ်မရနိုင်တော့လို့ အတန်းအပ်မယ်ဆို page messenger ကနေအပ်နှံနိုင်ပါပြီ။
August 24, 2024
August 24, 2024
လုပ်ငန်းခွင်၀င်ဖို့အသင့်ဖြစ်နေစေမယ့် Portfolio တွေတည်ဆောက်နိုင်ဖို့ အိုင်ဒီယာကောင်းကောင်းမရှိသေးဘူး ဖြစ်နေပြီလား ?

Portfolio ဆိုတာ Developer တွေအတွက် ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းကိုချပြလို့ရတဲ့ အရာဆိုရင်လည်းမမှားပါဘူး။

အကြံပေးလိုတာကတော့ အချိန်နည်းနည်းပေးပြီး project သေးသေးလေးတွေဆောက်မယ့်အစား အချိန်ငါးလ၊ ခြောက်လအကုန်ခံပြီး ကိုယ့်လုပ်နိုင်စွမ်းတွေကို ပိုပြီးပြသနိုင်တဲ့ project တွေကိုပဲပြုလုပ်ဖို့ဖြစ်ပါတယ်။

ဆိုလိုချင်တာက အချိန်နှစ်ပတ် လောက်အချိန်ယူလိုက်ရင်ပြီးသွားမယ့် CRUD application အစား အချိန် လေး၊ငါး၊ခြောက်လ လောက်ပေးရတဲ့ E-commerce platform ကိုကြိုးစားပြီးလုပ်ကြည့်တာက ပိုပြီးရလဒ်ကောင်းနိုင်ပါတယ်။

Portfolio Project အတွက် Idea မရှိသေးတဲ့ Developer တွေအတွက် တည်ဆောက်လို့ရနိုင်မယ့် Project လေးတွေကို ပြောပြပေးထားပါတယ်။

Developer တို့အနေနဲ့ကရော ‌ဘယ်လို project မျိုးတွေကို try ကြည့်ချင်လဲဆိုတာ comment မှာပြောပြပေးသွားပါဦးနော် 👀

#creative_coder_myanmar
#portfolio

🚀 Personal Blog

Developer တိုင်းမှာရှိနေသင့်တာကတော့ portfolio website တွေပါပဲ။ ဒီလို website မျိုးတွေမှာ ကိုယ့်အကြောင်းပါမယ်။ ကိုယ့်ရဲ့ skill တွေပါမယ်။ လုပ်ခဲ့ဖူးတဲ့ project တွေကိုလည်းပြသထားနိုင်မှာဖြစ်ပါတယ်။

🚀 E-commerce Platform

E-commerce platform တွေဟာ Developer တို့ရဲ့စွမ်းရည်ကို ချပြဖို့အကောင်းဆုံး အရာပါပဲ။ E-commerce website ထဲမှာဆိုရင် CRUD အပြင် product ရှာတာ၊ item တွေကို cart ထဲထည့်တာမျိုးတွေပါ ကိုယ် idea ရှိသလိုထည့်သွင်းနိုင်ပါတယ်။

🚀 Task Management App

Management App တွေမှာတော့ task categorization တွေ reminder တွေထည့်နိုင်မှာဖြစ်ပါတယ်။

🚀 Chat Application

Chat Application တွေကလည်း real time feature တွေပါ၀င်ပြီး user authentication တွေ private messaging တွေ chat room တွေစတဲ့ feature တွေကို try ကြည့်နိုင်မှာပါ။

🚀 Blogging Platform

User တွေ register လုပ်နိုင်ပြီး post တွေ comment တွေ profile manage လုပ်နိုင်မယ့် feature တွေပါ၀င်တဲ့ blogging platform တွေကလည်း ကိုယ့်ရဲ့ coding skill ကိုချပြနိုင်ဖို့ အကောင်းဆုံးရွေးချယ်မှုတွေပဲဖြစ်ပါတယ်။
August 25, 2024
Developer တို့အတွက် Cheat Sheet Recommendation 💯

Cheat Sheet တွေဆိုတာ Developer တွေအတွက်လိုအပ်တဲ့ resource တွေ references တွေကို စုပေးထားတဲ့ အရေးပါတဲ့ information တွေဖြစ်ပါတယ်။

ဒါကြောင့် Creative Coder ကနေပြီးတော့ Developer တို့အတွက်လိုအပ်မယ့် cheat sheet တွေကို ဖော်ပြပေးလိုက်ရပါတယ်။

📝 Git Cheat Sheet

ဒီ sheet လေးထဲမှာဆိုရင် git command နဲ့ပတ်သက်တဲ့ အခြေခံတွေအကုန်လုံးကို စုစည်းပေးထားတာကြောင့် အသုံး၀င်စေမှာပါ။

>>> https://education.github.com/git-cheat-sheet-education.pdf


📝 Javascript Cheat Sheet

Developer တို့အတွက်မရှိမဖြစ် JavaScript လာပါပြီခင်ဗျာ။

ဒီ sheet လေးထဲမှာဆိုရင်တော့ Javascript code core concept တွေ အပြင် syntax, data type, function တွေအကြောင်းကိုပါ ပြည့်ပြည့်စုံစုံထည့်သွင်းပေးထားပါတယ်။

>>> https://overapi.com/javascript



📝 Python Cheat Sheet

Python ကိုစိတ်၀င်စားသူတွေအတွက် Python နဲ့ပတ်သက်သမျှ အကုန်ပါ၀င်တဲ့ Data camp က sheet လေးကိုလည်းတင်ပြပေးလိုက်ရပါတယ်။

>>> https://www.datacamp.com/cheat-sheet/getting-started-with-python-cheat-sheet


📝 HTML & CSS Cheat Sheet

Beginner Developer တွေအတွက်အသုံး၀င်စေမယ့် HTML, CSS နဲ့ သက်ဆိုင်တဲ့ summary ပါ၀င်တဲ့ sheet လေးပဲဖြစ်ပါတယ်။

>>>> https://www.digitalocean.com/community/tutorial-series/how-to-style-html-with-css


📝 Linux Cheat Sheet

Linux အသုံးပြုသူ Developer တွေအတွက် command တွေအကြောင်းစုံစုံလင်လင်ပါဝင်တဲ့ sheet လေးပဲဖြစ်ပါတယ်။

>>>> https://developers.redhat.com/cheat-sheets/linux-commands-cheat-sheet


📝 React Cheat Sheet

React Developer တွေအတွက်အသုံး၀င်စေမယ့် အရေးကြီးတဲ့ concept တွေပါ၀င်တဲ့ sheet လေးဖြစ်ပါတယ်။

>>>> https://devhints.io/react


ကဲ.. ဒီနေ့မှာတော့ Cheat Sheet တွေနဲ့ပတ်သက်ပြီး တင်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ သူငယ်ချင်းတွေလည်းသိသွားအောင် မျှဝေပေးသွားဖို့ မမေ့နဲ့နော် 👀

#creative_coder_myanmar
#cheat_sheet
August 26, 2024
August 26, 2024