Creative Coder Myanmar
1.38K subscribers
548 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
Developer တိုင်းသိထားသင့်တဲ့ Static & Dynamic Website 
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Website တစ်ခုကိုတည်ဆောက်နေတဲ့ Developer ကြီးတို့ သိထားသင့်တာ‌တွေက တစ်ခုဖြစ်တဲ့ static & dynamic website တွေအကြောင်းကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Static Website တွေကိုအလွယ်ပြောရမယ်ဆိုရင် အမြဲပုံသေ အကြောင်းအရာတစ်ခုကိုသာတင်ပြထားတဲ့ Website တစ်ခုဖြစ်ပါတယ်။

Static Website တွေကိုများသောအားဖြင့် HTML, CSS အပြင် JavaScript နဲ့တည်ဆောက်ထားကြပါတယ်။ content တစ်ခုတည်းသာပါရှိတာကြောင့် loading ပိုမြန်ပြီး host လုပ်လို့လည်းလွယ်ကူပါတယ်။

ဥပမာ အနေနဲ့ personal blog တွေ၊ landing page တွေဟာ static website တွေဖြစ်ကြပါတယ်။

Dynamic Website တွေကတော့ user actions & performance တွေပေါ်လိုက်ပြီး အမြဲပြောင်းလဲမှုတွေပြုလုပ်နေတဲ့ website ပဲဖြစ်ပါတယ်။ မြင်သာအောင်ပြောရရင် ကျွန်တော်တို့ Creative Coder Myanmar website ဟာလည်း Dynamic Website ပဲဖြစ်ပါတယ်။ 

Dynamic Website တွေကိုတော့ HTML, CSS, Javascript အပြင် PHP, Python, Ruby, or ASP.NETတွေနဲ့တည်ဆောက်ကြပါတယ်။ user တွေနဲ့ အများဆုံး interact လုပ်ရတဲ့ website တွေဖြစ်တာကြောင့် cost တွေ၊ maintenance တွေရှိနိုင်ပါတယ်။ 

ဥပမာအနေနဲ့ကတော့ Amazon နဲ့ Facebook တို့လို website တွေဖြစ်ပါတယ်။

အခြား developer ကြီးတွေသိသွားအောင်လည်း မျှဝေပေးသွားပါဦးနော် 👀

#creative_coder_myanmar
WDF ကျောင်းသား၊ ကျောင်းသူတို့ရဲ့စကားသံများ 📝

Creative Coder မှာ Web Development ကိုအခြေခံကနေစပြီး သင်ယူခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေက သူတို့ရဲ့အတွေ့အကြုံကို အခုလိုပဲပြောပြလာခဲ့ပါတယ် 👇

Batch (6) ကလည်း July (27) ရက်နေ့မှာ စတင်သွားမှာဖြစ်တဲ့အတွက် စိတ်ပါ၀င်စားသူတွေအနေနဲ့ page messenger မှာ အတန်းလေးကို စုံစမ်းမေးမြန်းပြီး အပ်နှံနိုင်ပါပြီ။


#creative_coder_myanmar
ဒီအတန်းလေး လာမယ့် Sunday လက်ခံတာ ရပ်ပါတော့မယ်ခင်ဗျာ။

Web Design ကနေ Code ကို စနစ်တကျတွေးခေါ်ရေးသားတတ်လိုသူများ
Animation တွေစနစ်တကျရေးသားတတ်လိုသူများ
နောက် Batch တိုင်း ပြန်တက်နိုင်ပြီး လေ့လာနေစဉ်ချိန်အတွင်း 1 by 1 mentorship လိုအပ်သူများ အတွက်ဖြစ်ပါတယ်ခင်ဗျာ။🚀

https://www.facebook.com/100064708297617/posts/pfbid0j3HbHZGkTF9Ym1XBjoGHE7odEmJcGkCabs5XTLKhuqFcP25xFHafwyPgyb9t926Ml/
Array Intersection function ရဲ့အသုံး၀င်ပုံများ 🤔

Array intersection function အကြောင်းသိပြီးကြပြီလား Developer ကြီးတို့ရေ 👀

ဒီ function လေးကတော့ multiple array တွေကို input အဖြစ်ယူ၊ filter လုပ်ပြီး အဲ့ array တွေအကုန်လုံးမှာပါနေတဲ့ element တွေကို return ပြန်ပေးပါတယ်။

Code example လေးနဲ့အတူ ကြည့်လိုက်ရအောင် 👀

function intersection(...arrays) {
if (arrays.length === 0) return [];


const [firstArray, ...restArrays] = arrays;

return firstArray.filter(item => {
return restArrays.every(array => array.includes(item));
});
}

ပထမဆုံး function intersection(...arrays) {} ပထမဆုံးအနေနဲ့ function ကို define လုပ်ပါတယ်။
if (arrays.length === 0) return []; ဒီ code က တော့ array ရှိမရှိစစ်မှာဖြစ်ပြီး array တစ်ခုမှ မရှိရင်တော့ empty array ကို return ပြန်ပေးမှာပါ…

const [firstArray, ...restArrays] = arrays;

ဒီ code လေးကတော့ first array ကို ကျန်တဲ့ array တွေနဲ့ခွဲခြားဖို့ဖြစ်ပါတယ်။

return firstArray.filter(item => {
return restArrays.every(array => array.includes(item));
});
}

return တဲ့နေရာမှာ firstarray ကို filter သုံးပေးပြီး output ထုတ်ပေးတဲ့နေရာမှာဆိုရင်လည်း array အကုန်လုံးမှာပါနေတဲ့ တူတဲ့ ဟာတွေကိုရွေးထုတ်ပေးသွားမှာပါ။

const array1 = [1, 2, 3, 4];
const array2 = [2, 3, 5];
const array3 = [2, 3, 6];

const result = intersection(array1, array2, array3);
console.log(result); // Output: [2, 3]

ဒီ code လေးမှာဆိုရင် array သုံးခုလုံးမှာပါနေတဲ့ 2,3 ကိုအဖြေမှာ ပြန်ထုတ်ပေးထားတာကို တွေ့ရမှာပါ။

ဒါကတော့ array intersection function လေးရဲ့အသုံးပြုပုံပဲဖြစ်ပါတယ်။

Developer ကြီးတို့လည်းလိုက်သုံးကြည့်ကြဖို့မမေ့ကြနဲ့နော်။

သူငယ်ချင်းတွေသိသွားအောင်လည်း မျှဝေပေးသွားကြပါဦး။


#creative_coder_myanmar