Creative Coder Myanmar
1.4K subscribers
563 photos
1 video
103 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
❝𝐖𝐞𝐛𝐬𝐢𝐭𝐞 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐜𝐞𝐬𝐬 မပါမဖြစ်တဲ့ 𝐃𝐞𝐩𝐥𝐨𝐲𝐦𝐞𝐧𝐭 𝐂𝐨𝐮𝐫𝐬𝐞 ကိုတက်ရောက်နိုင်ပါပြီ ❞

======================================

Project တစ်ခုပြီးခါနီးတဲ့အခါ end-user တွေအသုံးပြုဖို့နဲ့ Production Environment ထဲကိုရောက်ဖို့အတွက် deploy လုပ်ရပါတယ်။
ဒီအခါမှာ ကိုယ့်ရဲ့ website ကို reliable ဖြစ်အောင် efficient ဖြစ်အောင်လုပ်နိုင်ဖို့အတွက် Developer ကြီးတို့အနေနဲ့
Website Deployment အကြောင်းကိုသိထားဖို့က ကိုယ်ကိုယ်တိုင် လုပ်ငန်းခွင်၀င်တဲ့နေရာမှာ သိထားသင့်တဲ့ အကြောင်းအရာတစ်ခုဖြစ်လာပါပြီ။

ဒါတွေကို Creative Coder ရဲ့ Website Deployment Course လေးမှာ အကုန်တစ်ခါတည်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။
ဘာတွေအဓိကပါ၀င်မလဲဆိုရင်
📝 Domain Name တွေ Hosting Service တွေအကြောင်း
📝 Website Files တွေ Data တွေကို ဘယ်လို transfer လုပ်ရမလဲဆိုတဲ့အကြောင်း
📝database ‌တွေ email account တွေ setup လုပ်တာတွေ စတဲ့ server settings configuration တွေအကြောင်း
📝 Website Testing အကြောင်း
📝 Functionality တွေ သေချာစစ်ဆေးပြီးတဲ့အခါ website ကို live လုပ်တဲ့အခါသိထားသင့်တဲ့ အကြောင်းစတာတွေကိ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

ကျောင်းသားတွေနားလည်လွယ်ပြီး မှတ်မိစေမဲ့နည်းလမ်းတွေ ကိုယ်ပိုင် project တွေကိုသုံးပြီး သင်ကြားပေးမှာဖြစ်တဲ့အတွက် သင်တန်းကိုပြီးဆုံးအောင်လေ့လာပြီးချိန်ကျရင် လုပ်ငန်းခွင်၀င်ဖို့လည်း ready ဖြစ်နေစေမှာပါ။

ဒီ Course လေးကို 30000 MMK နဲ့ ကျွန်တော်တို့ Learning Platform ကနေရော Facebook gp ကနေပါနေရာနှစ်ခုလေ့လာနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ဆီက course တွေက တစ်ခါစာရင်းပေးပြီးတက်ရောက်တိုင်းမှာ lifetime လေ့လာခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ဒါ့အပြင် သင်ခန်းစာနဲ့ပတ်သက်ပြီး life time update တွေကိုလည်း support ပေးသွားဦးမှာဖြစ်ပါတယ်။

လူဦးရေကိုလည်း အယောက် ၃၀ သာကန့်သတ်ထားပြီး သင်တန်းကြာချိန်က နှစ်ပတ်ဖြစ်ပါတယ်။
သင်တန်းလေးမှာက server တွေအကြောင်းအဓိကထားပြီးသင်ပေးသွားမှာဖြစ်ပြီး Laravel ကိုလေ့လာထားတဲ့သူတွေ ဒါမှမဟုတ် မလေ့လာထားလည်း server တွေအကြောင်းသီးသန့်သင်ချင်တဲ့သူတွေတက်ရောက်နိုင်ပါတယ်။

သင်ကြားပေးမဲ့ဆရာကလည်း Deployment နဲ့ပတ်သက်တဲ့ Foreign Project တွေများစွာကိုလုပ်ဖူးပြီး လက်ရှိမှာလည်း Team တစ်ခုကိုဦးဆောင်နေတဲ့ Sir Hlaing Min Than ဖြစ်ပါတယ်။

Website Deployment နဲ့ပတ်သက်ပြီး Developer တိုင်းသိသင့်တာတွေကိုပဲ သင်ကြားပေးသွားမဲ့ Website Deployment From Scratch Course လေး ကိုတက်ရောက်ချင်တယ်ဆိုရင်အခုပဲ page messenger ကိုလာရောက်ပြီး စာရင်းပေးသွင်းလို့ရပါပြီ 🙆

#Creative_Coder_Myanmar
#developer
#website
#deployment
𝐂𝐨𝐝𝐞 ပဲရေးနေရတဲ့ 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 တစ်ယောက်အတွက် ဘယ်လိုမျိုး 𝐬𝐨𝐟𝐭 𝐬𝐤𝐢𝐥𝐥 တွေလိုအပ်မယ်ထင်ပါသလဲ

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer တစ်ယောက်ရဲ့နေ့စဉ်လူနေမှုဘ၀မှာ အမြဲတမ်း code ရေးတာနဲ့စတင်ပြီး code ရေးတဲ့ အချိန်နဲ့ပဲကုန်ဆုံးနေရတယ်ထင်ရင်တော့ မိတ်ဆွေတို့ရဲ့အထင်ကမှားယွင်းနေပါတယ်။

Developer တွေဆိုတာကလည်း လူမှုအသိုင်းအဝိုင်းမှာနေ့စဉ်ကျင်လည်‌ဖို့လိုအပ်တဲ့လူတွေဖြစ်တဲ့အတွက် code ကိုကောင်းကောင်းရေးနိုင်တာအပြင်အခြားအခြားသော လူမှုဆက်ဆံရေး skill တွေလည်းအများကြီးလိုအပ်ပါတယ်။

📝 Communication Skill မှာဆိုရင် ကိုယ်ရေးတဲ့ code အတွက် feedback တောင်းတာ ၊ team members အချင်းချင်းပြောဆိုဆက်ဆံတာမျိုးတွေ နဲ့ stakeholders တွေနဲ့ညှိုနှိုင်းရတဲ့ အခါမျိုးတွေကျရင် ပြောဆိုဆက်ဆံတတ်တဲ့ skill ကသေချာပေါက်လိုအပ်ပါတယ်။

📝 Problem Solving Skill ကတော့ Developer တွေရဲ့နေ့စဉ်ဘ၀မှာ မပါမဖြစ်တဲ့အရာတစ်ခုပါ။ error တွေ့တဲ့အခါ ဘာကြောင့်ဖြစ်တာလဲ ဘယ်လိုဖြေရှင်းရင်ရမလဲ ဘာကိုသုံးဖို့လိုအပ်လဲဆိုပြီး Creative Coder မှာပြောနေကြအတိုင်း Why? How? What? ကိုအသုံးပြုပြီး ပြဿနာတွေကို သုံးသပ်အ‌ဖြေရှာပါ။

📝 Collaboration Skill ကလည်း Junior ကနေ Senior အထိအရေးပါတဲ့ skill တစ်ခုပဲဖြစ်ပြီးလုပ်ငန်းခွင်မှာ လူအများကြီးနဲ့ပြောဆိုဆက်ဆံရမှာဖြစ်တဲ့အတွက်သေချာပေါက်ရှိထားသင့်တဲ့ skill တစ်ခုပဲဖြစ်ပါတယ်။

📝 Time Management ကောင်းကောင်းမရှိထားရင်တနေ့တာ ဟာ အစီအစဉ်မကျဘဲ အမြဲကမောက်ကမဖြစ်နေမှာပါပဲ။ ဒါကြောင့် ကိုယ်ဘယ်နေ့ဘယ်အချိန်မှာ ဘယ်ဟာကိုပြီးအောင်လုပ်မယ်ဆိုတာကို တစ်ပတ်စာလောက်ကြိုတင်စီစဉ်ထားသင့်ပါတယ်။ ဒီနေရမှာ work Life balance ရှိဖို့ကိုလည်းမမေ့ထားသင့်ပါဘူး။

📝 နောက်ဆုံးတစ်ခုကတော့ flexible ဖြစ်ဖို့ဖြစ်ပြီး ဘယ်ဟာလာလာ ဒီ language နဲ့ပဲရေးမယ်ဆိုပြီးတစ်ယူသန်နေလို့မရပါဘူး။ ဒါကြောင့် နည်းပညာတွေကိုမျက်ခြည်မပြတ် လေ့လာနေသင့်ပြီး project တွေလုပ်တဲ့နေရာမှာလည်း flexible ဖြစ်ရမှာဖြစ်ပါတယ်။

အခုဖတ်နေတဲ့ Developer ကြီးတို့ကရော အခြား ဘယ် skill တွေက Developer တို့ဘ၀မှာအရေးတကြီးပါ၀င်ပတ်သက်နေတယ်လို့ထင်ပါသေးလဲ။ ထင်တဲ့အကြောင်းအရာတွေကို အတူတူဆွေးနွေးကြည့်ဖို့ comment မှာချရေးခဲ့လို့ရပါတယ်။


#developer
#softskill
Developer ကြီးတွေမှာလည်းအသည်းနှလုံးနဲ့ပါ 😏
အသည်းနှလုံးရှိတဲ့ Developer တွေအတွက် Self Care Tips 

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

နေ့တိုင်းလိုလို laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေကြတဲ့ Developer ကြီးတို့အတွက် ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ဖို့လည်းမမေ့ရအောင် selfcare Tips လေးတွေကိုမျှဝေပေးလိုက်ရပါတယ်။ 

📝 Break ယူဖို့မမေ့ပါနဲ့။

Screen ရှေ့မှာအကြာကြီးထိုင်တာက မျက်လုံးကိုထိခိုက်စေတဲ့အပြင် လူကိုပါ overwhelm ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် screen ကို မိနစ် (၂၀) ကြည့်ပြီးတိုင်း ပေ (၂၀) အဝေးမှာရှိတဲ့ အရာ၀တ္တုတစ်ခုခု(စိမ်းစိုတဲ့ အရာဖြစ်ရင်ပိုအဆင်ပြေပါတယ်) ကို စက္ကန့် (၂၀) လောက်ကြည့်ပေးရင် အညောင်းလည်းပြေစေပြီး မျက်ကြောကိုက်တာတွေကနေလည်းသက်သာနိုင်ပါတယ်။ 
Break ယူတဲ့အတွင်းမှာ လမ်းထလျှောက်တာမျိုး ၊ အညောင်းအညာပြေအောင် လေ့ကျင့်ခန်းလုပ်တာမျိုးတွေလည်းပြုလုပ်နိုင်ပါတယ်။

📝 Workplace ကိုသေချာစီစဉ်ပါ။

Workplace ဟာ ကိုယ်အချိန်အများကြီးနေရတဲ့‌နေရာတစ်ခုဖြစ်တဲ့အတွက် Chair တွေ Monitor တွေကို eye level နဲ့အညီနေရာချပါ။ 

📝ရေများများသောက်ပြီး အစားကိုသေချာစားဖို့ကလည်း အားအင် ပြည့်၀ဖို့အတွက်အရေးကြီးတဲ့ အချက်တွေပဲဖြစ်ပါတယ်။

📝 အိပ်ချိန်ကိုလည်း အနည်းဆုံး ၆ နာရီရှိအောင် လုပ်နိုင်ရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်။

📝 အရေးကြီးတဲ့အချက်တစ်ခုကတော့ personal life နဲ့ work ကြားမှာ စည်းထားထားဖို့ပဲဖြစ်ပါတယ်။ အလုပ်ချိန်အလုပ် ၊ ကိုယ့်အတွက်အချိန်ဆိုပြီးသပ်သပ်ထားရင် stress တွေလည်းနည်းနိုင်မှာပါ။

 Developer ကြီးတို့အတွက် ဒီအချက်လေးတွေက အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ 

Developer ကြီးတို့သိကြတဲ့ အခြား self care tips လေးတွေရှိရင်လည်း sharing လုပ်ပေးသွားကြပါဦးနော် 👀

#developer
#selfcare 
👌2