Creative Coder Myanmar
1.38K subscribers
547 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
Developer ကြီးတွေမှာလည်းအသည်းနှလုံးနဲ့ပါ 😏
အသည်းနှလုံးရှိတဲ့ Developer တွေအတွက် Self Care Tips 

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

နေ့တိုင်းလိုလို laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေကြတဲ့ Developer ကြီးတို့အတွက် ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ဖို့လည်းမမေ့ရအောင် selfcare Tips လေးတွေကိုမျှဝေပေးလိုက်ရပါတယ်။ 

📝 Break ယူဖို့မမေ့ပါနဲ့။

Screen ရှေ့မှာအကြာကြီးထိုင်တာက မျက်လုံးကိုထိခိုက်စေတဲ့အပြင် လူကိုပါ overwhelm ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် screen ကို မိနစ် (၂၀) ကြည့်ပြီးတိုင်း ပေ (၂၀) အဝေးမှာရှိတဲ့ အရာ၀တ္တုတစ်ခုခု(စိမ်းစိုတဲ့ အရာဖြစ်ရင်ပိုအဆင်ပြေပါတယ်) ကို စက္ကန့် (၂၀) လောက်ကြည့်ပေးရင် အညောင်းလည်းပြေစေပြီး မျက်ကြောကိုက်တာတွေကနေလည်းသက်သာနိုင်ပါတယ်။ 
Break ယူတဲ့အတွင်းမှာ လမ်းထလျှောက်တာမျိုး ၊ အညောင်းအညာပြေအောင် လေ့ကျင့်ခန်းလုပ်တာမျိုးတွေလည်းပြုလုပ်နိုင်ပါတယ်။

📝 Workplace ကိုသေချာစီစဉ်ပါ။

Workplace ဟာ ကိုယ်အချိန်အများကြီးနေရတဲ့‌နေရာတစ်ခုဖြစ်တဲ့အတွက် Chair တွေ Monitor တွေကို eye level နဲ့အညီနေရာချပါ။ 

📝ရေများများသောက်ပြီး အစားကိုသေချာစားဖို့ကလည်း အားအင် ပြည့်၀ဖို့အတွက်အရေးကြီးတဲ့ အချက်တွေပဲဖြစ်ပါတယ်။

📝 အိပ်ချိန်ကိုလည်း အနည်းဆုံး ၆ နာရီရှိအောင် လုပ်နိုင်ရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်။

📝 အရေးကြီးတဲ့အချက်တစ်ခုကတော့ personal life နဲ့ work ကြားမှာ စည်းထားထားဖို့ပဲဖြစ်ပါတယ်။ အလုပ်ချိန်အလုပ် ၊ ကိုယ့်အတွက်အချိန်ဆိုပြီးသပ်သပ်ထားရင် stress တွေလည်းနည်းနိုင်မှာပါ။

 Developer ကြီးတို့အတွက် ဒီအချက်လေးတွေက အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ 

Developer ကြီးတို့သိကြတဲ့ အခြား self care tips လေးတွေရှိရင်လည်း sharing လုပ်ပေးသွားကြပါဦးနော် 👀

#developer
#selfcare 
Creative Coder ရဲ့ bi-weekly journal လေးရောက်ရှိလာပါပြီ 👀📝

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

📝လက်ရှိတတ်ရောက်နိုင်တဲ့အတန်းတွေကတော့ learning platform မှာဖွင့်လှစ်ထားတဲ့
👉 Vuejs Course 
👉 Laravel 
👉 React
👉 MERN Stack
👉 Web Deployment Class
👉 Javascript Basic
တွေပဲဖြစ်ပါတယ်။ Website ကနေလေ့လာလို့ရတဲ့အတန်းလေးတွေဖြစ်တာကြောင့် အချိန်မရွေးသင်တန်းအပ်နှံနိုင်မှာပဲဖြစ်ပါတယ်။

📝မကြာခင်ဖွင့်လှစ်တော့မယ့် အတန်းတွေကတော့
👉 Laravel zoom Class
👉 WDF Zoom Class တို့ပဲဖြစ်ပါတယ်။
(ဒီအတန်းတွေကို discount နဲ့ကြိုအပ်ထားလို့ရလည်းရတယ်နော် 👀)

📝 Breaking News အနေနဲ့ ကျောင်းသားတွေရဲ့ zoom အတန်းတောင်းဆိုမှုလေးတွေများလာတာကြောင့် ငါးလပိုင်းအထိ In Class အတန်းတွေအစား Zoom Class တွေကိုဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

📝 Upcoming Update 
Learning Platform ရဲ့မကြာခင်လာတော့မယ့် update အနေနဲ့ 
💯 Student Review Feature 
💯 Learning Platform Filter Path 
💯 FAQ feature တွေပဲဖြစ်ပါတယ်။

ဒီ feature တွေရဲ့ update ကိုအချိန်နဲ့တစ်ပြေးညီသိချင်ရင် Learning Platform Page အသစ်လေးကို like & follow လုပ်ထားဖို့လည်းလိုမယ်နော် 👀

📝Our Support 

Creative Coder အနေနဲ့ကျောင်းသားတွေကို one on one meeting နဲ့ service ပေးတာဖြစ်ပြီးမသိနားမလည်တာတွေကို ချက်ချင်းမေးမြန်းနိုင်မှာလည်းဖြစ်ပါတယ်။ 

ကဲ ဒီနှစ်ပတ်အတွက် update တွေကိုပြောပြပေးသွားပြီးပြီဆိုတော့ နောက်အပတ် journal တွေမှာပြန်တွေ့ကြမယ်နော် 👀
Level Up ချင်တဲ့ Developer တိုင်းအတွက်ရှိထားသင့်တဲ့ အရာတစ်ခု 🆙📈

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer တိုင်း ကိုယ်ရောက်နေတဲ့  level ထက်တစ်ဆင့်တက်ချင်ရင် Visa Card or Bank Card တစ်ခုခုရှိထားသင့်ပါတယ်။ 

Recommend လုပ်ချင်တဲ့ card တွေကတော့ Cloud Service တွေတော်တော်များများမှာ အသုံးပြုလို့ရတဲ့ Aya Jcn card တွေကို ၀ယ်ပြီးစမ်းသင့်ပါတယ်။

Developer တွေအနေနဲ့ code တွေရေးတတ်ရုံ ၊ free hosting တွေကိုပဲ စမ်းသုံးနေရုံနဲ့ တကယ့် real world experience အတွေ့အကြုံတွေကိုမရနိုင်ပါဘူး။ 

ဒါကြောင့် server တွေကို တကယ်၀ယ်စမ်းသင့်တာပဲဖြစ်ပါတယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့် ကိုယ်ရောက်ရှိနေတဲ့ level ကိုအများကြီးပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ 

ဒီအကြောင်းတွေနဲ့ပတ်သက်လို့ Creative Coder မှာ မကြာခင် “တစ်ခုခု” လာဖို့ရှိတာဖြစ်လို့ စောင့်ကြည့်ပေးဖို့မမေ့ပါနဲ့ဦးနော် 👀

#creative_coder_myanmar
#delpoyment 
နောက်မကျစေနဲ့ ဗျို့ 📢

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Web Development Foundation အတန်းလေးဟာ ကျောင်းသား (၃) ယောက်ပဲလိုတော့တာဖြစ်ပြီး PHP + Laravel အတန်းကတော့ ကျောင်းသား (၅) ယောက်လိုသေးတာဖြစ်ပါတယ်။

WDF အတန်းတွေဟာ Web Development အကြောင်းဘာမှမသိသေးတဲ့သူတွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး ဘယ်လို framework တွေ language တွေပဲလာလာ စပြီးချည်းကပ်နိုင်အောင်ပြင်ဆင်ပေးထားပါတယ်။ 

PHP Laravel အတန်းတွေမှာတော့ PHP အခြေခံမှစတင်ကာ Laravel Framework ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သည်အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 

သင်ကြားထားတာတွေကို လက်တွေ့အသုံးချတတ်ဖို့ လက်တွေ့ project တွေနဲ့ပါ စုပေါင်းပြီးသင်ကြားပေးမှာဖြစ်ပါတယ်။ 

မသိတာ‌၊ နားမလည်တာတွေမေးမြန်းနိုင်ဖို့အတွက် one on one meeting တွေကိုလည်းစီစဉ်ပေးထားပါတယ်။

ဒီ Zoom Class လေးနှစ်ခုလုံးက လူပြည့်တော့မှာဖြစ်တာကြောင့် အခုပဲ လာရောက်အပ်နှံဖို့ တိုက်တွန်းပါရစေ 👀

#creative_coder_myanmar
#laravel
#zoom
#wdf
Developer တိုင်းအချိန်ကို အကျိုးရှိရှိအသုံးချနိုင်စေဖို့

တစ်ရက်သာကုန်သွားတယ်။ ကိုယ့်ရဲ့အချိန်ကလေ့လာရင်းပဲ ကုန်ဆုံးသွားသလို၊ အခြားဟာလုပ်ရင်းပဲ ကုန်ဆုံးသွားသလို အချိန်ကို ဘယ်မှာဘယ်လိုအကျိုးရှိရှိအသုံးချရမသိဖြစ်နေပါသလား?

✔️ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကိုလည်း အချိန်ဇယားနဲ့တကွ ကြိုတင်တွက်ထားပြီးသားဖြစ်ရမယ်။
✔️ ကိုယ်နေ့တိုင်း ဘာတွေလုပ်ဆောင်ခဲ့လည်းဆိုတာကိုလည်း ပြန်ကြည့်နိုင်ရမယ်။ 

ဒါဆိုရင်တော့ အခု Creative Coder ကနေပြောပြပေးသွားမယ့် Application လေးတွေကိုအသုံးပြုကြည့်စေချင်ပါတယ်။

📲 ပထမတစ်ခုကတော့ Google Calendar ဖြစ်ပြီး page မှာလည်းမကြာခဏ recommend ပေးတဲ့ application တစ်ခုဖြစ်ပါတယ်။ Task တိုင်း Meeting တိုင်းကို ကြိုတင်စီစဉ်ထားနိုင်ပြီး remind ပေးတဲ့ system လေးလည်းပါ၀င်ပါတယ်။ တစ်ကိုယ်ရည်စာအတွက် သုံးနိုင်တာအပြင် လုပ်ငန်းပိုင်းမှာလည်း အသုံးပြုလို့ကောင်းတဲ့ application လေးတစ်ခုဖြစ်ပါတယ်။

https://play.google.com/store/apps/details?id=com.google.android.calendar


📲 Clockify ကလည်း ကိုယ်လုပ်ရမယ့်  task တွေ project တွေပေါ်မူတည်ပြီး အချိန်လေးတွေခွဲပြီးစီစဉ်ထားလို့ရပါတယ်။ ဒီ application မှာဆိုရင် timesheet, report, budgeting လို feature တွေလည်းပါ၀င်ပါတယ်။

👉 https://play.google.com/store/apps/details?id=me.clockify.android



📲 Notion ကတော့ project management အတွက်ရော time management အတွက်ပါ all in one application တစ်ခုလို့ပြောလို့ရပါတယ်။ သူ့မှာ features အစုံအလင်ပါ၀င်ပြီး personal life နဲ့ academic journey စသဖြင့် အပိုင်းခွဲပြီးလည်း သုံးလို့ရပါတယ်။ 

👉 https://www.notion.so/


ကိုယ်ဘာတွေပြီးမြောက်ခဲ့လဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပြီး တစ်ပတ်စာ၊ တစ်လစာ task တွေချမှတ်ချင်သူတွေအတွက်ကိုတော့ Project Management Tool လေးတွေကို recommend ပေးချင်ပါတယ်။ 

📲 Software Development Team တွေအတွက် ရည်ရွယ်ထားတဲ့ Jira ကတော့ issue & task tracking tool တစ်ခုအဖြစ် လူသိများပါတယ်။ သူ့မှာ ပါ၀င်တဲ့ features တွေကတော့ 
👉 Assigning Tasks
👉 Tracking Bugs 
👉 Monitoring Progress တွေပါ၀င်ပါတယ်။


https://www.atlassian.com/software/jira


📲 Trello ကလည်း Project Management Tool တစ်ခုပဲဖြစ်ပြီး လုပ်ငန်းမှာ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ task tracking အတွက်အသုံးပြုကြပါတယ်။

 
https://trello.com/

ဒီလို tool တွေကိုအသုံးပြုပြီး ပိုပြီးအလုပ်တွင်ကျယ်အောင် ကြိုးစားနိုင်ကြပါစေလို့လည်း Creative Coder ကဆုတောင်းပေးလိုက်ရပါတယ်။ 

#creative_coder_myanmar
Think like a Programmer or Think like a Business Person ?

ကျွန်တော်တို့ developer တွေအနေနဲ့ online မှာရော အပြင်သင်တန်းတွေမှာရော လေ့လာကြတဲ့အခါမှာ code တွေကို developer တစ်ယောက် programmer တစ်ယောက်လို စဉ်းစားပြီးရေးသားတတ်ကြပါတယ်။

ဒါက beginner တယောက်တွက်နားလည်ရလွယ်ကူစေပြီး လေ့လာရမြန်စေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ တကယ် real world project တွေရေးသားတော့မယ်ဆိုရင် CRUD mindset နဲ့ပဲရေးသားတတ်တာဟာ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတာ နဲနဲလေးမြင်သာအောင်ပြောပြပေးပါမယ်။ တကယ် လက်တွေ့မှာ project တခုရေးသားပြီဆိုရင် team ထဲမှာ Designer တွေ Product Manager,Owner တွေတခြား technical field ထဲကမဟုတ်တဲ့ business field ကလူတွေနဲ့စကား ပြောဆိုရတာတွေရှိတတ်ပါတယ်။ ကျနော်တို့ နားလည်ထားရမှာက business field ကလူတွေနဲ့ customer တွေက ကျနော်တ်ို့ရဲ့ code implementation ကို စိတ်မဝင်စားကြပါဘူး။ သူတို့ တကယ် စိတ်ဝင်စားတာက အဲ့ဒီ feature တခု ဘယ်လို step by step အလုပ်လုပ်သွားတယ်ဆိုတာပဲ စိတ်ဝင်စားကြတာဖြစ်ပါတယ်။ ဥပမာ တချက်ကြည့်ရအောင်။ ကျွန်တော်တို့ က Food Panda လို delivery service မှာ order system တခုရေးတယ်ဆိုပါစို့။ ဒါနဲ့ ပက်သက်ပြီး step by step business process အရရှင်းပြသွားမယ်ဆိုရင်

- ဆိုင်အရင်ရွေးမယ်။
- Coupon လေးရှိိရင် apply လုပ်မယ်။
- Order တွက်ငွေပေးချေမယ်။
- Admin ဘက်ကနေ Order approve လုပ်မယ်။
- Delivery ဘက်ကနေ order ကို ဆိုင်က သွားယူမယ်။
- ပြီးရင် order ကို customer ဆီသွားပို့မယ်။
- ပြီးရင်ရောက်သွားပြီဆိုရင် ကျေးဇူးတင်ကြောင်း email လေးတစ်စောင်ပို့မယ်။

ဒီဟာကိုဖတ်ကြည့်မယ်ဆိုရင် technical term ရှုတ်ထွေးတာ ဘာမှမပါပါဘူး။ အဓိက business field က လူတွေ စိတ်ဝင်စားတာ ဒီလို information ပါ။ အဲ့ဒီ အစား CRUD mindset နဲ့ ဒီလို ပြန်ပြောင်းပြောကြည့်ရအောင်။

- Database ထဲက ဆိုင်တွေ အားလုံးထုတ်ပြပြီးရွေးခွင့်ပေးမယ်။
- Coupon လေးကရော database ထဲမှာရှိတဲ့ဟာနဲ့မှန်မမှန်တိုက်စစ်မယ်။
- Order တွက်ငွေပေးချေမို့ payment gateway တခုခုစီ ဆက်သွယ်မယ်။
- Admin ဘက်ကနေ Order approve လုပ်ပြီဆိုရင် order status ကို update လုပ်မယ်။
- ...

ဒါမျိုးသွားရှင်းပြတာမျိုးတွေ အနည်းနဲ့ အများတော့ ကျွန်တော်တို့ developer တွေမှာရှိတတ်ကြပါတယ်။ အဲ့ချိန်ကြရင် ကျွန်တော်တို့ တစ်ဖက်နဲ့ တစ်ဖက် နားလည်ထားတာ တူမတူညှိနေရတာမှာတင်အချိန်ကုန်တတ်ကြပါတယ်။

ဆိုတော့ business field ထဲက လူတွေက technical term တွေလိုက်နားလည်အောင်လုပ်မို့က မလွယ်ပေမဲ့ ကျွန်တော်တို့ developer တွေဘက်က business process တိုင်းရှင်းပြနိုင်အောင်ကြိုးစားရတာက ပိုလွယ်ကူပါတယ်။

အကယ်၍ အဲ့လိုလေးသာ စဉ်းစားတဲ့ ပုံစံကို ပြောင်းနိုင်လာပြီဆိုရင် code ရေးတဲ့ အခါမှာလဲ အများကြီး တိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ code တစ်ပိုင်းချင်းစီက business process နဲ့ အနီးဆက်ဆုံး step by step ရေးနိုင်လာလေလေ developer အချင်းချင်း code ပြန်ဖတ်ရင်လဲ နားလည်ရလွယ်ကူစေသလို team ထဲက business person တွေနဲ့ စကားပြောတဲ့အခါမှာလဲ အများကြီးရှင်းပြရတာပိုလွယ်ကူလာပါလိမ့်မယ်။

ဆိုတော့ ကိုယ်က team ထဲမှာ အလုပ်တွဲလုပ်တဲ့အခါ technical term တွေပဲ အမြဲသုံးပြီး CRUD mindset နဲ့ စဉ်းစားပြီးပြောပြဖြစ်လား ? business logic flow နဲ့ မြင်သာအောင်ပြောဖြစ်လား ? ဒါလေးဖတ်ပြီးသွားရင်တော့ အနည်းနဲ့ အများတော့ developer တွေအနေနဲ့ အကျိုးရှိသွားမယ်ယူဆပါတယ်ခင်ဗျာ။
Matcha.css

တခါတလေ ကိုယ် tech အသစ် တခုခုလေ့လာရင်း css ရေးမို့ အချိန်မပေးချင်တဲ့ ခါ ဒီကောင်လေးကအသုံးဝင်ပါတယ်။

<link rel="stylesheet" href="https://matcha.mizu.sh/matcha.css">

HTML pure နဲ့ရေးထားတဲ့ Project တွေထဲမှာ ဒီ ကောင်လေးကို cdn link ချိတ်ပေးပြီးတာနဲ့ အဆင်အပြေဆုံး ကြည့်လို့ကောင်းတဲ့ design လေးပြင်သွားပေးမှာပဲဖြစိပါတယ်။ HTML Tag တခုစီတွက် အဓိက တော့ styling သတ်မှတ်ပေးထားတာပါပဲ။ ဘာဖြစ်ဖြစ် ဒီကောင်လေးက လေ့လာသူတို့ တွက် တစ်နေရာရာမှာ အသုံးဝင်ကြမယ်လို့ယူဆပါတယ်ခင်ဗျာ။
Laravel Pulse ဆိုတာ ဘာလဲ?

Laravel Pulse ဆိုတာ Laravel Framework ကို အသုံးပြုထားတဲ့ web application တွေကို အချိန်နှင့်တပြေးညီ monitor လုပ်ဖို့ အတွက် တီထွင်ထားတဲ့ tool တစ်ခုဖြစ်ပါတယ်။ Laravel Pulse ကို အသုံးပြုလိုက်တာနဲ့အတူ Application ရဲ့ Performance, Error Logs, Database Queries, Requests, Response Time တို့ကို အလွယ်တကူသူ့ရဲ့ Dashboard ကနေ စစ်ဆေးနိုင်ပါတယ်။

Laravel Pulse ကို သဘောကျမိတဲ့ အချက်တွေဆိုရင်

1. Real-Time Monitoring: Application ရဲ့ လုပ်ဆောင်ချက်တွေကို အချိန်နှင့်တပြေးညီစစ်ဆေးလို့ရတယ်။ အထူးသဖြင့် Production Environment မှာ Application ရဲ့ Status နဲ့ Performance ကို အချိန်နှင့်တပြေးညီကြည့်ရှုနိုင်တာကြောင့် ပြသနာတွေကို user တွေကြုံရတဲ့အခါအချိန်မီ ဖြေရှင်းနိုင်မယ်။

2. Error Tracking: Application မှာဖြစ်ပေါ်တဲ့ Error တွေကို လွယ်ကူစွာတွေ့ရှိပြီး အတိအကျကြည့်ရှုနိုင်တယ်။ Error Messages, Stack Traces, Affected Users အထိ သိရှိနိုင်တာကြောင့် Debugging Process ကို လျှင်မြန်စေတယ်။

3. Database Queries Analysis: Database Queries တွေကို စိစစ်နိုင်ပြီး Slow Queries တွေကို ရှာဖွေထုတ်နိုင်တယ်။ Queries Execution Time, Parameters, Affected Rows စသဖြင့် အချက်အလက်များကို အသေးစိတ်ကြည့်ရှုနိုင်တယ်။

4. Request and Response Tracking: Incoming Requests နဲ့ Outgoing Responses တွေကို အချိန်နှင့်တပြေးညီစစ်ဆေးနိုင်တယ်။ Response Time, Status Codes, Request Payload, Response Body စသဖြင့် အသေးစိတ်အချက်အလက်များကို ကြည့်ရှုနိုင်တယ်။

Laravel Pulse က Laravel Application တွေရဲ့ Performance နဲ့ Stability ကို အတည်ပြုရန်အတွက် အလွန်အသုံးဝင်တဲ့ tool တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ CreativeCoder မှာလဲ User တွေတွက် အကောင်းဆုံးဖြစ်အောင် စထည့်သုံးထားဖြစ်ပါတယ်ခင်ဗျာ။
JavaScript ကိုအခြေခံကျကျ လေ့လာလိုသူတွေအတွက် Creative Coder ရဲ့ Free Class

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

မကြာခင်မှာ Creative Coder ရဲ့ learning platform မှာ Javascript ရဲ့အရေးကြီးတဲ့ အပိုင်းတစ်ခုဖြစ်တဲ့ Document Object Model တွေအကြောင်းကို လေ့လာလို့ရတော့မှာဖြစ်ပါတယ်။ 

JavaScript DOM ဟာ web development အတွက် အရေးကြီးတဲ့ နည်းပညာဖြစ်ပါတယ်။ DOM ဟာ HTML, XML ဒါမှမဟုတ် XHTML စာရွက်စာတမ်းတွေကို အသုံးပြုပြီး browser မှာ ပြသနိုင်ဖို့အတွက် အခြေခံပုံစံတစ်ခုကို ဖန်တီးပေးပါတယ်။ DOM ရဲ့ ဖွဲ့စည်းပုံကို tree structure အဖြစ် ရေးဆွဲပေးပြီး JavaScript ကနေ user တွေအနေနဲ့ ဒီ structure ကို အလွယ်တကူ ပြုပြင်နိုင်မှာပဲဖြစ်ပါတယ်။

DOM အတန်းလေးကိုတက်ရောက်ဖို့အတွက်ဆိုရင်တော့ Basic Javascript နဲ့ပတ်သက်ပြီး သိရှိထားဖို့လိုအပ်ပါတယ်။ 
ဒီအတန်းလေးကို JavaScript Programming Course တက်ရောက်ထားတဲ့သူတွေက အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဒီအတန်းလေးမှာပါ၀င်သွားမယ့် Course Outline တွေကတော့ 

👉DOM Selector
👉Manipulating HTML element
👉 Adding Event Listener in HTML element
👉Creating html element with JS
👉  Mini todo project

Creative Coder ရဲ့ထုံးစံအတိုင်းသေချာတတ်မြောက်သွားစေဖို့ လက်တွေ့ project တွေကိုပါထည့်သွင်းပေးထားပါတယ်။ 

ကဲ.. DOM ကိုလေ့လာတော့မယ် Developer ကြီးတို့ကို Creative Coder ကစောင့်မျှော်နေပါပြီနော် 👀
❝PHP 𝐋𝐚𝐫𝐚𝐯𝐞𝐥 𝐙𝐨𝐨𝐦 𝐂𝐥𝐚𝐬𝐬 𝐁𝐚𝐭𝐜𝐡 (7) ကို Discount နဲ့ အပ်နှံလို့ရနေပါပြီ 💯🥳

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

📝 backend ပိုင်းကိုကျွမ်းကျင်စွာတတ်မြောက်လိုသူတွေ
📝 PHP အခြေခံမှစတင်ပြီးသင်ကြားလိုသူတွေ
📝 Real world project တွေနဲ့အတူတကွ လေ့ကျင့်ချင်သူတွေ
📝 Error တွေ issue တွေကို One one one Mentorship ပုံစံ ဖြေရှင်းပေးမှုကိုလိုချင်သူတွေ
📝 Instructor နဲ့အတူဆွေးနွေးရင်းသင်ကြားချင်သူတွေအတွက်

လက်လွှတ်မခံသင့်တဲ့ အတန်းလေးဖြစ်တဲ့အပြင် Review ကောင်းတွေပဲရရှိထားတဲ့ Laravel Zoom Class လေးက Discount လေးနဲ့ပြန်လည်ရောက်ရှိလာပါပြီ။

*ကျောင်းသား (၄၀) ဦးသာ လက်ခံသွားမှာဖြစ်ပါတယ်*

📝သင်တန်းမှာဘာတွေသင်ကြားပေးသွားမှာလဲ ?

ဒီသင်တန်းလေးမှာဆိုရင် PHP Basic ကနေစပြီး Laravel Framework ကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်တဲ့အထိ project တွေပြုလုပ်နိုင်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒါတွေအကုန်လုံးကို Zoom Live Session နဲ့သင်ကြားရမဲ့အပြင် သင်ကြားနေစဉ်အတွင်းနားမလည်တာတွေ ဆွေးနွေးချင်တာတွေကိုပါ ဆရာနဲ့အတူတူ ဆွေးနွေးလို့ရဦးမှာဖြစ်ပါတယ်။

📝သင်တန်းကြေးအနေနဲ့ကတော့၂သိန်း၅သောင်းကျပ်ဖြစ်ပါတယ်။
ပထမဦးဆုံးလာအပ်တဲ့ early bird ကျောင်းသား (၁၀) ဦးကတော့ 2သိန်းကျပ်တည်းနဲ့ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

သင်တန်းကြေးကိုလည်း Creative Coder ရဲ့ထုံးစံအတိုင်း နှစ်ခါခွဲသွင်းလို့ရပါတယ်။
ဒါ့အပြင် တစ်ခါအပ်ပြီးတာနဲ့ နောက် Batch တွေလည်း သင်တန်ကြေးလုံး၀ (လုံး၀) ပေးစရာမလိုဘဲထပ်ပြီး တက်လို့ရပါသေးတယ်နော် 👀

ဒီ Laravel Zoom Class လေးရဲ့ထူးခြားချက်သုံးခုကတော့

💯 တစ်ခါအပ်နှံပြီးတာနဲ့ ကိုယ်ကစာနားမလည်သေးရင်ဖြစ်စေ / အကြောင်းတစ်ခုခုကြောင့်မတက်ဖြစ်ရင်ဖြစ်စေ နောက် သင်တန်းတွေကို အခမဲ့ ဘယ်နှစ်ကြိမ်ဖြစ်စေ ပြန်လည်တက်ခွင့်ရှိပါတယ်။

💯 နောက်တစ်ခုကတော့ online ကနေ face to face သင်တာဖြစ်ပေမယ့်လည်း ကျောင်းသားတွေဆီမှာ issue တွေ error တွေပေါ်လာခဲ့လို့ရှိရင် ချက်ချင်းကျွန်တော်တို့ဘက်ကနေ meeting နဲ့ထိုင်ရှင်းပေးပါတယ်။

📝 သင်တန်းတစ်ချိန်မတက်မိရင် သင်ခန်းစာတွေကို Record ပြန်ပေးတာလား ?

စာမေးဖို့နဲ့ဆွေးနွေးဖို့အတွက် Messenger Gp ရှိမှာဖြစ်ပြီး သင်တန်းချိန်ပြီးတိုင်းမှာ သင်ပြီးတဲ့ သင်ခန်းစာတွေရဲ့ recording ကို FB gp ထဲမှာပြန်လည်တင်ပေးသွားမှာဖြစ်ပါတယ်။

📝သင်ကြားပေးမဲ့ ဆရာအကြောင်း

👨‍🏫 Course နှစ်ခုလုံးအတွက်သင်ကြားပေးမဲ့ဆရာကတော့ Creative Coder ရဲ့ Founder တစ်ဦးဖြစ်တဲ့ ဆရာ Hlaing Min Than ဖြစ်ပါတယ်။
Foreign Company တွေမှာလုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံရှိသလို Laravel နဲ့လက်ရှိ Project တွေလုပ်နေတာလည်းဖြစ်ပါတယ်။

📝 သင်တန်းအချိန်စာရင်း

အပတ်စဉ် Tuesday, Wednesday & Friday ည 8:30 ကနေ 10:00 အထိသင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင်တန်းစမယ့်ရက်လေးကတော့ ဇွန်လ (၂၁) ရက်ပဲဖြစ်ပါတယ်။

📝သင်တန်းကိုဘယ်ကနေအပ်နှံရမလဲ ?

သင်တန်းကိုအပ်နှံချင်တဲ့သူတွေက page messenger ကိုလာရောက်ပြီးအတန်းအပ်နှံနိုင်ပါတယ်။

သင်တန်းနဲ့ပတ်သက်ပြီး မေးမြန်းချင်တာဖြစ်စေ ၊ သင်တန်းအပ်နှံချင်တာဖြစ်စေ page messenger ကနေဖြစ်ဖြစ် comment ကနေဖြစ်ဖြစ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#creative_coder_myanmar
#laravel
#zoom