Creative Coder Myanmar
1.38K subscribers
547 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
Thank you our 30 K Followers 💕🥳

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

2020 တည်းက စတင်ခဲ့တဲ့ Creative Coder Myanmar ဟာကျောင်းသားမိတ်ဆွေတို့ရဲ့ အားပေးမှုကြောင့် အခုဆိုရင် 30 K Followers အထိရှိလာခဲ့ပြီဖြစ်ပါတယ်။ 

Creative Coder ရဲ့ခရီးစဉ်တစ်လျှောက်လုံး အတူတူရှိနေပေးခဲ့ကြတဲ့ မိတ်ဆွေတွေအားလုံးကို Creative Coder ကအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🥳

နောက်များမှာလည်း ကျောင်းသားတွေအတွက် ဒီ့ထက်ကောင်းမွန်တဲ့၀န်ဆောင်မှုတွေရရှိအောင် ကြိုးစားဖန်တီးပေးမှာမို့ စောင့်မျှော်အားပေးကြပါဦးခင်ဗျာ 🙆

#creative_coder_myanmar 
ကျောင်းသားတွေအတွက် အမြဲအသင့်ရှိနေတဲ့ Creative Coder Myanmar 
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

We are here to support you 🫂
အခုလတ်တလော အခြေအနေတွေကြောင့် ကျောင်းသားတွေအနေနဲ့ အလုပ်အကိုင်တွေ ၊ အခြားလမ်းညွှန်မှုတွေနဲ့ ပတ်သက်ပြီး သိလိုတာတွေကို Creative Coder မှာလာရောက်မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျာ ။

တက်လိုတဲ့သင်တန်းတွေ ၊ အလုပ်အကိုင်တွေအကြောင်းကိုလည်း သေချာရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။

#creative_coder_myanmar
#supoort 
Hackathon အကြောင်း လေ့လာလိုတဲ့ Developer‌ တွေအတွက် 🧑‍💻
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Hackathon ဆိုတာ computer programmers တွေ graphic designer တွေ project manager တွေစတဲ့ IT Field ကလူတွေအပြင် အခြား field ကကျွမ်းကျင်သူတွေ စုပေါင်းပြီး ပြိုင်တဲ့ပွဲတစ်ခုပဲဖြစ်ပါတယ်။ Hackathon ပွဲတွေရဲ့ goal ကတော့ ပွဲအပြီးမှာ team နဲ့အတူ software တစ်ခုဒါမှမဟုတ် hardware တစ်ခုတီထွင်နိုင်ဖို့ပဲဖြစ်ပါတယ်။ 

အချို့ Hackathon ပွဲတွေမှာတော့ specific focus တစ်ခုရှိပြီး ဥပမာ programming language, operation system နဲ့ application ဆိုပြီး ပေးထားတဲ့ ခေါင်းစဉ်အောက်ကနေပြိုင်ရတာမျိုးတွေလည်းရှိပါတယ်။ 
Theme အနေနဲ့ကလည်းတစ်ခုနဲ့တစ်ခုမတူညီနိုင်ဘဲ ဥပမာ environmental ပိုင်းကိုအလေးပေးတာမျိုး ၊ food waste ပိုင်းကို‌အလေးပေးပြီးဖန်တီးရတာမျိုးတွေလည်းရှိပါတယ်။

Hackathon တွေဟာများသောအားဖြင့် 24 hrs နဲ့ 72 hrs အထိကြာတတ်ကြပါတယ်။ Online , Offline နဲ့ Hybrid format တွေနဲ့ပါကျင်းပလေ့ရှိကြပါတယ်။ 

Hackathon တွေဟာ ပြိုင်ပွဲ၀င် participants တွေအတွက် Creative solution တွေရှာလို့ရတဲ့နေရာ ၊ skill အသစ်တွေသင်ယူနိုင်မယ့်နေရာတစ်ခုအဖြစ်ရှိနေပါတယ်။ ဒါ့အပြင် နယ်ပယ်အသီးသီးကလူတွေကို တွေ့ရမှာဖြစ်တဲ့အတွက် network လည်းတစ်ခါတည်းချဲ့ထွင်ပြီးသားဖြစ်စေမှာပါ။


Hackathon တွေမှာ၀င်ပြိုင်ခြင်းဖြင့်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ?
👉 Skill အသစ်တွေသင်ယူနိုင်မယ်။
👉 Networking ကိုချဲ့ထွင်နိုင်မယ်။
👉 Teamwork skill ပိုပြီးတော့ကောင်းလာမယ်။
👉 Career Opportunities တွေအတွက်လည်းအထောက်အကူဖြစ်လာနိုင်မယ်။
👉 Creative Skill ကိုတိုးတက်လာစေမှာလည်းဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့နာမည်ကြီးတဲ့ Hackathon တွေအနေနဲ့ကတော့ 
🧑‍💻 MIT က ကျင်းပတဲ့ HackMIT 
🧑‍💻 Europe မှာအကြီးဆုံး Hackathon တစ်ခုဖြစ်တဲ့ HacZurich
🧑‍💻 Canada ရဲ့အကြီးဆုံး Hackathon တစ်ခုဖြစ်တဲ့ Hack The North 
🧑‍💻 WeAreDevelopers ကနေကျင်းပတဲ့ CODE100 
🧑‍💻 NSM open Hackathon တွေပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ကျောင်းတွေ ၊ organization တွေက‌နေကြီးမှူးကျင်းပတဲ့ Hackathon ပွဲတွေအများကြီးရှိပါတယ်။ 

ကဲ… Developer တို့ရော ပြိုင်ချင်သွားကြပြီလား comment မှာပြောပေးသွားကြပါဦးနော် 👀
Discount နဲ့အပ်နှံနိုင်ဖို့ ကျောင်းသား 3+2 ယောက်သာ ကျန်ရှိပါတော့တယ် 📲

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

One on One meeting service ပေးတဲ့ learning platform အတန်းတွေကို အရမ်းကိုမှ တန်တဲ့ဈေးနှုန်းတဲ့ အပ်နှံခွင့်ရမယ့် ကျောင်းသား(၅) ယောက်ပဲလိုပါတော့တယ်။

Web Development ခရီးစဉ်အတွက်အသင့်တော်ဆုံးဖြစ်မယ့် အတန်းတွေပဲဖြစ်ပြီး “အခုအပ် အခုတက် တစ်ခါအပ်တာနဲ့ တစ်သက်လုံးလေ့လာလို့ရမှာဖြစ်ပါတယ်”

ဒီအတန်းလေးတွေကို Discount နဲ့အပ်နှံနိုင်သေးတာကြောင့် လူမပြည့်ခင် အမြန်လေးလာအပ်ဖို့မမေ့နဲ့နော် ကျောင်းသားတို့ရေ 👀📲

#creative_coder_myanmar
#website 
#classes
Developer ကြီးတွေမှာလည်းအသည်းနှလုံးနဲ့ပါ 😏
အသည်းနှလုံးရှိတဲ့ Developer တွေအတွက် Self Care Tips 

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

နေ့တိုင်းလိုလို laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေကြတဲ့ Developer ကြီးတို့အတွက် ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ဖို့လည်းမမေ့ရအောင် selfcare Tips လေးတွေကိုမျှဝေပေးလိုက်ရပါတယ်။ 

📝 Break ယူဖို့မမေ့ပါနဲ့။

Screen ရှေ့မှာအကြာကြီးထိုင်တာက မျက်လုံးကိုထိခိုက်စေတဲ့အပြင် လူကိုပါ overwhelm ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် screen ကို မိနစ် (၂၀) ကြည့်ပြီးတိုင်း ပေ (၂၀) အဝေးမှာရှိတဲ့ အရာ၀တ္တုတစ်ခုခု(စိမ်းစိုတဲ့ အရာဖြစ်ရင်ပိုအဆင်ပြေပါတယ်) ကို စက္ကန့် (၂၀) လောက်ကြည့်ပေးရင် အညောင်းလည်းပြေစေပြီး မျက်ကြောကိုက်တာတွေကနေလည်းသက်သာနိုင်ပါတယ်။ 
Break ယူတဲ့အတွင်းမှာ လမ်းထလျှောက်တာမျိုး ၊ အညောင်းအညာပြေအောင် လေ့ကျင့်ခန်းလုပ်တာမျိုးတွေလည်းပြုလုပ်နိုင်ပါတယ်။

📝 Workplace ကိုသေချာစီစဉ်ပါ။

Workplace ဟာ ကိုယ်အချိန်အများကြီးနေရတဲ့‌နေရာတစ်ခုဖြစ်တဲ့အတွက် Chair တွေ Monitor တွေကို eye level နဲ့အညီနေရာချပါ။ 

📝ရေများများသောက်ပြီး အစားကိုသေချာစားဖို့ကလည်း အားအင် ပြည့်၀ဖို့အတွက်အရေးကြီးတဲ့ အချက်တွေပဲဖြစ်ပါတယ်။

📝 အိပ်ချိန်ကိုလည်း အနည်းဆုံး ၆ နာရီရှိအောင် လုပ်နိုင်ရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်။

📝 အရေးကြီးတဲ့အချက်တစ်ခုကတော့ personal life နဲ့ work ကြားမှာ စည်းထားထားဖို့ပဲဖြစ်ပါတယ်။ အလုပ်ချိန်အလုပ် ၊ ကိုယ့်အတွက်အချိန်ဆိုပြီးသပ်သပ်ထားရင် stress တွေလည်းနည်းနိုင်မှာပါ။

 Developer ကြီးတို့အတွက် ဒီအချက်လေးတွေက အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ 

Developer ကြီးတို့သိကြတဲ့ အခြား self care tips လေးတွေရှိရင်လည်း sharing လုပ်ပေးသွားကြပါဦးနော် 👀

#developer
#selfcare 
Creative Coder ရဲ့ bi-weekly journal လေးရောက်ရှိလာပါပြီ 👀📝

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

📝လက်ရှိတတ်ရောက်နိုင်တဲ့အတန်းတွေကတော့ learning platform မှာဖွင့်လှစ်ထားတဲ့
👉 Vuejs Course 
👉 Laravel 
👉 React
👉 MERN Stack
👉 Web Deployment Class
👉 Javascript Basic
တွေပဲဖြစ်ပါတယ်။ Website ကနေလေ့လာလို့ရတဲ့အတန်းလေးတွေဖြစ်တာကြောင့် အချိန်မရွေးသင်တန်းအပ်နှံနိုင်မှာပဲဖြစ်ပါတယ်။

📝မကြာခင်ဖွင့်လှစ်တော့မယ့် အတန်းတွေကတော့
👉 Laravel zoom Class
👉 WDF Zoom Class တို့ပဲဖြစ်ပါတယ်။
(ဒီအတန်းတွေကို discount နဲ့ကြိုအပ်ထားလို့ရလည်းရတယ်နော် 👀)

📝 Breaking News အနေနဲ့ ကျောင်းသားတွေရဲ့ zoom အတန်းတောင်းဆိုမှုလေးတွေများလာတာကြောင့် ငါးလပိုင်းအထိ In Class အတန်းတွေအစား Zoom Class တွေကိုဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

📝 Upcoming Update 
Learning Platform ရဲ့မကြာခင်လာတော့မယ့် update အနေနဲ့ 
💯 Student Review Feature 
💯 Learning Platform Filter Path 
💯 FAQ feature တွေပဲဖြစ်ပါတယ်။

ဒီ feature တွေရဲ့ update ကိုအချိန်နဲ့တစ်ပြေးညီသိချင်ရင် Learning Platform Page အသစ်လေးကို like & follow လုပ်ထားဖို့လည်းလိုမယ်နော် 👀

📝Our Support 

Creative Coder အနေနဲ့ကျောင်းသားတွေကို one on one meeting နဲ့ service ပေးတာဖြစ်ပြီးမသိနားမလည်တာတွေကို ချက်ချင်းမေးမြန်းနိုင်မှာလည်းဖြစ်ပါတယ်။ 

ကဲ ဒီနှစ်ပတ်အတွက် update တွေကိုပြောပြပေးသွားပြီးပြီဆိုတော့ နောက်အပတ် journal တွေမှာပြန်တွေ့ကြမယ်နော် 👀
Level Up ချင်တဲ့ Developer တိုင်းအတွက်ရှိထားသင့်တဲ့ အရာတစ်ခု 🆙📈

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer တိုင်း ကိုယ်ရောက်နေတဲ့  level ထက်တစ်ဆင့်တက်ချင်ရင် Visa Card or Bank Card တစ်ခုခုရှိထားသင့်ပါတယ်။ 

Recommend လုပ်ချင်တဲ့ card တွေကတော့ Cloud Service တွေတော်တော်များများမှာ အသုံးပြုလို့ရတဲ့ Aya Jcn card တွေကို ၀ယ်ပြီးစမ်းသင့်ပါတယ်။

Developer တွေအနေနဲ့ code တွေရေးတတ်ရုံ ၊ free hosting တွေကိုပဲ စမ်းသုံးနေရုံနဲ့ တကယ့် real world experience အတွေ့အကြုံတွေကိုမရနိုင်ပါဘူး။ 

ဒါကြောင့် server တွေကို တကယ်၀ယ်စမ်းသင့်တာပဲဖြစ်ပါတယ်။ ဒီအတွေ့အကြုံကနေတစ်ဆင့် ကိုယ်ရောက်ရှိနေတဲ့ level ကိုအများကြီးပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ 

ဒီအကြောင်းတွေနဲ့ပတ်သက်လို့ Creative Coder မှာ မကြာခင် “တစ်ခုခု” လာဖို့ရှိတာဖြစ်လို့ စောင့်ကြည့်ပေးဖို့မမေ့ပါနဲ့ဦးနော် 👀

#creative_coder_myanmar
#delpoyment 
နောက်မကျစေနဲ့ ဗျို့ 📢

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Web Development Foundation အတန်းလေးဟာ ကျောင်းသား (၃) ယောက်ပဲလိုတော့တာဖြစ်ပြီး PHP + Laravel အတန်းကတော့ ကျောင်းသား (၅) ယောက်လိုသေးတာဖြစ်ပါတယ်။

WDF အတန်းတွေဟာ Web Development အကြောင်းဘာမှမသိသေးတဲ့သူတွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး ဘယ်လို framework တွေ language တွေပဲလာလာ စပြီးချည်းကပ်နိုင်အောင်ပြင်ဆင်ပေးထားပါတယ်။ 

PHP Laravel အတန်းတွေမှာတော့ PHP အခြေခံမှစတင်ကာ Laravel Framework ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သည်အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 

သင်ကြားထားတာတွေကို လက်တွေ့အသုံးချတတ်ဖို့ လက်တွေ့ project တွေနဲ့ပါ စုပေါင်းပြီးသင်ကြားပေးမှာဖြစ်ပါတယ်။ 

မသိတာ‌၊ နားမလည်တာတွေမေးမြန်းနိုင်ဖို့အတွက် one on one meeting တွေကိုလည်းစီစဉ်ပေးထားပါတယ်။

ဒီ Zoom Class လေးနှစ်ခုလုံးက လူပြည့်တော့မှာဖြစ်တာကြောင့် အခုပဲ လာရောက်အပ်နှံဖို့ တိုက်တွန်းပါရစေ 👀

#creative_coder_myanmar
#laravel
#zoom
#wdf
Developer တိုင်းအချိန်ကို အကျိုးရှိရှိအသုံးချနိုင်စေဖို့

တစ်ရက်သာကုန်သွားတယ်။ ကိုယ့်ရဲ့အချိန်ကလေ့လာရင်းပဲ ကုန်ဆုံးသွားသလို၊ အခြားဟာလုပ်ရင်းပဲ ကုန်ဆုံးသွားသလို အချိန်ကို ဘယ်မှာဘယ်လိုအကျိုးရှိရှိအသုံးချရမသိဖြစ်နေပါသလား?

✔️ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကိုလည်း အချိန်ဇယားနဲ့တကွ ကြိုတင်တွက်ထားပြီးသားဖြစ်ရမယ်။
✔️ ကိုယ်နေ့တိုင်း ဘာတွေလုပ်ဆောင်ခဲ့လည်းဆိုတာကိုလည်း ပြန်ကြည့်နိုင်ရမယ်။ 

ဒါဆိုရင်တော့ အခု Creative Coder ကနေပြောပြပေးသွားမယ့် Application လေးတွေကိုအသုံးပြုကြည့်စေချင်ပါတယ်။

📲 ပထမတစ်ခုကတော့ Google Calendar ဖြစ်ပြီး page မှာလည်းမကြာခဏ recommend ပေးတဲ့ application တစ်ခုဖြစ်ပါတယ်။ Task တိုင်း Meeting တိုင်းကို ကြိုတင်စီစဉ်ထားနိုင်ပြီး remind ပေးတဲ့ system လေးလည်းပါ၀င်ပါတယ်။ တစ်ကိုယ်ရည်စာအတွက် သုံးနိုင်တာအပြင် လုပ်ငန်းပိုင်းမှာလည်း အသုံးပြုလို့ကောင်းတဲ့ application လေးတစ်ခုဖြစ်ပါတယ်။

https://play.google.com/store/apps/details?id=com.google.android.calendar


📲 Clockify ကလည်း ကိုယ်လုပ်ရမယ့်  task တွေ project တွေပေါ်မူတည်ပြီး အချိန်လေးတွေခွဲပြီးစီစဉ်ထားလို့ရပါတယ်။ ဒီ application မှာဆိုရင် timesheet, report, budgeting လို feature တွေလည်းပါ၀င်ပါတယ်။

👉 https://play.google.com/store/apps/details?id=me.clockify.android



📲 Notion ကတော့ project management အတွက်ရော time management အတွက်ပါ all in one application တစ်ခုလို့ပြောလို့ရပါတယ်။ သူ့မှာ features အစုံအလင်ပါ၀င်ပြီး personal life နဲ့ academic journey စသဖြင့် အပိုင်းခွဲပြီးလည်း သုံးလို့ရပါတယ်။ 

👉 https://www.notion.so/


ကိုယ်ဘာတွေပြီးမြောက်ခဲ့လဲဆိုတာ ပြန်ဆန်းစစ်ကြည့်ပြီး တစ်ပတ်စာ၊ တစ်လစာ task တွေချမှတ်ချင်သူတွေအတွက်ကိုတော့ Project Management Tool လေးတွေကို recommend ပေးချင်ပါတယ်။ 

📲 Software Development Team တွေအတွက် ရည်ရွယ်ထားတဲ့ Jira ကတော့ issue & task tracking tool တစ်ခုအဖြစ် လူသိများပါတယ်။ သူ့မှာ ပါ၀င်တဲ့ features တွေကတော့ 
👉 Assigning Tasks
👉 Tracking Bugs 
👉 Monitoring Progress တွေပါ၀င်ပါတယ်။


https://www.atlassian.com/software/jira


📲 Trello ကလည်း Project Management Tool တစ်ခုပဲဖြစ်ပြီး လုပ်ငန်းမှာ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ task tracking အတွက်အသုံးပြုကြပါတယ်။

 
https://trello.com/

ဒီလို tool တွေကိုအသုံးပြုပြီး ပိုပြီးအလုပ်တွင်ကျယ်အောင် ကြိုးစားနိုင်ကြပါစေလို့လည်း Creative Coder ကဆုတောင်းပေးလိုက်ရပါတယ်။ 

#creative_coder_myanmar
Think like a Programmer or Think like a Business Person ?

ကျွန်တော်တို့ developer တွေအနေနဲ့ online မှာရော အပြင်သင်တန်းတွေမှာရော လေ့လာကြတဲ့အခါမှာ code တွေကို developer တစ်ယောက် programmer တစ်ယောက်လို စဉ်းစားပြီးရေးသားတတ်ကြပါတယ်။

ဒါက beginner တယောက်တွက်နားလည်ရလွယ်ကူစေပြီး လေ့လာရမြန်စေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ တကယ် real world project တွေရေးသားတော့မယ်ဆိုရင် CRUD mindset နဲ့ပဲရေးသားတတ်တာဟာ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတာ နဲနဲလေးမြင်သာအောင်ပြောပြပေးပါမယ်။ တကယ် လက်တွေ့မှာ project တခုရေးသားပြီဆိုရင် team ထဲမှာ Designer တွေ Product Manager,Owner တွေတခြား technical field ထဲကမဟုတ်တဲ့ business field ကလူတွေနဲ့စကား ပြောဆိုရတာတွေရှိတတ်ပါတယ်။ ကျနော်တို့ နားလည်ထားရမှာက business field ကလူတွေနဲ့ customer တွေက ကျနော်တ်ို့ရဲ့ code implementation ကို စိတ်မဝင်စားကြပါဘူး။ သူတို့ တကယ် စိတ်ဝင်စားတာက အဲ့ဒီ feature တခု ဘယ်လို step by step အလုပ်လုပ်သွားတယ်ဆိုတာပဲ စိတ်ဝင်စားကြတာဖြစ်ပါတယ်။ ဥပမာ တချက်ကြည့်ရအောင်။ ကျွန်တော်တို့ က Food Panda လို delivery service မှာ order system တခုရေးတယ်ဆိုပါစို့။ ဒါနဲ့ ပက်သက်ပြီး step by step business process အရရှင်းပြသွားမယ်ဆိုရင်

- ဆိုင်အရင်ရွေးမယ်။
- Coupon လေးရှိိရင် apply လုပ်မယ်။
- Order တွက်ငွေပေးချေမယ်။
- Admin ဘက်ကနေ Order approve လုပ်မယ်။
- Delivery ဘက်ကနေ order ကို ဆိုင်က သွားယူမယ်။
- ပြီးရင် order ကို customer ဆီသွားပို့မယ်။
- ပြီးရင်ရောက်သွားပြီဆိုရင် ကျေးဇူးတင်ကြောင်း email လေးတစ်စောင်ပို့မယ်။

ဒီဟာကိုဖတ်ကြည့်မယ်ဆိုရင် technical term ရှုတ်ထွေးတာ ဘာမှမပါပါဘူး။ အဓိက business field က လူတွေ စိတ်ဝင်စားတာ ဒီလို information ပါ။ အဲ့ဒီ အစား CRUD mindset နဲ့ ဒီလို ပြန်ပြောင်းပြောကြည့်ရအောင်။

- Database ထဲက ဆိုင်တွေ အားလုံးထုတ်ပြပြီးရွေးခွင့်ပေးမယ်။
- Coupon လေးကရော database ထဲမှာရှိတဲ့ဟာနဲ့မှန်မမှန်တိုက်စစ်မယ်။
- Order တွက်ငွေပေးချေမို့ payment gateway တခုခုစီ ဆက်သွယ်မယ်။
- Admin ဘက်ကနေ Order approve လုပ်ပြီဆိုရင် order status ကို update လုပ်မယ်။
- ...

ဒါမျိုးသွားရှင်းပြတာမျိုးတွေ အနည်းနဲ့ အများတော့ ကျွန်တော်တို့ developer တွေမှာရှိတတ်ကြပါတယ်။ အဲ့ချိန်ကြရင် ကျွန်တော်တို့ တစ်ဖက်နဲ့ တစ်ဖက် နားလည်ထားတာ တူမတူညှိနေရတာမှာတင်အချိန်ကုန်တတ်ကြပါတယ်။

ဆိုတော့ business field ထဲက လူတွေက technical term တွေလိုက်နားလည်အောင်လုပ်မို့က မလွယ်ပေမဲ့ ကျွန်တော်တို့ developer တွေဘက်က business process တိုင်းရှင်းပြနိုင်အောင်ကြိုးစားရတာက ပိုလွယ်ကူပါတယ်။

အကယ်၍ အဲ့လိုလေးသာ စဉ်းစားတဲ့ ပုံစံကို ပြောင်းနိုင်လာပြီဆိုရင် code ရေးတဲ့ အခါမှာလဲ အများကြီး တိုးတက်ပြောင်းလဲလာမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ code တစ်ပိုင်းချင်းစီက business process နဲ့ အနီးဆက်ဆုံး step by step ရေးနိုင်လာလေလေ developer အချင်းချင်း code ပြန်ဖတ်ရင်လဲ နားလည်ရလွယ်ကူစေသလို team ထဲက business person တွေနဲ့ စကားပြောတဲ့အခါမှာလဲ အများကြီးရှင်းပြရတာပိုလွယ်ကူလာပါလိမ့်မယ်။

ဆိုတော့ ကိုယ်က team ထဲမှာ အလုပ်တွဲလုပ်တဲ့အခါ technical term တွေပဲ အမြဲသုံးပြီး CRUD mindset နဲ့ စဉ်းစားပြီးပြောပြဖြစ်လား ? business logic flow နဲ့ မြင်သာအောင်ပြောဖြစ်လား ? ဒါလေးဖတ်ပြီးသွားရင်တော့ အနည်းနဲ့ အများတော့ developer တွေအနေနဲ့ အကျိုးရှိသွားမယ်ယူဆပါတယ်ခင်ဗျာ။
Matcha.css

တခါတလေ ကိုယ် tech အသစ် တခုခုလေ့လာရင်း css ရေးမို့ အချိန်မပေးချင်တဲ့ ခါ ဒီကောင်လေးကအသုံးဝင်ပါတယ်။

<link rel="stylesheet" href="https://matcha.mizu.sh/matcha.css">

HTML pure နဲ့ရေးထားတဲ့ Project တွေထဲမှာ ဒီ ကောင်လေးကို cdn link ချိတ်ပေးပြီးတာနဲ့ အဆင်အပြေဆုံး ကြည့်လို့ကောင်းတဲ့ design လေးပြင်သွားပေးမှာပဲဖြစိပါတယ်။ HTML Tag တခုစီတွက် အဓိက တော့ styling သတ်မှတ်ပေးထားတာပါပဲ။ ဘာဖြစ်ဖြစ် ဒီကောင်လေးက လေ့လာသူတို့ တွက် တစ်နေရာရာမှာ အသုံးဝင်ကြမယ်လို့ယူဆပါတယ်ခင်ဗျာ။