Creative Coder Myanmar
1.52K subscribers
590 photos
2 videos
110 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
Beginner တွေအနေနဲ့ ဘယ် Programming Language
စလေ့လာသင့်လဲ ? 🤯

Programming စလေ့လာမယ်ဆိုရင် Beginner
တစ်ယောက်အတွက် အခက်ခဲဆုံးနဲ့ အချိန် အကြာ တတ်ဆုံး အပိုင်းက Language ရွေးချယ်တဲ့ အပိုင်းပဲဖြစ်ပါတယ်။ တကယ်တော့ Programming language မှာ အကောင်းဆုံး Language ဆိုတာ မရှိပါဘူးဗျ။ ကိုယ်လုပ်ချင်တာနဲ့ အသင့်တော်ဆုံး language ပဲရှိပါတယ်။

ဆိုတော့ ကိုယ်ကိုယ်ကို အရင်ဆုံးမေးရမဲ့ မေးခွန်းက Code တွေရေးပြီး ဘာတည်ဆောက်ချင်တာလဲမေးရပါမယ်။

- Web app တွေ website တွေ ဖန်တီးချင်တာလား
- Mobile Application တွေ ဖန်တီးချင်တာလား
- AI & Data တွေနဲ့ Tiktok တို့လို့ Recommendation system တွေဖန်တီးချင်တာလား
- Banking ပိုင်းမှာ သုံးတဲ့ system တွေရေးချင်တာလား စသဖြင့်

ကိုယ်လုပ်ချင်တာ ပေါ်မူတည်ပြီးလေ့လာရမဲ့ Language တွေကွာခြားသွားမှာပဲဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးထဲမှာတော့ Beginner တွေ အတွက် လေ့လာရမဲ့ Language တွေ ရွေးချယ်မို့ အထောက်အကူဖြစ်အောင် မျှဝေ ပေးသွားပါမယ်။

Web Development 🌏
================
Web development ဟာ လူသုံးအများဆုံးနဲ့ Career Opportunities အများဆုံး လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ Web Development ကိုရွေးချယ်မယ်ဆိုရင် "Javascript" က လေ့ကိုလေ့လာရမဲ့ Language တစ်ခုပဲဖြစ်ပါတယ်။

Mobile📱
========
Mobile လို့ပြောလိုက်ပြီဆိုရင် Andriod နဲ့ IOS ၂ခု လုံးတွက် App တွေကိုယ်ကရေးနိုင်မို့ လိုအပ်ပါတယ်။ အခုခေတ်မှာတော့ Framework တစ်ခုတည်းနဲ့ Platform အားလုံးတွက် App ထွက်အောင်ရေးနိုင်ပြီမို့ Cross Platform နည်းပညာတွေက ရွေးချယ်မို့ အသင့်တော်ဆုံးဖြစ်လာပြီပဲဖြစ်ပါတယ်။

Cross platform development တွက်ဆို React Native နဲ့ Flutter ၂ခုရှိပါတယ်။ အခုမှစလေ့လာမဲ့သူဆိုရင် Dart Language ကို လေ့လာပြီး Flutter ကိုဆက်လေ့လာသင့်ပါတယ်။ ဒီနေရာမှာ ကိုယ်က Javascript Background(Web Development) ဘက်က လာတဲ့သူဆိုရင် အားသာချက်တစ်ခုက React Native ကိုရွေးချယ်ပြီး Mobile ကိုဆက်သွားနိုင်ပါတယ်။ ဆိုလိုချင်တာက ကိုယ်က Web ရော Mobile app တွေရော ရေးသားလိုသူဆိုရင် Javascript က အရမ်းအရေးပါတယ်ဆိုတာ သိထားရမှာဖြစ်ပါတယ်။

Data & AI & Machine Learning📊
=======================
Data Analysis, AI, Machine Learning နဲ့ Automation ဘက်ကို စိတ်ဝင်စားတယ်ဆိုရင် ဘာမှ မစဉ်းစားဘဲ Python ကိုသာ စတင်လေ့လာပါ။ Python မှာ AI/Data အတွက် အသင့်သုံးနိုင်တဲ့ Libraries တွေ (Pandas, NumPy, TensorFlow, PyTorch) အများကြီး ရှိပါတယ်။ ကမ္ဘာ့ထိပ်တန်း AI သုတေသနတွေ၊ စနစ်တွေအားလုံးနီးပါးက Python ကို သုံးထားဖြစ်ပါတယ်။ ဒါ့အပြင် Python က Web Development (Backend) မှာလည်း Django, Flask တို့နဲ့ အသုံးပြုပြီး Develop လို့ရပါသေးတယ်။

Enterprise Systems (Banking System) 🏦
============================
ဘဏ်လုပ်ငန်း၊ Telecom (ဆက်သွယ်ရေး) လိုမျိုး တည်ငြိမ်ပြီး၊ လုံခြုံရေးမြင့် မို့လိုအပ်တဲ့ အကြီးစား System တွေ ရေး ချင်တယ်ဆိုရင် ဒီ Language တွေက သင့်တော်ပါတယ်။

Java သို့မဟုတ် 💎 C# (C-Sharp)

Java (Spring Framework) နဲ့ C# (.NET Framework) တို့ဟာ လုပ်ငန်းကြီးတွေ (Enterprises) မှာ နှစ်ပေါင်းများစွာ အားကိုးတကြီး သုံးစွဲလာခဲ့တဲ့၊ အလွန်တည်ငြိမ်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ Language တွေ ဖြစ်ပါတယ်။ မြန်မာပြည်က ဘဏ်တွေ၊ Company ကြီးတွေမှာလည်း အများဆုံး အသုံးပြုကြပါတယ်။ လုပ်ငန်းကြီးတွေ၊ ဘဏ်တွေရဲ့ Backend System တွေကို ရေးချင်ရင် Java သို့မဟုတ် C# က အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

တကယ်လို့ အခုထိမှ ဘာ Language ရွေးချယ်ရမှန်းလဲ မသိဘူး တကယ်ကြီး 😂 ဘာလုပ်ချင်မှန်းလဲ မသိသေးဘူးဆိုရင် ကျွန်တော်ကတော့ Python ကို အကြံပေးပါတယ်။

ဘာလို့လဲဆိုရင် ရေးသားရတဲ့ syntax လွယ်ကူတာကြောင့် အဓိက coding ရဲ့ Logic နဲ့ Problem solving skill ကို လွယ်ကူစွာ သဘောပေါက်နိုင်စေတာကြောင့်ဖြစ်ပါတယ်။ အကယ်၍ Python ကို အခမဲ့ လေ့လာချင်ရင်လဲ Comment မှာ "Python" လို့မန့်ခဲ့ပေးပါ။ ကျွန်တော် message box ကနေ အခမဲ့ လက်ဆောင်လေး လာပေးပါမယ်။

လေ့လာကာစ Beginner တွေ အတွက် အထောက်ကူဖြစ်အောင် Knowledgae Sharing တွေ ၊ Workshop တွေ အများကြီး လုပ်ပေးနိုင်အောင် ထပ်ကြိုးစားသွားပါဦးမယ်ခင်ဗျာ။❤️
9
WDF အတန်းကကျောင်းသားတွေ ဘာပြောခဲ့ကြလဲ?

အရှေ့ကအတန်းတွေမှာ တက်ရောက်ခဲ့ကြတဲ့ကျောင်းသားတွေ Creative Coder ကိုဘယ်လိုမျိုး feedback ပေးခဲ့ကြလဲဆိုတာ အောက်ပါ link မှာ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

#creative_coder
🚀 Git Workshop Registration ပိတ်လိုက်ပါပြီ! ပါဝင်သူ (၁၀၀) အတွက် Workshop မတိုင်ခင် ပြင်ဆင်ထားရမယ့် Software Checklist
ကျွန်တော်တို့ရဲ့ Git & GitHub Free Workshop အတွက် Registration ကို တရားဝင် ပိတ်လိုက်ပါပြီခင်ဗျာ။ စိတ်ဝင်စားမှု တကယ်ကို အားရစရာကောင်းပြီး ပါဝင်တက်ရောက်ဖို့ စာရင်းပေးထားသူ (၁၀၀) ယောက်အထိ အချိန်တိုအတွင်း ပြည့်သွားခဲ့ပါတယ်။ Creative Coder Myanmar ကို ယုံကြည်စွာနဲ့ စာရင်းပေးသွင်းခဲ့ကြတဲ့ Developer တစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်။
ဒီ Workshop ကတော့ လာမယ့် November 15 (စနေနေ့) ည 8:00 PM - 10:00 PM မှာ စတင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် Workshop တက်ရောက်ဖို့ စာရင်းသွင်းထားသူတွေအားလုံး အတန်းနေ့မှာ အဆင်သင့်ဖြစ်နေစေဖို့၊ လက်တွေ့လိုက်လုပ်တဲ့အခါ အချိန်မကုန်စေဖို့ ကြိုတင်ပြင်ဆင်ထားရမယ့် Software Checklist လေးကို သတိပေးပါရစေ။
Workshop မစခင် အောက်ပါ Software တွေကို ကိုယ့်စက်ထဲမှာ ကြိုတင် Install လုပ်ပြီး အဆင်သင့်ဖြစ်မဖြစ် စစ်ဆေးထားဖို့ အရေးကြီးပါတယ်ခင်ဗျာ။ ပထမဆုံးကတော့ ကျွန်တော်တို့ Live သင်ကြားမယ့် Zoom Application ကို အဆင်သင့်ရှိနေဖို့ လိုပါမယ်။ ဒုတိယနဲ့ အရေးအကြီးဆုံးကတော့ "Git" ကိုယ်တိုင်ပါပဲ။ git-scm.com ဆိုတဲ့ Website ကနေ ကိုယ့်ရဲ့ Operating System (Windows/Mac/Linux) နဲ့ကိုက်ညီတဲ့ version ကို ဒေါင်းလုဒ်ဆွဲပြီး Install လုပ်ထားပေးပါ။ တတိယအနေနဲ့ Code တွေရေးသားဖို့ VS Code (သို့မဟုတ်) ကိုယ်ကြိုက်နှစ်သက်ရာ Code Editor တစ်ခုခုကို Install လုပ်ထားရပါမယ်။ နောက်ဆုံးတစ်ခုကတော့ GitHub Account တစ်ခု ကြိုတင်ဖွင့်ထားဖို့ပါပဲ။ Account မရှိသေးသူတွေ github.com မှာ အခမဲ့ အကောင့်တစ်ခု အရင်ဖွင့်ထားပေးပါ။
ဒါတွေအားလုံး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ November 15 ရက်နေ့ညမှာ တွေ့ဖို့ အားလုံးပြင်ဆင်ထားလိုက်ပါတော့။ Workshop တက်ရောက်မယ့် Zoom Link ကိုလည်း အတန်းမစခင် (၁) ရက်အလိုမှာ စာရင်းပေးသွင်းထားသူတွေဆီကို တိတိကျကျ ပို့ပေးသွားမှာဖြစ်လို့ ကိုယ့်ရဲ့ Messenger ကို စောင့်ကြည့်ပေးကြပါဦး။ Developer တိုင်းအတွက် အရေးကြီးဆုံး Skill တစ်ခုကို အတူတူလေ့လာဖို့ စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြိုနေပါတယ်။
#CreativeCoderMyanmar #GitWorkshop #RegistrationClosed #ThankYou #WorkshopPrep
1
🌳 Git Branching ဆိုတာ ဘာလဲ?
Developer တစ်ယောက်အနေနဲ့ Main branch ပေါ်မှာ တိုက်ရိုက် Code ရေးနေတုန်းပဲလား? 😱 ဒါဆိုရင်တော့ အန္တရာယ်များပါတယ်။
Team နဲ့ အလုပ်လုပ်တဲ့အခါ၊ Feature အသစ်တွေရေးတဲ့အခါ မူရင်း Code ကို မထိခိုက်စေဖို့ "Git Branching" ကို မဖြစ်မနေ သုံးတတ်ရပါမယ်။
Parallel Universe တစ်ခုလို အလုပ်လုပ်တဲ့ Git Branching ရဲ့သဘောတရားကို ပုံလေးတွေနဲ့ အဆင့်ဆင့်ရှင်းပြထားပါတယ်။ 👉 Slide တစ်ခုချင်းစီကို ဆွဲကြည့်လိုက်ပါ။
(ဒီ Post ကို Save လုပ်ထားပြီး လက်တွေ့ပြန်စမ်းကြည့်နော်)
#CreativeCoderMyanmar #Git #GitBranching #WebDevelopment #CodingTips #DevGuide
"မနေ့က လေ့လာထားတာ၊ ဒီနေ့ Outdated ဖြစ်သွားပြီ!"

ဟိုနေ့ကပဲ ကျွန်တော့်ရဲ့ Tiktok Video တစ်ပုဒ်အောက်မှာ Developer ညီလေးတစ်ယောက်ရဲ့ Comment လေးကို ဖတ်ကြည့်ပြီး ရယ်မိသွားတယ်။

တကယ်တော့ သူပြောတဲ့ ဟာက မှားတော့လဲမမှားဘူးဗျ။ JS Developer တွေရဲ့ ရင်ထဲက ခံစားချက် အမှန်ပဲဗျ! 😂

သူပြောထားတာကတော့ "Yesterday I learned framework is today outdated" ဆိုတဲ့ သဘောတရားပါပဲ။

Web Development မှာ အထူးသဖြင့် JavaScript Ecosystem ဟာ တကယ်ကို ဒုံးပျံလို အရှိန်နဲ့ အသစ်ထွက်နေတာဖြစ်ပါတယ်။ 🚄 တစ်လတစ်ခါ Update တွေ ထွက်လိုက်၊ ၆ လတစ်ခါ Framework အသစ်ကြီး ပေါ်လိုက်နဲ့...
• Next.js 13 ကို လေ့လာပြီးကာစပဲ ရှိသေးတယ်၊ Next.js 14 က Server Component တွေနဲ့ ဝင်လာပြီ။
• State Management အတွက် Redux ကို အချိန်ကုန်ခံ လေ့လာထားပါတယ်၊ အခု Zustand လိုမျိုး Minimalist State Library တွေက ပိုပြီး ခေတ်စားလာပြန်ပြီ။
• Build Tool အတွက် Webpack ကို Config ချိန်တာနဲ့ပဲ တစ်ပတ်ကုန်ခဲ့ပါတယ်၊ အခု Vite က စက္ကန့်ပိုင်းအတွင်း Build လုပ်ပေးတော့ Webpack ကိုမေ့ကုန်ပြန်ပြီ။ 😥

Beginner တွေရဲ့ ခံစားချက်: "ဟာ! ငါ ခုမှ တက်ထားတာကို ဘာလို့ ပြောင်းသွားရတာလဲ! ဘယ်ကစပြီး လေ့လာရမှန်း ကိုမသိတော့ဘူး!" ဆိုပြီးဖြစ်ကြတာပေါ့။

💡 ဒါဆို ဒီလို အပြောင်းအလဲ မြန်တဲ့ Field ထဲမှာ ဘယ်လို ရပ်တည်မလဲ?

တကယ်တမ်းတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လျှို့ဝှက်ချက် တစ်ခုပဲရှိပါတယ်ဗျ။ အဲ့ဒါကတော့ "အခြေခံ (Fundamentals) ကို ခိုင်မာအောင် လုပ်ပါ" ဆိုတာပါပဲ။

1. Framework တွေကို မစွဲပါနဲ့၊ JavaScript ကို အဓိကလုပ်ပါ: Framework (React, Vue, Next) ဆိုတာ Tool သက်သက်ပါ။ သူတို့က ပြောင်းလဲသွားနိုင်တယ်။ ဒါပေမဲ့ JavaScript Core Concepts (Event Loop, Closure, Prototype, Asynchronous Programming) တွေက ဘယ်တော့မှ အလွယ်တကူ Outdated ဖြစ်သွားမှာ မဟုတ်ဘူး!
2. Why ကို ဦးစားပေးပါ: Framework အသစ်ပေါ်တိုင်း လိုက်ပြောင်းမယ့်အစား "ဘာလို့ သူတို့က ဒီ Tool အသစ်ကို တီထွင်ရတာလဲ?" ဆိုတဲ့ ရည်ရွယ်ချက်ကို စဉ်းစားပါ။ နည်းပညာရဲ့ Purpose နဲ့ Problem-Solving နည်းလမ်းကို နားလည်ထားရင် Tool ပြောင်းတာကို ဂရုစိုက်စရာ မလိုတော့ဘူး။
3. TS ကို လေ့လာမို့ မကြောက်ပါနဲ့: ညီလေးတို့ပြောသလို Type Script က ပထမပိုင်းမှာ ဒုက္ခပေးပေမယ့်၊ Project ကြီးလာတဲ့အခါမှာ Version မကိုက်တဲ့ပြဿနာတွေ၊ Bug တွေကို လျှော့ချပေးမယ့် အကောင်းဆုံး Tool တစ်ခုပါပဲ။

🔑 အနှစ်ချုပ်အနေနဲ့:

JS Developer ဘဝဆိုတာ ရေစီးကြောင်းအတိုင်း လိုက်ပါရတာမျိုးပါ။ သင်စီးနေတဲ့လှေ (Framework) က အသစ်ပြောင်းကောင်း ပြောင်းသွားမယ်။ ဒါပေမဲ့ ရေကူးတတ်တဲ့ အရည်အချင်း (Core JS Knowledge) က သင့်ကို ဘယ်အချိန်မဆို ကယ်တင်နိုင်မှာပါ။

🚀 Js Dev တွေ အတွက် ပေးချင်တဲ့ Moti တစ်ခုကတော့ အပြောင်းအလဲ အသစ်တွေကို စိတ်ပျက်အားငယ်နေမယ့်အစား၊ "ငါက နည်းပညာအသစ်တွေကို အမြဲလေ့လာနေရတဲ့ ကမ္ဘာ့အမိုက်ဆုံး Developer တစ်ယောက်ပဲ!" ဆိုပြီး စိတ်ဓာတ်ခွန်အားယူလိုက်စမ်းပါဗျာ!နောက်ဆို အသားကျသွားပါလိမ့်မယ်။😂❤️

အခုခံစားချက်ကို ကိုယ်ချင်းစာတဲ့ JS Developer လေ့လာသူများလဲ Comment မှာ ကိုယ့်ရဲ့ အဖြစ်အပျက်ကို ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးဗျို့
7
Creative Coder မှာ တက်ရောက်ခဲ့တဲ့ ကျောင်းသားလေး ကောင်းဇင်သူ ကိုယ်တိုင် ရေးဆွဲပေးထားတဲ့ Real Client Project လေးတစ်ခုဖြစ်တဲ့ Bright Eng Academy (https://brightengacademy.com/) Website လေးနဲ့ မိတ်ဆက်ပေးပါရစေ။
 👏 Web Development အခြေခံကနေစတင်လေ့လာခဲ့ပြီး အခုဆိုရင် လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ၊ ကိုယ်ပိုင် Client Project တွေ လက်ခံရေးဆွဲနိုင်တဲ့အထိ ကျွမ်းကျင်တတ်မြောက်သွားပြီဖြစ်လို့ ဆရာတစ်ယောက်အနေနဲ့ အထူးပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ 
မိတ်ဆွေတို့အနေနဲ့လည်း ဒီလိုမျိုး ကိုယ်ပိုင် Website တွေကို လက်တွေ့ရေးဆွဲနိုင်ဖို့အတွက် WDF (နေ့ခင်းတန်းသစ်) ကို လာမယ့် December 6 ရက်နေ့၊ စနေ၊ တနင်္ဂနွေ နေ့ခင်း (၁:၃၀ မှ ၃:၃၀) အချိန်မှာ စတင်ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်။ အခုဆိုရင် လက်ခံမယ့်ဦးရေရဲ့ ထက်ဝက်နီးပါး စာရင်းပေးသွင်းထားပြီးဖြစ်လို့ နေရာမပြည့်ခင် အမြန်ဆုံး စာရင်းပေးသွင်းပြီး ကိုယ့်ရဲ့ Web Development ခရီးလမ်းကို စတင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
ကျန်ရှိနေတဲ့ နေရာတစ်နေရာကို အမြန်ဆုံးရယူဖို့ Page Messenger 👉🏻 m.me/creativecodermm 👈🏻 မှာ "WDF" လို့ ပို့ပြီး အခုပဲ ဆက်သွယ်လိုက်ပါ။
သင်တန်းအကြောင်းကို အောက်ပါ link မှာ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။
( https://www.facebook.com/share/p/1Co7mqPn5H/)

#CreativeCoderMyanmar #StudentShowcase #WebDevelopment #WDF #Batch10 #ClientProject #RealWorldSkills
1
Git & Github Free Workshop လေးစနေပြီနော် စိတ်ဝင်စားရင် လာတက်လို့ရပါတယ်ဗျ❤️🚀

Topic: Git & GitHub Workshop
Time: Nov 15, 2025 08:30 PM Rangoon
Join Zoom Meeting

https://us06web.zoom.us/j/6434765913?pwd=sz57U2Q6kN0baxnlb6NWuoCfQyP3Gb.1&omn=81753964396

Meeting ID: 643 476 5913
Passcode: 775149
5
Git & GitHub Workshop မှာ ကျောင်းသား (၁၀၀) ကျော်တောင် ပါဝင်တက်ရောက်ခဲ့ကြလို့ တကယ်ကို အားရစရာကောင်းတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ 🔥💻

နည်းပညာကို စိတ်ဝင်စားပြီး တက်ကြွတဲ့ လူငယ်တွေနဲ့အတူ Knowledge Sharing လုပ်ခွင့်ရခဲ့တာ အရမ်းကို ဝမ်းသာစရာပါ။ ပါဝင်ပေးကြတဲ့သူ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

ဒီတစ်ခေါက် မမီလိုက်တဲ့သူတွေအတွက်လည်း သတင်းကောင်းလေးရှိပါတယ်... 🤫

မကြာခင်မှာ နောက်ထပ် Workshop အသစ်တစ်ခု ထပ်လာဖို့ရှိတာမို့ Page ကို စောင့်မျှော်ပေးကြပါဦးနော်။ 🚀

#GitGitHubWorkshop #TechCommunity #KnowledgeSharing #ComingSoon
3