Creative Coder Myanmar
1.52K subscribers
590 photos
2 videos
110 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
❝𝐖𝐃𝐅 𝐁𝐚𝐭𝐜𝐡 𝟏 က 𝐅𝐞𝐞𝐝𝐛𝐚𝐜𝐤 တွေရပြီ‌ဗျို့ 🎉🥳
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

ကဲ Developer ဖြစ်ချင်တဲ့သူတွေအတွက် အခြေခံကနေစပြီး သင်ပေးထားတဲ့အတန်းလေးကကျောင်းသားကျောင်းသူတွေရဲ့ feedback လေးတွေကိုအောက်မှာကြည့်ရှုနိုင်ပါတယ်။

Batch 1 ကျောင်းသားတွေရဲ့ feedback တွေကနေတစ်ဆင့်လည်းလိုအပ်တာတွေကိုကြိုးစားဆောင်ရွက်ပြီးဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။

Instructor နဲ့တိုက်ရိုက်သင်ယူရမဲ့အပြင်တန်းလေးဖြစ်ပြီး ထိထိရောက်ရောက်သင်လို့ရအောင်
တစ်တန်းမှာကျောင်းသား ၁၅ ယောက်ပဲလက်ခံထားတာဖြစ်ပါတယ်။

ဒါ့အပြင်ကျောင်းသားတွေ ၊ အလုပ်တစ်ဖက်နဲ့မအားလပ်တဲ့သူတွေအတွက်လည်း တက်ရောက်နိုင်အောင် Weekend / Weekday ဆိုပြီး အချိန်နှစ်ချိန်ခွဲပေးထားလို့ ကိုယ်အဆင်ပြေတဲ့အချိန်ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

သင်တန်းအကြောင်းအရာအသေးစိတ်လေးကိုဒီမှာကြည့်ပါ 👇

https://m.facebook.com/story.php?story_fbid=685096980323906&id=100064708297617&mibextid=Nif5oz

သင်တန်းအပ်ချင်တယ်ဆိုရင်တော့ page messenger ကိုလာရောက်ပြီးဖြစ်စေ ရုံးကိုကိုယ်တိုင်လာရောက်ပြီးဖြစ်စေမေးမြန်းနိုင်ပါတယ်။

Office Address - ၅၄လမ်း ၊ No 75,77, 3လွှာ (မြေညီပါ) ၊ ဗိုလ်တစ်ထောင်မြို့နယ် ဖြစ်ပါတယ်။
ရုံးချိန် ကိုးနာရီခွဲမှ ညနေငါးနာရီအတွင်းလာရောက်ပြီးမေးမြန်းနိုင်ပါတယ်။

#creative_coder_myanmar
#website
#foundation
❝သင့်ရဲ့ 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 ခရီးစဉ်အစအဆုံးကို 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐂𝐨𝐝𝐞𝐫 မှတာ၀န်ယူပါရစေ❞

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Web Development နယ်ပယ်ထဲကို၀င်လာချင်ပေမဲ့ ဘယ်ကစရမလဲမသိလို့စိတ်ပူနေတာလား?

အခြေခံတွေရပြီးပေမဲ့ ဘာတွေဆက်လေ့လာရမလဲ‌မသိလို့ခေါင်းရှုပ်နေပါသလား ?

ဒီလိုဆိုရင်မပူပါနဲ့ 😉

Creative Coder ရှိနေပါပြီ ။

အခုဆိုရင် Creative Coder မှာ Learning Platform Website ကနေလေ့လာလို့ရနိုင်မဲ့ video class ‌တွေ zoom class တွေနဲ့ အပြင်တန်းတွေလည်းဖွင့်လှစ်ထားရှိပါတယ်။

Developer ခရီးစဉ်စဖို့အတွက်အသင့်တော်ဆုံး roadmap လေးကိုဒီမှာကြည့်လိုက်ပါ 👇

https://creativecodermm.com/path

📝𝐖𝐞𝐛 𝐃𝐞𝐬𝐢𝐠𝐧 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐚𝐬𝐬

Creative Coder ကအခြေခံစပြီးသင်ယူချင်တဲ့သူတွေအတွက် Web Design Foundation Basic Class လေးကို ဖွင့်လှစ်ထားရှိပါတယ်။

HTML/CSS နဲ့ Tailwind CSS တို့ကိုအခြေခံအနေနဲ့သင်ပေးသွားမှာဖြစ်ပြီး ဆရာနဲ့အတူလက်တွေ့ပြုလုပ်ရမဲ့ project တွေနဲ့ ကိုယ်တိုင်ပြုလုပ်ရမဲ့ project တွေကိုလည်းထည့်သွင်းပေးထားပါတယ်။

ဒီအတန်းလေးကလူပြည့်တော့မှာမလို့ အပ်ချင်သေးတယ်ဆို အပ်လို့ရပါသေးတယ်။

https://m.facebook.com/story.php?story_fbid=685096980323906&id=100064708297617&mibextid=Nif5oz

📝𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 𝐁𝐚𝐬𝐢𝐜 𝐰𝐢𝐭𝐡 𝐉𝐚𝐯𝐚𝐬𝐜𝐫𝐢𝐩𝐭

အခြေခံပြီးသွားတဲ့သူတွေအနေနဲ့တော့ Basic Javascript အတန်းလေးကိုပဲတက်ပြီး Fronted ပိုင်းဖြစ်တဲ့ Vue နဲ့ React ကိုပဲသွားမလားဆိုပြီးရွေးစရာရှိပါတယ်။ အခြေခံ concept တွေပိုင်နိုင်အောင်သင်ကြားပေးထားတာဖြစ်ပြီး Web Development နယ်ပယ်ထဲ၀င်ဖို့အရေးကြီးတဲ့ဒုတိယခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။

https://creativecodermm.com/courses/programming-basic-with-javascript/chapter-1/lesson-1

📝𝐆𝐢𝐭 & 𝐆𝐢𝐭𝐇𝐮𝐛 𝐁𝐚𝐬𝐢𝐜 𝐭𝐨 𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 𝐂𝐨𝐮𝐫𝐬𝐞

Developer တို့အနေနဲ့ project တွေရေးတယ် Team နဲ့အလုပ်လုပ်တော့မယ်ဆိုရင်လိုအပ်လာမှာဖြစ်တဲ့ Version Control System တစ်ခုဖြစ်တဲ့ Git & GitHub ကို Beginner level ကနေစတင်ပြီး Intermediate Level အထိဒီအတန်းလေးမှာသင်ကြားရမှာဖြစ်ပါတယ်။

ဒီအတန်းလေးကိုတော့ အခမဲ့လေ့လာနိုင်ပါတယ်။

https://creativecodermm.com/courses/git-&-github-absolute-basics/chapter-1/lesson-1

https://creativecodermm.com/courses/git-and-github-intermediate/chapter-1/lesson-1

📝 𝐉𝐒+ 𝐕𝐮𝐞 + 𝐅𝐢𝐫𝐞𝐛𝐚𝐬𝐞 𝐂𝐨𝐦𝐛𝐨 𝐏𝐚𝐜𝐤𝐚𝐠𝐞

JS basic ကနေစပြီး Vue ကို Advanced Level အထိသင်ကြားပေးသွားမှာဖြစ်ပါတယ်။ Backend Firebase နဲ့ပေါင်းပြီးသင်ကြားပေးသွားမှာလည်းဖြစ်တဲ့အတွက် project တွေအများကြီးလုပ်ရမှာလည်းဖြစ်ပါတယ်။

https://creativecodermm.com/courses/js-vue-firebase-combo-package/chapter-1/lesson-1

📝𝐑𝐞𝐚𝐜𝐭+𝐅𝐢𝐫𝐞𝐛𝐚𝐬𝐞 𝐂𝐨𝐦𝐛𝐨 𝐏𝐚𝐜𝐤𝐚𝐠𝐞

ဒီအတန်းမှာတော့ React Library ကို အစက‌နေ
လုပ်ငန်းခွင်၀င်နိုင်တဲ့အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ Bonus အနေနဲ့ Firebase နဲ့တွဲပြီး Project တွေဖန်တီးရေးသားသွားရမှာဖြစ်ပါတယ်။

https://creativecodermm.com/courses/react-firebase-combo-package/chapter-1/lesson-1

📝𝐏𝐇𝐏 𝐅𝐫𝐚𝐦𝐞𝐰𝐨𝐫𝐤 𝐓𝐡𝐢𝐧𝐤𝐢𝐧𝐠

PHP framework အကြောင်းကိုသေချာလေးသင်ပြပေးသွားမဲ့အတန်းလေးဖြစ်ပြီး HTML CSS အခြေခံရှိထားသူတွေပါတက်ရောက်နိုင်မဲ့အတန်းလေးပဲဖြစ်ပါတယ်။

https://creativecodermm.com/courses/php-framework-thinking/chapter-1/lesson-1

📝𝐏𝐇𝐏 +𝐃𝐞𝐞𝐩 𝐃𝐢𝐯𝐞 𝐋𝐚𝐫𝐚𝐯𝐞𝐥

ဒီအတန်းလေးကတော့ Backend ပိုင်းအတွက်အထူးသီးသန့်အတန်းလေးဖြစ်ပြီး PHP langauge နဲ့အတူ Laravel ကိုပါပေါင်းစပ်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။
https://creativecodermm.com/courses/php-and-deep-dive-laravel/chapter-1/lesson-1

📝 𝐖𝐞𝐛𝐬𝐢𝐭𝐞 𝐃𝐞𝐩𝐥𝐨𝐲𝐦𝐞𝐧𝐭 𝐅𝐫𝐨𝐦 𝐒𝐜𝐫𝐚𝐭𝐜𝐡 (𝐋𝐚𝐫𝐚𝐯𝐞𝐥 𝐰𝐢𝐭𝐡 𝐋𝐄𝐌𝐏 𝐬𝐭𝐚𝐜𝐤)

Deployment နဲ့ပတ်သက်ပြီးသိထားသင့်တာလေးတွေကိုသင်ပြပေးသွားမဲ့အတန်းလေးဖြစ်ပါတယ်။ Server,Domain ၀ယ်တာတွေ database HTTPS setup တွေနဲ့ပတ်သက်ပြီးအကုန်လုံးပါအောင်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

https://creativecodermm.com/courses/web-deployment-from-scratch/chapter-1/lesson-1

Basic ကနေစတင်ပြီး deployment stage တွေအထိအတန်းတွေအကုန်လုံးကို Creative Coder မှာရွေးချယ်တက်ရောက်နိုင်နေပါပြီ။

ကဲ အားလုံးပဲ web development နဲ့ပတ်သက်ပြီးလေ့လာချင်ရင် Creative Coder ကိုသာသတိရလိုက်နော် 👀

#creative_coder_myanmar

#website

#development
2
❝Beginner တို့အတွေးမမှားစေဖို့ ဒါတွေဆောင် ဒါတွေရှောင်

°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Web Development နယ်ပယ်ထဲကို စပြီးခြေချမယ်လို့စဉ်းစားနေတဲ့ Beginner လေးတို့အတွက်အတွေးမမှားရအောင် ဆောင်သင့်တာ‌ဆောင်ရှောင်သင့်တာရှောင်ဖို့ ဆက်ဖတ်လိုက်ရအောင် 👀

(၁) ရွေးချယ်မှုပြုလုပ်ပါ။

တစ်ခုခုကိုစလေ့လာဖို့ပြုလုပ်ပြီဆိုထဲက Selfstudy နဲ့သွားမှာလား သင်တန်းတက်ပြီးလေ့လာမှာလားဆိုတာရွေးချယ်ရမှာပါ။ ကိုယ်သွားမဲ့လမ်းကြောင်းကိုဖြောင့်ဖြောင့်တန်းတန်းသိပြီး ဘာဆက်လုပ်ရမယ် ဆိုတာကိုသိတဲ့သူတွေကတော့ သင်တန်းပဲတက်တက် selfstudy ပဲလုပ်လုပ်အဆင်ပြေမှာဖြစ်ပါတယ်။ ဒီလို သိဖို့လည်းမခဲယဉ်းတော့သလို ကိုယ်သိချင်တာတွေကို လျှပ်တစ်ပြတ်အတွင်း သိနိုင်တဲ့ခေတ်ကိုရောက်နေပါပြီ။
ဒီနေရာမှာအကြံပေးချင်တာက ကိုယ်ကအရမ်းကိုစိတ်အားထက်သန်နေတယ်ဆိုရင်တော့ သင်တန်းတစ်ခုခုကိုရွေးချယ်တက်ရောက်ပြီး အချိန်ကိုအကျိုးရှိစွာအသုံးချတာအကောင်းဆုံးပါ။ Selfstudy ကိုတော့ ကိုယ်က Web Development ကိုစိတ်၀င်စားတာမသေချာသေးဘူး စမ်းပြီးလုပ်ကြည့်ချင်တဲ့သူတွေအနေနဲ့ စလုပ်သင့်ပါတယ်။ Selfstudy လုပ်မဲ့ သူတွေကလည်းတိကျသေချာတဲ့ resource တွေ senior တွေကိုချဉ်းကပ်ပြီးသိသင့်တာတွေကိုမေးမြန်းပြီးပြုလုပ်လို့ရပါတယ်။

(၂) Goal တစ်ခုခုချမှတ်ပါ။

တစ်ယောက်နဲ့တစ်ယောက်နဲ့လေ့လာပုံပေါ်မူတည်ပြီး ကိုယ့်ကိုယ်ကိုယ်တစ်ပတ်ကိုဘယ်လောက်လေ့လာမယ် ဆိုပြီး goal ချမှတ်ထားပါ။ ဒီလိုသတ်သတ်မှတ်မှတ်လုပ်ထားခြင်းက ကိုယ်ဘာတွေလေ့လာထားပြီးပြီလဲဆိုတာကိုပြန်ကြည့်ရတာလည်းလွယ်ကူစေပါတယ်။

(၃) မသိတာရှိရင်ရှာဖွေမေးမြန်းပါ။

ရှာဖွေမေးမြန်းဆိုတဲ့နေရာမှာ မသိတာတစ်ခုခုရှိတာနဲ့ပထမဆုံး ကိုယ့်ဘာသာရှာဖွေတတ်တဲ့ အကျင့်ကိုလုပ်ထားပါ။ ပြီးရင်တော့ ကိုယ်နားလည်ထားတာက ဒီလိုမျိုးဟုတ်လား မှန်လားဆိုတာကို Senior တွေကိုမေးဖို့ မကြောက်ပါနဲ့ ။

(၄) လေ့ကျင့်ပါ။

Coding လုပ်တဲ့နေရာမှာ အဓိကကျတာက များများရေးဖို့ပါပဲ။ရေးတယ်ဆိုတဲ့နေရာမှာ ကိုယ်ကဒီနေ့ animation အပိုင်းလေ့လာခဲ့တယ်ဆိုရင် အဲ့တာကို ကိုယ်သိထားသလို
Project ထဲမှာထည့်သုံးပြီးရေးတာဖြစ်ပါတယ်။

(၅) ဆက်သွားပါ။

Beginner တော်တော်များများကတော့ အစပိုင်းမှာခက်တယ်ဆိုပြီး ညည်းကြတာပုံမှန်ပါပဲ။ အရေးကြီးတာက တကယ်သာဝါသနာပါတယ်ဆို နောက်ပြန်လှည့်မသွားဘဲ ပိုကြိုးစားနေဖို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့ Creative Coder Myanmar ကလည်း Beginner တွေသိလိုတာကိုဆွေးနွေးပြောပြပေးဖို့အဆင်သင့်ရှိနေသလို အခြေခံကိုတိကျပိုင်နိုင်စွာသင်ကြားပေးမဲ့ Web Development Foundation အတန်းတွေကိုလည်းဖွင့်လှစ်ထားလျက်ရှိပါတယ်။
ကဲ… Beginner တွေအနေနဲ့လေ့လာရမှာ အခက်အခဲဖြစ်နေတာတွေ၊ သိလိုတာတွေကို အခု Post အောက်မှာ‌မေးမြန်းသွားလို့ရပါတယ် ။
Senior တွေကလည်းကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြန်လည်မျှဝေပေးသွားလို့ရတယ်နော် 👀

#creative_coder_myanmar
#beginner
#web_development