Creative Coder Myanmar
1.38K subscribers
546 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
MERN Stack သင်ယူဖို့အတွက် အကောင်းဆုံး YouTube Channel (၃)ခု


MERN Stack လေ့လာဖို့ အကောင်း‌ဆုံး YouTube channel တွေကိုဖော်ပြပေးလိုက်ပါတယ်။

📝Traversy Media
Brad Traversy ရဲ့ channel ဖြစ်ပြီး Web Development နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အသေးစိတ် သင်ပေးတဲ့ channel တစ်ခုပါ။ Concept တွေကို အခြေခံကနေ နက်နက်နဲနဲ ရှင်းပြပေးပါတယ်။ Project လေးတွေ တကယ်လက်တွေ့ လုပ်ပြီး သင်ပေးတာမို့ လိုက်လုပ်ရတာ လွယ်ကူပါတယ်။ MERN Stack နဲ့ အပြည့်အစုံ Project တွေ လုပ်ပြထားတာမို့ လေ့လာရတာ အဆင်ပြေပါတယ်။ နောက်ဆုံးထွက် features တွေနဲ့ version တွေကို update လုပ်ပြီး သင်ပေးပါတယ်။
ကြည့်သင့်တဲ့ Playlist တွေကတော့
MERN Stack Front To Back
React Crash Course
Node.js API Masterclass
Channel Link >> https://www.youtube.com/traversymedia
📝JavaScript Mastery
Adrian Hajdin ရဲ့ channel ဖြစ်ပြီး modern JavaScript နဲ့ MERN stack project တွေကို အထူးပြုသင်ကြားပေးတဲ့ channel ပါ။Code တွေကို step-by-step ရှင်းပြပေးတာမို့ လိုက်လုပ်ရလွယ်ကူပါတယ်။ Project တွေရဲ့ Design ပိုင်းကိုပါ အလေးထား သင်ကြားပေးပါတယ်။ Project တွေရဲ့ source code ကိုလည်း GitHub မှာ share ထားပေးပါတယ်
Playlist တွေကတော့
Build and Deploy Full Stack MERN Applications
Modern React Tutorials
Advanced MERN Stack Projects
Channel Link >> https://www.youtube.com/@javascriptmastery
📝Net Ninja
Shaun Pelling ရဲ့ channel ဖြစ်ပြီး Web Development နဲ့ပတ်သက်တဲ့ course တွေကို စနစ်တကျ သင်ကြားပေးပါတယ်။ Video တွေက ၁၀-၁၅ မိနစ်လောက်စီပဲ ကြာပြီး point ကျကျ ရှင်းပြပေးပါတယ်။ React, Node.js, MongoDB စတာတွေကို သီးခြားစီ လေ့လာနိုင်ပါတယ်။
အကောင်းဆုံး playlist တွေကတော့
MERN Stack Crash Course
Complete React Tutorial
Node.js Crash Course
Channel Link >> https://www.youtube.com/@NetNinja
#MERN
Laravel Project တွေကို Server ပေါ်တင်ချင်ပေမယ့် ဘယ်ကစရမှန်းမသိ ဖြစ်နေသူတွေအတွက် "Laravel Deployment From Scratch" Course လေးကို မိတ်ဆက်ပေးချင်ပါတယ်။
💰 သင်တန်းကြေး - ၅၀,၀၀၀ ကျပ်
ဘာတွေသင်မှာလဲ?
Server နဲ့ Domain တွေ ကိုယ်တိုင် ဝယ်တတ်အောင်
LEMP Stack (Linux, Nginx, MySQL, PHP) setup လုပ်နည်း
Laravel Project တွေကို Production မှာ Professional ပုံစံ deploy လုပ်နည်း
Queue & Supervisor setup ကနေစပြီး Cron Jobs အထိ
👨‍🏫 သင်ကြားပေးမယ့်သူ Sir Hlaing Min Than
💡 ဘယ်သူတွေတက်သင့်လဲ?
Server အကြောင်း လုံးဝမသိသေးတဲ့သူတွေ
Real World Deployment အတွေ့အကြုံ မရှိသေးတဲ့သူတွေ
PHP Laravel နဲ့ အနည်းငယ် ရင်းနှီးပြီးသားသူတွေ (Laravel မတတ်သေးရင်လည်း Pure HTML/CSS deploy လုပ်နည်းကို သိသွားမှာပါ)


အခြေခံကစပြီး တစ်ဆင့်ချင်း သေချာရှင်းပြပေးမှာပါ
Server, Domain ဝယ်ယူတာကနေ Database, HTTPS setup အထိ အကုန်လုံး cover လုပ်ထားပါတယ်
Real Project example နဲ့ လက်တွေ့ လိုက်လုပ်ရမှာပါ
production level deployment လုပ်နည်းကို professional standard နဲ့အညီ သိသွားမှာပါ
📚 Chapter တွေကတော့:
Project Setup & Droplets
Nginx Server Configuration
Domain Setup
Queue & Supervisor Setup
Crons and Scheduling
တစ်သက်လုံး အသုံးဝင်မယ့် Deployment Skill တွေကို ၅သောင်းတည်းနဲ့ ရယူနိုင်တဲ့ အခွင့်အရေးကို လက်မလွှတ်လိုက်ပါနဲ့!
Course ဝယ်ယူဖို့ နဲ့ အသေးစိတ်သိချင်ရင် creativecodermm.com မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
# creative_coder_myanmar