Creative Coder Myanmar
1.38K subscribers
548 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
Happy Thadinagyut to all of you guys Wish you have peace of mind and fill with joy 🤍
2024 မကုန်ခင် Web Development နဲ့ပတ်သက်ပြီးကျွမ်းကျင်စွာတတ်မြောက်လိုပါက ဒီအတန်းတွေရှိပါမယ်။

သင်တန်းကြေးနှစ်ခါခွဲသွင်းနိုင်ပြီး Instructor နဲ့ face to face သင်ကြားလို့ရနိုင်မယ့် Zoom အတန်းတွေဖြစ်ပါတယ်။

Creative Coder Myanmar ရဲ့ founder ဖြစ်သူ ဆရာလှိုင်မင်းသန်းကိုယ်တိုင်သင်ကြားပေးသွားမယ့်အတန်းနှစ်ခုဖြစ်ပါတယ်။

1 by 1 meeting နဲ့ စာပြန်မေးနိုင်အောင်လုပ်ထားပေးပါတယ်။
Practical ecommerce project ကို real world မှာရေးရသလို အနီးစပ်ဆုံးရေးရင်းသင်ကြားရပါမယ်။
အတန်းတခုကို တစ်ကြိမ်အပ်ဖူးပြီးတာနဲ့ နောက်အတန်းတိုင်း အခမဲ့ ပြန်တက်နိုင်မှာပဲဖြစ်ပါတယ်။
👉 Frontend JS Basic to React Class ( Start Date - October 29, 2024 )

👉 Backend Laravel Class (Start Date - October 28, 2024)

အတန်းအပ်နှံလိုပါက page messenger ကနေတဆင့် အပ်နှံနိုင်ပါပြီ။

#creative_coder_myanmar
Career Path အတွက်အာမခံချက်ပေးထားတဲ့ Creative Coder Myanmar
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder Myanmar မှာ Learning Platform အတန်းကဖြစ်စေ၊ Zoom အတန်းမှာဖြစ်စေ၊ အပြင်အတန်းမှာလာရောက်တက်ဖူးသူပဲဖြစ်စေ (လက်ရှိမှာတော့ကျွန်တော်တို့ အပြင်သင်တန်းလေးတွေပိတ်ထားပါသေးတယ်ခင်ဗျာ)
အသိအမှတ်ပြု Certificate ထုတ်ပေးပါတယ်။

Creative Coder ရဲ့ အတန်းတွေဟာ Web Development အတွက် အခြေခံခိုင်ခိုင်ရသွားစေလိုတာအပြင်၊ Web Development နယ်ပယ်မှာ သင်ယူထားတာတွေကိုလက်တွေ့အသုံးချတတ်ဖို့ရည်ရွယ်ပါတယ်။

Frontend Developer ဖြစ်စေ၊ Backend Developer ဖြစ်စေ၊ Full Stack Developer ဖြစ်စေ ခိုင်မာတဲ့ အခြေခံရသွားစေပြီး လုပ်ငန်းခွင်ဝင်နိုင်ဖို့ရည်ရွယ်ပါတယ်။

Creative Coder ရဲ့ကျောင်းသားဟောင်းတွေဆိုရင်လည်း Internship အခွင့်အရေးရှိပြီး ဒီက‌နေ
အခြားမှာအလုပ်၀င်မယ်ဆိုရင် recommendation letter ပါ ထုတ်ပေးသွားမှာဖြစ်ပါတယ်။


ကဲ.. အခြေခံခိုင်မာဖို့ Creative Coder ကိုရွေးချယ်ကြစို့နော်။

#creative_coder_myanmar
လုပ်ငန်းခွင်အတွက် အသုံး၀င်မယ့် Project တွေကို ထည့်သွင်းထားတဲ့ Laravel & React Class

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

မကြာခင်စတင်တော့မယ့် React & Laravel Class မှာ ပါ၀င်သွားမယ့် Project တွေကလုပ်ငန်းခွင်မှာအသုံး၀င်စေမယ့် E-commerce project တွေပဲဖြစ်ပါတယ်။

👉 Frontend ပိုင်းမှာဆိုရင် React API integration ကိုအသုံးချပြီး
💯 Order Management
💯 Product Management
💯 User Authentication
💯 Product Detail
💯 Product Check and list
💯 Check out အပြင် E-commerce project တွေမှာပါ၀င်မယ့် features တွေကိုအတူတူရေးသွားကြမှာဖြစ်ပါတယ်။

👉 Backend Laravel ပိုင်းမှာဆိုရင်တော့
💯 Order Management
💯 Product Management
💯 User Authentication
💯 Product Detail
💯 Product Check and list
💯 Check out စတာတွေကို backend ပိုင်းမှာ ဘယ်လိုအသုံးချရမလဲဆိုတာတွေနဲ့ ရေးသွားကြမှာဖြစ်ပါတယ်။

သင်တန်းမှာကျောင်းသားတွေနဲ့အတူရေးသွားမယ့် project အသေးစိတ်ကို ဒီ link ကနေကြည့်ရှုနိုင်ပါတယ်။

👉 https://github.com/Creative-Coder-Myanmar/React-ecommerce-api


ဒီလိုလက်တွေ့ project တွေဟာ လုပ်ငန်းခွင်မှာအသုံး၀င်လာမယ့် project တွေဖြစ်တဲ့အပြင်သင်ပြီးတာတွေကိုလက်တွေ့အသုံးချပြီးရေးတာလည်းဖြစ်တာကြောင့် သေချာတတ်မြောက်သွားဖို့အာမခံပါတယ်။

လူအရေအတွက်ကလည်းမကြာခင်ပြည့်မှာဖြစ်တဲ့အတွက် အတန်းလေးတွေကို page messenger ကနေအပ်နှံနိုင်ပါပြီ 🎉

#creative_coder_myanmar
Project Based Tutorial တွေအတွက် YouTube Channel များ 💯

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Project တွေစလုပ်တဲ့အခါ ဘယ်ကစလုပ်ရမှန်းမသိ ကြောင်ပျောက်နေတယ်ဆိုရင်တော့ ဒီ video tutorial လေးတွေကနေတဆင့် လိုက်လုပ်ကြည့်သင့်ပါတယ်။

Project တွေလုပ်တယ်ဆိုတာ ကိုယ်သင်ယူထားတာတွေကို လက်တွေ့အသုံးချလို့ရနိုင်မယ့် အခွင့်အရေးလည်းဖြစ်ပြီး ကိုယ့်ရဲ့ portfolio မှာချပြနိုင်မယ့် project တွေအတွက် skill ကိုတိုးတက်အောင်လေ့ကျင့်တာလည်းဖြစ်ပါတယ်။

ဒီ video လေးတွေကနေတဆင့် ကိုယ်နဲ့သက်ဆိုင်တဲ့ tutorial တွေကိုကြည့်ပြီးလေ့ကျင့်နိုင်ပါတယ်။

YouTube Channel တွေအကြောင်းကို ပုံတစ်ပုံချင်းစီမှာဖတ်ရှုနိုင်ပါတယ်။

#creative_coder_myanmar
📝 Online Tutorial

ဒီ channel လေးမှာတော့ Web Development အတွက် beginner level ကနေ ‌advanced အထိ ခေါင်းစဉ်စုံစုံလင်လင်ပါ၀င်ပြီး beginner တွေအတွက်သင့်တော်ပါတယ်။

>>> https://www.youtube.com/channel/UCbwXnUipZsLfUckBPsC7Jog


📝 giffpathch

ဒီ channel လေးမှာတော့အထူးသဖြင့် Scratch နဲ့ game development နဲ့ပတ်သက်တဲ့ tutorial တွေပိုပြီးများပါတယ်။ သူ့ရဲ့တမူထူးခြားပြီး engaging ဖြစ်တဲ့တင်ဆက်ပုံကြောင့်လည်း နာမည်ကြီးနေတာဖြစ်ပါတယ်။ HTML, CSS, Javascript နဲ့ပတ်သက်တဲ့ tutorial တွေလည်းဒီ channel မှာရှိပါတယ်။

>>>> https://www.youtube.com/user/griffpatch


📝 RootSaid - Robotics, Electronics & Technology

ဒီ channel မှာ များသောအားဖြင့် robotics နဲ့ electronic နဲ့ပတ်သက်တဲ့အကြောင်းတွေပဲတွေ့ရများပေမယ့် သူတို့ရဲ့ Web Development နဲ့ပတ်သက်တဲ့ tutorial တွေ၊ project တွေကလည်းစိတ်၀င်စားဖို့ကောင်းတာကြောင့် ဒီ channel လေးကိုလည်း recommend လုပ်လိုက်ရပါတယ်။

>>>> https://www.youtube.com/channel/UCEwYcyiJHW2GqPJW7cdnjJg


📝 ProjectManager

Developer တွေအတွက်မရှိမဖြစ်လိုအပ်မယ့် Productivity tools တွေအကြောင်း project management တွေအကြောင်းကို ဒီ channel မှာပြောပြထားပေးပါတယ်။

>>> https://www.youtube.com/user/projectmanagervideos



📝 GreatStack

Full-stack development နဲ့ပတ်သက်တဲ့ tutorial တွေကိုကြည့်ရှုနိုင်ပြီး Web Development နဲ့ဆိုင်တဲ့ topic တွေတော်တော်များများ cover ဖြစ်တာကိုတွေ့ရမှာပါ။

>>> https://www.youtube.com/channel/UCkjoHfkLEy7ZT4bA2myJ8xA
Creative Coder မှသည် လုပ်ငန်းခွင်ဆီသို့ 💯

Creative Coder မှာသင်တန်းတက်ပြီး အလုပ်ရသွားတဲ့ ကျောင်းသားကိုလည်း Congratulations ပါလို့ပြောချင်ပါတယ်။

ကျောင်းသားတွေအတွက် ဒီ့ထက်ကောင်းတဲ့သင်ခန်းစာတွေ၊ လုပ်ငန်းခွင်အတွက်အသုံး၀င်မယ့်အတွေ့အကြုံတွေကို မျှဝေပေးနိုင်ဖို့ ဒီ့ထက်ပိုကြိုးစားသွားပါ့မယ်ခင်ဗျာ 🎉

#creative_coder_myanmar
Learning Platform Class နဲ့ Zoom Class ဘယ်ဟာရွေးကြမလဲ?

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Creative Coder မှာလက်ရှိတက်ရောက်နိုင်တဲ့ အတန်းပုံစံနှစ်ခုရှိပါတယ်။

Learning Platform အတန်းနဲ့ Zoom အတန်းတွေဖြစ်ပါတယ်။

📝 Learning Platform အတန်းတွေဟာ website ကနေ screencast video တွေနဲ့လေ့လာရတဲ့အတန်းတွေဖြစ်ပြီး အချိန်နေရာမရွေးလေ့လာနိုင်ကာ lifetime access ရရှိမှာဖြစ်ပါတယ်။ သင်ခန်းစာတွေကို download ယူထားနိုင်ပြီး ကိုယ်လိုတဲ့အချိန်ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

📝 Zoom အတန်းတွေကတော့ ဆရာနဲ့တိုက်ရိုက်သင်ကြားရတဲ့အတန်းတွေဖြစ်ပြီး recording ပြန်ပေးသွားမှာဖြစ်ပါတယ်။ တကယ်လို့ကိုယ်ကနားမလည်သေးရင်လည်း နောက် Batch တွေမှာပြန်လည်တက်ရောက်နိုင်ပါတယ်။

Learning Platform အတန်းကိုပဲတက်တက်၊ Zoom အတန်းကိုပဲတက်တက် ရနိုင်တဲ့ service ကတော့ 
စာမရတာ၊ error တက်တာမျိုးတွေအတွက် one on one meeting နဲ့ရှင်းပြပေးတာဖြစ်ပါတယ်။

Learning Platform အတန်းတွေကို အချိန်မရွေးအပ်နှံနိုင်ပြီး အခုလက်ရှိ Zoom အတန်းတွေမှာတော့ Frontend Javascript Basic to React နဲ့ Backend Laravel Class တွေကိုဖွင့်လှစ်ထားရှိထားပါတယ်။

ကိုယ်နဲ့ကိုက်ညီမယ်ထင်တဲ့အတန်းကိုရွေးချယ်အပ်နှံနိုင်ပြီ။

Web Development Journey ကို Creative Coder နဲ့အတူ စတင်လိုက်ပါ။

#creative_coder_myanmar
Creative Coder ရဲ့ Premium Service တွေ 🤔


Creative Coder Myanmar ဟာ Web Development ကိုစိတ်ပါဝင်စားတဲ့လူငယ်တိုင်းအတွက် အကောင်းဆုံးလေ့လာနိုင်ဖို့ ပံ့ပိုးကူညီပေးနေတာဖြစ်ပါတယ်။

Learning Platform က screencast course တွေ Zoom class တွေ၊ free class မျိုးစုံနဲ့လူငယ်တို့ရဲ့ Web Development ခရီးစဉ်မှာ ပါ၀င်အားဖြည့်လျက်ရှိပါတယ်။

Creative Coder Myanmar မှာကျောင်းသားတွေအတွက် ပေးထားတဲ့ အကောင်းဆုံး Service နှစ်ခုကတော့
📝 Learning Platform ကအတန်းတွေဆို တစ်ခါအပ်ပြီး တစ်သက်လုံးတက်နိုင်တာ၊ Zoom Class တွေဆို တစ်ခါအပ်ပြီး မတတ်မြောက်မချင်း (သင်တန်းကြေးလုံး၀ လုံး၀) ထပ်မံပေးစရာမလိုဘဲ ပြန်လည်တက်ရောက်နိုင်တာတွေ ဖြစ်ပါတယ်။

📝Online ကသင်ယူနေရပေမယ့်လည်း Instructor နဲ့နီးနီးကပ်ကပ်ရှိသလို ခံစားရနိုင်ဖို့ စာမရတာ၊ error တက်တာတွေအတွက် one on one meeting service ထားရှိပေးထားတာဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ အချိန်မရွေး စာမေးတာ ပြုလုပ်နိုင်မှာပါ။

Creative Coder Myanmar ကနေ ကျောင်းသားတို့ရဲ့ Web Development ခရီးစဉ်ကို တာ၀န်ယူပါရစေ 🎉

#creative_coder_myanmar
React မှာ Reusable Component တွေဘယ်လိုဖန်တီးကြမလဲ?

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

React application တွေတည်ဆောက်တဲ့နေရာမှာ reusable component တွေဘယ်လိုသုံးရမလဲဆိုတာကြည့်လိုက်ရအောင်။

React ကိုအရင် import လုပ်ပြီး reusable button component ဖန်တီးပါမယ်။

const Button = ({ label, onClick }) => {
return (
<button onClick={onClick}>
{label}
</button>
);
};

ပြီးရင် Main app component ကို define လုပ်မှာဖြစ်ပါတယ်။

function App() {
return (
<div>
<Button label="Click Me" onClick={() => alert('Button Clicked!')} />
<Button label="Submit" onClick={() => alert('Submitted!')} />
</div>
);
}

ပထမဆုံး button မှာ label = “Click Me” ဆိုတာပါပြီး ဒုတိယမှာတော့ button ကိုနှိပ်လိုက်ရင် Button Clicked ဆိုပြီး pop up message လေးပြပေးမှာဖြစ်ပါတယ်။

ဒုတိယ Button မှာဆိုရင် Submit ဆိုတာလေးကိုနှိပ်လိုက်တဲ့အခါ Submitted ဆိုတဲ့ pop up message လေးပေါ်လာမှာဖြစ်ပါတယ်။

Button component ကိုပြန်သုံးလို့ရတာကတော့ props တွေဖြစ်တဲ့ label နဲ့ onclick ပေါ်မှာတည်ဆောက်ထားလို့ဖြစ်ပါတယ်။

Button တွေအများကြီး create လုပ်မယ့်အစားဒီတစ်ခုတည်းကိုပဲ ပြန်သုံးပြီး clean code တွေရေးလို့ရပါတယ်။

နောက်ဆုံးအဆင့်မှာတော့ App Component ကို export ပြန်လုပ်ရင်ရပါပြီ။

export default App;

ဒါဆိုရင် React နဲ့အတူ reusable ဖြစ်တဲ့ component တွေ create လုပ်လို့ရပြီပဲဖြစ်ပါတယ်။

#creative_coder_myanma