Creative Coder Myanmar
1.41K subscribers
563 photos
1 video
103 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
အခုအပ်၊ အခုတက်၊ တသက်လုံးလေ့လာ လို့ရမယ့် Learning Platform အတန်းတွေကို အချိန်‌မရွေးအပ်နှံနိုင်ပါပြီ 💯👀

Learning Platform ကအတန်းတွေကို အချိန်မရွေးလေ့လာနိုငိတာ သိပြီးကြပြီလား??

Learning Platform မှာ Premium Course တွေ Free Course တွေစုံလင်စွာရှိပြီး Certificate ထုတ်ယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ "အခုအပ် အခုတက် တစ်သက်လုံးလေ့လာ" လို့ရအောင်ပြုလုပ်ပေးထားတာကြောင့် လူကြိုက်အများဆုံး အတန်းပုံစံတစ်မျိုးလည်းဖြစ်ပါတယ်။

တက်ရောက်နိုင်တဲ့အတန်းတွေကတော့
📌 Js +Vue + Firebase Course
📌 PHP + Deep Dive Laravel Course
📌 Web Deployment From Scratch Course
📌 MERN Stack
📌 React + Firebase Combo Course
📌 Programming Basic With JavaScript Course
📌 Python From Scratch
📌Git & GitHub Basic Course
📌 Git & Github Intermediate Course
📌 Python From Scratch
📌 Vuex Course
📌 PHP Framework Thinking Course
📌 Websocket 101
📌 Laravel Folio Course တွေပဲဖြစ်ပါတယ်။

အတန်းတွေအကြောင်းကို အသေးစိတ်သိရဖို့အောက်ပါ link ကနေ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://creativecodermm.com/courses

#creative_coder_myanmar
#website
#web_development
September 22, 2024
September 23, 2024
September 23, 2024
September 24, 2024
API အကြောင်းလေ့လာခဲ့ရသမျှ Feedbacks အချို့ 📝

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

၁၆.၉.၂၀၂၄ ကနေ ၁၇.၉.၂၀၂၄ အထိပြုလုပ်ခဲ့တဲ့ API Development with Laravel Free Workshop လေးကို အချိန်ပေးပြီး တက်ရောက်ခဲ့တဲ့ ကျောင်းသူ၊ကျောင်းသားတွေအကုန်လုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

API နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ တော်တော်များများကိုလည်း သိပြီးခဲ့ကြမယ်လို့ထင်ပါတယ်။ 

ဒါကတော့ ကျောင်းသားတွေလေ့လာခဲ့သမျှ အကြောင်းအရာတွေကို ပြောပြထားတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ကျောင်းသားတွေအတွက် လုပ်ငန်းခွင်အတွက် အကျိုးရှိစေမယ့် workshop တွေကိုလည်းမကြာခင်မှာ ပြုလုပ်သွားပေးဖို့ရှိတာဖြစ်လို့ ဘယ် အကြောင်းအရာတွေက ပိုအသုံး၀င်လဲဆိုတာ comment မှာပြောပေးသွားကြပါဦးနော် 👀

Workshop လေးကိုလွတ်သွားတဲ့သူတွေအတွက်လည်း ပြန်ကြည့်လို့ရအောင် recording တင်ပေးထားတာဖြစ်လို့ အောက်ပါ link တွေကနေ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ 

👉Day - 1
https://youtu.be/pNUi7CSczqA
Day - 2
https://youtu.be/ELxP3A5hISs

#creative_coder_myanmar
#api
September 24, 2024
Productive ဖြစ်တဲ့ တစ်ပတ်တာကို ဖြတ်သန်းဖို့ ဒီအချက်လေးတွေ လိုက်လုပ်ကြည့်ပါ 📝 [Developer Edition]

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer တို့အနေနဲ့ productive ဖြစ်တဲ့ တစ်ပတ်တာကို ဖြတ်သန်းဖို့ ဒီအလေ့အကျင့်ကနေစတင်နိုင်ပါတယ်။

👉 ကြိုတင်စီစဉ်ပါ။

ဒီတစ်ပတ်အတွင်း ဘာလုပ်ရမယ်၊ ဘယ်လိုတာ၀န်တွေရှိတယ်၊ ဘယ်နေ့တွေမှာလုပ်ရမယ်ဆိုတာကို ကြိုပြီးစီစဉ်ထားပါ။ ဒီလိုတွေအတွက် Notion ကို recommend ပေးပါတယ်။

👉 Task သေးသေးလေးတွေခွဲပါ။

Trello, Asana စတဲ့ project management tool တွေသုံးပြီး တစ်ပတ်တာအတွက် ပြုလုပ်ရမယ့် task တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အလုပ်လည်းပိုပြီးသလို task တွေလည်းကျန်ခဲ့တော့မှာမဟုတ်ပါဘူး။

👉 Work Habit ကောင်းကောင်းကို ကျင့်သုံးပါ။

အာဟာရရှိတဲ့ အစားအစာတွေစားတာ၊ အိပ်ရေး၀၀အိပ်တာ၊ ရေဓာတ်ပြည့်၀အောင်နေတာ၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာတွေကလည်း productive ဖြစ်စေဖို့အရေးပါပါတယ်။

👉 ကောင်းတဲ့ mindset တွေနဲ့ ကိုယ့်ကိုယ်ကိုယ် motivate ဖြစ်အောင်နေပါ။

Task တစ်ခုပြီးတိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်ဆုချတာမျိုး၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့စိတ်ကို အမြဲထည့်ထားပါ။


ကဲ.. ဒီအချက်လေးတွေကနေတစ်ဆင့် productive ဖြစ်တဲ့ week တစ်ခုကိုစတင်လို့ရပါတယ်။

#creative_coder_myanmar
September 25, 2024
September 25, 2024
September 26, 2024
September 26, 2024
September 27, 2024
September 27, 2024
September 28, 2024
September 28, 2024
September 29, 2024
September 29, 2024
Thank you all for answering the quizzz
September 29, 2024
Inertia ကိုလေ့လာဖို့အတွက် Free Resources 📝

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Inertia ဆိုတာက Single Page Application တွေတည်ဆောက်တဲ့နေရာမှာ api တွေမလိုဘဲတည်ဆောက်လို့ရအောင်ပြုလုပ်ပေးထားတဲ့ modern monolith တစ်ခုဖြစ်ပါတယ်။ Laravel တို့ Vuejs တို့နဲ့တွဲသုံးလို့ရပေမယ့် framework တစ်ခုတော့မဟုတ်ပါဘူး။ Laravel တို့ Vuejs တို့ကိုသုံးပြီး project တွေတည်ဆောက်တဲ့နေရာမှာ SPA တွေပိုပိုလွယ်ကူ အဆင်ပြေစွာတည်ဆောက်နိုင်ဖို့အတွက် Inertia ကိုအသုံးပြုကြပါတယ်။
Inertia က Laravel နဲ့ရော Vue နဲ့ပါချိတ်ဆက်ထားတာမျိုးမရှိပေမဲ့ သူ့ကို Vue နဲ့ Laravel အတွက် adapter အနေနဲ့သုံးလို့ရပါတယ်။ React နဲ့တွဲသုံးမယ်ဆိုလည်း အဆင်ပြေပါတယ်။ သူ့ကို server side framework တွေနဲ့ client side framwork တွေကြားဆက်သွယ်ပေးမယ့် tools လေးတစ်ခုအနေနဲ့ သဘောထားပြီးမြင်ကြည့်လို့ရပါတယ်။

Inertia ကိုသုံးမယ်ဆိုရင် ကျွန်တော်တို့ program ထဲက traditional controllers တွေ routing တွေ middleware နဲ့ authentication တွေ authorization တွေကို ဘာမှပြောင်းလဲစရာမလိုဘဲ အသုံးပြုလို့ရမှာဖြစ်ပါတယ်။
Inertia ကိုအသုံးပြုထားတဲ့ page တစ်ခုမှာကျွန်တော်တို့ button တွေ click ကြည့်တဲ့အခါ ကျွန်တော်တို့ broswer အပေါ်ပိုင်းနားမှာရှိတဲ့ loading tab လေးက တစ်ခုကိုနှိပ်တိုင်း တစ်ခါ loading ပြန်မလုပ်ပါဘူး။ ဒါကို အချို့ website တွေမှာ သတိထားကြည့်မယ်ဆိုရင်တွေ့နိုင်မှာဖြစ်ပါတယ်။
Inertia က SPA တွေရဲ့ loading speed ကိုလည်းပိုပြီးတော့မြန်စေပါတယ်။

Inertia မသုံးထားတဲ့ Website နဲ့သုံးထားတဲ့ Webiste ကိုယှဥ်ကြည့်ကြရအောင် 👀
Developer tools ထဲက network tab ကိုဖွင့်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ click လိုက်တိုင်းမှာ loading လုပ်နေတဲ့ assets တွေကိုတွေ့ရမှာဖြစ်ပါတယ်။ ဥပမာ -Creative Coder website မှာကျွန်တော်တို့ Sign up button လေးကိုနှိပ်မယ်ဆိုရင်တစ်ခါ full reload လုပ်မယ်။ forget password ကိုနှိပ်လိုက်မယ်ဆိုရင်လည်းတစ်ခါ full reload လုပ်မှာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ သိထားတဲ့ SPA တွေရဲ့ပုံစံမျိုးမဟုတ်ပါဘူး။
ဒါဆို Inertia သုံးလိုက်ရင်ရော ဘာတွေပြောင်းလဲသွားမလဲ
ခုနက ကျွန်တော်တို့ sign in ကိုနှိပ်မယ် ပထမဆုံးတစ်ခါ full reload လုပ်မယ်။ ဒါပေမဲ့ နောက်တစ်ခါ forget password ကိုနှိပ်တဲ့အခါ ခုနကထက် speed ပိုမြန်သွားပြီး full reload လည်းလုပ်စရာမလိုဘဲ ခုနက ကျွန်တော်တို့ နှိပ်လိုက်တဲ့အပိုင်းကိုသာ reload လုပ်ပေးသွားမှာဖြစ်ပါတယ်။

SPA တွေဖန်တီးဖို့ဆိုရင် frontend ပိုင်းမှာ routing system တွေလိုအပ်မယ်။ backend ပိုင်းမှာဆိုရင်တော့ api တွေလိုအပ်လာပါလိမ့်မယ်။ ပုံမှန်အတိုင်းဆို router တွေနဲ့ link ချိတ်ထားရတာတွေရှိမယ်။ ပြီးရင်တော့ main component တွေ content တွေရှိပါမယ်။ component တစ်ခုချင်းစီအတွက် route တစ်ခုစီဖန်တီးပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် page တစ်ခုချင်းစီအတွက် ကျွန်တော်တို့ component တစ်ခုချင်းစီဖန်တီးပေးရတော့မှာဖြစ်ပါတယ်။
Inertia ကိုသုံးလိုက်တဲ့အခါမှာတော့ api တွေကိုလည်းအသုံးပြဖို့ မလိုအပ်တော့မှာဖြစ်သလိုပိုမိုလည်းလွယ်ကူသွားစေနိုင်ပါတယ်။
laravel မှာဆိုရင်လည်း Inertia ကိုအသုံးပြုခြင်းဖြင့် api တွေကိုအသုံးပြုဖို့မလိုအပ်တော့ပါဘူး။
Inertia render ကိုသုံးပြီး laravel controller ကနေ Vue page component ကိုတန်းခေါ်နိုင်ပါတယ်။ ဒါက inertia ရဲ့အနှစ်ပါ။လိုတဲ့ data တွေကိုလဲ ပုံမှန် laravel blade view ကို data pass သလို pass ပေးပြီး Vue ဘက်မှာ prop နဲ့တန်းလက်ခံထုတ်ပြန်ိုင်ပါတယ်။
route တစ်ခုစီအတွက် API တစ်ခုချင်းစီကိုလည်း create လုပ်စရာမလိုတော့သလို
Authentication တွေ Authorization တွေကိုလည်း create လုပ်စရာမလိုတော့ပါဘူး။

Inertia ကိုသုံးပြီး data တွေ backend ကနေ frontend ကိုပို့တဲ့နေရာမှာ အလုပ်တွေအများကြီးလုပ်ပေးစရာမလိုတော့ပါဘူး။
အရှေ့မှာပြောခဲ့သလိုပဲ inertia ကိုသုံးပြီး vue component တွေကိုခေါ်ယူအသုံးပြုလို့လည်းရပါတယ်။ ကျွန်တော်တို့ code ရေးတဲ့အခါ quality ကောင်းဖို့လည်းဦးစားပေးရသလို user တွေသုံးရအဆင်ပြေစေဖို့လည်းဦးစားပေးစဥ်းစားရပါတယ်။ Inertia ကိုသုံးပြီး SPA တွေကိုလွယ်ကူစွာ ဖန်တီးနိုင်ပြီး loading လုပ်ရာမှာလည်းပိုပြီးမြန်ဆန်စွာလုပ်ဆောင်နိုင်လာပါပြီ။
ဒါကြောင့် Developer ကြီးတို့က backend နဲ့ frontend ကိုလွယ်လွယ်ကူကူအသုံးပြုလို့ရအောင်ချိတ်ဆက်ပေးတဲ့ tools လေးတစ်ခုလိုအပ်နေတယ်ဆိုရင်တော့ modern monolith လေးဖြစ်တဲ့ Inertia ကအသင့်တော်ဆုံးပါပဲ။ သူက adapter တစ်ခုဖြစ်တဲ့အတွက် Vue နဲ့ lararvel တင်မဟုတ်ဘဲ အခြား framework တွေနဲ့လည်းတွဲသုံးလို့ရပါသေးတယ်။

Inertia ကိုလေ့လာဖို့အတွက် Resource တွေကတော့
👉 https://laravel.com/docs/10.x/starter-kits#inertia

👉 https://github.com/inertiajs/inertia

👉 https://inertiajs.com/

တွေပဲဖြစ်ပါတယ်။

အခြား Developer တွေသိသွားအောင်လည်း sharing လုပ်ပေးဖို့မမေ့ကြနဲ့နော် 👀
October 1, 2024