Creative Coder Myanmar
1.38K subscribers
548 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
အခုအပ်၊ အခုတက်၊ တသက်လုံးလေ့လာ လို့ရမယ့် Learning Platform အတန်းတွေကို အချိန်‌မရွေးအပ်နှံနိုင်ပါပြီ 💯👀

Learning Platform ကအတန်းတွေကို အချိန်မရွေးလေ့လာနိုငိတာ သိပြီးကြပြီလား??

Learning Platform မှာ Premium Course တွေ Free Course တွေစုံလင်စွာရှိပြီး Certificate ထုတ်ယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ "အခုအပ် အခုတက် တစ်သက်လုံးလေ့လာ" လို့ရအောင်ပြုလုပ်ပေးထားတာကြောင့် လူကြိုက်အများဆုံး အတန်းပုံစံတစ်မျိုးလည်းဖြစ်ပါတယ်။

တက်ရောက်နိုင်တဲ့အတန်းတွေကတော့
📌 Js +Vue + Firebase Course
📌 PHP + Deep Dive Laravel Course
📌 Web Deployment From Scratch Course
📌 MERN Stack
📌 React + Firebase Combo Course
📌 Programming Basic With JavaScript Course
📌 Python From Scratch
📌Git & GitHub Basic Course
📌 Git & Github Intermediate Course
📌 Python From Scratch
📌 Vuex Course
📌 PHP Framework Thinking Course
📌 Websocket 101
📌 Laravel Folio Course တွေပဲဖြစ်ပါတယ်။

အတန်းတွေအကြောင်းကို အသေးစိတ်သိရဖို့အောက်ပါ link ကနေ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://creativecodermm.com/courses

#creative_coder_myanmar
#website
#web_development
ကယ် ကျောင်းသားတွေ လာလာမေးနေကျ အခြေခံကနေစတင်တက်ရောက်နိုင်မယ့် Web Development Foundation အတန်းကို Discount တွေနဲ့အခုပဲ အပ်နှံနိုင်ပါပြီ 🎉

Batch (1) to Batch (6) အထိ review ကောင်းများစွာရရှိထားတဲ့ Creative Coder ရဲ့ Web Development Foundation Batch (7) အတန်းလေးပြန်လည်ရောက်ရှိလာပါပြီ။

ဒီသင်တန်းလေးဟာ
👤 တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသွားတဲ့သူတွေ
👤 Web Development ကို စိတ်ပါ၀င်စားသူတွေ
👤 Web Development အခြေခံတွေကို လက်တွေ့ project တွေကတဆင့် လေ့လာချင်သူတွေအတွက် ရည်ရွယ်ပါတယ်။

ရုံးချိန်လွတ်အတန်းလေးဖြစ်တာကြောင့် ကျောင်းတစ်ဖက်၊ ရုံးတစ်ဖက်နဲ့သူတွေလည်း တက်လို့အဆင်ပြေမှာဖြစ်ပါတယ်။

ဒီသင်တန်းလေးမှာဆိုရင် အခြေခံကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားဖို့သာ မဟုတ်ဘဲ ရှေ့ဆက်ပြီး လေ့လာနိုင်ဖို့အတွက် roadmap ကိုပါ တစ်ခါတည်း သင်ကြားပေးသွားမှာပါ။

Web Development ကိုစတင်လေ့လာသူတိုင်း ကြုံတွေရမှာတွေက လေ့လာရမယ့် resource တွေများတာရယ်၊ ဘယ်ကစပြီး လေ့လာရမလဲ မသိတာတွေ ဖြစ်ပါတယ်။

ဒီလို အခက်အခဲတွေကို ‌ဖြေရှင်းပေးဖို့အတွက် Creative Coder ကနေ Beginner Level အတွက် အဆင်ပြေစေမယ့် သင်ရိုးကို ကိုယ်တိုင်ဆွဲထားပြီး သေချာတတ်မြောက်အောင် လက်တွေ့ Project တွေနဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒီ အခြေခံကနေသင်ကြားပေးသွားမယ့် ရုံးချိန်လွတ်အတန်းလေးဟာ
✔️ Zoom Class ဖြစ်တဲ့အတွက် ဘယ်နေရာကနေမဆို တက်ရောက်နိုင်မယ်။
✔️ ပြန်လည်လေ့လာဖို့အတွက် Recording လည်းပေးသွားမှာ ဖြစ်ပါတယ်။
✔️ မသိနားမလည်တာတွေ မေးမြန်းဖို့အတွက် one on one meeting တွေလည်းစီစဉ်ထားရှိပေးထားပါတယ်။

***Creative Coder မှာ အတန်းတစ်ခါအပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်ဖြစ်တာဖြစ်စေ၊ သေချာနားမလည်သေးတာဖြစ်ဖြစ် နောက် ဖွင့်တဲ့ Batch တွေမှာ အခမဲ့ ပြန်လည်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်***

ဒါက Creative Coder ရဲ့ ကျောင်းသားတိုင်းကိုပေးထားတဲ့ service ပဲဖြစ်ပါတယ်။

ဒီသင်တန်းပြီးသွားတဲ့ ကျောင်းသားတွေကို Creative Coder ကနေအာမခံပေးနိုင်တာကတော့
💯 Beginner Level မှာယောင်ဝါးဝါး မဖြစ်တော့ဘဲ လမ်းကြောင်းတစ်ခုကို သေချာရှာတွေ့‌သွားမယ်။
💯 Design ကိုမြင်လိုက်တာနဲ့ code ကိုဘယ်ကစရေးရမလဲဆိုတာ နားလည်သွားမယ်။
💯 ရှေ့ဆက်သွားရမယ့် roadmap ကိုသေချာရှာတွေ့သွားမယ်။
💯 အသုံးပြုရမယ့် tools တွေ Framework တွေကို သိနားလည်သွားမှာ ဖြစ်ပါတယ်။
💯 အဓိကအချက်ကတော့ လက်တွေ့ project တွေနဲ့အတူတူ တွဲပြီးသင်ကြားပေးသွားမှာ ဖြစ်တဲ့အတွက် Project အတွေ့အကြုံပါရရှိသွားမှာ ဖြစ်ပါတယ်။

ဘာတွေသင်ကြားပေးသွားပေးမလဲဆိုတာ ကြည့်လိုက်ရအောင် 👀
ထပ်တိုးသင်ခန်းစာတွေအနေနဲ့ အခြေခံတွေအပြင် Js Basic နဲ့ Reactjs Basic ကိုပါ ထပ်ထည့်ပေးထားပါတယ်။
🔰 HTML
🔰 CSS
🔰 Bootstrap
🔰 Tailwind CSS
🔰 JavaScript
🔰 React Basic တို့ပဲ ဖြစ်ပါတယ်။

သင်တန်းတစ်ခုလုံးမှာ စာသင်ရင်း Instructor နဲ့အတူ လုပ်ရမယ့် project တွေအပြင် ‌သင်တန်းအပြီးမှာ ကိုယ်တိုင်လုပ်ရမယ့် final project တွေနဲ့စုစုပေါင်း project (၁၀) ခုအထိရှိမှာပဲဖြစ်ပါတယ်။

Project အသေးတွေမှာဆိုရင်တော့ card design, table design နဲ့ animation တွေပါ၀င်လုပ်ဆောင်ပေးရမှာဖြစ်ပြီး သင်ပြီးသမျှသင်ခန်းစာထဲက အရေးကြီးတဲ့ သင်ခန်းစာတစ်ခုပြီးတိုင်း စာထဲကဟာကိုလက်တွေ့ အသုံးချလို့ရတဲ့ project တွေပြုလုပ်သွားရမှာဖြစ်ပါတယ်။

Project အကြီးအနေနဲ့ဆိုရင်
👉 HTML / CSS နဲ့တစ်ခု
👉 Bootstrap နဲ့တစ်ခု
👉 Tailwind project

တွေရေးသားရမှာဖြစ်ပါတယ်။

Final Project အနေနဲ့ဆိုရင်တော့ eCommerce site ရေးရမှာဖြစ်ပြီး Project ရဲ့အခြေအနေပေါ်မူတည်ကာ သင်တန်းအောင်မြင်စွာပြီးဆုံးကြောင်း Certificate ထုတ်ပေးသွားမှာပဲဖြစ်ပါတယ်။

ဒီသင်တန်းလေးမှာ အချင်းချင်းဆက်သွယ်နိုင်ဖို့အတွက် Telegram ကိုအသုံးပြုသွားမှာဖြစ်ပြီး စာသင်ကြားဖို့ကတော့ Zoom Application ကိုအသုံးပြုသွားမှာပဲဖြစ်ပါတယ်။

အမှန်တကယ်စာလုပ်ပြီး သင်တန်းပြီးတဲ့အခါ ကျွမ်းကျင်စွာတတ်မြောက်သွားချင်တယ်ဆိုရင်တော့ အခြေခံခိုင်မာဖို့အတွက် Creative Coder မှာ သင့်ရဲ့ web development ခရီးစဉ်ကို စတင်လိုက်ပါ💯

Date & Time - Sat & Sun (10 am to 12 pm )
Duration - 2.5 months
Fee - 300,000 MMK (Early Bird – 250,000MMK)
Platform - Zoom
Start Date - October 19

အတန်းလေးက အောက်တိုဘာလ (၁၉) ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်

Creative Coder ရဲ့ ထုံးစံအတိုင်း Early Bird လာအပ်တဲ့ ကျောင်းသား (၁၀) ယောက်ကို 250,000MMK နဲ့ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

ကျောင်းသားကလည်း အယောက် (၃၀) ပဲကန့်သတ်ထားတဲ့အတွက် မြန်မြန်လေးကြိုအပ်ထားမှ စိတ်ချရမယ်နော်။

Creative Coder နဲ့အတူ Web Development ခရီးစဉ်ကို စတင်ဖို့ အသင့်ဖြစ်ပြီဆိုရင် အခုပဲ page messenger မှာ အတန်းအပ်နှံနိုင်ပါတယ် မိတ်ဆွေတို့ရေ 👀💬

#creative_coder_myanmar
API အကြောင်းလေ့လာခဲ့ရသမျှ Feedbacks အချို့ 📝

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

၁၆.၉.၂၀၂၄ ကနေ ၁၇.၉.၂၀၂၄ အထိပြုလုပ်ခဲ့တဲ့ API Development with Laravel Free Workshop လေးကို အချိန်ပေးပြီး တက်ရောက်ခဲ့တဲ့ ကျောင်းသူ၊ကျောင်းသားတွေအကုန်လုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

API နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ တော်တော်များများကိုလည်း သိပြီးခဲ့ကြမယ်လို့ထင်ပါတယ်။ 

ဒါကတော့ ကျောင်းသားတွေလေ့လာခဲ့သမျှ အကြောင်းအရာတွေကို ပြောပြထားတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ကျောင်းသားတွေအတွက် လုပ်ငန်းခွင်အတွက် အကျိုးရှိစေမယ့် workshop တွေကိုလည်းမကြာခင်မှာ ပြုလုပ်သွားပေးဖို့ရှိတာဖြစ်လို့ ဘယ် အကြောင်းအရာတွေက ပိုအသုံး၀င်လဲဆိုတာ comment မှာပြောပေးသွားကြပါဦးနော် 👀

Workshop လေးကိုလွတ်သွားတဲ့သူတွေအတွက်လည်း ပြန်ကြည့်လို့ရအောင် recording တင်ပေးထားတာဖြစ်လို့ အောက်ပါ link တွေကနေ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ 

👉Day - 1
https://youtu.be/pNUi7CSczqA
Day - 2
https://youtu.be/ELxP3A5hISs

#creative_coder_myanmar
#api
Productive ဖြစ်တဲ့ တစ်ပတ်တာကို ဖြတ်သန်းဖို့ ဒီအချက်လေးတွေ လိုက်လုပ်ကြည့်ပါ 📝 [Developer Edition]

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer တို့အနေနဲ့ productive ဖြစ်တဲ့ တစ်ပတ်တာကို ဖြတ်သန်းဖို့ ဒီအလေ့အကျင့်ကနေစတင်နိုင်ပါတယ်။

👉 ကြိုတင်စီစဉ်ပါ။

ဒီတစ်ပတ်အတွင်း ဘာလုပ်ရမယ်၊ ဘယ်လိုတာ၀န်တွေရှိတယ်၊ ဘယ်နေ့တွေမှာလုပ်ရမယ်ဆိုတာကို ကြိုပြီးစီစဉ်ထားပါ။ ဒီလိုတွေအတွက် Notion ကို recommend ပေးပါတယ်။

👉 Task သေးသေးလေးတွေခွဲပါ။

Trello, Asana စတဲ့ project management tool တွေသုံးပြီး တစ်ပတ်တာအတွက် ပြုလုပ်ရမယ့် task တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အလုပ်လည်းပိုပြီးသလို task တွေလည်းကျန်ခဲ့တော့မှာမဟုတ်ပါဘူး။

👉 Work Habit ကောင်းကောင်းကို ကျင့်သုံးပါ။

အာဟာရရှိတဲ့ အစားအစာတွေစားတာ၊ အိပ်ရေး၀၀အိပ်တာ၊ ရေဓာတ်ပြည့်၀အောင်နေတာ၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာတွေကလည်း productive ဖြစ်စေဖို့အရေးပါပါတယ်။

👉 ကောင်းတဲ့ mindset တွေနဲ့ ကိုယ့်ကိုယ်ကိုယ် motivate ဖြစ်အောင်နေပါ။

Task တစ်ခုပြီးတိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်ဆုချတာမျိုး၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့စိတ်ကို အမြဲထည့်ထားပါ။


ကဲ.. ဒီအချက်လေးတွေကနေတစ်ဆင့် productive ဖြစ်တဲ့ week တစ်ခုကိုစတင်လို့ရပါတယ်။

#creative_coder_myanmar
Web Developer တို့အတွက် Accessibility Tips & Tricks

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Web Design မှာ ဝင်ရောက်အသုံးပြုနိုင်မှု (Accessibility) ဆိုတာက‌တော့
သုံးစွဲသူတိုင်း လွယ်ကူစွာ ဝင်ရောက်အသုံးပြုနိုင်ရန် ထုတ်လုပ်ထားတဲ့နည်းပညာ တစ်ခုပဲဖြစ်ပါတယ်။
အထူးသဖြင့် မျက်မမြင်၊ နားမကြားနဲ့ တခြားကိုယ်ခန္ဓာအားနည်းချက်များရှိသူများအတွက်ပါ Website များကိုလွယ်လွယ်ကူကူ ၀င်ရောက်အသုံးပြုနိုင်ရန်ရည်ရွယ်ပါတယ်။

ကြည့်ရှုသူတိုင်းအဆင်ပြေအောင် စာသားများကို အကြီးပြုလုပ်ခြင်း၊ ရုပ်ပုံများအတွက် အသံဖော်ပြချက်ထည့်သွင်းခြင်း၊ ဘာသာစကားများကို လွယ်ကူစွာပြောင်းနိုင်ခြင်းစတဲ့ နည်းလမ်းများက လူတိုင်း အသုံးပြုနိုင်တဲ့ Website တစ်ခုဖန်တီးတည်ဆောက်ဖို့ အရေးပါတဲ့ အချက်တွေပဲဖြစ်ပါတယ်။

Web Developer တွေအနေနဲ့လည်း ဒီအချက်လေးတွေကို လိုက်လုပ်ပြီး accessibility ကောင်းတဲ့ website တစ်ခုတည်ဆောက်ကြည့်နိုင်ပါတယ်။

👉Semantic HTML အသုံးပြုပါ။

Semantic HTML က Website စာမျက်နှာမှာ ပါဝင်တဲ့ အချက်အလက်များကို ပုံမှန်အတိုင်း မြင်ရစေတာကြောင့် စာမျက်နှာ၏ ဖွဲ့စည်းပုံကို Screen Reader များအတွက် လွယ်ကူစွာ ဖတ်ရှုနိုင်စေမှာဖြစ်ပါတယ်။

<div> နှင့် <span> စတဲ့ tag များကို အသုံးမပြုဘဲ <header>, <main>, <article>, <footer> စတဲ့ သတ်မှတ်ထားသော tag များကို သင့်တော်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။

👉အရောင်များနှင့် Contrast ကို စဉ်းစားပါ။

Color Blind ရှိသူများအတွက် နောက်ခံနဲ့ စာသားအရောင်များကြား မှာ contrast ထည့်လို့ရပါတယ်။

W3C ရဲ့ Web Content Accessibility Guidelines (WCAG) မှာလည်းသွားရောက်ကြည့်ရှုနိုင်ပါတယ်။

👉Alt Text (Alternative Text) ထည့်သွင်းရေးသားပါ

မည်သည့် audience အတွက်မဆို ရုပ်ပုံများနဲ့ သက်ဆိုင်ရာ အချက်အလက်များကို အလွယ်တကူ နားလည်နိုင်ရန်အတွက် ရုပ်ပုံတိုင်းမှာ ရည်ရွယ်ချက်ကိုဖော်ပြတဲ့ alt text ရေးသားနိုင်ပါတယ်။

👉 Multimedia အတွက် စာသားဖော်ပြချက်ထည့်ပါ။

နားကြားမရသူများနဲ့ အတွက် အသံဖိုင်များနဲ့ ဗီဒီယိုများကို ဖတ်ရှုနိုင်စေဖို့ Captions နှင့် Transcriptions တွေကိုလည်းထည့်သွင်းပေးနိုင်ပါတယ်။

ကဲ.. ဒါဆိုရင်တော့ Developer တို့အတွက် accessibility website တွေဖန်တီးရာမှာ လိုအပ်တဲ့အချက်အလတ်တွေကိုပြောပြခဲ့တာဖြစ်ပါတယ်။

အခြား developer သူငယ်ချင်းတွေသိသွားအောင် share ပေးဖို့လည်းမမေ့ကြနဲ့နော် 👀

#creative_coder_myanmar
#accessibility
Page messenger ကနေအတန်းအပ်နှံနိုင်ပါပြီ
Quiz Time 👀
အပြောနဲ့မဟုတ် အလုပ်နဲ့သက်သေပြတာ Creative Coder

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

တတ်မြောက်မှုကိုသာ ဦးစားပေးသင်ကြားတဲ့ Creative Coder ရဲ့ အတန်းတွေဟာ သင်ယူပြီးရင် လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးချတတ်ဖို့ကိုလည်းရည်ရွယ်ပါတယ်။

ဒါကြောင့် အတန်းတိုင်းမှာ Practical Project တွေလည်းပါ၀င်ပြီး ကျောင်းသားတွေကိုယ်တိုင် တွေးတတ်၊ရေးတတ်လာအောင် သင်ကြားပေးတာဖြစ်ပါတယ်။

အခုလက်ရှိဖွင့်လှစ်ထားတဲ့ Web Development Foundation အတန်းမှာဆိုရင်လည်း လက်တွေ့ project တွေကိုထည့်သွင်းပေးထားပါတယ်။

သင်တော့ သင်လိုက်တယ် ဒါပေမယ့် သင်တန်းပြီးတဲ့ အချိန်ကျရင် လက်တွေ့မှာ ပြန်လည်အသုံးမချတတ်တာမျိုးမဖြစ်ရလေအောင် ကျွန်တော်တို့ Cretaive Coder မှာကျောင်းသားတွေ သင်ပြီးသမျှအသုံးချနိုင်စေဖို့ လက်တွေ့ project များစွာစီစဉ်ပေးထားပါတယ်။

သင်တန်းတစ်ခုလုံးမှာ စာသင်ရင်း Instructor နဲ့အတူ လုပ်ရမယ့် project တွေအပြင် ‌သင်တန်းအပြီးမှာ ကိုယ်တိုင်လုပ်ရမယ့် final project တွေနဲ့စုစုပေါင်း project (၁၀) ခုအထိရှိမှာပဲဖြစ်ပါတယ်။

Project အသေးတွေမှာဆိုရင်တော့ card design , table design နဲ့ animation တွေပါ၀င်လုပ်ဆောင်ပေးရမှာဖြစ်ပြီး သင်ပြီးသမျှသင်ခန်းစာထဲက အရေးကြီးတဲ့ သင်ခန်းစာတစ်ခုပြီးတိုင်း စာထဲကဟာကိုလက်တွေ့ အသုံးချလို့ရတဲ့ project တွေပြုလုပ်သွားရမှာဖြစ်ပါတယ်။

Project အကြီးအနေနဲ့ဆိုရင်
👉 HTML / CSS နဲ့တစ်ခု
👉 Bootstrap နဲ့တစ်ခု
👉 Tailwind project

တွေရေးသားရမှာဖြစ်ပါတယ်။

Final Project အနေနဲ့ဆိုရင်တော့ eCommerce site ရေးရမှာဖြစ်ပြီး project ရဲ့အခြေအနေပေါ်မူတည်ကာ သင်တန်းအောင်မြင်စွာပြီးဆုံးကြောင်း Certificate ထုတ်ပေးသွားမှာပဲဖြစ်ပါတယ်။

အမှန်တကယ်စာလုပ်ပြီး သင်တန်းပြီးတဲ့အခါ ကျွမ်းကျင်စွာတတ်မြောက်သွားချင်တယ်ဆိုရင်တော့ အခြေခံခိုင်မာဖို့အတွက် Creative Coder မှာ သင့်ရဲ့ web development ခရီးစဉ်ကို စတင်လိုက်ပါ💯

အခုလက်ရှိဖွင့်လှစ်ထားတဲ့ Web Development Foundation In Class အတန်းလေးကို early bird Discount နဲ့အပ်နှံလို့ရသေးကြောင်းလည်းသတင်းကောင်းပါးအပ်ပါတယ်။

#creative_coder_myanmar
Thank you all for answering the quizzz