Creative Coder Myanmar
1.38K subscribers
548 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
Web Development ကိုအစကနေ ထိထိရောက်ရောက်လေ့လာကြည့်ရအောင် 👀

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Web Development ကိုစတင်လေ့လာဖို့စဉ်းစားနေတဲ့ Developer တွေရှိပါသလား?

ဒါဆိုရင်နေ့ရွှေ့ညရွှေ့လုပ်မနေဘဲ အခုပြထားတဲ့ resource တွေကနေ အခမဲ့လေ့လာကြည့်လိုက်ရအောင် 👀🚀

ဒီနေ့မှာတော့ Beginner တွေအတွက်အသုံး၀င်စေမယ့် HTML, CSS resource (၂) ခုကိုမျှ‌ဝေပေးသွားမှာဖြစ်ပါတယ်။

📝 Mozilla Developer Network (MDN) မှာဆိုရင် ပထမဆုံး web page ကိုပြုလုပ်ဖို့အတွက် HTML ရဲ့ basic concept တွေဖြစ်တဲ့ tags, elements, attributes တွေကိုလေ့လာနိုင်မှာဖြစ်ပါတယ်။
👉 https://developer.mozilla.org/en-US/docs/Learn/Getting_started_with_the_web/HTML_basics


📝 Real world example တွေနဲ့အတူ လေ့လာနိုင်တာကတော့ CSS tricks - A complete guide to CSS ပဲဖြစ်ပါတယ်။ ဒီမှာဆိုရင် အခြေခံ concept တွေနဲ့အတူ web page တစ်ခုကို ဘယ်လိုစပြီး styling လုပ်ရမလဲဆိုတာတွေပါဝင်ပါတယ်။

👉 https://css-tricks.com/guides/


ဒီလိုမျိုး resource လုပ်ပေးတဲ့ series လေးကိုကြိုက်တယ်ဆိုရင် နောက်နေ့မှာလည်း လေ့လာဖို့လိုအပ်တဲ့ အကြောင်းအရာလေးတွေတင်ပေးသွားမှာဖြစ်လို့ ဒီ resource လေးတွေက ကိုယ့်အတွက် အသုံး၀င်မ၀င် comment မှာရေးပေးခဲ့ကြနော် 👀

#creative_coder_myanmar
#beginner
#html
#css
Practical Project တွေလုပ်ဖို့ ခေါင်းခဲနေတဲ့ developer တွေအတွက် GitHub Resources

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Practical Project တွေအတွက် လေ့လာလို့ရမယ့် GitHub resource တွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒီ resource တွေကနေ လေ့လာပြီး စု၊တု၊ပြု ကာ ကိုယ်ပိုင် project တွေကိုတည်ဆောက်လာနိုင်မှာပါ။

👉 https://github.com/gothinkster/realworld

ဒီ resource မှာတော့ fullstack development အတွက် လိုအပ်တဲ့ real world project တွေကိုပြပေးထားပါတယ်။

👉 https://github.com/Chalarangelo/30-seconds-of-code

ကိုယ့်ရဲ့ project တွေမှာထည့်သွင်းအသုံးပြုနိုင်မယ့် JavaScript Code snippet တွေကိုထည့်သွင်းပေးထားပါတယ်။

👉 https://github.com/public-apis/public-api
ကိုယ့်ရဲ့ practical project တွေမှာအသုံးပြုနိုင်မယ့် API အမျိုးမျိုးကို ထည့်ပေးထားပါတယ်။

👉 https://github.com/practical-tutorials/project-based-learning

programming language အမျိုးမျိုးရဲ့ real world project တွေပါ၀င်မှာဖြစ်ပြီး language တစ်ခုချင်းစီတိုင်းအတွက် သက်ဆိုင်ရာ project တွေထည့်သွင်းပေးထားပါတယ်။။

👉 https://github.com/codecrafters-io/build-your-own-x

operating system တွေ database တွေစတဲ့ project တွေတည်ဆောက်ဖို့အတွက် resource အစုံအလင်ပါ၀င်မှာဖြစ်ပါတယ်။

ကဲ.. ဒီ resource တွေကိုသုံးပြီး next level ရောက်ဖို့ကြိုးစားကြမယ်နော် 👀

#creative_coder_myanmar
အခုအပ်၊ အခုတက်၊ တသက်လုံးလေ့လာ လို့ရမယ့် Learning Platform အတန်းတွေကို အချိန်‌မရွေးအပ်နှံနိုင်ပါပြီ 💯👀

Learning Platform ကအတန်းတွေကို အချိန်မရွေးလေ့လာနိုငိတာ သိပြီးကြပြီလား??

Learning Platform မှာ Premium Course တွေ Free Course တွေစုံလင်စွာရှိပြီး Certificate ထုတ်ယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ "အခုအပ် အခုတက် တစ်သက်လုံးလေ့လာ" လို့ရအောင်ပြုလုပ်ပေးထားတာကြောင့် လူကြိုက်အများဆုံး အတန်းပုံစံတစ်မျိုးလည်းဖြစ်ပါတယ်။

တက်ရောက်နိုင်တဲ့အတန်းတွေကတော့
📌 Js +Vue + Firebase Course
📌 PHP + Deep Dive Laravel Course
📌 Web Deployment From Scratch Course
📌 MERN Stack
📌 React + Firebase Combo Course
📌 Programming Basic With JavaScript Course
📌 Python From Scratch
📌Git & GitHub Basic Course
📌 Git & Github Intermediate Course
📌 Python From Scratch
📌 Vuex Course
📌 PHP Framework Thinking Course
📌 Websocket 101
📌 Laravel Folio Course တွေပဲဖြစ်ပါတယ်။

အတန်းတွေအကြောင်းကို အသေးစိတ်သိရဖို့အောက်ပါ link ကနေ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://creativecodermm.com/courses

#creative_coder_myanmar
#website
#web_development
ကယ် ကျောင်းသားတွေ လာလာမေးနေကျ အခြေခံကနေစတင်တက်ရောက်နိုင်မယ့် Web Development Foundation အတန်းကို Discount တွေနဲ့အခုပဲ အပ်နှံနိုင်ပါပြီ 🎉

Batch (1) to Batch (6) အထိ review ကောင်းများစွာရရှိထားတဲ့ Creative Coder ရဲ့ Web Development Foundation Batch (7) အတန်းလေးပြန်လည်ရောက်ရှိလာပါပြီ။

ဒီသင်တန်းလေးဟာ
👤 တက္ကသိုလ်၀င်တန်းအောင်မြင်ပြီးသွားတဲ့သူတွေ
👤 Web Development ကို စိတ်ပါ၀င်စားသူတွေ
👤 Web Development အခြေခံတွေကို လက်တွေ့ project တွေကတဆင့် လေ့လာချင်သူတွေအတွက် ရည်ရွယ်ပါတယ်။

ရုံးချိန်လွတ်အတန်းလေးဖြစ်တာကြောင့် ကျောင်းတစ်ဖက်၊ ရုံးတစ်ဖက်နဲ့သူတွေလည်း တက်လို့အဆင်ပြေမှာဖြစ်ပါတယ်။

ဒီသင်တန်းလေးမှာဆိုရင် အခြေခံကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားဖို့သာ မဟုတ်ဘဲ ရှေ့ဆက်ပြီး လေ့လာနိုင်ဖို့အတွက် roadmap ကိုပါ တစ်ခါတည်း သင်ကြားပေးသွားမှာပါ။

Web Development ကိုစတင်လေ့လာသူတိုင်း ကြုံတွေရမှာတွေက လေ့လာရမယ့် resource တွေများတာရယ်၊ ဘယ်ကစပြီး လေ့လာရမလဲ မသိတာတွေ ဖြစ်ပါတယ်။

ဒီလို အခက်အခဲတွေကို ‌ဖြေရှင်းပေးဖို့အတွက် Creative Coder ကနေ Beginner Level အတွက် အဆင်ပြေစေမယ့် သင်ရိုးကို ကိုယ်တိုင်ဆွဲထားပြီး သေချာတတ်မြောက်အောင် လက်တွေ့ Project တွေနဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒီ အခြေခံကနေသင်ကြားပေးသွားမယ့် ရုံးချိန်လွတ်အတန်းလေးဟာ
✔️ Zoom Class ဖြစ်တဲ့အတွက် ဘယ်နေရာကနေမဆို တက်ရောက်နိုင်မယ်။
✔️ ပြန်လည်လေ့လာဖို့အတွက် Recording လည်းပေးသွားမှာ ဖြစ်ပါတယ်။
✔️ မသိနားမလည်တာတွေ မေးမြန်းဖို့အတွက် one on one meeting တွေလည်းစီစဉ်ထားရှိပေးထားပါတယ်။

***Creative Coder မှာ အတန်းတစ်ခါအပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်ဖြစ်တာဖြစ်စေ၊ သေချာနားမလည်သေးတာဖြစ်ဖြစ် နောက် ဖွင့်တဲ့ Batch တွေမှာ အခမဲ့ ပြန်လည်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်***

ဒါက Creative Coder ရဲ့ ကျောင်းသားတိုင်းကိုပေးထားတဲ့ service ပဲဖြစ်ပါတယ်။

ဒီသင်တန်းပြီးသွားတဲ့ ကျောင်းသားတွေကို Creative Coder ကနေအာမခံပေးနိုင်တာကတော့
💯 Beginner Level မှာယောင်ဝါးဝါး မဖြစ်တော့ဘဲ လမ်းကြောင်းတစ်ခုကို သေချာရှာတွေ့‌သွားမယ်။
💯 Design ကိုမြင်လိုက်တာနဲ့ code ကိုဘယ်ကစရေးရမလဲဆိုတာ နားလည်သွားမယ်။
💯 ရှေ့ဆက်သွားရမယ့် roadmap ကိုသေချာရှာတွေ့သွားမယ်။
💯 အသုံးပြုရမယ့် tools တွေ Framework တွေကို သိနားလည်သွားမှာ ဖြစ်ပါတယ်။
💯 အဓိကအချက်ကတော့ လက်တွေ့ project တွေနဲ့အတူတူ တွဲပြီးသင်ကြားပေးသွားမှာ ဖြစ်တဲ့အတွက် Project အတွေ့အကြုံပါရရှိသွားမှာ ဖြစ်ပါတယ်။

ဘာတွေသင်ကြားပေးသွားပေးမလဲဆိုတာ ကြည့်လိုက်ရအောင် 👀
ထပ်တိုးသင်ခန်းစာတွေအနေနဲ့ အခြေခံတွေအပြင် Js Basic နဲ့ Reactjs Basic ကိုပါ ထပ်ထည့်ပေးထားပါတယ်။
🔰 HTML
🔰 CSS
🔰 Bootstrap
🔰 Tailwind CSS
🔰 JavaScript
🔰 React Basic တို့ပဲ ဖြစ်ပါတယ်။

သင်တန်းတစ်ခုလုံးမှာ စာသင်ရင်း Instructor နဲ့အတူ လုပ်ရမယ့် project တွေအပြင် ‌သင်တန်းအပြီးမှာ ကိုယ်တိုင်လုပ်ရမယ့် final project တွေနဲ့စုစုပေါင်း project (၁၀) ခုအထိရှိမှာပဲဖြစ်ပါတယ်။

Project အသေးတွေမှာဆိုရင်တော့ card design, table design နဲ့ animation တွေပါ၀င်လုပ်ဆောင်ပေးရမှာဖြစ်ပြီး သင်ပြီးသမျှသင်ခန်းစာထဲက အရေးကြီးတဲ့ သင်ခန်းစာတစ်ခုပြီးတိုင်း စာထဲကဟာကိုလက်တွေ့ အသုံးချလို့ရတဲ့ project တွေပြုလုပ်သွားရမှာဖြစ်ပါတယ်။

Project အကြီးအနေနဲ့ဆိုရင်
👉 HTML / CSS နဲ့တစ်ခု
👉 Bootstrap နဲ့တစ်ခု
👉 Tailwind project

တွေရေးသားရမှာဖြစ်ပါတယ်။

Final Project အနေနဲ့ဆိုရင်တော့ eCommerce site ရေးရမှာဖြစ်ပြီး Project ရဲ့အခြေအနေပေါ်မူတည်ကာ သင်တန်းအောင်မြင်စွာပြီးဆုံးကြောင်း Certificate ထုတ်ပေးသွားမှာပဲဖြစ်ပါတယ်။

ဒီသင်တန်းလေးမှာ အချင်းချင်းဆက်သွယ်နိုင်ဖို့အတွက် Telegram ကိုအသုံးပြုသွားမှာဖြစ်ပြီး စာသင်ကြားဖို့ကတော့ Zoom Application ကိုအသုံးပြုသွားမှာပဲဖြစ်ပါတယ်။

အမှန်တကယ်စာလုပ်ပြီး သင်တန်းပြီးတဲ့အခါ ကျွမ်းကျင်စွာတတ်မြောက်သွားချင်တယ်ဆိုရင်တော့ အခြေခံခိုင်မာဖို့အတွက် Creative Coder မှာ သင့်ရဲ့ web development ခရီးစဉ်ကို စတင်လိုက်ပါ💯

Date & Time - Sat & Sun (10 am to 12 pm )
Duration - 2.5 months
Fee - 300,000 MMK (Early Bird – 250,000MMK)
Platform - Zoom
Start Date - October 19

အတန်းလေးက အောက်တိုဘာလ (၁၉) ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်

Creative Coder ရဲ့ ထုံးစံအတိုင်း Early Bird လာအပ်တဲ့ ကျောင်းသား (၁၀) ယောက်ကို 250,000MMK နဲ့ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

ကျောင်းသားကလည်း အယောက် (၃၀) ပဲကန့်သတ်ထားတဲ့အတွက် မြန်မြန်လေးကြိုအပ်ထားမှ စိတ်ချရမယ်နော်။

Creative Coder နဲ့အတူ Web Development ခရီးစဉ်ကို စတင်ဖို့ အသင့်ဖြစ်ပြီဆိုရင် အခုပဲ page messenger မှာ အတန်းအပ်နှံနိုင်ပါတယ် မိတ်ဆွေတို့ရေ 👀💬

#creative_coder_myanmar
API အကြောင်းလေ့လာခဲ့ရသမျှ Feedbacks အချို့ 📝

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

၁၆.၉.၂၀၂၄ ကနေ ၁၇.၉.၂၀၂၄ အထိပြုလုပ်ခဲ့တဲ့ API Development with Laravel Free Workshop လေးကို အချိန်ပေးပြီး တက်ရောက်ခဲ့တဲ့ ကျောင်းသူ၊ကျောင်းသားတွေအကုန်လုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

API နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ တော်တော်များများကိုလည်း သိပြီးခဲ့ကြမယ်လို့ထင်ပါတယ်။ 

ဒါကတော့ ကျောင်းသားတွေလေ့လာခဲ့သမျှ အကြောင်းအရာတွေကို ပြောပြထားတာဖြစ်ပါတယ်။ မကြာခင်မှာလည်း ကျောင်းသားတွေအတွက် လုပ်ငန်းခွင်အတွက် အကျိုးရှိစေမယ့် workshop တွေကိုလည်းမကြာခင်မှာ ပြုလုပ်သွားပေးဖို့ရှိတာဖြစ်လို့ ဘယ် အကြောင်းအရာတွေက ပိုအသုံး၀င်လဲဆိုတာ comment မှာပြောပေးသွားကြပါဦးနော် 👀

Workshop လေးကိုလွတ်သွားတဲ့သူတွေအတွက်လည်း ပြန်ကြည့်လို့ရအောင် recording တင်ပေးထားတာဖြစ်လို့ အောက်ပါ link တွေကနေ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ 

👉Day - 1
https://youtu.be/pNUi7CSczqA
Day - 2
https://youtu.be/ELxP3A5hISs

#creative_coder_myanmar
#api
Productive ဖြစ်တဲ့ တစ်ပတ်တာကို ဖြတ်သန်းဖို့ ဒီအချက်လေးတွေ လိုက်လုပ်ကြည့်ပါ 📝 [Developer Edition]

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Developer တို့အနေနဲ့ productive ဖြစ်တဲ့ တစ်ပတ်တာကို ဖြတ်သန်းဖို့ ဒီအလေ့အကျင့်ကနေစတင်နိုင်ပါတယ်။

👉 ကြိုတင်စီစဉ်ပါ။

ဒီတစ်ပတ်အတွင်း ဘာလုပ်ရမယ်၊ ဘယ်လိုတာ၀န်တွေရှိတယ်၊ ဘယ်နေ့တွေမှာလုပ်ရမယ်ဆိုတာကို ကြိုပြီးစီစဉ်ထားပါ။ ဒီလိုတွေအတွက် Notion ကို recommend ပေးပါတယ်။

👉 Task သေးသေးလေးတွေခွဲပါ။

Trello, Asana စတဲ့ project management tool တွေသုံးပြီး တစ်ပတ်တာအတွက် ပြုလုပ်ရမယ့် task တွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အလုပ်လည်းပိုပြီးသလို task တွေလည်းကျန်ခဲ့တော့မှာမဟုတ်ပါဘူး။

👉 Work Habit ကောင်းကောင်းကို ကျင့်သုံးပါ။

အာဟာရရှိတဲ့ အစားအစာတွေစားတာ၊ အိပ်ရေး၀၀အိပ်တာ၊ ရေဓာတ်ပြည့်၀အောင်နေတာ၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာတွေကလည်း productive ဖြစ်စေဖို့အရေးပါပါတယ်။

👉 ကောင်းတဲ့ mindset တွေနဲ့ ကိုယ့်ကိုယ်ကိုယ် motivate ဖြစ်အောင်နေပါ။

Task တစ်ခုပြီးတိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်ဆုချတာမျိုး၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့စိတ်ကို အမြဲထည့်ထားပါ။


ကဲ.. ဒီအချက်လေးတွေကနေတစ်ဆင့် productive ဖြစ်တဲ့ week တစ်ခုကိုစတင်လို့ရပါတယ်။

#creative_coder_myanmar