Creative Coder Myanmar
1.38K subscribers
548 photos
1 video
102 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
API Development With Laravel Workshop
💯🚀
=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°

Laravel အတန်းပြီးသွားတဲ့ ကျောင်းသားတချို့က “ဆရာ Laravel နဲ့ပတ်သက်တဲ့ Workshop လေးဖန်တီးပေးပါဦး” ဆိုလို့ ဒီ workshop လေးကို ဒီလာမယ့်အပတ်ထဲမှာ ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

ပြောပြသွားပေမယ့် ဆရာကတော့ Creative Coder မှာ developer အဖြစ်ရော၊ instructor အဖြစ်ပါလုပ်ကိုင်နေတဲ့ ဆရာဇေယျာ၀င်းပဲဖြစ်ပါတယ်။

ဆရာဇေယျာဝင်းက သူ့အကြောင်းကိုအခုလိုလေးမိတ်ဆက်ထားပါတယ်။

“ကျွန်တော့်နာမည် ဇေယျာ၀င်းဖြစ်ပါတယ်။
အသက် ၂၁ နှစ်ရှိပြီးတော့ Web Developmentအပိုင်းထဲကို 2020လောက်ကတည်းကစတင်၀င်ရောက်လာပြီးတော့
ခုဆိုရင်တော့ Creative Coder Myanmar မှာ Developer တစ်ယောက်အနေနဲ့ကော Instructor တစ်ယောက်အနေနဲ့ရောပါလုပ်ကိုင်လျက်ရှိပါတယ်
လက်ရှိအနေနဲ့ကတော့ Web developmemt foundation
class ကိုသင်ကြားနေပါတယ်
Experienceအနေနဲ့ကတော့ 3 နှစ်ကျော်ရှိပြီး လက်ရှိအနေနဲ့က thai client projectတွေ လုပ်နေပါတယ်ဗျ”

ဒီ Workshop လေးမှာဆိုရင် ဆရာကနေပြီးတော့ API Development နဲ့ Laravel ကိုအဓိကထားပြောပေးသွားမှာဖြစ်ပြီး
👉 လုပ်ငန်းခွင်အတွေ့အကြုံတွေ
👉 အသုံးပြုတဲ့ tool တွေ
👉 လေ့လာရမယ့် resources တွေကိုပါပြောပြပေးသွားမှာဖြစ်ပါတယ်။

ဒီ workshop လေးကို join ဖို့အတွက် Laravel အခြေခံကိုသိထားရင်တော့ ပိုပြီးအဆင်ပြေပါတယ်။

Date & Time - September 16, Friday (7:30 MMT to 10:30 MMT)
Platform - Zoom

ဒီ workshop လေးကို register လုပ်ဖို့အတွက်အောက်ပါ အချက်လေးတွေကို လုပ်ဆောင်ပေးရပါမယ်။

👉 အခု post လေးကို like & share ပြုလုပ်ပေးရပါမယ်။
👉 Like & share ပြုလုပ်ထားတဲ့ screenshot လေးကို page messenger မှာလာပြပြီး zoom link ယူနိုင်မှာဖြစ်ပါတယ်။

ကဲ.. အားလုံးပဲ workshop မှာ ပြန်ဆုံကြမယ်နော် 👀🚀

#creative_coder_myanmar
Web Development ကိုအခမဲ့လေ့လာခွင့်ရမယ့် အခွင့်အရေးအတွက် (‌၈) ရက်သာကျန်ရှိပါတော့တယ် 🗓

Creative Coder ရဲ့ Zoom Class တွေဖြစ်တဲ့ Laravel နဲ့ React အတန်းများအတွက် scholarship လျှောက်ထားနိုင်ဖို့က (၈) ရက်သာကျန်ရှိတော့တာဖြစ်ပါတယ်။

ဒီအတန်းတွေဟာ တတ်မြောက်မှုကိုအလေးပေးသင်ကြားပေးထားတဲ့ အတန်းတွေဖြစ်ပြီး လက်တွေ့ပြုလုပ်ရမယ့် project တွေပါ ပါ၀င်ပါတယ်။

ဒီအတန်းတွေထဲကို တက်ရောက်ဖို့အခက်အခဲရှိသူတွေအတွက် ကျွန်တော်တို့ Creative Coder ကနေ scholarship လေးစီစဉ်ပေးထားပါတယ်။

ဒီ scholarship လေးမှာပါ၀င်ဖို့ အတွက်ကို အောက်ပါ post လေးမှာ အသေးစိတ်ရေးသားထားပါတယ်
👇🏻



***တကယ် သင်တန်းတက်ရောက်ဖို့အခက်အခဲရှိသူများသာ scholarship လျှောက်ထားပေးဖို့ မေတ္တာရပ်ခံလိုပါတယ်***

#scholarship
#react
#laravel
Developer တို့အတွက် Freelance Project တွေရှာလို့ရမယ့် နေရာများ 💯👀

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°
ကိုယ်သင်ယူတတ်မြောက်ထားတဲ့ skill တွေကို freelance project တွေမှာ အသုံးချဖို့ အဆင်သင့်ဖြစ်နေတဲ့ Developer တွေများရှိပါသလား 🖐🏻

လေ့လာနေဆဲ Developer ကြီးတွေကလည်း ဒီ post လေးကနောင်မှာ အသုံး၀င်လာမှာဖြစ်တဲ့အတွက် ကြိုဆေ့ဖ်လုပ်ထားလို့တယ်နော် 👀

ဒီနေ့ပြောပြပေးချင်‌တာကတော့ Freelance Project တွေရှာလို့ရမယ့် online platform တွေပဲဖြစ်ပါတယ်။

📝 ပထမဆုံး freelance platform တွေမှာ register စလုပ်ပါ။ Freelance platform ‌တွေကအများကြီးရှိပေမဲ့
တော်တော်များများသုံးကြတဲ့ platform တွေကိုဖော်ပြပေးလိုက်ပါတယ် ။

👉 Upwork: https://www.upwork.com/

👉 Freelancer: https://www.freelancer.com/

👉 Fiverr: https://www.fiverr.com/

👉 Toptal: https://www.toptal.com/

👉 MM Freelance Hub : mmfreelancehub.com

ဒီ platform တွေမှာ client တွေအများကြီးကိုရှာလို့ရပြီး project တွေလည်းအများကြီးရှိပါတယ်။

📝 အလုပ်အကိုင်တစ်ခုရဖို့ skill ကလည်းလိုတဲ့အပြင် networking ကောင်းဖို့ကလည်းလိုပါတယ်။ ဒါကြောင့် Senior တွေ field ချင်းတူတဲ့သူတွေနဲ့အဆက်အသွယ်မပြတ်ပါစေနဲ့ ။ နောက်တစ်ခုက events တွေ conference တွေ ကနေလည်း client တွေ မိတ်ဆွေတွေရလာနိုင်ပါတယ်။

📝 Indeed တို့ Glassdoor တို့ Linkedin တို့လို job board တစ်ခုဖန်တီးထားတာကလည်း အလုပ်အကိုင်အတွက်အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

📝 Twitter တွေ Linkedin တွေ GitHub တွေကိုသုံးပြီး ကိုယ့်ရဲ့ activities တွေကိုအမြဲတမ်း update လုပ်ထားဖို့လည်းမမေ့ပါနဲ့ ။

📝 ကိုယ်လုပ်ပေးခဲ့တဲ့ client တွေ colleague တွေဆီကနေ referrals တောင်းခံပါ။ ဒါက client အသစ်တွေကိုလည်းတိုးပွားစေနိုင်သလို freelance job လုပ်ကိုင်နေတဲ့သူတွေအတွက် လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ Linkedin မှာဆို endorsement လုပ်ပေးလို့ရတဲ့ feature လေးပါပါတယ်။

အဓိကကတော့ ကိုယ့်ရဲ့အရည်အချင်းတွေ ကိုတစ်နေရာတည်းမှာ ချပြနိုင်မဲ့ showcase လို portfolio တစ်ခုဖန်တီးထားဖို့လည်းလိုပါသေးတယ်။
အားလုံးနဲ့အတူ ရုန်းကန်နေကြတဲ့ ကာလမှာ လိုချင်တဲ့အလုပ်အကိုင်တွေအမြန်ဆုံးရပါစေလို့လည်းဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။ သိချင်တာတွေ ဆွေးနွေးချင်တာတွေကို ဒီ post အောက်မှာမေးမြန်းခဲ့နိုင်ပါတယ်။


#creative_coder_myanmar
#freelance
#platform
Frontend Javascript ကို ဘာမှမသိတဲ့ Level ကနေ React နဲ့ Project ရေးသားတဲ့ Level သွားလိုသူများ

စာပြန်လုပ်ရင်း အခက်ခဲရှိလာတိုင်း တစ်ယောက်ချင်း စာမေးလိုသူများအတွက် သေချာပြင်ဆင်ထားတဲ့ အတန်းလေးတွေဖြစ်တာမို့ Early Bird Discount လေးရှိတုန်းမနောက်ကျစေနဲ့နော်ဗျို့။🎉

Client ရဲ့ Ecommerce Project ကို ပြန်ရေးပြရင်းသင်သွားမှာဖြစ်လို့ လက်တွေ့ Project Frontend Real World Experience ကို ရလိုသူများတွက် အထူးသင့်တော်ပါတယ်ခင်ဗျာ။🚀🚀🚀

https://www.facebook.com/100064708297617/posts/pfbid02dC7Z4tykWdZT5D5Vq1wCVdqM6UGyC1RZbdgDKrsSG2xAo2rcYD4AVfTKSM9zb2aFl/
Laravel နဲ့ React အတန်းက လက်တွေ့ Project များ 🚀

=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°=°°

ကျောင်းသားတွေရဲ့သင်ယူတတ်မြောက်မှုကို အလေးပေးထားတဲ့ ဒီ Zoom Class တွေမှာ code ရေးသားပုံ၊ တွေးခေါ်နည်းကို အဓိကထားသင်ကြားပေးထားရုံသာမက သင်ခန်းစာတခုပြီးတိုင်း လက်တွေ့ project အသေးလေးတွေအပြင်၊ နောက်ဆုံးမှာတော့ ကိုယ့်ရဲ့ portfolio ထဲကိုထည့်နိုင်မယ့် E-commerce project ကိုပါအတူတူပြုလုပ်ရမှာဖြစ်ပါတယ်။

‌Laravel နဲ့ React Class (၂) ခုလုံးအတွက် သင်တန်းနဲ့သက်ဆိုင်တဲ့ E-commerce လေးကိုပြုလုပ်သွားကြရမှာဖြစ်ပါတယ်။

Discount တွေအပြင် Combo class အတွက် special prize ကိုပါထားပေးထားတာကြောင့် တန်မှတန်ပဲနော် 💯

Zoom အတန်းလေးဖြစ်တာနဲ့အညီ လူဦးရေလည်း ကန့်သတ်ထားတာကြောင့် အမြန်လေးအတန်းလာအပ်မှ စိတ်ချရမယ်နော် 👀

#creative_coder_myanmar
“ရေဘေးအလှူ တို့ဝိုင်းကူ Creative Coder နဲ့အတူ”

Creative Coder ‌ကနေပြီးတော့ အခုတွေ့ကြုံနေရတဲ့ ရေဘေးအတွက် အလှူလေးတစ်ခုပါဝင်ဖို့စီစဉ်ထားပါတယ်။ 

အစီအစဉ်လေးကတော့ Code လည်းသင်၊ လှူလည်းလှူ ဆိုတဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်။ 

Creative Coder Team ကနေလည်း ဒီအလှူကို (၇) သိန်းကျော်မတည်ပြီး ထည့်၀င်ထားပါတယ်။

Creative Coder Learning Platform မှာရှိတဲ့အတန်းတွေကို အပ်နှံပြီး ဒီအလှူကို ပါ၀င်နိုင်မှာပါ။ အတန်းအပ်တာကနေ ရလာတဲ့ ငွေကြေးတွေကိုလည်း တစ်ပြားတစ်ချပ်မကျန် အကုန်လှူဒါန်းသွားမှာဖြစ်ပါတယ်။

အတန်းတွေကိုတစ်တန်းချင်းလည်းတက်နိုင်ပြီး Learning Platform မှာရှိတဲ့အတန်းတွေအကုန်တက်မယ်ဆိုရင် နှစ်သိန်းကျော် Discount ရရှိမှာဖြစ်ပြီး သုံးသိန်းခွဲတည်းနဲ့တက်နိုင်မှာဖြစ်ပါတယ်။

Course တစ်ခုချင်းစီတက်တဲ့သူတွေအတွက်လည်း လျှော့ဈေးနဲ့တက်နိုင်မှာဖြစ်ပြီး သင်တန်းကြေးတွေကလှူပြီးသားဖြစ်မှာပါ။ 

Coding Field ကမဟုတ်ပေမယ့် လှူချင်တဲ့သူတွေလည်း page ကနေတိုက်ရိုက်လှူလို့ရပါတယ်။ နည်းတယ်၊ များတယ်သဘောမထားဘဲ တတ်နိုင်သလောက် ပါ၀င်လို့ရတာမို့ အကြွေလေးတွေကအစလည်း ထည့်၀င်လို့ရပါတယ်။ 

ရရှိလာတဲ့ငွေတွေအကုန်လုံးကိုလည်း တစ်ပတ်အတွင်း စာရင်းပြန်ပြပြီး လိုတဲ့နေရာတွေဆီရောက်အောင် လှူဒါန်းပေးသွားမှာဖြစ်ပါတယ်။ 

တက်ရောက်နိုင်တဲ့အတန်းတွေနဲ့ ဈေးနှုန်းတွေကတော့ 
📌 Js +Vue + Firebase  Course -100,000 MMK


📌 PHP +  Deep Dive Laravel Course - 70,000 MMK 

📌 Web Deployment From Scratch Course - 350,000 MMK 

📌 MERN Stack - 150,000 MMK 

📌 React + Firebase Combo Course - 150,000 MMK 

📌 Programming Basic With JavaScript Course - 40,000 MMK 

ကဲ..  code လည်းသင်၊ လှူလည်းလှူဖို့ page messenger မှာအခုပဲပါ၀င်နိုင်ပါပြီ။