Creative Coder Myanmar
1.4K subscribers
563 photos
1 video
103 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
ကဲ.. ဒီမေးခွန်းလေးတွေကတော့ Learning Platform နဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့မေးခွန်းတွေဖြစ်ပါတယ်။
အခုလက်ရှိမှာလည်း သုံးသိန်းခွဲနဲ့ learning platform မှာရှိတဲ့ အတန်းတွေအကုန်တက်လို့ရတဲ့ promotion ရှိနေတာဖြစ်လို့ မြန်မြန်အတန်းအပ်ကြဖို့ မမေ့နဲ့နော်👀
3
Developer တို့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ Free Laptop အပြင် ငါးသိန်းကျော်တန်ဖိုးရှိ Web Development Course တွေကို Full Access ရရှိမယ့်  အစီအစဉ်

၂၀၂၅ ကိုရောက်ဖို့ (၄) လပဲလိုတော့တယ်နော် Developer ကြီးတို့ရေ..

Developer ကြီးတို့ရဲ့အိမ်မက်တွေအကောင်အထည်ဖော်နိုင်ဖို့ Cretaive Coder ကနေ ကူညီပံ့ပိုးပေးဖို့အစီအစဉ်လေးလည်းရှိပါတယ်။ 

ပထမတစ်ခုကတော့ 
Free Laptop အပြင် ငါးသိန်းကျော်တန်ဖိုးရှိ Web Development Course တွေကို Full Access ရရှိမယ့်  အစီအစဉ်ဖြစ်ပါတယ်။ 

Creative Coder ကနေ လူငယ်တွေရဲ့ အလုပ်အကိုင်အတွက် ကူညီပေးဖို့ ဒီလို HP Laptop (၂) လုံးနဲ့ လုပ်ငန်းခွင်၀င်နိုင်သည်အထိ သင်ကြားပေးထားတဲ့ (၅) သိန်းကျော် တန်ဖိုးရှိ Web Development Full Stack course တွေကို တကယ်လိုအပ်သူ (၂) ဦးကို အခမဲ့ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။

👉 ကိုယ်က Laptop တကယ်လိုအပ်နေသူဖြစ်ရပါမယ်။
👉 Web Development ကိုစိတ်ပါ၀င်စားသူဖြစ်ရပါမယ်။
👉 လက်ရှိမှာ Web Development နဲ့ပတ်သက်ပြီးလုပ်ငန်းခွင်ဝင်နေတဲ့သူ ဒါမှမဟုတ် HTML, CSS, Javascript သိထားသူဖြစ်ရပါမယ်။

အခုပေးမယ့် Laptop လေးတွေက ရုံးမှာ Developer တွေ သုံးဖို့  ကြိုးစားပမ်းစား စုပြီးဝယ်ပေးထားတဲ့ Laptop လေးဖြစ်တာကြောင့် အလုပ်ကောင်းကောင်းလုပ်နိုင်တဲ့ Laptop လေးတွေဖြစ်ပါတယ်။  အခုစျေးနဲ့ဆို အနဲဆုံး ၁လုံး ကို ၁၀ သိန်းဝန်းကျင်လောက်ရှိပါတယ်ခင်ဗျာ။ 

အဓိက တကယ် Web Development ကို လေ့လာနေပြီး တကယ် တကယ် တကယ်ကို လိုအပ်နေတဲ့ သူ ၂ ယောက်လောက်ကို ကျနော် တို့ ကူညီပေးချင်တာဖြစ်ပါတယ်။

 လေ့လာရေး အတွက်ပါ ၆သိန်းလောက် တန်ဖိုးရှိတဲ့ Learning Platform Full Course Access ပါ 2 ယောက်စာထည့်ပေးသွားမှာဖြစ်ပါတယ်။ 

👉Application form stage
👉Interview Stage တွေနဲ့အတူ သေ‌သေချာချာစီစစ်ပြီး လူရွေးချယ်သွားမှာလည်းဖြစ်ပါတယ်ခင်ဗျာ။

မကြာခင် Application form လေးနဲ့အတူပြန်လာမှာမလို့ စောင့်ကြည့်ဖို့မမေ့ကြပါနဲ့နော်။ 

#creative_coder_myanmar
#scholarship
Learning Roadmap နဲ့ အစီစဉ်တကျ လေ့လာနိုင်မဲ့ Developer Bundle Package လေးက ဒီည နောက်ဆုံးပဲရနိုင်တော့မှာဖြစ်ပါတယ်။ ဘာ service တွေပေးထားလဲဆိုရင်

တခုခု စာမရရင် website ထဲကနေ စာမေးနိုင်မဲ့ Live chat support
အကယ်၍ စာနဲ့ဖြေရှင်းလို့အဆင်မပြေရင် Video 1 by 1 ခေါ်မေးနိုင်တဲ့ service
ဒီ service တွေကို lifetime ရနိုင်မှာဖြစ်တဲ့ အပြင် ဒီ service တွေကိုလဲ lifetime ရအောင်လုပ်ထားပေးမှာဖြစ်ပါတယ်ဗျို့။🚀
1
Code Review လုပ်ဖို့အတွက် အလေ့အကျင့်ကောင်းများ 💯

Developer တို့သိထားသင့်တာတွေထဲက တခုဖြစ်တဲ့ Code Review လုပ်တဲ့အခါသိထားသင့်တာလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Code Review ပေးတာက Developer တွေကြားမှာ အရေးကြီးတဲ့ process နေရာကနေပါ၀င်နေပါတယ်။

📝 ပထမဆုံး Code ရဲ့ context ကိုနားလည်အောင်လုပ်ပါ။ Code Review မလုပ်ခင် ဒီ code ရေးရတဲ့ရည်ရွယ်ချက်နဲ့ပြောင်းလဲမှုတွေကို သိနားလည်အောင်လုပ်ထားပါ။

📝 Code ကိုရေးထားတာ Consistent ဖြစ်လားဆိုတာနဲ့ နားလည်ရလွယ်ကူအောင်ရေးထားလားဆိုတာကိုလည်း စစ်ဆေးပါ။

📝 Test case တွေ Edge case တွေနဲ့အတူ real world မှာအသုံး၀င်နိုင်တဲ့ code ဖြစ်အောင်စစ်ဆေးပါ။

📝စစ်ဆေးတဲ့နေရာမှာ performance ပိုင်းကရော အဆင်ပြေရဲ့လားဆိုတာကို memory နဲ့ processing time တွေပေါ်မူတည်ပြီး စစ်ဆေးကြည့်လို့ရပါတယ်။

📝 ရေးထားတဲ့ code အသစ်ကိုလည်း ကို unit test တွေနဲ့အတူစစ်ဆေးထားသင့်ပါတယ်။

📝နောက်ဆုံးအဆင့်အနေနဲ့ ရလာတဲ့ review အပေါ်ပြန်လည်စစ်ဆေးပြီး ပြုပြင်ပြောင်းလဲတာတွေ စလုပ်ထားလို့ရပြီပဲဖြစ်ပါတယ်။

Developer ကြီးတို့ရဲ့ code review အလေ့အကျင့်လေးတွေကိုလည်း comment မှာဝေမျှပေးသွားဖို့ မမေ့ပါနဲ့နော်။

#creative_coder_myanmar
👍3
Laravel Zoom အတန်းက ကျောင်းသားတွေဘယ်လို feedback ပေးခဲ့ကြလဲ?

လက်တွေ့ project တွေပြုလုပ်ရတဲ့ Laravel အတန်းလေးဟာ ဒီအပတ်မှာပဲ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ကျောင်းသားတွေရဲ့နှစ်လတာသင်ယူလေ့လာမှုတွေနဲ့အတူ Backend Development နဲ့ပတ်သက်ပြီးအခြေခံကောင်းကောင်းရသွားမယ်လို့ Creative Coder ကယုံကြည်ပါတယ်။

အခုလက်ရှိမှာ frontend, backend တွဲပြီး Zoom အတန်းလေးဖွင့်ထားပေးတာဖြစ်လို့ early bird Discount နဲ့အရယူပြီး တက်ရောက်ဖို့မမေ့ပါနဲ့နော် 👀

#creative_coder_myanmar