Creative Coder Myanmar
1.79K subscribers
680 photos
3 videos
163 links
Web Development ခရီးစဉ်ကို
Creative Coder နှင့်စတင်လိုက်ပါ။🚀
Download Telegram
ဒီနေ့က February 5 ဆိုတော့ ကျနော်တို့ရဲ့ Vue + Laravel Batch (2) အတန်းကြီး စတင်ဖို့ ၅ ရက် သာ လိုပါတော့တယ်။ လက်ရှိမှာ နေရာအကန့်အသတ်နဲ့ လက်ခံနေတာဖြစ်လို့ အခုဆိုရင် တက်ရောက်ဖို့အတွက် နောက်ဆုံး ၆ ယောက်စာ သာ ကျန်ပါတော့တယ်! 🚀


သင်ကြားပုံကို မကြိုက်ရင် သင်တန်းကြေး (၁၀၀%) ပြန်အမ်းပေးမယ့် Money Back Guarantee ရှိလို့ စိတ်အေးချမ်းသာစွာ တက်ရောက်နိုင်ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကိုယ့်ရဲ့ Career ကို အသစ်ကနေ ပြန်စတင်ဖို့ အဆင်သင့်ပဲလား? ဒီ ၆ နေရာထဲမှာကိုယ်တိုင် ပါဝင်ဖို့ အခုပဲ ဆုံးဖြတ်ချက်ချလိုက်ပါနော်။

သင်တန်းအသေးစိတ် 📅

စတင်မည့်ရက်: February 10

၆ ယောက်သာ ကျန်ရှိပါတော့တယ်နော်

👉 နေရာလက်လွှတ်မခံရအောင် Messenger မှာ "Vue Laravel" လို့ အခုပဲ ပို့လိုက်ပါ: m.me/creativecodermm

— Creative Coder Myanmar

#CreativeCoderMyanmar #VueJS #Laravel11 #Batch2 #FullstackDeveloper #Last6Spots #WebDevelopment #CodingReminder
အထာကျကျ Vibe Coding လုပ်ရအောင် 🎧💻

အခုတလော Developer လောကမှာ "Vibe Coding" ဆိုတဲ့ စကားလုံးက တော်တော်လေး ရေပန်းစားလာပါတယ်။ Cursor တို့၊ Windsurf တို့လို AI Tool တွေကို သုံးပြီး စာရိုက်သလိုမျိုး (Natural Language) နဲ့ App တွေ ဆောက်တာကို ဆိုလိုတာပါ။

မြန်တာတော့ တကယ်မြန်ပါတယ်။ ဒါပေမဲ့... ကျနော် ပြောပြချင်တဲ့ အမှန်တရားတစ်ခု ရှိပါတယ်။ AI ကို "Vibe" ပေးပြီး ခိုင်းဖို့ဆိုတာ ကိုယ့်ဘက်က ခိုင်မာတဲ့ အခြေခံ ရှိမှ ရမှာပါ။

အခြေခံမရှိဘဲ AI ကိုပဲ အားကိုးပြီး Vibe နေမယ်ဆိုရင် "Developer" မဟုတ်ဘဲ "AI ရဲ့ အသုံးချခံ" သက်သက်ပဲ ဖြစ်သွားပါလိမ့်မယ်။

ဒီတော့ AI Era မှာ အထာကျကျ Vibe နိုင်ဖို့ ဘာတွေ ပြင်ဆင်ရမလဲ?


📝AI က Syntax တွေကို စက္ကန့်ပိုင်းအတွင်း ရေးပေးနိုင်ပါတယ်။ ဒါပေမဲ့ Logic ကိုတော့ ကိုယ်တိုင်ကပဲ ချပေးရမှာပါ။ "ဒီ Feature က User အတွက် ဘာကို ဖြေရှင်းပေးမှာလဲ?" "Data တွေက ဘယ်လို Flow နဲ့ စီးဆင်းသွားမှာလဲ?" ဒီ Logic တွေကို ပိုင်ပိုင်နိုင်နိုင် သိထားမှ AI ကို တိကျတဲ့ Instructions ပေးနိုင်မှာပါ။

📝Code ရေးတာထက် Code ဖတ်တာ ပိုကျွမ်းကျင်ရမယ်
Vibe Coding ရဲ့ သဘောသဘာဝက ကိုယ်တိုင်ရေးတာထက် AI ရေးပေးတာကို "စစ်ဆေးတာ" က ပိုများလာပါတယ်။ AI က အမြဲတမ်း မမှန်ပါဘူး။ သူရေးပေးလိုက်တဲ့ Code ထဲမှာ Security Gap တွေ ပါနေသလား? Performance ပိုင်းမှာ Error တွေ ရှိနေသလား? ဒါကို သိဖို့ဆိုရင် အခြေခံကို ပိုင်နိုင်မှ ရမှာပါ။ Code ဖတ်မတတ်ဘဲနဲ့ AI ပေးတဲ့ Error Loop ထဲမှာတင် အချိန်ကုန်သွားတတ်ပါတယ်။


📝AI က "ဘယ်လိုရေးရမလဲ (How)" ကို ကူညီနိုင်ပေမဲ့ "ဘာကြောင့် ဒီနည်းလမ်းကို သုံးသင့်လဲ (Why)" ကိုတော့ သူ မဆုံးဖြတ်ပေးနိုင်ပါဘူး။ ဥပမာ - ဘယ်လို Database မျိုး သုံးမလဲ? ဘယ်လို Architecture နဲ့ သွားမလဲ? ဒီ "Why" တွေကို သိတဲ့ Developer ကသာ AI ကို ရန်သူလို မမြင်ဘဲ ကိုယ့်ရဲ့ Superpower တစ်ခုလို အသုံးချနိုင်မှာပါ။

အဆုံးသတ်မှာ ပြောချင်တာကတော့...

Vibe Coding က ကိုယ့်ကိုအရင်ကထက် အဆပေါင်းများစွာ ပိုမြန်တဲ့ Developer တစ်ယောက် ဖြစ်လာစေမှာပါ။ ဒါပေမဲ့ အဲဒီ "Vibe" ဆိုတာ အခြေခံ ဗဟုသုတတွေပေါ်မှာ တည်ဆောက်ထားတဲ့ "Professional Intuition" တစ်ခုပါ။

AI Era မှာ အလုပ်မပြုတ်ချင်ရင် AI ကိုပဲ ပုံမအပ်လိုက်ပါနဲ့။ ကိုယ့်ရဲ့ စဉ်းစားတတ်ခြင်း နဲ့ အခြေခံပညာ ကို AI ရဲ့ မြန်ဆန်မှု နဲ့ ပေါင်းစပ်လိုက်ပါ။
ဒီနေ့ခေတ် Web Development လောကမှာ သင်တန်းတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ သင်တန်းပြီးသွားတဲ့အခါ "ငါ တကယ်ရော အလုပ်ခွင်မှာ ရေးနိုင်ပါ့မလား" ဆိုတဲ့ စိုးရိမ်စိတ်က ကျောင်းသားတိုင်းမှာ ရှိတတ်တာ သဘာဝပါ။

ကျနော်တို့ Creative Coder ရဲ့ ရည်ရွယ်ချက်က ကျောင်းသားတွေကို Code ရေးတတ်ရုံတင် မဟုတ်ဘဲ၊ တကယ့် Professional Developer တစ်ယောက်လို အလုပ်ခွင်ထဲ ခြေစုံပစ် ဝင်နိုင်အောင် ပြင်ဆင်ပေးဖို့ပါ။ ဒါကြောင့်လည်း ကျနော်တို့ဆီမှာပဲ ရနိုင်တဲ့ ထူးခြားတဲ့ Service နဲ့ အခွင့်အရေးတွေကို ဖန်တီးပေးထားပါတယ်။

🛠️ ကျနော်တို့ရဲ့ Vue + Laravel Batch (2) မှာ ထူးခြားတာက သင်တန်းကာလအတွင်း Project တွေ ရေးရရုံတင် မကပါဘူး။ သင်တန်းပြီးဆုံးတဲ့အခါ...

"Real-world Experience ရရှိစေဖို့ (၂) ပတ်ကြာ OJT (On-the-Job Training) အစီအစဉ်ကို ထည့်သွင်းပေးထားပါတယ်။"

ဒီ ၂ ပတ်အတွင်းမှာ ကျောင်းသားတစ်ယောက်ထက်ပိုတဲ့ အတွေ့အကြုံတွေကို ရရှိမှာပါ

📝ကုမ္ပဏီတစ်ခုမှာ Developer တွေ ဘယ်လို Task ခွဲယူလဲ၊ ဘယ်လို Collaboration လုပ်လဲဆိုတာကို လက်တွေ့ မြင်ရမယ်။

📝 ကိုယ်ရေးထားတဲ့ Code တွေကို Senior Developer တွေက စနစ်တကျ Review လုပ်ပေးပြီး အလုပ်ခွင်သုံး Standard ဖြစ်အောင် ပြင်ဆင်ပေးမယ်။

📝 Tutorial ထဲမှာမပါတဲ့၊ တကယ့် Real-world မှာ ကြုံရတတ်တဲ့ အခက်အခဲတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ လေ့လာရမယ်။

Start Date: February 10

သင်ကြားပုံကို မကြိုက်ရင် သင်တန်းကြေး (၁၀၀%) ပြန်အမ်းပေးမယ့် အာမခံချက်လည်းပါ၀င်ပါသေးတယ်။

သင်တန်းပြီးရင် လမ်းပျောက်မသွားချင်ဘူး၊ တကယ့် Real-world အတွေ့အကြုံနဲ့အတူ အလုပ်ခွင်ထဲ ဝင်ချင်တယ်ဆိုရင်တော့ Creative Coder က သင့်အတွက် အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်မှာပါ။

👉 နေရာဦးထားဖို့ Messenger မှာ "Vue Laravel"လို့ အခုပဲ ပို့လိုက်ပါ: m.me/creativecodermm

— Creative Coder Myanmar

#CreativeCoderMyanmar #VueLaravelBatch2 #OJT #InternshipOpportunity #RealWorldExperience #FullstackDeveloper #WebDevelopment
2
Vue + Laravel Batch (2) အတွက် နောက်ဆုံး (၂) ရက်ပဲ ကျန်ပါတော့တယ်။

ဒီ Vue Laravel အတန်းမှာဆိုရင် ကျနော်တို့ရဲ့ သင်ကြားပုံကို မကြိုက်ရင် သင်တန်းကြေး (၁၀၀%) အပြည့်အမ်းပေးမယ့် Money Back Guarantee လည်းထည့်သွင်းပေးထားပါတယ်။

"တကယ်ရော တတ်ပါ့မလား?" ဆိုတဲ့ စိုးရိမ်စိတ်ကို ဘေးဖယ်ထားလိုက်ပါ။ ကျနော်တို့ဘက်က အာမခံချက်တွေ၊ OJT အစီအစဉ်တွေနဲ့ သင့်ကို အကောင်းဆုံး ပံ့ပိုးပေးဖို့ အသင့်ရှိနေပါပြီ။ ကျန်တာက "စတင်ဖို့" ဆုံးဖြတ်ချက်ချဖို့ပဲ လိုပါတယ်နော်။

Start Date - February (10)

👉 နေရာလက်လွှတ်မခံရအောင် Messenger မှာ "Vue Laravel" လို့ အခုပဲ ပို့လိုက်ပါ: m.me/creativecodermm

— Creative Coder Myanmar

#CreativeCoderMyanmar #VueLaravelBatch2 #TwoDaysLeft #WebDevelopment #OJT #FullstackDeveloper #CodingCarer
ကျနော်တို့ရဲ့ Vue + Laravel Batch (2) Live Class ကြီး စတင်ဖို့ (၁) ရက်သာ လိုပါတော့တယ်။ 🔥

မနက်ဖြန် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကျနော်တို့ အတန်းစပါတော့မယ်။

ဒီနေ့ နောက်ဆုံးထားပြီး Join ရမယ့် အချက် (၃) ချက်ကတော့📌
📝 သင်တန်းပြီးရင် လမ်းပျောက်မသွားစေရဘူး။ တကယ့် လုပ်ငန်းခွင်ထဲမှာ Senior တွေနဲ့အတူ ၂ ပတ်ကြာ အတွေ့အကြုံယူနိုင်မယ့် OJT အစီအစဉ်က အသင့်စောင့်ကြိုနေပါတယ်။
📝
Tutorial အဆင့်ထက်ကျော်လွန်တဲ့ StackOverflow Clone ကို အစအဆုံး ကိုယ်တိုင်ရေးသားပြီး CV ထဲမှာ အထာကျကျ ထည့်နိုင်မယ်။
📝သင်ကြားပုံကို မကြိုက်ရင် သင်တန်းကြေး (၁၀၀%) ပြန်အမ်းပေးမယ့် Money Back Guarantee ရှိလို့ ပိုက်ဆံဆုံးရှုံးမှာကို လုံးဝ စိုးရိမ်စရာ မလိုပါဘူး။

AI ခေတ်မှာ ရှင်သန်နိုင်မယ့် Developer တစ်ယောက် ဖြစ်လာဖို့
Vibe Coding လုပ်မလား၊ Prompt ပဲ ရိုက်နေမလား? အခြေခံ Fundamentals တွေကို ပိုင်နိုင်မှသာ AI ကို Superpower တစ်ခုလို အသုံးချနိုင်မှာပါ။ ကျနော်တို့ အတန်းမှာ AI ကို အကျိုးရှိရှိ သုံးပြီး Coding Speed ကို (၅) ဆကနေ (၁၀) ဆအထိ ဘယ်လို မြှင့်တင်မလဲဆိုတာကိုပါ တစ်ပါတည်း လေ့လာရမှာပါ။

သင်တန်းအသေးစိတ် 📅

စတင်မည့်ရက်: February 10


ဒီနေ့ ညသန်းခေါင်ကျော်တာနဲ့ ဒီ Batch အတွက် Registration ပိတ်တော့မှာဖြစ်ပါတယ်။


👉 နေရာလက်လွှတ်မခံရအောင် Messenger မှာ "Vue Laravel" လို့ အခုပဲ ပို့လိုက်ပါ: m.me/creativecodermm

— Creative Coder Myanmar

#CreativeCoderMyanmar #VueLaravelBatch2 #OneDayLeft #FinalReminder #WebDevelopment #CodingLife #CareerGrowth
1
🚀 Next Level ရောက်ဖို့အတွက် Next.js Course

Frontend နဲ့ Backend ကို framework အမျိုးမျိုး ခွဲမသုံးဘဲ Next.js တစ်ခုတည်းနဲ့ Fullstack Web Application ကို အဆင့်မြင့်မြင့် တည်ဆောက်နိုင်ချင်သူတွေအတွက် ဒီ Course က အထူးသင့်တော်ပါတယ်။ ၂၀၂၆ Web Development လောကမှာ အရေးပါတဲ့ SEO ကောင်းမှု၊ Performance မြင့်မှု တွေကို အခြေခံပြီး Modern Web App တွေကို လက်တွေ့ရေးနိုင်အောင် ဦးတည်ထားတဲ့ Zoom Live Class ဖြစ်ပါတယ်။

ဒီ Next.js Course ကို Sayar Zayar Win ကိုယ်တိုင် Zoom မှတစ်ဆင့် Live သင်ကြားပေးမှာဖြစ်ပြီး Tutorial ကြည့်ရုံနဲ့ မပြီးဘဲ Production Level App တစ်ခုကို အစအဆုံး ကိုယ်တိုင်ရေးနိုင်အောင် လမ်းညွှန်ပေးသွားမှာပါ။

ဒီ Course မှာ Next.js ကို ရိုးရိုး Framework တစ်ခုအနေနဲ့ မသင်ဘဲ Real-world Project အခြေခံ နဲ့ သင်ကြားပေးပါတယ်။ Server-Side Rendering နဲ့ Client-Side Rendering ကို ဘယ်နေရာမှာ ဘယ်လိုသုံးရမလဲဆိုတာကို သဘောတရားနဲ့သာမက လက်တွေ့ Project ထဲမှာပါ နားလည်သွားအောင် လေ့ကျင့်ပေးသွားမှာပါ။

TypeScript ကို အခြေခံမရှိသေးသူတွေ အတွက်လည်း စိတ်ပူစရာ မလိုပါဘူး။ ဒီ Course ထဲမှာ Zero to TypeScript ပုံစံနဲ့ Project ရေးရင်းနဲ့ TypeScript ကို လက်တွေ့အသုံးချတတ်အောင် တစ်ပါတည်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။ Coding Skill တင်မကဘဲ Developer တစ်ယောက်အနေနဲ့ SEO နဲ့ Performance ကို ဘယ်လောက် အရေးထားရမလဲ ဆိုတာကိုပါ လက်တွေ့မြင်သာအောင် သင်ယူရမှာပါ။

သင်တန်းကို Zoom Live Class အနေနဲ့ သင်ကြားတာကြောင့် Instructor နဲ့ တိုက်ရိုက် ထိတွေ့မေးမြန်းနိုင်ပြီး မရှင်းတဲ့အပိုင်းတွေကို ချက်ချင်း ဖြေရှင်းနိုင်ပါတယ်။ သင်ခန်းစာအတွင်း အခက်အခဲရှိလာရင်လည်း One-on-One Support နဲ့ သီးသန့်ကူညီပေးမှာဖြစ်လို့ သင်ယူမှုမှာ မပြတ်တောက်ဘဲ ဆက်လက်တိုးတက်နိုင်ပါတယ်။

အလုပ်လုပ်နေသူတွေ အတွက် အဆင်ပြေအောင် စနေ၊ တနင်္ဂနွေ နေ့လယ်ပိုင်း မှာသာ သင်ကြားပေးပြီး Course တစ်လျှောက်လုံး Project-Based Learning နဲ့ ကိုယ်တိုင် လိုက်ပါတည်ဆောက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် Course ပြီးဆုံးချိန်မှာ Tutorial ကြည့်ဖူးသူ မဟုတ်တော့ဘဲ Next.js Fullstack Developer တစ်ယောက်လို လက်တွေ့ရေးနိုင်တဲ့ အဆင့် ကို ရောက်ရှိလာမှာပါ။

📅 Course Information

👨‍🏫 Instructor: Sayar Zayar Win

💻 Platform: Zoom (Live Class)

🗓 Start Date: March 7

Duration: Approx. 2 Months

🕐 Schedule: Sat & Sun (1:00 PM – 3:00 PM MMT)

💰 Fees

Course Fee: 350,000 MMK


Tutorial တွေ ကြည့်ရုံတင် မကဘဲ
Next Level Developer တစ်ယောက်လို အမှန်တကယ် ရေးတတ်ချင်သူများအတွက်
ဒီ Next.js Course က အကောင်းဆုံး ရွေးချယ်မှုဖြစ်ပါတယ်။

👉 အသေးစိတ်စုံစမ်းရန် / အတန်းအပ်ရန်
Messenger မှာ “NextJS” လို့ ပို့ပါ
👉 m.me/creativecodermm

#creative_coder_myanmar
🚀 Web Developer တွေအနေနဲ့ ဘယ်လို AI Agent တွေကို ရွေးချယ်အသုံးပြုသင့်လဲ?

၂၀၂၆ Web Development လောကမှာ AI ဟာ Optional Tool မဟုတ်တော့ဘဲ Productivity Partner တစ်ခုဖြစ်လာပါပြီ။ Code ရေးရာမှာပဲ မကဘဲ Debugging, Documentation, Testing, Deployment အထိ AI ကို အသုံးချနိုင်တဲ့ခေတ်ကို ရောက်နေပါပြီ။ ဒါကြောင့် Web Developer တစ်ယောက်အနေနဲ့ “AI ကို သုံးမလား မသုံးဘူးလား” ဆိုတာ မဟုတ်တော့ဘဲ “ဘယ် AI ကို ဘယ်လို သုံးမလဲ” ဆိုတာက အရေးကြီးလာပါတယ်။
AI Agent ကို ရွေးချယ်ရာမှာ ပထမဆုံး စဉ်းစားသင့်တာက ကိုယ့်ရဲ့ Workflow ပါ။ Frontend Developer လား? Backend Developer လား? Fullstack လား? ကိုယ်လုပ်နေတဲ့ Project အမျိုးအစားနဲ့ ကိုက်ညီတဲ့ AI ကို ရွေးချယ်သင့်ပါတယ်။ UI Component Generate လုပ်ပေးနိုင်တဲ့ AI, API Structure Suggest လုပ်ပေးနိုင်တဲ့ AI, Database Query Optimize လုပ်ပေးနိုင်တဲ့ AI စတဲ့ ကိုယ့်အလုပ်နဲ့ တိုက်ရိုက်အသုံးဝင်မယ့် Tool ကို ရွေးဖို့လိုပါတယ်။

ဒုတိယအရေးကြီးဆုံးက Code Quality နဲ့ Accuracy ဖြစ်ပါတယ်။ AI က Code ရေးပေးနိုင်တယ်ဆိုပေမယ့် Production Level မှာ အသုံးချနိုင်ဖို့ဆိုရင် Clean Code, Best Practices, Security Consideration တွေကို ထည့်စဉ်းစားနိုင်ရပါမယ်။ ဒါကြောင့် AI ရဲ့ Output ကို Blind Trust မလုပ်ဘဲ Developer Mindset နဲ့ Review လုပ်နိုင်ရပါမယ်။

တတိယအချက်က Integration & Ecosystem Support ပါ။ ကိုယ်သုံးနေတဲ့ Stack (React, Next.js, Node.js, Laravel, etc.) နဲ့ Compatible ဖြစ်လား၊ IDE ထဲမှာ တိုက်ရိုက်အသုံးပြုလို့ရလား၊ Documentation Support ကောင်းလားဆိုတာ စဉ်းစားသင့်ပါတယ်။ Workflow ထဲကို လွယ်လွယ်ကူကူ ထည့်သွင်းနိုင်ရင် Productivity က အမှန်တကယ် မြင့်တက်လာပါမယ်။

AI ကို အသုံးပြုတဲ့ Developer နဲ့ မသုံးတဲ့ Developer ကြားမှာ ကွာခြားချက်က Code Speed တင်မကပါဘူး။ Problem Solving Speed, Research Time, Learning Curve တွေပါ ကွာလာပါတယ်။ ဒါပေမယ့် AI ကို Tool အနေနဲ့သာ သုံးရမယ်ဆိုတာကို မမေ့သင့်ပါဘူး။ Decision Making နဲ့ Architecture Design ကတော့ Developer ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။

နောက်ဆုံးမှာ သတိထားရမယ့်အချက်က AI ကို “Shortcut” အဖြစ်မသုံးဘဲ Skill Multiplier အဖြစ် သုံးဖို့ပါ။ AI က သင့်ကို အစားထိုးမယ့်အရာမဟုတ်ပါဘူး။ AI ကို မှန်ကန်စွာ အသုံးချနိုင်တဲ့ Developer တွေကပဲ Next Level ကို ရောက်နိုင်မှာပါ။
Web Developer တစ်ယောက်အနေနဲ့ AI ကို မကြောက်ပါနဲ့။

AI ကို မျှော်လင့်ရုံလည်း မလုပ်ပါနဲ့။

AI ကို နားလည်ပြီး စနစ်တကျ အသုံးချနိုင်ရင်

Productivity နဲ့ Career Growth က အဆင့်မြင့်တက်လာမှာ မလွဲပါဘူး 🚀
🔥 AI ကို မှန်ကန်စွာ အသုံးချနိုင်ဖို့အတွက် Strong Technical Foundation က မဖြစ်မနေလိုအပ်ပါတယ်။
Frontend နဲ့ Backend ကို Next.js တစ်ခုတည်းနဲ့ Production Level အထိ တည်ဆောက်နိုင်ချင်ရင်

SEO, Performance, Rendering Strategy တွေကို Deep Level နားလည်ချင်ရင်
👉 Next Level ရောက်ဖို့အတွက် Next.js Course ကို စဉ်းစားကြည့်ပါ။
Zoom Live Class အနေနဲ့ သင်ကြားပေးမှာဖြစ်ပြီး

Project-Based Learning နဲ့ Fullstack App တစ်ခုကို ကိုယ်တိုင် တည်ဆောက်နိုင်အောင် လမ်းညွှန်ပေးသွားမှာပါ။
အသေးစိတ်သိချင်ရင် Messenger မှာ “NextJS” လို့ ပို့ပြီး မေးမြန်းနိုင်ပါတယ်။

#creative_coder_myanmar
1
🚀 AI ခေတ်မှာ Security ကို ဘယ်လို ဂရုစိုက်ကြမလဲ?

AI Tool တွေ အသုံးများလာတဲ့ ၂၀၂၆ ခုနှစ်မှာ Development Speed က တိုးလာသလို Security Risk တွေလည်း တပြိုင်နက်တည်း တိုးလာပါတယ်။ Code Generate လုပ်ပေးနိုင်တယ်၊ API Design Suggest လုပ်ပေးနိုင်တယ်ဆိုပေမယ့် “အလုပ်လုပ်တယ်” ဆိုတာက “လုံခြုံတယ်” ဆိုတာနဲ့ မတူပါဘူး။ AI က Developer ကို အကူအညီပေးနိုင်ပေမယ့် Responsibility ကတော့ Developer ဆီမှာပဲ ရှိနေပါတယ်။

ပထမဆုံး သတိထားရမယ့်အချက်က Sensitive Data Exposure ပါ။ API Key, Secret Token, Database Credential တွေကို Prompt ထဲမှာ ထည့်ပေးပြီး AI ကို မေးတာတွေဟာ အန္တရာယ်အများဆုံး လုပ်ရပ်တွေထဲက တစ်ခုပါ။ Public AI Tool တစ်ခုကို အသုံးပြုတဲ့အချိန်မှာ ကိုယ်ထည့်တဲ့ Data က Training Data ဖြစ်သွားနိုင်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ Test Data သို့မဟုတ် Dummy Data ကိုသာ အသုံးပြုဖို့ အလွန်အရေးကြီးပါတယ်။

ဒုတိယအချက်က AI Generated Code ကို အကုန်လုံးယုံတာမျိုး မလုပ်တာ ဖြစ်ပါတယ်။ AI ရေးပေးတဲ့ Code တွေထဲမှာ Input Validation မရှိတာ၊ SQL Injection ဖြစ်နိုင်တာ၊ Authentication မပြည့်စုံတာတွေ မကြာခဏ ပါလာတတ်ပါတယ်။ အလုပ်လုပ်တယ်ဆိုတာနဲ့ Production ထဲထည့်လိုက်ရင် Security Hole တစ်ခု ဖန်တီးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ Developer တစ်ယောက်အနေနဲ့ Code Review, Sanitization, Permission Check တွေကို မဖြစ်မနေ ထည့်စဉ်းစားရပါမယ်။
တတိယအချက်က Dependency & Package Risk ပါ။ AI က Library တစ်ခု Suggest လုပ်ပေးတယ်ဆိုတိုင်း ချက်ချင်း Install မလုပ်သင့်ပါဘူး။ Maintenance မရှိတော့တဲ့ Package, Vulnerability ရှိတဲ့ Version, Malicious Package တွေပါလာနိုင်ပါတယ်။

နောက်တစ်ခုက Authentication & Authorization Design ဖြစ်ပါတယ်။ AI က Login System တစ်ခု Generate လုပ်ပေးနိုင်ပေမယ့် Role Management, Permission Boundary, Token Expiry Strategy တွေကို ကိုယ်တိုင် စဉ်းစားဖို့လိုပါတယ်။ Secure System တစ်ခုဆိုတာ Code ပိုင်းတင်မကဘဲ Architecture Design ပိုင်းပါ ပါဝင်ပါတယ်။

AI က မြန်တယ်ဆို ပေမယ့်Verify လုပ်နိုင်တဲ့ Developer တွေကပဲ လုံခြုံတဲ့ Software တွေ တည်ဆောက်နိုင်ပါတယ်။
AI ခေတ်မှာ Developer တစ်ယောက်ရဲ့ Value က Code ရေးနိုင်မှုတင်မဟုတ်တော့ပါဘူး။

Risk ကို ကြိုတင်မြင်နိုင်မှု၊ Architecture ကို စဉ်းစားနိုင်မှု၊ Security ကို ဦးစားပေးနိုင်မှုတွေ ဖြစ်လာပါတယ်။

AI ကို မြန်မြန်သုံးတဲ့ Developer မဟုတ်ဘဲ

AI ကို လုံခြုံအောင် သုံးနိုင်တဲ့ Developer ဖြစ်လာရင်
ကိုယ့်ရဲ့ Skill Level က တစ်ဆင့်မြင့်သွားပြီလို့ ပြောလို့ရပါတယ်
#creativeCoderMyanmar
1
🚫 Next.js Class ကို မတက်ပါနဲ့

ဟုတ်ပါတယ်… မတက်ပါနဲ့။
Tutorial တွေ ကြည့်ပြီးတော့ “နားလည်သလိုလို” နဲ့ပဲ ဆက်ရေးနေချင်ရင် မတက်ပါနဲ့။

Bug တက်တိုင်း StackOverflow လှည့်ရှာပြီး
ဘာကြောင့် ဖြစ်တာမသိပဲ Copy-Paste နဲ့ Fix လုပ်နေချင်ရင် မတက်ပါနဲ့။

Frontend ကိုတစ်ခု
Backend ကိုတစ်ခု
Auth ကိုတစ်ခု
Deployment ကိုတစ်ခု
Framework တွေ အပြောင်းအလဲကြားမှာ လမ်းပျောက်နေချင်ရင် မတက်ပါနဲ့။

SSR, CSR, SEO, Performance ဆိုတာတွေကို
Interview မေးခွန်းအဖြစ်ပဲ သိပြီး
Project ထဲမှာ ဘယ်လို သုံးရမလဲ မသိဘဲ ဆက်သွားချင်ရင် မတက်ပါနဲ့။

ဒါပေမယ့်…

Project တစ်ခုကို အစအဆုံး ကိုယ်တိုင် Architecture စဉ်းစားပြီး
Production Level အထိ တည်ဆောက်ချင်လာပြီဆိုရင်တော့
ဒီ Class ကိုတက်သင့်ပါတယ်။

Framework များများ သိတဲ့ Developer မဟုတ်ဘဲ
System တစ်ခု တည်ဆောက်နိုင်တဲ့ Developer ဖြစ်ချင်ရင်
Messenger မှာ NextJS လို့ ပို့ပြီး မေးမြန်းနိုင်ပါတယ်

👉 m.me/creativecodermm #CreativeCoderMyanmar
🚀 ၂၀၂၆ မှာ User တွေက Offline ဖြစ်နေရင်တောင် အလုပ်လုပ်တဲ့ App တွေကို ပိုသဘောကျလာပါတယ်

Internet Speed မြန်လာတယ်ဆိုပေမယ့်

Internet Always Stable ဖြစ်နေတယ်လား? မဟုတ်ပါဘုး။
လိုင်းကျသွားတဲ့အချိန်

Data ကုန်သွားတဲ့အချိန်

Network Weak ဖြစ်နေတဲ့အချိန်မှာ

App တစ်ခုလုံး “No Internet Connection” ဆိုပြီး ရပ်သွားရင်

User Experience က အဆုံးသတ်သွားပါတယ်။
၂၀၂၆ မှာ User တွေ မျှော်လင့်ချက်က ပြောင်းလဲသွားပြီ။

Online ဖြစ်ရင်ပဲ အလုပ်လုပ်မယ့် App မဟုတ်တော့ဘူး

Offline ဖြစ်နေရင်တောင် အခြေခံ Feature တွေ ဆက်သုံးလို့ရမယ့် App ကိုပဲ ပိုသဘောကျလာကြပါတယ်။

👉🏼Data ကို Local Storage / IndexedDB ထဲမှာ Cache လုပ်ထားခြင်း
👉🏼Network ပြန်တက်လာတဲ့အချိန် Auto Sync လုပ်ပေးခြင်း
👉🏼Form Submit လုပ်ထားတာတွေကို Background Queue ထဲသိမ်းထားပြီးနောက်မှ ပို့ခြင်း
👉🏼Loading Screen များများ မပြဘဲ Cached UI ပြန်ပြသခြင်း
ဒီလို Design လုပ်နိုင်တဲ့ App တွေက User Trust ကို အမြန်ဆုံး ရရှိနိုင်ပါတယ်။

📱 Real-World Usage Pattern
User တစ်ယောက်က

ကားစီးနေရင်း App သုံးနိုင်ရမယ်

Remote Area မှာလည်း Data ကြည့်နိုင်ရမယ်

Signal ကျနေချိန်မှာလည်း Note ရိုက်နိုင်ရမယ်
App က Internet မရှိလို့ မလုပ်နိုင်ဘူးဆိုတာကို

User က လက်မခံတော့ပါဘူး။
💡 Developer တွေအတွက် Lesson
Framework အသစ်သုံးတာထက်

Architecture ကို Offline-Ready ဖြစ်အောင် စဉ်းစားနိုင်တာက ပိုအရေးကြီးလာပါတယ်။
Progressive Web App (PWA) Concept

Service Worker

Caching Strategy

Background Sync
ဒီအရာတွေကို နားလည်ထားတဲ့ Developer တွေက

Future-Ready Developer ဖြစ်လာမယ်။
၂၀၂၆ မှာ Speed တင်မဟုတ်ဘူး
Resilience က ပိုအရေးကြီးလာပါတယ်။
Offline ဖြစ်နေရင်တောင် အလုပ်လုပ်နိုင်တဲ့ App တစ်ခု က Developer ကိုလည်း Stand Out ဖြစ်စေပါတယ်။

ဒီလိုအချက်တွေကို သင်ယူနိုင်မယ့် အတန်းကိုအပ်ချင်ရင်
Messenger မှာ NextJS လို့ ပို့ပြီး မေးမြန်းနိုင်ပါတယ်

👉 m.me/creativecodermm #CreativeCoderMyanmar
3
လုပ်ငန်းခွင်အတွက် အသင့်ဖြစ်နေတဲ့ Developer တစ်ဦးဖြစ်ဖို့အတွက် 🚀

Frontend သင်ပြီး React သိလာတဲ့အချိန်မှာ Developer အများစုတွေ တစ်နေရာမှာရပ်သွားကြပါတယ်။ Tutorial တွေကြည့်ပြီး Clone project လုပ်နိုင်ပေမယ့် Company ဝင်ပြီး တကယ်အလုပ်လုပ်ဖို့ဆိုရင် မတူတဲ့ skill set တစ်ခုလိုလာပါတယ် အဲဒါကတော့ Production Experience ပါ။

Interview မှာ မေးတာက Hook သိလား၊ Component ခွဲတတ်လား မဟုတ်ပါဘူး။
“User သုံးမယ့် App တစ်ခုကို စတင်ပြီး Deploy အထိ တည်ဆောက်နိုင်လား” ဆိုတာပါ။

Authentication flow တည်ဆောက်ဖူးလား
API ချိတ်ပြီး real data ကို handle လုပ်ဖူးလား
SEO optimize လုပ်ဖူးလား
Performance slow ဖြစ်ရင် troubleshoot လုပ်ဖူးလား

ဒီလိုအရာတွေ မကြုံဖူးသေးရင် React သိတယ်ဆိုတာ တစ်ဝက်ပဲဖြစ်နေတတ်ပါတယ်။

ဒီ Next.js Class က Framework tutorial မဟုတ်ဘဲ Developer ကို Job-ready ဖြစ်အောင် လေ့ကျင့်ပေးမယ့် class ဖြစ်ပါတယ်။ Static website mindset ကနေ Web Application architecture mindset ကိုပြောင်းပေးမှာပါ။ Server rendering, client rendering, routing structure, API integration, deployment environment တွေကို project တစ်ခုအတွင်းမှာ တကယ်အသုံးပြုရမယ့်ပုံစံနဲ့ လေ့လာရပါမယ်။

React သိပြီး Portfolio မရှိသေးသူတွေ၊ Internship / Junior Developer apply မတင်ရဲသေးသူတွေ၊ Backend နဲ့ချိတ်ပြီး project မလုပ်ဖူးသေးသူတွေ၊ Freelance စချင်ပေမယ့် confidence မရှိသေးသူတွေ အတွက် ဒီ class က knowledge တိုးဖို့မဟုတ်ဘဲ career စတင်ဖို့ပါ။

Lifetime access ပါရှိတာကြောင့် update အသစ်တွေကိုလည်း ဆက်လက်ရရှိနိုင်ပါတယ်။

Class ပြီးတဲ့အချိန် “သင်ပြီးပြီ” မဟုတ်ဘဲ
အလုပ်လျှောက်ဖို့ Ready ဖြစ်နေတဲ့ Developer တစ်ဦးဖြစ်ချင်ရင် Messenger 👉
https://m.me/creativecoder.mm မှာ "Nextjs" လို့ပို့လိုက်ပါနော်။

#creative_coder_myanmar
1