နိုင်ငံခြားဇာတ်ကားများ နှင့် အင်ဒိယ ဇာတ်ကားကောင်းများ
39.1K subscribers
426 photos
96 videos
1 file
437 links
Contact - @nomorehappyf
Download Telegram
ဖရန့်ကင်းစတိုင်းရဲ့ သတို​သမီး

ဖရန့်ကင်းစတိုင်းအကြောင်း ဗားရှင်း အမျိုးမျိုး၊ ဇာတ်လမ်း အမျိုးမျိုးနဲ့ ရုပ်ရှင်တွေ ထွက်ခဲ့တာ အခု ၂၀၂၆ မှာလည်း ဖရန့်ကင်းစတိုင်း ဇာတ်ကားအသစ်လေး ထပ်ထွက်လာပါပြီ။

1️⃣ Channel အရင် Join ပါ
https://t.me/+WwEYBd1aga81MWM1

2️⃣ ဇာတ်ကားလင့်နှိပ်ပါ
https://t.me/c/2679213358/3812

ရုပ်ရှင်အညွှန်းဖတ်ရန်👇🏻
https://t.me/reviewch1mm/559
4
ပရိသတ်ပျိုမေတို့အသည်းစွဲမင်းသားချောရှောင်းကျန့် ပါဝင်သရုပ်ဆောင်ထားတဲ့ G°_°e-z-hi T_o-w-n (2/0/2/5)  ဒီရုပ်ရှင်ဇာတ်ကားဟာ ၁၉၄၃ ခုနှစ် Battle of West Hubei အတွင်းမှာရှိတဲ့ Shi Pai ခံတပ်တိုက်ပွဲကို အခြေခံထားတဲ့ သမိုင်းနောက်ခံဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်…

အထူးသဖြင့် Battle of Shihpai မှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို တိုက်ပွဲကြီးကို အသက်ဝင်အောင် ပြသထားပြီး

စစ်ပွဲရဲ့ရက်စက်မှုနဲ့ လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ဓာတ်ခွန်အားကို တစ်ပြိုင်နက်တည်း ဖော်ဆောင်ထားပြီးတော့ စစ်ဒရာမာတစ်ကားဆိုတာထက် မျှော်လင့်ချက်တွေကိုပေါင်းစပ်ထားတဲ့ စိတ်လှုပ်ရှားစရာ သမိုင်းမှတ်တမ်းတစ်ခုလို ခံစားရစေမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်

မျက်ရည်တွေ စစ်ပြေပြင်ကသွေးတွေနဲ့ မျှော်လင့်ချက်တွေ ပေါင်းစပ်ထားတဲ့ ဒီဇာတ်ကားဟာ ကြည့်ရှုသူတွေရဲ့ နှလုံးသားထဲမှာ နေရာယူနိုင်မဲ့စစ်ဒရာမာတစ်ကားဖြစ်ပါတယ်

ရှောင်းကျန့်ရဲ့ ပရိသတ်တွေ အတွက်သာမက သမိုင်းနောက်ခံ စစ်ဒရာမာကားမျိုးကြိုက်နှစ်သက်တဲ့သူတွေအတွက်ပါ မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ပြောလို့ရပါတယ်

အညွန်း+ဇာတ်ကားကြည့်ရန်👇🏻
https://t.me/mmsubmv5/4714
11
"ကျောင်းသားသုံးယောက်နှင့် နာမည်ကြီးလူမိုက်ဂိုဏ်း"

IMDb ⭐️ 8.8/10 Prime Video 9/10

"လူငယ်ဘဝရဲ့ အမှားတစ်ခုက တစ်သက်စာ ငရဲဖြစ်သွားတဲ့အခါ..."

Mass, Emotion, Power ဆိုတဲ့ စကားလုံးတွေနဲ့အညီ အက်ရှင်နဲ့ ဒရာမာကို အချိုးကျကျ ပေါင်းစပ်ထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်း တစ်ကားကို ကြည့်ချင်တဲ့ ဘော်ဒါတွေအတွက် ၂၀၂၅ ခုနှစ်ထွက် အသစ်စက်စက် တမီးလ်ကားလေး R-a-m A_b-d-u-*l_la-h A*n_t-o*n-y ကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီကားမှာ အဓိက သရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်တို ရင်းနှီးပြီးသားဖြစ်တဲ့ လူငယ်သရုပ်ဆောင် Poovaiyar နဲ့ အက်ရှင်ကားတွေမှာ ရှယ်ကြမ်းပြနေကျ မင်းသားကြီး Sai Dheena တိုက အကြိတ်အနယ် ပါဝင်အားဖြည့်ထားပါတယ်။ ဒါရိုက်တာ Jayavel ရိုက်ကူးထားပြီး Rating တွေကလည်း အမြင့်ကြီးတွေ ရထားတဲ့ ကားကောင်းတစ်ကားပါ။

ဇာတ်လမ်းအကြောင်းအရာလေးကတော့…

ရမ်၊ အဘ်ဒူလာနဲ့ အန်တိုနီဆိုတဲ့ ငယ်သူငယ်ချင်း သုံးယောက်ဟာ သာမန် ဆယ်ကျော်သက် ကျောင်းသားလေးတွေပါ။

ဒါပေမဲ့ သူတိုရဲ့ ဘဝဟာ မမျှော်လင့်ဘဲ လမ်းမှားပေါ် ရောက်သွားပြီး ရက်စက်တဲ့ လူသတ်မှုကြီးတစ်ခုမှာ မတော်တဆ ပါဝင်ပတ်သက်မိသွားတဲ့အခါ…

အသတ်ခံလိုက်ရတဲ့သူကလည်း ရိုးရိုးလူ မဟုတ်ဘဲ နာမည်ကြီး လူမိုက်ဂိုဏ်းစတားကြီးရဲ့ မြေးဖြစ်နေပြန်ရော။ ဒီအမှုကို ကိုင်တွယ်ဖိုအတွက် အကျင့်ပျက် ရဲအရာရှိဦးဆောင်တဲ့ အထူးအဖွဲက လိုက်လံရှာဖွေပါတော့တယ်။

အာဏာရှိတဲ့ လူမိုက်ဂိုဏ်းတွေ၊ အကျင့်ပျက် ရဲတွေကြားထဲမှာ ဒီလူငယ်သုံးယောက် အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား... သူတိုလုပ်ခဲ့တဲ့ အမှားအတွက် ဘယ်လို ပေးဆပ်ရမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်ပါ။

Genre ..... Crime, Thriller

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/mmmovie01/3849

ရုပ်ရှင်အညွှန်းဖတ်ရန်👇🏻
https://t.me/reviewch1mm/570
10
Forwarded from Bollywood Movies
ဂျော်ကီ - သွေးစွန်းသော ဆိတ်တိုက်ပွဲ

ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ အရင်ကရုပ်ရှင်တွေမှာ သိပ်မတွေ့ရဖူးတဲ့ ထူးထူးခြားခြား ဇာတ်လမ်းအမျိုးအစားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကမှ အသစ်ထွက်ရှိထားတဲ့ တမီးလ် အက်ရှင်ဒရာမာ ဇာတ်ကားသစ်ကြီး "ဂျော်ကီ'' ပဲဖြစ်ပါတယ်။

အညွှန်း + ဇာတ်ကားကြည့်ရန်👇🏻
https://t.me/mmsubzkarmyr/4686
3
ဓားသွားထက်က သွေးသောက်ကတိ

သိုင်းကားကောင်းကောင်းကြည့်ချင်သူများအဖို့ သိုင်းကားကောင်းကောင်းလာပါပြီ

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/Zkarkyikyamal/3101

ရုပ်ရှင်အညွှန်းဖတ်ရန်👇🏻
https://t.me/reviewch1mm/571
8
Forwarded from Movie Myanmar
T-h-e C-l-a-s-s-i-f-i=e-d F=i-l-e (2015)

IMDb Rating (6.6)

ဒီတစ်ခေါက်မှာတော့ ၁၉၇၈ခုနှစ်က ဘူဆန်မြို့မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ စုံထောက်ရုပ်ရှင်ကားကောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းကတော့ ချမ်းသာတဲ့မိသားစုတစ်စုက အွန်းဂျူဆိုတဲ့ ကလေးမလေးဟာ ပြန်ပေးဆွဲခံလိုက်ရပေမဲ့ ရက်အတော်ကြာတဲ့အထိ ပြန်ပေးသမားဘက်က ဘာအဆက်အသွယ်မှမလုပ်လာတာကြောင့် စိုးရိမ်နေတဲ့ အွန်းဂျူရဲ့အမေနဲ့ အဒေါ်ဖြစ်သူတို့ဟာ နာမည်ကြီးဗေဒင်ဆရာတွေဆီမှာ သွားရောက်မေးမြန်းခဲ့ကြပါတယ်။

တခြားဗေဒင်ဆရာအားလုံးက ကလေးသေပြီလို့ ဟောကိန်းထုတ်နေချိန်မှာ ဗေဒင်ဆရာဂင်ဂျုံဆန်း (Yoo Hae Jin) တစ်ဦးတည်းကသာ ကလေးအသက်ရှင်နေသေးကြောင်း အခိုင်အမာပြောခဲ့ပြီး စုံထောက်ဂုံဂီယုံး (Kim Yoon Seok) က ကူညီမှသာ အောင်မြင်အဆင်ပြေမယ်လို့လည်း အကြံပြုခဲ့ပါတယ်။

အစပိုင်းမှာ စုံထောက်ဂုံဂီယုံးဟာ ဗေဒင်ဆရာရဲ့ စကားတွေကို မယုံကြည်ခဲ့ပေမဲ့ ကလေး ပျောက်ဆုံးပြီး ၁၅ရက်မြောက်နေ့မှာ ပြန်ပေးသမားဆီက ဆက်သွယ်လာမယ်ဆိုတဲ့

ဗေဒင်ဆရာရဲ့ ဟောကိန်းက အတိအကျ မှန်ကန်သွားတဲ့အခါမှာတော့..... စုံထောက်နဲ့ ဗေဒင်ဆရာတို့ပူးပေါင်းပြီး ကလေးမလေးကို အသက်ရှင်လျက် ပြန်လည်ကယ်ထုတ်နိုင်ပါ့မလား...

ပြန်ပေးသမားကရော ဘယ်သူဖြစ်မလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းပဲဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/Zkarkyikyamal/3105
5
"ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်ကို အလဲထိုးဖို့ဆိုတာ လက်သီးပြင်းဖို့ထက် မလျှော့သောဇွဲရှိဖို့က ပိုအရေးကြီးတယ်"

G°_°i_a-n.-.t (2/0/2/6)

ကဲ... R-o-c-k-y ဇာတ်ကားတွေကို ကြိုက်တဲ့ ဘော်ဒါတွေအတွက် "The UK's answer to Rocky" လို့တောင် တင်စားခံထားရတဲ့ အမိုက်စား လက်ဝှေ့ အက်ရှင် ဇာတ်ကားသစ်ကြီး လာပါပြီခင်ဗျာ။

ဒီကားထဲမှာ နာမည်ကျော် မင်းသားကြီး Pierce Brosnan နဲ့ Amir El-Masry တို့က အဓိက ပါဝင်အားဖြည့်ထားပါတယ်။

ပိုပြီး ရှယ်ဖြစ်တာကတော့ အက်ရှင်မင်းသားကြီး Sylvester Stallone က Executive Producer အနေနဲ့ နောက်ကွယ်ကနေ ပါဝင်ဖန်တီးထားတာပါပဲ။

ဇာတ်လမ်းကတော့ ဗြိတိန်-ယီမင် ကပြား လက်ဝှေ့သမား Prince Naseem "Naz" Hamed ရဲ့ တကယ့်ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ Biography, Docudrama ကားကောင်းတစ်ကားပါ။

Naz ဟာ သာမန် အောက်ခြေဘဝကနေ စတင်ခဲ့ရပေမဲ့ ကမ္ဘာ့ချန်ပီယံ လက်ဝှေ့သမားတစ်ယောက် ဖြစ်လာဖို့ ဘယ်လိုတွေ ကြိုးစားရုန်းကန်ခဲ့ရလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ ဒီလို အောင်မြင်မှုတွေရဲ့ အထွတ်အထိပ်ကို ရောက်လာဖို့အတွက် သူ့ရဲ့နည်းပြဖြစ်သူ Brendan Ingle က ဘယ်လောက်အထိ အရေးပါတဲ့ အခန်းကဏ္ဍကနေ သွေးထွက်အောင် လေ့ကျင့်သင်ကြားပေးခဲ့လဲ ဆိုတာကိုလည်း အသားပေး ရိုက်ပြထားပါသေးတယ်။

Sports Drama နဲ့ Boxing ကားတွေရဲ့ ထုံးစံအတိုင်း အရှုံးမပေးတဲ့ စိတ်ဓာတ်တွေ၊ ချွေးနဲ့သွေး ရင်းရမယ့် လေ့ကျင့်ရေးခန်းတွေနဲ့ ကြိုးဝိုင်းထဲက အကြိတ်အနယ် လက်သီးချင်းယှဉ်ထိုးကြမယ့် ဖိုက်တင်ခန်းတွေကို အားပါးတရ မြင်တွေ့ရမှာပါ။

ဒရာမာလည်းပါ အက်ရှင်လည်းကြမ်းတဲ့ ဇာတ်ကားကောင်းကောင်း မျှော်နေတဲ့ ဘော်ဒါတွေအတွက်တော့ အကြိုက်တွေ့စေမဲ့ကားမျိုးမို့ လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးစို့။

Genre .....  Drama, History.

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/moviemm4/3295
3
Forwarded from Movie Myanmar
ဒီတစ်ခါတော့ စုံထောက် Crime Thriller ကားကောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ ဘော်ဒါတို့အတွက် ၂၀၂၅ ထွက် အသစ်စက်စက် တရုတ် Mystery/Thriller ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

ဇာတ်လမ်းကတော့ ဒိုမာမြို့မှာ လွန်ခဲ့တဲ့ ၁၅ နှစ်က ဖြစ်ပွားခဲ့တဲ့ ကျောင်းသူလေးတစ်ယောက်ရဲ့ လူသတ်မှုကို အခြေခံထားပါတယ်။ အဲဒီတုန်းက ဒီအမှုကို အာဏာရှိတဲ့သူတွေက ဖုံးကွယ်ခဲ့ကြပေမဲ့ အခု ၁၅ နှစ်အကြာမှာတော့ အဲဒီအမှုမှာ ပါဝင်ခဲ့တဲ့ လူယုတ်မာတွေဟာ တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံလာရပါတော့တယ်။

ဒီလို ကွင်းဆက်လူသတ်မှုတွေ ဖြစ်လာတဲ့အခါမှာတော့ အတိတ်က အမှုရဲ့ မျက်မြင်သက်သေဖြစ်ခဲ့သူ ဖန်းထျန်းယန်နဲ့ သူ့အစ်မဖြစ်သူ ရဲစုံထောက်မလေး ဖန်းကျန့်နန် တို့နှစ်ယောက် ပူးပေါင်းပြီး တရားခံကို လိုက်လံ ရှာဖွေကြပါတော့တယ်။

ဒီလူသတ်မှုတွေဟာ ရိုးရိုးလက်စားချေတာသက်သက်ပဲလား... ဒါမှမဟုတ် အာဏာ၊ ငွေကြေးနဲ့ အကျင့်ပျက်ခြစားမှုတွေ ပြည့်နှက်နေတဲ့ အမှောင်ကွန်ရက်ကြီးရဲ့ နောက်ကွယ်မှာ ပိုပြီး ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေ ရှိနေမလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

(၁) နာရီနဲ့ (၅၇) မိနစ်စာ အချိန်ပေးရကျိုးနပ်စေမယ့် အပြင် Plot twist တွေနဲ့ ဆွဲခေါ်သွားမယ့် စုံထောက် သည်းထိတ်ရင်ဖို ကားကောင်းလေး ဖြစ်တာမို့ ခုပဲ လက်မနှေးတမ်း ရှုစားလိုက်ကြပါဦးစို့။

Genre .....  Crime, Mystery, Thriller

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/ChannelHa5Ha/2559
9
(တောနက်ထဲက သေမင်း)

တောတောင်ရေမြေသဘာဝကို အခြေခံထားတဲ့ Horror ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် Anaconda ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်...

တစ်ရက်မှာ Bristol မြို့အပြင်ဘက်က လျှို့ဝှက်သိပ္ပံဓာတ်ခွဲခန်းတစ်ခုမှာ မျိုးဗီဇပြောင်းလဲစမ်းသပ်ထားတဲ့ ဧရာမမြွေကြီးတွေ လွတ်ထွက်သွားရာကနေလွတ်သွားခဲ့ပါတယ်...အဲဒီအချိန်မှာပဲ မိန်းကလေးသူငယ်ချင်းတစ်စုက တောတွင်းခရီးထွက်ရင်း လမ်းပျောက်ပြီး လူသူကင်းမဲ့တဲ့ တဲအိမ်တစ်ခုကိုရောက်ရှိသွားတဲ့အခါ...သူတို့မသိတာက အဲဒီနေရာဟာ မိစ္ဆာကောင်ကြီးတွေရဲ့ အစာရှာဖွေရာနယ်မြေဖြစ်နေတာပါပဲ...

အရိုးပါမကျန် ကြိတ်ခြေမျိုချတတ်တဲ့ အဲဒီမြွေဘီလူးကြီးတွေရဲ့ရန်ကနေ သူငယ်ချင်းတွေကြားက သစ္စာဖောက်မှုတွေ၊ အကြောက်တရားတွေနဲ့ အတူ ဘယ်လိုအသက်လုရုန်းကန်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုစားရမှာပဲဖြစ်ပါတယ်

Genre ..... Horror

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/ChannelH5H/1117
10
Forwarded from MMSub Z Kar Myrr
" Vi-k-r-a-m V-e-d-h-a " (2022)

IMDB 7.1/10

ဆဒ်ဖ် အလီခန် နဲ့ လက်ပွားမင်းသားလို့ နာမည်ကြီးတဲ့ ဟာသစ်ခ်ရိုရှန်တို့ပါ၀င်သရုပ်ဆောင်ထားတဲ့ ဟင်ဒီစကားပြောရုပ်ရှင်ကြီးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/Zkarkyikyamal/3148
9
B°_°°o°_°y (2\0\2\6)
IMDb Rating (7.2)

The Uncanny Counter ထဲက Cho Byeong-Kyu နဲ့ Yoo In Soo၊ NMIXX အဖွဲ့ဝင်ဟောင်း JINI နဲ့ Seo In-Guk တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/crdtoowner1/2788

ရုပ်ရှင်အညွှန်းဖတ်ရန်👇🏻
https://t.me/moviemm4/3328
5👍1
"ပစ္စည်းပျောက်လို လိုက်ရှာရင်း... လက်သီးပျံ ဒူးပျံ တံတောင်ပျံတွေပါ ပါလာတဲ့အခါ..."

ကဲ... ဟောင်ကောင် အက်ရှင်ဟာသကားဟောင်းလေးတွေဖြစ်တဲ့ ဂျက်ကီချန်း (Jackie Chan) တို၊ စတီဖင်ချောင် (Stephen Chow) တိုရဲ့ ကားတွေလို ရယ်လည်းရမောရ၊ အက်ရှင်ခန်းတွေလည်း ရှယ်ကြမ်းရတဲ့ Vibe မျိုးကို လွမ်းနေတဲ့ ဘော်ဒါတွေအတွက် ဗီယက်နမ် အက်ရှင်ဟာသ ဇာတ်ကားသစ်ကြီး ထွက်ရှိလိုလာပါပြီ။

ဒီကားလေးကတော့ ဗီယက်နမ်တောင်ပိုင်းက တံငါရွာလေးတစ်ရွာမှာ အခြေတည်ထားပါတယ်။ ဒီရွာလေးမှာ တစ်ချိန်က သူတို့တစ်ရွာလုံးကို ကယ်ဆယ်ခဲ့ဖူးတဲ့ ဝေလငါးကြီးရဲ့ အန်ဖတ်ကနေထွင်းထုထားတဲ့ ဝေလငါးရုပ်တုလေး တစ်ခုရှိတယ်။ ဒီရုပ်တုလေးကို တစ်ရွာလုံးကအထွတ်အမြတ်ထားသလို ဝေလငါးအန်ဖတ်ဆိုတာ တော်တော်ရှားပါးအဖိုးတန်ရတနာဖြစ်လို့ မျက်စောင်းထိုးသူတွေလည်းမနည်းဘူးပေါ့။

ဖြစ်ချင်တော့ ရွာရဲ့ အရေးကြီးတဲ့ ပွဲတော်ကြီးလုပ်ခါနီးမှ အဲဒီအဖိုးတန်ရုပ်တုကြီး အခိုးခံလိုက်ရပါတော့တယ်။

ဒီတော့ ရုပ်တုကို ပြန်ရှာဖိုအတွက် ညီအစ်ကိုနှစ်ယောက်နဲ့ သူတိုသူငယ်ချင်းတစ်သိုက် မြိုကြီးပြကြီးဆီကို ခရီးထွက်ပြီး အလွဲလွဲအချော်ချော် လိုက်ရှာကြရတဲ့အခါ…

သူခိုးတွေကို မိဖို ကြိုးစားရင်း ဘယ်လိုတွေ တလွဲတချော်နဲ့ ဟာသတွေဖြစ်မလဲ။ ပင်လယ်ကမ်းခြေရွာလေးက လူငယ်တွေရဲ့ သံယောဇဉ်၊ မိသားစုမေတ္တာနဲ့ ခိုင်မာတဲ့ မိတ်ဆွေသံယောဇဉ်တွေကိုရော ဘယ်လိုမြင်တွေ့ရမလဲဆိုတာကို ရယ်မောဖွယ် ရှုစားရမှာပါ။

ဇာတ်လမ်းက ရိုးရှင်းပေမဲ့ အက်ရှင်ခန်းတွေကို ပေါ့ပေါ့ပျက်ပျက်မရိုက်ထားဘဲ ၈၀ ပြည့်လွန်နှစ်တွေက ဟောင်ကောင်ကားတွေလို အနီးကပ် Martial Arts အကွက်တွေ၊ ရှယ်ကြမ်းတဲ့ တိုက်ခိုက်ခန်းတွေကို ဟာသလေးနှောပြီး တင်ဆက်ထားတာမို ပိတ်ရက်မှာ အူတက်အောင်ရယ်ရင်း အက်ရှင်ကားကောင်းကောင်း ကြည့်ချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားလေးဖြစ်လို အခုပဲ ပြေးကြည့်လိုက်ကြပါတော့ဗျာ။

Genre ..... Action, Adventure, Comedy

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/ChannelHa5Ha/2585
14
Forwarded from Bollywood Movies
ဟင်ဒီအက်ရှင်ဇာတ်လမ်းကောင်း တောင့်တနေတဲ့ ဘော လိဝုဒ် ပရိသတ်ကြီးအတွက်အာနီးလ်ကပူးရဲ့ အသစ်စက်စက် ထွက်ရှိလာ တဲ့ အက်ရှင်ဇာတ်ကြမ်းကို တင်ဆက်ပေးလိုက်ပါတယ်။

၂၅နှစ်တိတိ နယ်စပ်မှာ တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ပြန်လာ ချိန်မှာတော့ချစ်ရတဲ့ဇနီးဖြစ်သူက ကွယ်လွန်သွားပြီဖြစ် ပြီး ကျန်ခဲ့ တဲ့ သမီးဖြစ်သူနဲ့လည်း အစေးမကပ်လှတဲ့စစ်ပြန်ကြီးအာ ဂျွန်။

တပ်ထဲမှာခင်မင်ခဲ့တဲ့ မိတ်ဆွေရဲ့အကူအညီနဲ့ သက်တော်စောင့်အနေနဲ့ အလုပ်ဝင်လုပ်ဖို့ဆိုပြန်တော့ အလုပ်ရှင်ရဲ့ ယုတ်မာမှု၊ မောက်မာမှုတွေ ကို သည်းမခံနိုင်တာကြောင့်ထွက်လာခဲ့ပါရော။

ဒါပေမဲ့လည်း စစ်ပြန်ကြီးအာဂျွန် ဘယ်လောက်ပဲစိတ်ထိန်း ပြီး ရန်ပွဲတွေ ကနေရှောင်နေပါစေ ဒီရန်စ အန္တရာယ်တွေကို ဘယ်လိုမှ ရှောင်တိမ်းလို့ မရတဲ့အခါမှာတော့...။

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/ChannelHa5Ha/2592
5
M_y B-0_0 2 (2/0/2/6)

IMDB ⭐️ 6.9/10

အရင်ဇာတ်လမ်းမှာ Geeနဲ့ အချောလေးBowတို့ရဲ့ သရဲမလေးနဲ့ လူသားတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပေါ့ပေါ့ပါးပါးနဲ့ မြင်တွေ့ခဲ့ကြရပြီးဖြစ်မှာပေါ့။ အခု ဇာတ်လမ်းမှာတော့ သူတို့နှစ်ယောက်ရဲ့ အတိတ်ဘဝက ကံကြမ္မာစက်ဝန်းကို အဓိက ဦးတည်ပြီး ရိုက်ကူးတင်ဆက်ထားပါတယ်။

အာနုန်ကို ကယ်တင်နိုင်ဖို့အတွက် ဂျိုးတစ်ယောက် နည်းလမ်းရှာရင်းကနေ လျှို့ဝှက်ချက်တွေအပြည့်နဲ့ သုဘရာဇာတီနဲ့ ဆုံတွေ့ခဲ့ပါတယ်။ သုဘရာဇာတီရဲ့ အကူအညီနဲ့ ဂျိုးတစ်ယောက် အာနုန်နဲ့သူရဲ့ ဟိုးအရင်ဘဝတွေအကြောင်းကို ပြန်လည်မြင်တွေ့ခွင့်ရလာတဲ့အချိန်မှာတော့ .........

သူတို့နှစ်ယောက်ရဲ့ ဘဝအဆက်ဆက် တွေ့ဆုံရပြီး ခွဲခွာရတဲ့ ကံကြမ္မာကို ပြောင်းလဲသွားအောင် လုပ်နိုင်မလား ........
အတိတ်ဘဝတွေကို မြင်တွေ့ရရင်းနဲ့ ဂျိုးတစ်ယောက် ဘာတွေ ဆက်လုပ်ဆောင်သွားမလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/Zkarkyikyamal/3168
2
Forwarded from Movie Myanmar
ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထုကို ပြင်သစ်တွေ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။

Rating ကလည်း IMdb 7.7/10 နဲ့ Rotten tomotoes 100% ရရှိထားပြီး Budget EUR 42.9 million နဲ့ 2024 အတွက်ပြင်သစ်ရဲ့ အကုန်အကျအများဆုံးရုပ်ရှင်ဖြစ်တာမို့ ကြည့်မိလို့နောင်တမရပါဘူးနော်။

သစ္စာဖောက်မှု၊ ကလဲ့စားနဲ့ ချစ်ခြင်း‌တွေကို အလှပဆုံးပုံဖော်ထားတဲ့ Adaptation ကောင်းတစ်ပုဒ်ဖြစ်တဲ့အပြင် ဘာသာပြန်ကိုလည်း အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးထားတာမို့ ရှုစားကြည့်လိုက်ကြပါဦးရှင့်။

Genre….Action, Adventure, Drama, History, Romance, Thriller

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/moviemm4/3337
5🍾1
စစ်စက်ရုပ်

IMDB ⭐️ 7.1/10

jack reacher မင်းသားဆို ဗလတောင့်တောင့်နဲ့ အက်ရှင်ဇာတ်ကြမ်းမင်းသားမှန်း သိကြမှာပါ  ဒီနေ့မှာတင် သူ့ရဲ့အသစ်ထွက်ရှိထားတဲ့ non stop အက်ရှင်ကားလေး တင်ဆက်ပေးချင်ပါတယ်

ဇာတ်လမ်းကတော့ ညီဖြစ်သူကို စစ်မြေပြင်မှာ လက်ပေါ်တင်ဆုံးရှုံးလိုက်ရတဲ့ အစ်ကိုဟာ ညီဖြစ်သူနဲ့ ကတိပေးထားတဲ့ ရိန်းဂျားဖြစ်လာဖို့အိပ်မက်ကို ညီအတွက်  အကောင်အထည်ဖော်ပါတော့တယ်
ရိန်းဂျားပရိုဂရမ်ရောက်တာနဲ့ နာမည်ဆိုတာမရှိတော့ဘဲ နံပါတ်သာရှိတော့ပြီး မင်းသားဖြစ်သူကတော့ နံပါတ် ၈၁ ဝင်ရောက်ဖြေဆိုသူဖြစ်လာပါတယ်

ရိန်းဂျားပရိုဂရမ်ကတော့ ခက်ခဲပါတယ်ဆိုတာထက် အစတစ်ရာခက်ခဲပြီး လူ၁၀၀မှာ ၁ယောက်ပဲပါနိုင်တဲ့ ပရိုဂရမ်ပါ ဒီရိန်းဂျားပရိုဂရမ်မှာ ၈ ပတ်တာ ဖြေဆိုရမှာဖြစ်ပြီး နောက်ဆုံး စာမေးပွဲအောင်နိုင်ရင် ရိန်းဂျားအဖွဲ့ထဲ တရားဝင် ဝင်ရောက်ခွင့်ရပါပြီ

ဒါပေမဲ့ ​ကံကြမ္မာရဲ့ထုံးစံအတိုင်း ဒီလောက်ထိ ရိုးရှင်းနေပါ့မလား ဘယ်လိုအရာတွေက တပ်သား ၈၁  ကိုစောင့်ကြိုနေမလဲ ဘယ်လိုအခက်ခဲတွေဖြတ်ကျော်ပြီး ညီဖြစ်သူအိပ်မက်ကို ရအောင် ဖြည့်ဆည်းပေးမလဲဆိုတာကတော့.....

Genre .....  Action, Sci-Fi, Thriller

1️⃣ Channel အရင် Join ပါ
https://t.me/+WwEYBd1aga81MWM1

2️⃣ ဇာတ်ကားလင့်နှိပ်ပါ
https://t.me/c/2679213358/3925
11
Forwarded from Movie Myanmar
ခုချိန်မှာတော့ IMDb Ratingက လူပေါင်း ၁သိန်းကျော်ကျော်ပေးထားတဲ့ 8.2/10ပါ။

Comedy, Drama, Romance

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/mmsubmv5/4809

ရုပ်ရှင်အညွှန်းဆက်ဖတ်ရန်👇🏻
https://t.me/reviewch1mm/593
6
J-u-d-a-a H-o-k=e B-h=i (2022)

ခုတစ်ခါမှာလည်း အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်ဒီ Horror/Thriller ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးသည်ဟူ၍မရှိဆိုသလိုပေါ့...

အချစ်ရဲ့ရန်သူအကြောင်းကို ကွက်ကွက်ကွင်းကွင်းရိုက်ပြသွားနိုင်ခဲ့သလို ဇာတ်လမ်းလေးကလည်း နှစ်လိုဖွယ်ကောင်းပါတယ်...

အမန်းနဲ့ မီရားဆိုတဲ့ လင်မယားနှစ်ယောက်ရှိတယ် အမန်းက တစ်ချိန်တုန်းက နာမည်ကြီးအဆိုတော်တစ်ယောက်... သားဖြစ်သူ ယာဉ်မတော်တဆဖြစ်ပြီး ဆုံးသွားလို့ စိတ်ထိခိုက်ရင်း အရက်နွံထဲနစ်ခဲ့ရတယ်...

မီရားကတော့ နာကျင်မှုတွေကို ဘေးတစ်ဖက်ချထားပြီး မိသားစုကို ပြေလည်အောင်ကြိုးစားနေတဲ့ မိန်းမသားတစ်ယောက်ပေါ့...

မီရားက စာရေးဆရာမ.. တစ်ရက်တော့ မီရားကို အလုပ်တစ်ခုလာကမ်းလှမ်းတယ် ကိုယ်ရေးအတ္တုပ္ပတ္တိရေးပေးရမယ့်အလုပ် ပိုက်ဆံလည်းမျိုးမျိုးမြတ်မြတ်ရမယ်ပေါ့

ဒါပေမဲ့ မီရားမသိလိုက်တာက သူ့ကိုအလုပ်လာကမ်းလှမ်းတဲ့အလုပ်ရှင်ဟာ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ

ဒီလိုနဲ့ မီရားတစ်ယောက် နတ်ဆိုးရဲ့ကျော့ကွင်းထဲမှာ ပိတ်မိသွားပြီး ရုန်းမထွက်လာနိုင်တော့တဲ့အခါမှာတော့...။

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/ChannelHa5Ha/2598
5
Forwarded from Movie Myanmar
Malayalam ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသားကြီးတစ်ဦးဖြစ်တဲ့ Indrajith Sukumaranရဲ့ ကြမ်းကြမ်းတမ်းတမ်း စုံထောက်ဇာတ်ကားအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

ညသန်းခေါင်ယံအချိန် မြို့ပြကြီးရဲ့ နာမည်ကြီးကလပ်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ထိတ်လန့်စရာကောင်းတဲ့ လူသတ်မှုတစ်ခုနဲ့စတင်ထားပါတယ်။

Genre ..... Mystery, Thriller

ဇာတ်ကားကြည့်ရန်👇🏻
https://t.me/moviemm4/3348
6