တိုက်ပွဲသတင်းစုံ
59.6K subscribers
4.45K photos
76 videos
270 links
မှန်ကန်တိကျသော တိုက်ပွဲသတင်းများကို အချ်ိန်နှင့်တစ်ပြေးညီ ဖော်ပြပေးမည်...
Download Telegram
(18++)

၁၁-၆-၂၀၂၄ ရက်မှ ၂၀-၆-၂၀၂၄ ထိ ၁၀ ရက်တာ ကာလအတွင်း တပ်မတော်နှင့် PDF/ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ပွဲများတွင် တပ်မတော်မှ အကျိုးအမြတ်ရရှိမှု မှတ်တမ်းပုံများ။

တိုက်ပွဲသတင်းစုံ
တိုက်ပွဲသတင်းထုတ်ပြန်ချက်
ဇွန်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။
======================

ကယားပြည်နယ်

ဖယ်ခုံမြို့နယ်၊ နောင်ဝိုးရွာအနီး မီတာ ၁၀၀၀ ခန့်တွင် နယ်မြေရှင်းလင်းရေးစစ်ကြောင်းနှင့် KNDF အကြမ်းဖက်အဖွဲ့တို့ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး ရန်သူအရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ -
>> KNDF အလောင်း ၁ လောင်း သိမ်းဆည်းရရှိ။
-
ဖားဆောင်းမြို့နယ်ရှိ တပ်ရင်းဌာနချုပ်တစ်ခုအား KNPP/KNDF အကြမ်းဖက်အဖွဲ့က Drone ၁ စီးဖြင့် Drop Bomb ၁ လုံး (၁) ကြိမ်၊ အလားတူ တပ်စခန်းတစ်ခုအား Drone ၁ စီးဖြင့် Drop Bomb ၄ လုံး (၁) ကြိမ်၊ မီးသတ်ရုံးအား အဝေးမှ လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်မှု (၁)ကြိမ် တိုက်ခိုက်ခဲ့၍ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်၍ ပစ်ခတ်မှုများ ငြိမ်သက်သွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူစုံစမ်းဆဲဖြစ်ကြောင်း သိရှိရ။
-
ရှမ်းပြည်နယ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ်းတုတ်ကျေးရွှာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ ဘုန်းကြီး ကျောင်းအား လုံခြုံရေးအဖွဲ့များရှိနိုင်သည်ဟုဆိုကာ PNLO နှင့် ကယား PDF အဖွဲ့များ မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့။ ထိုသို့ပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားကြောင်း သိရှိရ။

အဆိုပါဖြစ်စဉ်အား ပြည်ဖျက်မီဒီယာများမှ ရိုးရာမပျက် စစ်တပ်နှင့် PNO အဖွဲ့များပစ်ခတ်သည်ဟု စွပ်စွဲရေးသားလျက်ရှိကြောင်း တွေ့ရှိရပါသည်။
-
ရခိုင်ပြည်နယ်

သံတွဲမြို့၏ အနီးပတ်ဝန်းကျင်တွင် သောင်းကျန်းသူများ ခိုအောင်းမှုမရှိစေရေးအတွက် သံတွဲမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသော စစ်ကြောင်းများနှင့် AA သကသ ၇၀ ဦးခန့်ဖြင့် (၁)ကြိမ်၊ AA သကသ ၁၀၀ ဦးခန့်ဖြင့် (၂)ကြိမ်၊ စုစုပေါင်း (၃)ကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် စစ်သည် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး -
>> AA အလောင်း ၂ လောင်း၊ M-22 သေနတ် ၁ လက်၊ ကျည်အိမ် ၇ ခု၊ ကျည်ကာဦးထုပ် ၂ လုံး သိမ်းဆည်းရရှိ။
-
စစ်ကိုင်းတိုင်း

ထီးချိုင့်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် စစ်ကြောင်းနှင့် KIA/PDF သကသ ၁၀ ဦးခန့်တို့ ထီးချိုင့်မြို့၏ တောင်ဘက် မီတာ ၈၀၀၀ ခန့်အကွာတွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူတောင်ဘက်သို့ ဆုတ် ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိဘဲ -
>> လက်ပစ်ဗုံး ၂ လုံး၊ ကျည် ၅၇ တောင့်၊ ကျည်အိမ် ၂ ခု၊ ကျောပိုးအိတ် ၂ လုံး သိမ်းဆည်းရရှိ။
-
မန္တလေးတိုင်း

မိုးကုတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးစစ်ကြောင်းနှင့် အကြမ်းဖက် PDF ၂၀ ဦးတို့ မိုးကုတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၆၀၀၀ ခန့်အကွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ အနောက်ရပ်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ -
>> PDF(ဖမ်းဆီးရမိ) ၁ ဦး၊ MA-1 သေနတ် ၂ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ဗုံးသီး ၄ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည် ၂၀၀ တောင့်၊ တဲ ၃ လုံး သိမ်းဆည်းရရှိခဲ့။

တိုက်ပွဲသတင်းစုံ
ကလေးမြို့နယ် အောင်မြင်သာကျေးရွာအနီး အကြမ်းဖက် PDF များ၏ လက်နက် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

2024 June 23

ဇွန်လ ၂၂ ရက် နံနက် ၆ နာရီခန့်က ကလေးမြို့နယ် အောင်မြင်သာကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့များသည် အကြမ်းဖက် pdf များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ

-အမ်-၂၂ သေနတ် ၁ လက်
-အမ်-၂၂ ကျည်အိမ် ၁ ခု
-အမ်-၂၂ ကျည် ၂ တောင့်
-ဆေးဝါးမျိုးစုံ ၁ အိတ်တို့အားသိမ်းဆည်းရရှိခဲ့။
တိုက်ပွဲသတင်းထုတ်ပြန်ချက်
ဇွန်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။
==========******
ကရင်ပြည်နယ်
ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အတွင်းကွင်းကလေးရွာ၏ အနောက်မြောက်ဘက်သို့အရောက် KNLA တပ်မဟာ ၆ ၊ ရင်း ၂၇ နှင့် အကြမ်းဖက်အင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် KNLA အကြမ်းဖက်သောင်းကျန်းသူများ သေဆုံးအလောင်းများနှင့် ဒဏ်ရာရရှိသူများအား သယ်ဆောင်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ရန်သူ့နေရာအား ရှင်းလင်းခဲ့ရာ..

>>> တဲ ၁၈ လုံး၊ ပစ်ကျင်း ၇၀ ကျင်း၊ ဘန်ကာ ၉ လုံး၊ ပြောက်ကျားယူနီဖောင်း ၁၅ စုံ သိမ်းဆည်းရမိခဲ့။

ဆုတ်ခွာထွက်ပြေးသွားသော အကဖသကသများနောက် ထပ်ချပ်လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့ရာ နေ့လည်ပိုင်းတွင် အတွင်းကွင်းကလေးကျေးရွာအနီးအကြမ်းဖက် ၃၀ ဦးခန့်နှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး-

>>>ကျား ၂ လောင်း၊ ရှေ့ထွက်မိုင်း ၃ လုံး၊ ပစ်ကျင်း ၁၀၀ ကျင်း၊ ဘန်ကာ ၇ လုံး၊ ဝါးခြံစည်းရိုး ၃၅၀ပေ၊ ပြောက်ကျား ယူနီဖောင်း ၃၀ စုံ သိမ်းဆည်းရမိခဲ့။

ထပ်မံ၍ အပြင်ကွင်းကလေးရွာ၏ အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာသို့အရောက် နေရာ ၂ နေရာမှ KNLA တပ်မဟာ(၆) ၊ ရင်း ၂၇ နှင့် အကြမ်းဖက် ၁၅ ဦးခန့်က Drone ၂ စီး ဗုံး ၁၀ လုံး လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

>>>အကြမ်းဖက် ၁ လောင်း၊ အမ်(၁၆) ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၄ တောင့်၊ ရှေ့ထွက်မိုင်း ၁ လုံး၊ ပစ်ကျင်း ၁၃ ကျင်း၊ တဲ ၄ လုံး သိမ်းဆည်းရမိခဲ့။
ဖြစ်စဥ် ၃ ခုလုံးတွင်..
။။။မိမိစစ်သည် ၂ ဦး ထိခိုက်ဒဏ်ရာရ။

တနင်္သာရီတိုင်း

တနင်္သာရီမြို့နယ်အတွင်းရှိ ကျောက်လုံးကြီးစခန်းတစ်ဝိုက် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် စခန်း၏ အနောက်တောင်ဘက်သို့အရောက် အကြမ်းဖက် ၂၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့။

>>>အကြမ်းဖက် ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ ကျည် ၈ တောင့်၊ အာပီဂျီဒုံးသီး ၁ လုံး သိမ်းဆည်းရမိခဲ့။

ခမောက်ကြီးမြို့နယ် မာရမ်းနယ်မြေရဲစခန်း၌ လုံခြုံရေးဆောင်ရွက်စဉ် နေရာ ၂ နေရာမှ အကြမ်းဖက်အင်အား ၃၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ် ခဲ့ရာ အကြမ်းဖက်များ မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့။

>>>အကြမ်းဖက် ၁ လောင်း၊ ၄၀ မမဗုံးသီး ၅ လုံး သိမ်းဆည်းရမိခဲ့။

ရခိုင်ပြည်နယ်

မောင်တောမြို့ အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာနေရာသို့ နေရာ ၄ နေရာမှ AA သကသ အင်အား ၅၅ ဦးခန့်ကလည်းကောင်း၊ ဂေါ်ညာကျေးရွာသို့ AA သကသ အင်အား(စိစစ်ဆဲ) ကလည်းကောင်း ဒရုန်းများဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် မိမိဘက်မှလည်း ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့။

>>>ရန်သူ ထိခိုက်မှု စုံစမ်းဆဲ၊ မိမိထိခိုက်မှုမရှိ။

စစ်ကိုင်းတိုင်း

ကလေးမြို့နယ် အောင်မြင်သာကျေးရွာသို့ နေရာ ၂ နေရာမှ အကြမ်းဖက်အင်အား ၆၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ကျေးရွာအနီးလုံခြုံရေးဆောင်ရွက်နေသော လခရ တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့။

>>>အမ်(၂၂ ) ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၂ တောင့်၊ ဆေးဝါးမျိုးစုံ ၁ အိမ် သိမ်းဆည်းရမိခဲ့။

ဖောင်းပြင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် မြို့၏ အရှေ့မြောက်ဘက် မီတာ ၆၀၀၀ ခန့်အကွာသို့အရောက် နေရာ ၂ နေရာမှ PDFအကြမ်းဖက်အင်အား ၄၀ ဦးခန့်က ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

>>>PDFအကြမ်းဖက် ၅ လောင်း၊ ၁၂ ဘိုးလ် ၁ လက်၊ လက်လုပ်သေနတ် ၅ လက်၊ ကျည် ၃၈၂ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ပစ်ကျင်း ၁၃ ကျင်း၊ ဆက်သွယ်ရေးမြောင်း ၁၅၀ ပေ၊ ဘန်ကာ ၁ လုံး သိမ်းဆည်းရမိခဲ့။
>>မိမိစစ်သည် ၁ ဦး စိုးရိမ်ရဒဏ်ရာရခဲ့။

ပဲခူးတိုင်း

အကြမ်းဖက်မှုကို မလိုလားတဲ့ ဆိတ်မြောင်ကျေးရွာမှ ပြည်သူများ၏ သတင်းပေးချက်အရ အဲဒီရွာအနီး ခိုအောင်းရောက်ရှိနေသော အကြမ်းဖက်သောင်းကျန်းသူများ၏ နေရာကို အတိအကျသတင်းရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီခွဲချိန်ခန့်တွင် အကြမ်းဖက်အင်အား ၁၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကဖသမားများ ထွက်ပြေးလွတ်မြောက်သွားပြီး..

>>>တဲ ၁၀ လုံး၊ သေနတ်စင် ၁ စင်၊ ယမ်းမှုန်း ၅၀ ကျပ်သား၊ ယမ်းကြိုး ၁ ခွေ၊ ဆန် ၅ အိတ်၊ ဆေးမျိုးစုံ ၃ အိတ်၊ တောစီးလည်တိုဖိနပ် ၂၀ ရံ သိမ်းဆည်းရမိခဲ့။

>>>မိမိထိခိုက်မှုမရှိ။

#တိုက်ပွဲသတင်းစုံ
မြင်းခြံမြို့နယ်၊ မြင်းခြံ-မကျီးသမျှားသွား ကားလမ်းပေါ်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ပစ်ခတ်၍ ဆရာတော် ၁ ပါး ပျံလွန်တော်မူခဲ့ရပြီး အပြစ်မဲ့ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော်၊ ဇွန် ၂၃
AA အဖွဲ့ သံတွဲလေဆိပ် သိမ်းပိုက်ရရှိကြောင်း သတင်းအမှားထွက်ပေါ်
==================================
ဇွန် ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။

သံတွဲလေဆိပ်ကို AA သိမ်းပိုက်ထားကြောင်း သတင်းအမှားတွေ ပြန့်နှံ့လျက်ရှိပါတယ်…

ဇွန်လ ၂၄ ရက် မနက်ပိုင်းထိ သံတွဲပတ်ဝန်းကျင်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး AA အကြမ်းဖက်သောင်းကျန်းသမားများ ထိခိုက်ကျဆုံးမှု များပြားလျက်ရှိကြောင်း သိရှိရပါတယ်…

တပ်မတော်မှ လေကြောင်း၊ ရေကြောင်းဖြင့် အင်အားဖြည့်စစ်ကူများ ဖြည့်တင်းထားရှိပြီး ထိရောက်တဲ့လေကြောင်းပစ်ကူများကြောင့် သံတွဲမြို့ ဂေါ့ဖ်ကျေးရွာအနီး တိုက်ပွဲများမှာ AA အဖွဲ့မှ အလောင်းများ မကောက်ယူနိုင်ဘဲ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရပါတယ်…

အင်တာနက်လိုင်းအခက်အခဲကြောင့် ဓာတ်ပုံအထောက်အထားများ မရရှိသေးသော်လည်း ကြားဖြတ်သတင်းများအရ AA အဖွဲ့မှ ၃၀၀ကျော် သေဆုံးပြီး ၁၆၀ ကျော်ခန့် ဒဏ်ရာရရှိထားကြောင်း သိရပါတယ်….

ထိခိုက်ဆုံးရှုံးမှုများလာတဲ့ AA အဖွဲ့က သူတို့ရဲ့ လော်ဘီများ၊ အစိုးရဆန့်ကျင်ရေး မီဒီယာများနှင့် ပူးပေါင်းပြီး စိတ်ဓာတ်မြှင့်တင်ရေးအနေဖြင့် သံတွဲလေဆိပ်အား AA က သိမ်းပိုက်ထားကြောင်း သတင်းအမှားများ ထုတ်လွှင့်လျက်ရှိပါတယ်…

#တိုက်ပွဲသတင်းစုံ
တိုက်ပွဲသတင်း(မိုးကုတ်)

ဇွန် ၂၄ ရက်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကျပ်ပြင်ရွာ၏ အနောက်မြောက်ဘက် မီတာ ၁၄၀၀ ခန့်အကွာသို့အရောက် အကြမ်းဖက် TNLA ၂၀ ဦးခန့်စတင်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ TNLA များ ဆုတ်ခွာထွက်ပြေးသွားခဲ့။

>>>ရန်သူ့ သဲအိတ်ဘန်ကာ ၁ လုံး သိမ်းဆည်းရမိ။

တရုတ်နိုင်ငံရဲ့ ညှိနှိုင်းပေးချက်အရ ယာယီအပစ်အခတ်ရပ်စဲထားတဲ့ TNLA အဖွဲ့ဟာ သတ်မှတ်ထားသည့်နယ်မြေကို မကြာခဏ ကျော်လွန်လှုပ်ရှားလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်နေခြင်းများကို အစိုးရဆန့်ကျင်ရေးမီဒီယာများနှင့်ပူးပေါင်းပြီး တပ်မတော်မှ အပစ်အခတ်ရပ်စဲရေး စတင်ချိုးဖောက်သည့်ပုံစံမျိုး သတင်းအမှားများ ထုတ်လွှင့်လျက်ရှိပါတယ်။

#တိုက်ပွဲသတင်းစုံ
တိုက်ပွဲသတင်း(ဗန်းမော်)
==================
ဇွန် ၂၄ ရက်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၃၀ ဦးခန့် က ၁ ကြိမ်၊ ၄၀ ဦးခန့်က ၁ ကြိမ် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

>>> KIA ၁ လောင်း
အမ်(၂၂) ၁ လက်
ကျည်အိမ် ၅ ခု
ကျည် ၅၄ တောင့်
ကျည်ကာအင်္ကျီ ၁ ထည်
ကျည်ကာဦးထုပ် ၁ လုံး သိမ်းဆည်းရမိခဲ့။

>>> မိမိဘက်မှ စစ်သည် ၂ ဦး ထိခိုက်ဒဏ်ရာရ။

#တိုက်ပွဲသတင်းစုံ
အများပြည်သူသုံးတဲ့ လမ်းမှာ စစ်သားတွေလာမှာစိုးလို့ မိုင်းထောင်တဲ့ PDF တွေ ကိုယ့်မိုင်းကိုယ်ကွဲပြီး သေကြလို့သူများမကောင်းကြံ၊ ကိုယ်သာခံပါပဲ....
Breaking News
============
ကျောက်မဲ၊ နောင်ချိုတိုက်ပွဲသတင်း
(ဇွန် ၂၆၊ ၀၈၀၀ နာရီ)
====================================

ကျောက်မဲ ၊ နောင်ချိုကို TNLA သိမ်းပိုက်တယ်ဆိုတာ
သတင်းအမှားဖြစ်ပါတယ်…

လုံခြုံရေးတပ်များ မြို့ထဲမှာ မရှိချိန် အပစ်ရပ်သဘောတူညီချက် ချိုးဖောက်ပြီး TNLA တပ်များ
ကျောက်မဲ၊ နောင်ချိုမြို့အတွင်း ဝင်ရောက်လာခြင်းဖြစ်ပါတယ်…

တပ်မတော်မှ စစ်ကူ၊ ပစ်ကူ ထပ်ဖြည့်တပ်များဖြင့်
မြို့တွင်းရှိ အကြမ်းဖက်သမားများအား
တိုက်ခိုက်ရှင်းလင်းလျက်ရှိပါတယ်….

ဇွန် ၂၆ ရက် နံနက်ပိုင်းမှာ နောင်ချိုဆေးရုံဝန်းအတွင်း
လူနာများအား လူသားတံတိုင်းသဖွယ်
အသုံးချနေရာယူထားသော TNLA အကြမ်းဖက်အဖွဲ့အင်အား ၃၀ ခန့်နှင့် တိုက်ပွဲဖြစ်ပွားနေပြီး လုံခြုံရေးတပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ ရှင်းလင်းလျက်ရှိပါတယ်….

#တိုက်ပွဲသတင်းစုံ
တိုက်ပွဲသတင်း(ကျောက်မဲ)
ဇွန် ၂၅ ။
=======================

ရှမ်းပြည်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် တောင်နောက်ဘုန်းကြီးကျောင်းသို့အရောက် TNLA သောင်းကျန်းသူ ၄ ဦး ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သောင်းကျန်းသူ ၂ ဦးအား အသေဖမ်းဆီးရမိပြီး အမ်(၂၂) ကျည်ပုံး ၄ ပုံးနှင့် ဆိုင်ကယ် ၁ စီးအား သိမ်းဆည်းရမိခဲ့ကာ ကျန် သကသ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့။

#တိုက်ပွဲသတင်းစုံ