အားလုံးပဲမင်္ဂလာပါ။ 🙏
Codify Channel လေးကတော့ Programming နဲ့ Web Development ပညာရပ်ကိုစိတ်ဝင်စားတဲ့ လူငယ်တွေအတွက် သက်ဆိုင်ရာ course တွေကို Low cost, hight quality education အဖြစ်ပေးသွားနိုင်ဖို့အတွက် ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ ဒါအပြင် လမ်းပျောက်နေတဲ့လူငယ်တွေ ၊ အခုမှ web development လောကထဲစပီးဝင်လာတဲ့ beginner လေးတွေအတွက် tips & tricks knowledge sharing နဲ့ free consult လေးတွေလည်းလုပ်ပေးသွားဦးမှာမလို့ Codify Page လေးကို like & share လေးလုပ်သွားပေးကြပါဦးရှင့်။
ကဲ ဒါဆိုရင်တော့ Web Development Road Map ကြီးပေါ်မှာ Codify နဲ့အတူ ခြေစုံပစ်ပြီးလှမ်းလိုက်ကြရအောင်နော်။ Stay Tune Guys.🥳
#codify
#webdevelopment
#webconsultant
#webservices

❤4
Developer တွေအတွက် Blackbox AI 🔥💯
အားလုံးပဲသိကြတဲ့အတိုင်း ဒီနေ့ခေတ်မှာ AI တွေကို အတော်များများအသုံးပြုလာကြပါပြီ။ AI Product တွေကိုလည်း နယ်ပယ်စုံမှာ အပြိုင်အဆိုင်ထုတ်လုပ်နေကြတာကိုလည်းတွေ့နေရပါတယ် ။ ဒီနေ့မှာတော့ Developer တွေအတွက် အထောက်အကူဖြစ်စေမယ့် Blackbox AI နဲ့မိတ်ဆက်ပေးချင်ပါတယ်။
Link. 🔗 https://www.blackbox.ai
Blackbox AI ဆိုတာ Programming Language တွေနဲ့ Developer tool တွေကို Integrate လုပ်ထားတဲ့ Coding AI တစ်ခုဖြစ်ပါတယ်။
Developer တွေ Code ရေးတဲ့နေရာမှာလွယ်ကူမြန်ဆန်အောင်ကူညီပေးနေတဲ့ Assistant AI လို့ပြောလို့လည်းရပါတယ်။ ဆိုတော့ အရမ်းမိုက်တဲ့ feature လေးတွေကိုပုံလေးတွေထောက်ပြီးကြည့်လိုက်ရအောင်..🥳
#blackboxai
#blackbox
#codingai

❤3
<Hello Guys/> 🤎🙏
ဒီနေ့မှာတော့ Development Field ထဲကိုခုမှစဝင်လာတဲ့သူတွေအတွက် Programming ကိုစတင်လေ့လာတဲ့အခါမှာ အထိရောက်ဆုံးဖြစ်စေမယ့်အချက် ၅ ချက်ကိုပြောပြသွားမှာဖြစ်ပါမယ်။ 🔥👋
Goal Setting 🎯
ကျွန်တော်တို့ဘာကြောင့် Programming ကိုစိတ်ဝင်တစားလေ့လာနေသလဲဆိုတာ သိဖို့အရမ်းကိုအရေးကြီးပါတယ်။ ကျွန်တော်တို့ Code တွေကိုလေ့လာပြီးရင် ဘာဆက်ဖြစ်လာမှာလဲ။ အထူးသဖြင့် ကိုယ့်ရဲ့ Goal ကဘာလဲ။ Web Developer လား Software Engineer လားစသဖြင့် ကိုယ်ဘာဖြစ်ချင်တာလဲဆိုတဲ့ Goal ကိုမသိရင် လျှောက်သာလျှောက်နေရတယ် လမ်းပျောက်နေသိလိုမျိုးဖြစ်နေပါလိမ့်မယ်။
Programming Language 👨💻
ဒုတိယအချက်ကတော့ Programming Language တွေရဲ့အကြောင်းတွေကိုလေ့လာပြီး ကိုယ့် Goal နဲ့ကိုက်ညီမယ့် Programming Language ကိုရွေးချယ်ရပါမယ်။ အကယ်၍ကိုယ်က Web Developer ဖြစ်ချင်တယ်ဆို JavaScript/PHP နဲ့ Software Engineer ဆိုရင်တော့ Java စသဖြင့်ရွေးချယ်ရပါမယ်။ Language တစ်ခုကိုရွေးချယ်ရာမှာလည်း ကျွန်တော်တို့ အနေနဲ့ Trend နောက်ကိုလိုက်ပြီးရွေးချယ်တာမျိုးထက် ကျွန်တော်တို့အတွက် လေ့လာရတာ လွယ်ကူပြီး လုပ်ငန်းခွင်အတွက်လည်း Opportunity များတဲ့ Language မျိုးကိုပဲရွေးချယ်သင့်ပါတယ်။ Online Learning Resources တွေသိချင်ရင်လည်း Page Cb မှာလာမေးလို့ရပါတယ်ဗျ။
Learning 📑📚
လေ့လာရမယ့် language ကို ဆုံးဖြတ်ပြီးရင်တော့ သင်တန်းတွေတက်တာပဲဖြစ်ဖြစ် စာအုပ်တွေ Lesson Video တွေနဲ့ Self Study ပဲဖြစ်ဖြစ်သင်ယူရပါမယ်။ Coursera / Udemy / Code academy/ Freecodecamp / YouTube တို့မှာ Tutorial Video တွေများစွာရှိပါတယ်။ Review တွေကောင်းမွန်ပြီး Up to date ဖြစ်မဖြစ်သေချာစစ်ဆေး သင်ယူဖို့လည်းမမေ့ပါနဲ့ဦး။
Practice 💯
နောက်တစ်ချက်ကတော့ ကိုယ်လေ့လာနေတဲ့အရာပေါ်မှာသေချာ practice လုပ်ဖို့လည်းလိုအပ်ပါတယ်။ Coding Syntax တွေက ကျွန်တော်တို့နဲ့မရင်းနီးတာမလို့မေ့ကောင်းမေ့ပါလိမ့်မယ်။ဒါကြောင့်အမြဲတမ်းထိတွေ့နေဖို့လိုအပ်ပါတယ်။ Language တစ်ခုကိုသင်ယူပြီးတိုင်း project တွေရေးကြည့်တာက အကောင်းဆုံး practice ပဲလို့ဆိုရမယ်ဗျ။
Networking 🤝
ဒီအချက်ကအရေးကြီးဆုံးပါပဲ။ ကျွန်တော်တို့ Learning လုပ်နေတဲ့အချိန်ကစပြီး ကျွန်တော်တို့မှာ Coding သို့မဟုတ် Development နဲ့ပတ်သတ်တဲ့ Environment တစ်ခုရှိဖို့လိုအပ်ပါတယ်။ Social Media Group တွေ Meetup တွေ Workshop တွေ Join ရင်း learner အချင်းချင်း Knowledge မျှဝေတာမျိုး Senior တွေဆီကတဆင့် Guideline တွေရယူတာမျိုးက ကိုယ့်ရဲ့ skill တွေတိုးတက်ဖို့အမြန်ဆုံးနဲ့အမှန်ကန်ဆုံးနည်းလမ်းပဲဖြစ်ပါတယ်။
ဒီလိုအချက်တွေကိုသာလိုက်နာပြီး ပုံမှန်လေ့လာသွားမယ်ဆိုရင် ကျွန်တော်တို့ရည်မှန်းထားတဲ့ goal ကို အမြန်ဆုံးရောက်ရှိသွားမှာဖြစ်ပါတယ်။
#codify #webdevelopment #webservices #webconsultant

ဘာလို့ programmer life ကို career အဖြစ်ရွေးချယ်ခဲ့တာလဲလို့ Interview တွေမှာ မေးတဲ့အခါ အများစုက code ရေးရတာစိတ်ဝင်စားလို့ ဝင်ငွေကောင်းလို့လို့ ဖြေလေ့ရှိကြပါတယ်။ code ဆိုတာနဲ့ ရောင်စုံစာလုံးလှလှလေးတွေပဲမမြင်စေချင်ပါဘူး။ ဒီထက်ပိုပြီးလေးလေးနက်နက်လေးတွေးကြည့်ရအောင်။
Programmer တစ်ယောက်ဖြစ်လာပြီဆိုရင် မဖြစ်မနေရင်ဆိုင်ရမယ့်အရာတွေအများကြီးပါ။ ဒီထဲကမှ
ပထမဆုံးအချက်နေနဲ့ဆိုရင် ခုလို IT ခတ်ထဲမှာ နေ့စဉ်ပြောင်းလဲနေတဲ့ technology တွေကိုအမှီပြေးလိုက်ရတာပါပဲ။ Language တွေ Framework တွေကအမြဲ update ဖြစ်နေသလို tech stack တွေကလည်း အမြဲလိုလိုအသစ်ထွက်နေတာဆိုတော့ ကိုယ်က Out of date ဖြစ်နေလို့မရပါဘူး။ ဒီအရာတွေကို လိုက်နိုင်အောင် work + learning တွဲပြီးမနားမနေကြိုးစားရပါတယ်။ ကိုယ့်ရဲ့ idea တွေကို burnout ဖြစ်မသွားစေဖို့လည်း ခေါင်းထဲမှာအမြဲစဉ်းစားတွေးခေါ်နေရပါသေးတယ်။
ဒုတိယတစ်ချက်ကတော့ ခက်ခဲရှုပ်ထွေးတဲ့ ပြသနာတွေကိုဖြေရှင်းရတာပါ။ Code ရေးတဲ့သူတိုင်းက error / bugs / problem တွေကြားမှာကျင်လည်နေရတာမို့ အချိန်ပြည့် စိတ်တွေရှုပ်ထွေးနေတတ်ပါတယ်။ Pressure တွေ deadline တွေနဲ့ဆိုပိုတောင်ဆိုးပါသေးတယ်။ ဒါပေမယ့် ကိုယ့်စိတ်ကို Relax ပေးပြီး code တွေကို error debug မယ်ဆိုရင်တော့ ဘယ် error မှာမပြေလည်းသွားဘူးဆိုတာမရှိပါဘူး။ ဒီတော့ programmer တစ်ယောက်က Error solving skill လည်းရှိထားရပါမယ်။ Error တစ်ခု ပြေလည်သွားတိုင်းမှာ ရတဲ့ခံစားချက်ကအမိုက်စားပါပဲ။ အဲ့သလို Error တွေကြားမှာ ပျော်နေတတ်ဖို့လည်းလိုပါသေးတယ်။
ကျန်းမာရေးရှုထောင့်ကကြည့်ရရင် Programmer life ကအထိုင်များပြီး အချိန်ပြည့် Computer screen ရှေ့မှာ အလုပ်လုပ်နေရတော့ ကျန်းမာရေးအရအနည်းငယ်တော့ထိခိုက်ပါတယ်။ အဲ့အတွက် အချိန်တစ်ခုလောက် code ရေးပြီးရင် ခဏလောက်ထပြီး အကြောလျှော့ကိုယ်လက်လှုပ်ရှားပေးတာမျိုး နားချိန်တွေမှာ work out လုပ်တာမျိုးတွေလုပ်ပေးသင့်ပါတယ်။ မျက်လုံးကျန်းမာရေးအတွက် စိမ်းစိုတဲ့အရာတွေမကြာခဏကြည့်ပေးတာ၊ Blue light filter လုပ်တဲ့မျက်မှန်တပ်ပြီးမှ computer screen ကိုကြည့်တာ၊ code မရေးတဲ့တခြားအချိန်တွေမှာ မျက်လုံးကိုသေချာအနားပေးတာမျိုးတွေလုပ်ပေးသင့်ပါတယ်။ " မိနစ် 20 code ရေးပြီးတိုင်း စက္ကန့် 20 break မယ် ပေ 20 လောက်အဝေးကို လှမ်းကြည့်မယ်" ဆိုတဲ့ 20-20-20 rule လေးကိုစမ်းကြည့်ဖို့အကြံပေးချင်ပါတယ်။
ဘယ်အလုပ်မဆို ဝါသနာအရလုပ်ရင် အရာအားလုံးကပျော်စရာတွေချည်းပါပဲ။ ဒါပေမယ့်လည်း အခုခေတ်အခါရ စိတ်ရဲ့ဆန္ဒထက် ဖြစ်သင့်တဲ့ဘဝကို ပိုဦးစားပေးနေရတာမို့ အစပိုင်းတော့အခက်ခဲရှိပေမယ့် စိတ်ဓာတ်မကျပဲ လုပ်စရာရှိတာတွေဆက်လုပ်သွားဖို့ပဲတိုက်တွန်းချင်ပါတယ်။ ကိုယ်တကယ်တမ်း ဝါသနာပါပြီး အပေါ်မှာပြောသွားတဲ့အရာတွေကိုလည်း ရင်ဆိုင်နိုင်တယ်ဆိုရင်တော့ programmer life ကို careerတစ်ခုအဖြစ်ရွေးချယ်တာ လုံးဝမမှားတဲ့ဆုံးဖြတ်ချက်ပါပဲ။ အားလုံးပဲ Fighting ပါနော် ဘာပဲကြုံလာလာရှေ့ဆက်တိုးပြီး အောင်မြင်တဲ့ Developer တွေဖြစ်ကြပါစေနော် ။

❤2
Programming ကိုလေ့လာချင်လို့ ဘယ်လို laptop မျိုးဝယ်ရမလဲဆိုပြီး အမေးများတဲ့အတွက် ဒီ blog လေးကိုရေးဖြစ်လိုက်ပါတယ်။ codingကို အခြေခံလေ့လာရုံလောက်ဆိုရင် ဖုန်းတွေ tablet တွေနဲ့ ရေးလိုရပေမယ့် professional developer တစ်ယောက်အဖြစ်ရပ်တည်မယ်ဆိုရင်တော့ ကွန်ပျူတာတာက မရှိမဖြစ် လိုအပ်ပါတယ်။ programming အတွက် ကွန်ပျုတာရွေးချယ် ဝယ်ယူတော့မယ်ဆိုရင် ဒီအချက်လေးတွေကိုထည့်စဉ်းစားဖိုမမေ့ပါနဲ့..
1. Display
ကွန်ပျူတာတစ်လုံးမှာ Display က အဓိက feature တစ်ခုအနေနဲ့ပါဝင်ပါတယ်။ code ရေးရမယ့်သူတွေအတွက်ဆိုရင်ပိုတောင်အရေးကြီးပါသေးတယ်... developer တွေဆိုတာ တစ်ချိန်လုံး computer screen ကို အားစိုက်ပြီး အလုပ်လုပ်နေရတာဆိုတော့ screen size ကသေးပြီး resolution ကမကောင်းဘူးဆိုရင် မျက်လုံးကိုထိခိုက်စေနိုင်ပီး code ရေးရတာလည်း အဆင်မပြေဖြစ်တတ်ပါတယ်..ဒါ့အပြင် design တွေဖန်တီးဖို့လိုအပ်လာရင်လည်း resolution ကောင်းလေ design quality ပိုကောင်းလေပါပဲ။ ဒါကြောင့် screen size 14" 1920 x 1080 Display အနည်းဆုံးရှိတဲ့ laptop ကိုဝယ်ယူဖို့အကြံပြုချင်ပါတယ်။
2. CPU
Laptop တစ်လုံးရဲ့ performance က CPU နဲ့ အများကြီးသက်ဆိုင်ပါတယ်။ CPU များစွာထဲကမှ Laptop ကို ကိုယ်အသုံးပြုမယ့်အနေထားနဲ့နှိုင်းယှဉ်ပြီး အကောင်းဆုံးဖြစ်မယ့် CPU/ Processor မျိုးကိုဝယ်ယူသင့်ပါတယ်။ အရေးကြီးဆုံးကတော့ cache size, core အရေအတွက် နဲ့ frequency ပါပဲ။ Developer တွေအတွက်ဆိုရင်တော့ intel core i5 8th လောက်ကို အနိမ့်ဆုံးထားပီး recommend လုပ်ချင်ပါတယ်။
3. Memory (RAM)
Developer တစ်ယောက်ရဲ့ Laptop မှာအနည်းဆုံး လိုအပ်တဲ့ RAM ကတော့ 8GB ပါပဲ။ ပိုက်ဆံတတ်နိုင်ရင်တော့ 16 GB ဆိုပိုအဆင်ပြေပါတယ်။ တကယ်တမ်း code ရေးတဲ့အခါ browser tab တွေ terminal တွေ software တွေကို တပြိုင်ထဲအများကြီးဖွင့်ထားရတတ်ပါတယ်။ ဒီတော့ RAM 8GB အောက် ဆိုရင် RAM မနိုင်ပဲ not responding မှာတင်အဝိုင်းလည်နေတော့မှာပါပဲ။
4. Storage type & capacity
Laptop တွေမှာ HDD နဲ့ SSD ဆိုပြီး storage နှစ်မျိုးရှိပါတယ်။ ခုနောက်ပိုင်း OS တွေ Software တွေကလည်း Operation တွေအရမ်းလုပ်ရတာဖြစ်လို့ laptop တွေမှာ HDD ထက် SSDတွေကိုပိုသုံးလာကြပါတယ်။ SSD 256 GB က programming အတွက် သင့်လျော်တဲ့ပမာဏပါပဲ။
5. Battery
Laptop Battery မှာဆိုရင်တော့ 3 cells နဲ့ 4 cells battery ဆိုပီး အများဆုံး တွေ့နိုင်ပါတယ်။
ယေဘူယျအားဖြင့် 4 cells battery က ပိုကောင်းတယ်လို့ အကြမ်းဖျဉ်း ယူဆလို့ရနိုင်ပေမယ့် ကိုယ့်ရဲ့ usage ပေါ် မူတည်ပီး ရွေးချယ်၀ယ်ယူသင့်ပါတယ်။ ဥပမာ-ကိုယ်က portable ဖြစ်ခြင်းကို ဦးစားပေးချင်တယ်ဆိုရင်တော့ 3 cells battery က ပိုမိုသင့်လျော်ပီး 4 cells battery တွေကတော့ size ပိုကြီးပီး ပိုလေးတာကြောင့် longer runtime ကို ဦးစားပေးသူတွေအနေနဲ့သာ ရွေးချယ် ဝယ်ယူသင့်ပါတယ်။
6. Keyboard
Developer တွေရဲ့လက်တွေက keyboard ပေါ်မှာပဲပြေးလွှားနေကြရတာဆိုတော့ ကိုယ့်လက်တွေမနာကျင်ရအောင် comfort ဖြစ်မယ့် keyboard လိုအပ်ပါတယ်။ Keyboard size က ကိုယ့်လက်နဲ့ယှဉ်ရင် တအား သေးနေတာမျိုး ကိုယ်သုံးနေကျ key တွေက keyboard layout ကြောင့် သုံးရတာ အဆင်မပြေတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့်လည်း laptop ဝယ်တဲ့အခါ keyboard ကမဖြစ်မနေကြီးထည့်စဉ်းစားရမယ်လို့မဆိုလိုပါဘူး။ တခြား specification တွေသာအဆင်ပြေနေမယ်ဆိုရင် External keyboard တွေ အစားထိုး အသုံးပြုလိုရပါေသးတယ်။
အခုပြောပြသွားတာကတော့ Programming ကို learning လောက်မဟုတ်ဘဲ Professional Developer အဖြစ် အသက်မွေးဖို့ထိ အားလုံးနဲ့အဆင်ပြေအသုံးဝင်ေစမယ့် specification တွေကိုရွေးချယ်ထားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ် ဒေါ်လာဈေးအရ ဒီ specification မျိုးဝယ်ဖို့မတတ်နိုင်ဘူးဆိုရင်တော့ ကိုယ့် laptop နဲ့ကိုက်ညီမယ့် Memory / CPU တို့ကို အရမ်း Load မဖြစ်စေမယ့် OS မျိုး Software မျိုးကို ရွေးချယ်ပြီး အသုံးပြုလို့ရပါတယ်။
ဒီနေ့ blog လေးကဒီလောက်ပါပဲခင်ဗျ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်..

Developer တစ်ယောက်အနေနဲ့ project တွေရေးတဲ့အခါ ကိုယ့် code တွေက run လို့ရသွားပြီဆိုရုံနဲ့မရပါဘူး။ code တွေကို သန့် ရှင်းသပ်ရပ်အောင် စနစ်တကျရေးသားရပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ website တွေက performance ကောင်းကောင်းနဲ့ အလုပ်လုပ်နေနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ပြန်လည်ပြင်ဆင်ဖို့လိုအပ်လာရင်လည်း ပိုပြီး debug လိုက်ရတာလွယ်ကူပါလိမ့်မယ်။
Clean Code ဖြစ်အောင်ရေးဖို့..
1. Better Naming
Variable name တွေကြေငြာတဲ့အခါ
- short & meaningful
- Using camelCase
Function name တွေပေးတဲ့အခါ verb ကိုရှေ့မှာထားပြီးပေးတာမျိုးက code ကိုဖတ်လိုက်တာနဲ့ ဘယ်အတွက်ရည်ညွှန်းထားတယ်ဆိုတာကိုအလွယ်တကူသိစေနိုင်ပါတယ်။ နာမည်တွေမှာ special character တွေမပါစေဖို့လည်း သတိထားရပါမယ်။
ဥပမာ - let birthYear = 2001;
function calculateAge(birthYear) {...}
2. Keep Your Functions pure and focus
function ထဲမှာ task တွေအများကြီးကိုစုပြုံရေးတာမျိုးကလုံးဝမလုပ်သင့်ပါဘူး။ functionတစ်ခုက process တစ်ခုအတွက်ပဲ Focus ထားသင့်ပါတယ်။ common ဖြစ်မယ့် code တွေဆို သပ်သပ်ထုတ်လိုက်ပြီး resuseable ဖြစ်အောင်ရေးသင့်ပါတယ်။ တူညီတဲ့အရာတွေကို ထပ်ကာထပ်ကာမရေးတာက DRY ( Don't Repeat Yourself ) principle ကို လိုက်နာတယ်လို့ခေါ်ပါတယ်။ function parameter တွေထားမယ်ဆိုရင်လည်းအများကြီးလျှောက်ထားတာမျိုးမလုပ်သင့်ပါဘူး။
ဥပမာ - function validateData() {...}
function saveData() {...}
function sendEmail(string $email) {...}
3. Avoid Deep Nesting
Looping တွေအထပ်ထပ်ပတ်တာ , condition တွေအထပ်ထပ်စစ်နေတာက code တွေကို trace ပြန်လိုက်တဲ့အခါ အရမ်းကိုမူးနောက်စေပါတယ်ဗျ။ ဆိုတော့ nest လုပ်တာကိုအတတ်နိုင်ဆုံးရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင် Database နဲ့သက်ဆိုင်တဲ့ CRUD ကို looping ထဲမှာမရေးသင့်ပါဘူး။ run တဲ့အခါမှာ data တွေများရင်များသလို loading အရမ်းဖြစ်ပြီး performance ကိုထိခိုက်စေပါတယ်။
ကျွန်တော်တို့ ကိုယ်တိုင်လည်း software / website တစ်ခုခုထဲဝင်လိုက်တဲ့အခါ loading ကြာတယ်ဆိုရင် စိတ်မရှည်တော့ဘဲ တစ်ခြားတစ်ခုကို ပြောင်းပစ်လိုက်ကြတာပဲမဟုတ်လား။
4. Limit Scope of Variables
variable တွေကိုသတ်မှတ်တဲ့အခါ လိုအပ်တဲ့ block {} အတွင်းမှာ private , public, protected စတဲ့
သက်ဆိုင်ရာ access modifier တွေနဲ့တွဲပြီး သတ်မှတ်သင့်ပါတယ်။ အမြဲတမ်း globally အနေနဲ့အသုံးပြုနေတာက variable တွေငြိကုန်တာမျိုးဖြစ်နိုင်လို့ မကောင်းပါဘူး။
5. Handle Errors
task သို့မဟုတ် feature တစ်ခုကိုရေးတဲ့အခါ ဖြစ်လာနိုင်တဲ့ error ကိုကြိုတင်စဥ်းစားထားပြီး error message တွေအဖြစ်ဖန်တီးထားခဲ့တာကကောင်းမွန်တဲ့ project တစ်ခုဖြစ်စေပါလိမ့်မယ်။ ဒါမှလည်း project မျှော်လင့်သလိုမဖြစ်ဘူးဆိုရင် error message ကတစ်ဆင့် debug လိုက်ရပိုလွယ်ပါလိမ့်မယ်။
6. Use Constants
Number တွေနဲ့ String တွေကိုအသုံးပြုဖို့လိုအပ်ရင် constant တခုအဖြစ်ကြေငြာထားခဲ့ပါ။
မဟုတ်ရင် code တွေပြန်ဖတ်ကြည့်တဲ့အခါ နံပါတ်တွေထားခဲ့တာ ဘာအတွက်ထားခဲ့မှန်းသိတာမျိုးဖြစ်တတ်ပါတယ်။ constant တွေသုံးခြင်းဟာ နောက်ပိုင်းမှာလိုအပ်လို့ပြင်ခဲ့မယ်ဆိုရင်လည်း တစ်နေရာထဲကနေပြင်လိုက်တာနဲ့အကုန်လုံးအဆင်ပြေသွားစေပါတယ်။
ဥပမာ - const HOURS_PER_WEEK = 40;
const HOURLY_RATE = 15.50;
const salary = HOURS_PER_WEEK * HOURLY_RATE;
feature တစ်ခုရေးပြီးတိုင်း refactor လုပ်ဖို့အချိန်တစ်ခုပေးပါ။ မလိုအပ်တဲ့ code တွေဆိုဖျက်ခဲ့ပါ။ format ကျအောင်ပြင်ပါ။ အပေါ် ကအချက်တွေအားလုံးကိုလိုက်နာရဲ့လားပြန်ကြည့်ပါ။ Code တွေထပ်နေရင် ခွဲထုတ်ပေးပါ။ ကျစ်လျစ်နေဖို့ကြိုးစားပါ။ ဒါကို refactor လုပ်တယ်လို့ခေါ်ပါတယ်။ ကျွန်တော်တို့ မှတ်ထားရမှာက Developer တစ်ယောက်အနေနဲ့ program တွေဖန်တီးတဲ့အခါ ကျွန်တော်တို့ code တွေဟာ ကွန်ပျူတာတွေကိုခိုင်းစေဖို့အတွက်ပဲမဟုတ်ပါဘူး။ User တွေအသုံးပြုဖို့နဲ့ ကိုယ့် Project ကိုလွှဲပေးတဲ့အခါ နောက် Developer အဆင်ပြေဖို့ အမြဲထည့်စဉ်းစားဖို့လိုအပ်ပါတယ်။ ဆိုတော့ Project ကောင်းတစ်ခုဖြစ်ဖို့အတွက် အပေါ်မှာပြောသွားပေးတဲ့အချက်တွေကို
beginner level ထဲကနေ အကျင့်တစ်ခုအဖြစ်မွေးမြူထားသင့်ပါတယ်။
ဒီနေ့ blog လေးကဒီလောက်ပါပဲခင်ဗျ။အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်..like & share လုပ်သွားပေးဖို့လည်း မမေးကြနဲ့ဦးနော်။

❤9