543 subscribers
509 videos
5 links
Download Telegram
Mr. Vampire (1985)

Action, Comedy, Horror
1h 36m

အားလုံးရင်းနှီးကျမယ့် တရုတ်သရဲကားတစ်ကားဖြစ်မှာပါ.. အလွယ်ခေါ်ရင်တော့ တရုတ်ခုန်ဆွ သရဲပေါ့
ဇာတ်ကားကောင်းကောင်းအဟောင်းလေးတွေ.. အပြင်မှာလည်းရှာဖိုမလွယ်တော့တဲ့ ဇာတ်ကားကောင်းလေးတွေကိုတင်ဆက်ချင်တဲ့စိတ်ရှိတာကြောင့် အခု 1985 မှာ ထွက်ရှိထားတဲ့
Mr. Vampire ကားတွေရဲ့ ပထမဆုံး ဇာတ်ကားကို ဘာသာပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်..
အခုကြည့်မယ့်သူတွေကတော့ဘယ်လိုနေမလဲမသိဘူး..ကျွန်တော်ကတော့ ပြန်ကြည့်လိုက်တာ
ကိုယ့်ကိုယ်ကို ပြန်ငယ်သွားသလိုခံစားရပါတယ်
ဇာတ်လမ်းအညွှန်းကိုပေးဖိုလုပ်တဲ့အခါမှာ ကျွန်တော်စဉ်းစားမိတာက ဒီဇာတ်ကားတွေရဲ့အညွှန်းကို
ထွေထွေထူးထူးပေးစရာမလိုဘူးဆိုတဲ့အကြောင်းပါ..အားပေးတဲ့ပရိတ်သတ်ကိုမလေးမစားလုပ်တာ
မဟုတ်ရပါဘူး..အားလုံးသိပြီးသားဖြစ်မယ်လိုမျှော်လင့်ထားမိလိုပါ..ဒါပေမယ့်မသိသေးတဲ့သူတွေ
အတွက်နည်းနည်းလောက်တော့မိတ်ဆက်ပေးပါမယ်..ခပ်တိုတိုလေးပဲမိတ်ဆက်လိုက်ပါမယ်..
ရရှိထားတဲ့ IMDb Rate ကတော့ 7.6 ပဲဖြစ်ပါတယ်..ဆရာကော့ ဟာ သရဲနိမ်နင်းတဲ့ဆရာတစ်ယောက်ပါ..သူ့မှာ တပည့်၂ဦးရှိပါတယ်..တစ်ရက်မှာ
သူငှေးကြီးတစ်ဦးက သူ့အဖေရဲ့ အုတ်ဂူကိုပြန်ဖေါ်ဖိုကြိုးစားရာကနေ သူ့အဖေဟာ ဖုတ်ကောင်ဖြစ်
လာပြီးတော့ ဆရာကော့နဲ့ တပည့်၂ဦးတိုနိမ်နင်းကျတဲ့ဇာတ်လမ်းပုံစံပါပဲ..ဒါက အကျဉ်းချုပ်ပါ
ဟာသလေးတွေ..တပည့်၂ဦးရဲ့ တလွဲလုပ်တာလေးတွေ..စတဲ့ ရိုက်ကွက်တွေကိုကြည့်ရှု ရင်း
ငယ်ဘဝကို ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ကြပါဦးလို ပြောကြားလိုက်ပါတယ်..
Mr. Vampire II (1986)

Horror, Action, Comedy
1h 29m

Old But Gold ဆိုတဲ့စကားအတိုင်းပဲပေါ့ တရုတ်ခုန်ဆွဲသရဲကားလို့နာမည်ကြီးခဲ့တဲ့1986 မှာထွက်ရှိခဲ့တဲ့ Mr.Vampire 2 ကိုတင်ဆက်ပေးလိုက်ပါတယ်..1 နဲ့ 2 ကအဆက်အစပ်မရှိတဲ့အတွက်ကြောင့်
အေးဆေးကြည့်နိုင်ပါတယ်..ဇာတ်လမ်းအကျဉ်းကတော့ တရုတ်သရဲလင်မယား၂ယောက်မှာ သရဲကလေးလေးတစ်ကောင်ရှိပါတယ်အဲ့သရဲလင်မယား၂ယောက်က သရဲလေးကိုရှာဖွေကြပုံကိုတင်ဆက်ရိုက်ကူးထားပါတယ်.. ခံစားကြည့်ပါဦး
Media is too big
VIEW IN TELEGRAM
Mr. Vampire II (1986) Trailer
Mr. Vampire III (1987)

Horror, Action, Comedy
1h 28m

တာအိုဘုန်းကြီးတစ်ယောက်သည် သူ့ရဲ့ စားဝတ်နေရေးအတွက် ဝိညာဉ်နှစ်ကောင်ကို မွေးကာ အသက်မွေးဝမ်းကြောင်းပြုနေရာ၊ ရွာတရွာအရောက်တွင်၊ မကောင်းဆိုးဝါးဖမ်းဆီးသူဆရာတစယောက်နဲ့ တွေ့ကြလေရာ ဆရာက သူ့ကို မကောင်းဆိုးဝါးနဲ့ ၊ အသက်မမွေးသင့်ကြောင်း အကြံပေးနေစဥ် တကယ့် ဆိုးရွားသော မကောင်းဆိုးဝါးများနှင့် ရင်ဆိုင်ရသောအခါ သူတို့နှစ်ယောက်ပေါင်းပြီး ဖြေရှင်းကြပုံကို ဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြညည့်ကြပါခဗျာ
Media is too big
VIEW IN TELEGRAM
Mr. Vampire III (1987) Trailer
Mr. Vampire Saga IV (1988)

Action, Comedy, Horror
1h 36m

တရုတ်ခုန်ဆွ သရဲကားတွေဆိုပြီးနာမည်ကြီးခဲ့တဲ့1988 မှာ ထွက်ရှိခဲ့တဲ့ Mr. Vampire ရဲ့ လေးကားမြောက်ကိုတင်ဆက်ပေးလိုက်ပါတယ်..1 , 2 , 3 , 4 ,5 ထွက်ရှိခဲ့ပေမယ့် ဇာတ်လမ်းတွေဟာ တစ်ကားနဲ့တစ်ကားဆက်စပ်မှုမရှိသလိုတစ်ကားလာတိုင်း အဓိကသရုပ်ဆောင်ကလွဲရင်ကျန်တာတွေပြောင်းသွားတာမို့ ဘယ်နေရာကဖောက်တင်တင်..
ဖောက်ပြီးကြည့်ကြည့် အရသာလုံးဝပျက်မှာတော့မဟုတ်ပါဘူး.
.ဒါကြောင့်မို့Mr Vampire 4 ကို တင်ပေးလိုက်ပါတယ်…ဇာတ်လမ်းအကျဉ်း – ဟိုဘက်အိမ်မှာရှိတဲ့ဘုန်းတော်ကြီးနဲ့အိမ်နီးချင်းမှော်ဆရာတို့ဟာ တစ်ဦးနဲ့တစ်ဦးလုံးဝမတည့်ကြပါဘူး..ဘုန်းတော်ကြီးမှာတော့ တပည့်မလေးတစ်ဦးရှိပြီးမှော်ဆရာမှာတော့ တပည့်တစ်ဦးရှိပါတယ်..ဆရာ၂ယောက်ကလုံးဝမတည့်ပေမယ့် မှော်ဆရာရဲ့တပည့်ကတော့ဘုန်းတော်ကြီးရဲ့တပည့်မလေးဖြစ်တဲ့ ချင်းချင်းကို သဘောကျနေပါတယ်..အချင်းချင်းပြိုင်ကြဆိုင်ကြ..နိပ်ကွပ်ကြနဲ့ဟာသလေးတွေနှောပြီး ရိုက်ကူးထားပါတယ်..ဘယ်လောက်ပဲမတည့်ပါစေ..အန္တရာယ်ကိုရင်ဆိုင်လာတဲ့အခါမှာတော့အတူ ရင်ဆိုင် တိုက်ခိုက်ကြပါတယ်..ကလေးဘဝတုန်းကနှစ်ခြိုက်စွာကြည့်ခဲ့ရတဲ့ဇာတ်လမ်းလေးတွေ ပြန်ကြည့်ရမှာမို့သဘောကျမယ်လို့ထင်ပါတယ်..မကြည့်ရသေးတဲ့သူတွေလည်းကြည့်ပါ..ပေါ့ပေါ့ပါးပါးအပျင်းပြေကြည့်ကောင်းသလိုအရမ်းလည်းရယ်ရတဲ့ဇာတ်ကားလေးတွေပါ..
Media is too big
VIEW IN TELEGRAM
Mr. Vampire Saga IV (1988) Trailer
Vampire Vs Vampire (1989)

Action, Comedy, Horror
1h 26m

ကျတော်တို့ ငယ်ငယ်ကလေးဘဝထဲက ၊
ကြိုက်နှစ်သက်ခဲ့တဲ့ ဇာတ်ကားလေးတွေဟာ ဘယ်တော့မှ ရိုးမသွားတဲ့ ဇာတ်ကားလေးတွေဖြစ်ပြီး အဲ့ဒီအချိန်အဲ့ဒီအခါနဲ့ဆို ဒီလောက်ဖန်တီးနိုင်စွမ်းရည်ရှိတာကို ချီးကျူးရမှာပါ။ သင်တို့သတိမထားမိတာက ငယ်ငယ်ကလေးဘဝထဲက သူ့ဟန်ပန်အမူအရာတွေအတိုင်းလိုက်လုပ်အတုခိုးခဲ့တဲ့ မှော်ဆရာကြီး Lam Ching-Ying ကိုယ်တိုင်က ဒီဇာတ်လမ်းတွေကို ကိုယ်တိုင်၊ ဒါရိုက်တာလုပ်ပြီးရိုက်ကူးခဲ့တာဆိုရင်ရော ယုံကြညပါ့မလား။ ဇာတ်လမ်း အညွှန်းလေးကတော့ ရေကြောရှာရင်း၊ မထင်မှတ်ပဲ တနေရာမှာ ရေကြောနဲ့အတူတူ ခရစ်ယာန် တရားဟောဆရာရဲ့ အလောင်းကြီးကို ရှာဖွေတွေ့လိုက်ရတဲ့အခါမှာတော့ ဘာတွေဖြစ်ပျက်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပြီး ဘဝ အမောတွေ ပြေပျောက်နိုင်ကြပါစေဗျာ
Media is too big
VIEW IN TELEGRAM
Vampire Vs Vampire (1989) Trailer
Goedam (2020)

Mystery
10m

ဒီကားလေးကတော့ Netflix ရဲ့ Horror အမျိုးအစားလေးဖြစ်ပြီးတော့
တစ်ပိုင်းကို ကြာချိန် ၅ မိနစ်ကနေ ၁၀ မိနစ်စာလောက်လေးပဲ ပါဝင်ပါတယ်
တစ်ပိုင်းချင်စီမှာ မတူညီတဲ့ title လေးတွေနဲ့
Mystery ဆန်ဆန်ဇာတ်အိမ်လေးကိုခံစားရမှာပါ
တပိုင်းချင်းစီရဲ့ အငွေ့အသက်လေးတွေဟာ သင့်ရဲ့
ကြောက်စိတ်ကိုနှိုးဆွပေးနိုင်စွမ်းအပြည့်တော့ရှိနေမှာပါ
မြို့တစ်မြို့ရဲ့ညအခါသမယမှာ ဒဏ္ဍာရီထဲက
အရိပ်တွေ ဝိဉာဉ်တွေဟာ ကြောက်လန့်စရာဇာတ်လမ်းပေါင်းချုပ်ကြီးထဲမှာ
အသက်ဝင်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ
ကိုယ်တိုင်ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်
Horror ချစ် ပရိတ်သတ်တွေအတွက်တော့ အကြိုက်တွေ့မှာပဲဖြစ်ပါတယ်
Go Ahead (2020)

Drama, Family
45m

စီးပွားရေးအဆင်မပြေသည့် မိသားစုများမှ ဆင်းသက်လာကြပြီး အတူတူကျောင်းတက်ကာ ကိုယ်ပိုင်ရည်မှန်းချက်တွေကိုထောက်ပံ့အားပေး နှစ်သိမ့်ကြရင်း အဖြူရောင်ခင်မင်မှုလေးတွေကို တည်ဆောက်ကာ ငယ်ကျောင်းသားဘဝကို ဖြတ်သန်းလာခဲ့ကြသည့် အချစ်ဆုံးသူငယ်ချင်းသုံးယောက်က လင်းရှောင်(ပထမအကို) ဟော့စိချိုး (ဒုတိယအကို)နဲ့ လီကျန်းကျန်း(ညီမေလး)တို့ပေါ့ အထက်တန်းကျောင်းကဘွဲ့ရပြီး ငါးနှစ်အကြာမှာ ကိုယ်ပိုင်အလုပ်အကိုင်နဲ့ ငယ်သူငယ်ချင်းသုံးယောက်ပြန်တွေ့ကြပြန်တယ် စိတ်မကောင်းစရာက သူ့တို့မိသားစုတွေရဲ့အတိတ် ပြသနာတွေဟာ သူတို့ဘဝေနာက္ကို အရိပ်မည်းသဖွယ်ကပ်တွယ်ပြီး ကြုံတွေ့လာတဲ့ အခါမှာတော့ သူတို့ကြားက ခင်မင်မှုတွေက တည်မြဲမလား ပြသနာတွေကို ရင်ဆိုင်နိုင်မလား သုံးပွင့်ဆိုင်အချစ်ကဗျာလေး ဘယ်လိုစတင်လာမလဲဆိုတာကို ဒရမ်မာအချိုးအကွေ့ဆန်ဆန်ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲလေးပါ
Media is too big
VIEW IN TELEGRAM
Go Ahead (2020) Trailer
Mysterious Love (2021)

Drama
35m

တစ်မူထူးခြားပြီး ချစ်စရာကောင်းတဲ့ ယွမ်ညန်ချူးတစ်ယောက်ဟာ EQ ရော IQ ရော မြင့်ပြီး ဖော်ရွေမှုကင်းပြီး တသီးတသန့်နေတက်တဲ့ လီထန်နဲ့ မမျှော်လင့်ပဲ တွေ့ဆုံခဲ့ပါတယ်။ လီထန်ဟာ ယွမ်ညန်ချူးကို အန္တရာယ်တစ်ခုကနေ ကယ်တင်ခဲဲ့ပြီး နှစ်ယောက်သား တဖြည်းဖြည်းရင်းနှီးလာကာ တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေ ရှိလာခဲ့ပါတယ်။ဒါပေမယ့် နှစ်ဦးသားဟာ မတူညီတဲ့ဘဝ ရည်မှန်းချက်တွေကြောင့် ခွဲခွါခဲ့ကြရပါတယ်။နောက်ငါးနှစ်အကြာမှာတော့ နှစ်ဦးသားပြန်ဆုံတွေ့ကြပြီး သူတို့ရဲ့ တစ်ဦးပေါ်တစ်ဦးခံစားချက်တွေဟာ ပြန်လည်အသက်ဝင်လာကြပါတယ်။ဒါပေမယ့် ဒီတစ်ခါမှာတော့ သူတို့ဟာ တစ်ခြားအန္တရာယ်တစ်ခုနဲ့ ထပ်မံကြုံတွေ့လာခဲ့ရတဲ့အခါမှာ နှစ်ဦးသားပူးပေါင်းပြီး သူတို့ရန်ဖက်ရဲ့အကြံအစည် ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာတော့...
Media is too big
VIEW IN TELEGRAM
Mysterious Love (2021) Trailer
Record of Youth (2020)

Drama
1h 10m

Sa Hye Joon (Park Bo Gum) က သာမန်မိသားစုတစ်ခုရဲ့ ၂၆နှစ်အရွယ်သားအငယ်။ မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီ း သရုပ်ဆောင်မင်းသားဖြစ်ဖို တစိုက်မတ်မတ်ကြိုးစားနေသူ။ မွေးချင်းအစ်ကိုတစ်ယောက်ရှိပြီး ငယ်စဉ်တည်းက အစ်ကိုနဲ့နှိင်းယှဉ်ပြောဆိုခံခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာရှိသူ။ စိတ်နှလုံးနွေးထွေးပြီး ကိုယ်ချင်းစာတတ်သူ။ သူ့အိပ်မက်ဖြစ်တဲ့ မင်းသားတစ်ယောက်ဖြစ်လာဖို မျှော်လင့်ချက်တွေဟာ မှေးမှိန်နေပေမယ့် ဇွဲမလျှော့ဘဲ ကြိုးစားသူ။ ဒီလို တစိုက်မတ်မတ်ကြိုးစားနေချိန်မှာပဲ သူ့ဆီကို နိုင်ငံတော်ထံမှ စစ်မှုထမ်းဆင့်ခေါ်စာ ရောက်လာသောအခါ…။ Ahn Jung Ha (Park So Dam) ကတော့ Makeup artist ကောင်မလေးဖြစ်ပြီး သူ ဝါသနာပါရာအလုပ်အပေါ် ဒီထက်အောင်မြင်အောင်လုပ်ဖို ရည်မှန်းချက်ကြီးမားသူ။ အထီးကျန်ဆန်အားငယ်မှုတွေကို ပျော်ရွှင်တက်ကြွတတ်တဲ့ မိန်းမငယ်လေးအသွင်နဲ့ ဖုံးကွယ်ထားသူ။ တစ်ယောက်တည်း ခက်ခဲနေတဲ့အချိန်တွေတိုင်းမှာ Jung Ha ရဲ့ တစ်ခုတည်းသော အလင်းရောင်လေးကတော့ သူမရဲ့ Idol Sa Hye Joon ပါပဲ။ Ahn Jung Ha ဟာ Sa Hye Joon ရဲ့ big fangirl တစ်ယောက် ဖြစ်ပါတယ်။ Won Hae Hyo (Byun Woo Seok) က Sa Hye Joon ရဲ့ သူငယ်ချင်းဖြစ်ပြီး ချမ်းသာကြွယ်ဝမှု နောက်ခံကြီးမားသော Won မိသားစုရဲ့ အမွေခံသားတစ်ယောက်။ သူကလည်း Hye Joon လိုပဲ မော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး မင်းသားတစ်ယောက်ဖြစ်ဖို အိပ်မက်မက်နေသူပါ။ Hye Jun နဲ့ သူ့ကြား ကွာခြားမှုက Won Hae Hyo ရဲ့ အမေက သားဖြစ်သူဖြစ်ချင်တာတွေကို မိသားစုအရှိန်အဝါအသုံးပြုကာ ဖြစ်အောင် လုပ်ပေးတတ်သူ။ Hae Hyo ကိုယ်တိုင်ကတော့ ဒီလိုတွေလုပ်ပေးတာကို မနှစ်သက်ဘဲ သူ့ကိုယ်ပိုင်အစွမ်းအစနဲ့ ရလာတဲ့ အောင်မြင်မှုကိုသာ မက်မောသူ။ မိသားစုနောက်ခံတွေမတူညီကြပေမယ့် စိတ်ဓာတ်ပြင်းထန်ပြီး ကြီးမားတဲ့အိပ်မက်ကိုယ်စီရှိကြတာချင်း တူညီတဲ့ လူငယ်လေးသုံးယောက်၊ ဘယ်လိုပုံစံတွေ့ဆုံပြီး သူတိုဝါသနာပါရာအလုပ်တွေကို အောင်မြင်အောင် ဘယ်လိုကြိုးစားကြမယ်ဆိုတာကို ဒီ “Record Of Youth” ဒရမ်မာမှာ ကြည့်လိုက်ကြရအောင်။
LEGO Star Wars Terrifying Tales (2021)

Animation, Family, Science Fiction, Comedy, Horror
45m

Star Wars universeကို လွမ်း​နေကြတဲ့ ကြယ်တာရာတိုက်ပွဲဖန်​တွေအတွက် Lego Star Wars animation အသစ်​လေးကို တင်ဆက်​ပေးလိုက်ပါတယ်၊ ဒီဇာတ်ကားမှာ​တော့ Lego ရုပ်​လေး​တွေရဲ့ထုံးစံအတိုင်း ချစ်စရာလည်း​ကောင်းသလို ​ခြောက်ခြားစရာ​လေးလည်း
နည်းနည်း​တော့ပါတယ်ဗျ။ ဒီဇာတ်ကားထဲမှာ Star Wars verseရဲ့ အကြီးကျယ်ဆုံး၊ အန္တရာယ်အရှိဆုံးဗီလိန်​ကြီး​တွေကို သူတို့ရဲ့ဟာသsense​လေး​တွေနဲ့ ရှားရှားပါးပါး တွဲပြီးမြင်ခွင့်ရမှာပါ၊ဒီAnimationရဲ့ အဓိကဇာတ်​ဆောင် အ​ကြောက်တရားမရှိ​သောပိုင်း​လော့ကြီး Poe Dameronဟာ ယာဉ်ပျံပျက်ပြီး Death Vaderပိုင်တဲ့ဂြိုလ်တစ်လုံး​ပေါ် ​​ရောက်သွားပါတယ်၊ ဖြစ်ချင်​တော့ အဲ့ဒီဂြိုလ်​ပေါ်မှာ Death Vaderက သရဲအိမ်လို ရဲတိုက်ကြီး​ဆောက်​နေတာပါ၊အဲ့ဒီ Vader Castleထဲမှာ Poe Dameronတစ်​ယောက် ဘာ​တွေရင်ဆိုင်ရမလဲ၊ မ​ကြောက်တတ်သူဆိုတဲ့ ဂုဏ်ပုဒ်ကြီးနဲ့တန်​အောင် VaderCastleကြီးက ဘာ​တွေများပညာ​ပေးလိုက်မလဲ၊ Death Vader, Palpatine, Kylo Renတို့လို ဗီလိန်​တွေက​ရော ဘယ်လိုအခန်းကဏ္ဍ​တွေနဲ့ပါဝင်လာမလဲဆိုတာကို မိသားစုနဲ့အတူ​ ပျော်​ပျော်ရွှင်ရွှင်ကြည့်လို့ရ​အောင် တင်ဆက်​ပေးလိုက်ပါပြီ။
Media is too big
VIEW IN TELEGRAM
LEGO Star Wars Terrifying Tales (2021) Trailer
The Addams Family (2019)

Family, Animation, Comedy, Fantasy
1h 26m

Star Wars universeကို လွမ်း​နေကြတဲ့ ကြယ်တာရာတိုက်ပွဲဖန်​တွေအတွက် Lego Star Wars animation အသစ်​လေးကို တင်ဆက်​ပေးလိုက်ပါတယ်၊ ဒီဇာတ်ကားမှာ​တော့ Lego ရုပ်​လေး​တွေရဲ့ထုံးစံအတိုင်း ချစ်စရာလည်း​ကောင်းသလို ​ခြောက်ခြားစရာ​လေးလည်း
နည်းနည်း​တော့ပါတယ်ဗျ။ ဒီဇာတ်ကားထဲမှာ Star Wars verseရဲ့ အကြီးကျယ်ဆုံး၊ အန္တရာယ်အရှိဆုံးဗီလိန်​ကြီး​တွေကို သူတို့ရဲ့ဟာသsense​လေး​တွေနဲ့ ရှားရှားပါးပါး တွဲပြီးမြင်ခွင့်ရမှာပါ၊ဒီAnimationရဲ့ အဓိကဇာတ်​ဆောင် အ​ကြောက်တရားမရှိ​သောပိုင်း​လော့ကြီး Poe Dameronဟာ ယာဉ်ပျံပျက်ပြီး Death Vaderပိုင်တဲ့ဂြိုလ်တစ်လုံး​ပေါ် ​​ရောက်သွားပါတယ်၊ ဖြစ်ချင်​တော့ အဲ့ဒီဂြိုလ်​ပေါ်မှာ Death Vaderက သရဲအိမ်လို ရဲတိုက်ကြီး​ဆောက်​နေတာပါ၊အဲ့ဒီ Vader Castleထဲမှာ Poe Dameronတစ်​ယောက် ဘာ​တွေရင်ဆိုင်ရမလဲ၊ မ​ကြောက်တတ်သူဆိုတဲ့ ဂုဏ်ပုဒ်ကြီးနဲ့တန်​အောင် VaderCastleကြီးက ဘာ​တွေများပညာ​ပေးလိုက်မလဲ၊ Death Vader, Palpatine, Kylo Renတို့လို ဗီလိန်​တွေက​ရော ဘယ်လိုအခန်းကဏ္ဍ​တွေနဲ့ပါဝင်လာမလဲဆိုတာကို မိသားစုနဲ့အတူ​ ပျော်​ပျော်ရွှင်ရွှင်ကြည့်လို့ရ​အောင် တင်ဆက်​ပေးလိုက်ပါပြီ။