KO CHIT (MDY)
27.2K subscribers
21.8K photos
1.42K videos
2 files
1.02K links
Download Telegram
Breaking News

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ်ကိုအောင်ရတနာဆေးရုံအနီးတွင် ပီဒီအက်(ဖ်)အကြမ်းဖက်များက လုပ်ကြံသတ်ဖြတ်
++++++++++++++++++++++++++++++++++++++++++++++++++

22th၊Apr၊MMG

ဇနီးဖြစ်သူဆရာဝန်ကို ဆေးခန်းပို့ပြီးပြန်လာသော ပြည်တောင်စုရွေးကောက် ပွဲကော်မရှင် ရုံးမှဒုတိယညွှန်ကြားရေးမှူးချုပ်ကို သင်္ဃန်းကျွန်းမြို့နယ်​အောင်ရတနာဆေးရုံအနီးတွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများကဧပြီလ ၂၂ ရက်နေ့လယ်၂ နာရီတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားကြောင်းသိရပါတယ်။

ဒုညွှန်ချုပ် ဦးစိုင်းကျော်သူသည် ဇနီးဖြစ်သူဆရာဝန်ကိုဆေးခန်းပို့ပြီး တစ်ဦးတည်းကားမောင်းပြန်လာစဥ် ဝေဇယန္တာလမ်းပေါ် ၁၆ လမ်းဆုံအနီးအရောက်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်သဖြင့် ဦးစိုင်းကျော်သူတွင် လည်ပင်း၊ ယာနားနောက်၊ ချိုင်းအောက်၊ လက်များတွင်ကျည်ထိဒဏ်ရာငါးချက်ရပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်စဥ်သေဆုံးသွားကြောင်းနှင့် ပစ်ခတ်မှုဖြစ်သည့်နေရာမှကျည်ခွံ ၁၂ ခုတွေ့ကြောင်းသိရပါတယ်။
သရုပ်ဆောင် မြတ်သူသူ အား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်စစ်ဆေးနေ

၂၀၂၃ ၊ ဧပြီ ၂၂

ယမန်နေ့ (ဧပြီ ၂၁)နံနက်၉နာရီ ၃၅ မိနစ်အချိန်က မရမ်းကုန်းခရိုင် မရမ်းကုန်းမြို့နယ် မမစမှူး(မရမ်းကုန်း)တာဝန်တစ်ဦးက တိုင်တန်း၍ အောင်သပြေစစ်ကြောရေးမှ လာရောက်လွှဲပြောင်းသူ မိုးမိုးမြတ်ဇင်(ခ) မြတ်သူသူ(၃၃)နှစ်(သရုပ်ဆောင် ) အမှတ်(၄)ရပ်ကွက် မရမ်းကုန်းမြို့နယ်နေသူအား မမစ(မရမ်းကုန်း)(ပ)၉၁/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၁ ရက်နေ့တွင် မိုးမိုးမြတ်ဇင်(ခ)မြတ်သူသူ သည် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် Myat Thu Thu Facebook Account ဖြင့် သတင်းမီဒီယာတစ်ခုမှရေးတင် ထားသည့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာတွင် အ ကြမ်းဖက်အုပ်စု PDF များ စုရုံးနေသည့်နေရာသို့ တပ်မတော်မှလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ဒဏ်ရာ များဖြင့် သေဆုံးနေသည့်အကြမ်းဖက်အုပ်စု PDF များ၏ရုပ်အလောင်းများပါဝင်သည့် ဗီဒီယိုဖိုင်ပါ Post အား Myat Thu Thu Facebook Account ဖြင့် “စိတ်မကောင်းစရာ အခြေအနေတွေ အခုမှသိရတယ် ဒီညရတနာ Live လေးဖျက်ပါမယ်ရှင်”ဟုရေး သား၍တစ် ဆင့်ပြန် လည်မျှဝေခြင်း ပြုလုပ်ထားကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် အမှုဖွင့်တိုင်တန်းခြင်းဖြစ်ကြောင်းနှင့် ၎င်းအား မမစ (မရမ်းကုန်း) ၌ အမှုဖြင့်ချုပ်နှောင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Mytel ရုံးငွေကိုင်တစ်ဦးအပါအဝင် ပဲခူးမြို့ရှိ  အမျိုးသမီး ၂ ဦးကို  ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်
====================================================
၂၀၂၃ ၊ ဧပြီ ၂၂

ယမန်နေ့ (ဧပြီ ၂၁)ည ၁၀နာရီအချိန်က ပဲခူးမြို့ ရှင်စောပုရပ်ကွက် နေသူ သဇင်အိ(ခ)သဲသဲ(၂၆)နှစ် (Mytel ရုံးငွေကိုင်)အား တိုင်တန်းချက်အရ ဖမ်းဆီးခဲ့ပြီး ၎င်းအား မမစ(ပဲခူး)(ပ)၁၈၂/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ သဇင်အိ(ခ)သဲသဲ သည် နိုင်ငံတော်အားအကြည်အညိုပျက်စေရန်နှင့် အများပြည်သူတို့အား နိုင်ငံတော်စီမံအုပ် ချုပ် ရေးကောင်စီအားဆန့်ကျင်ချင်လာအောင် သွေးတိုးလှုံ့ဆော်သည့် စာသားများ အားလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသား ဖြန့်ဝေခြင်း၊ ရှယ်ခြင်းများပြုလုပ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းနေ့ည ၁၀နာရီ မိနစ် ၅၀တွင် ပဲခူးမြို့ ဥဿာမြို့သစ်(၇)ရပ်ကွက် ပဲခူးမြို့နေသူ ချောစံပယ်စိုး(၂၄)နှစ်အား တိုင် တန်းချက်အရ ဖမ်းဆီးခဲ့ပြီး မမစ(ပဲခူး)(ပ)၁၈၃/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်အမှုဖွင့်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ချောစံပယ်စိုး သည် နိုင်ငံတော်အစိုးရအားအကြည်ညိုပျက်စေရန်နှင့် အများပြည်သူ့အား ကြောက်ရွံ့ စေရန်ရည်ရွယ်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင်ရေးသားဖြန့်ဝေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့်တိုင်တန်းခဲ့ခြင်းဖြစ်ပြီး တရားခံ ၂ ဦးအား မမစ(ပဲခူး)၌ ချုပ်နှောင်ထားရှိကြောင်း သိရသည်။
ခမရ ၁၃ . DSA ၄၇ က ဗိုလ်မှူးဇော်မောင် အပါအဝင် လုပ်ငန်းရှင် ၂ ဦး စုံစမ်းဆဲ၂ ဦး စုစုပေါင်း ၅ ဦး ဖားကန့်မြို့နယ် မရှိကထောင်ရှိ Happy KTV တွင် ပြစ်သတ်ခံရ
လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးသွားသည့် ၂၃၀ ကေဗွီ ဘဲလင်း-အုန်းတော မဟာဓာတ် အားလိုင်းရှိ တာဝါတိုင် ၃ တိုင်အား ပြန်လည်ပြင်ဆင်

မန္တလေးတိုင်း၊တံတားဦးမြို့နယ်အနီးမှ ဖြတ်သန်းသွယ်တန်းထားသည့် ၂၃၀ ကေဗွီ ဘဲလင်း-အုန်း တော မဟာဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ် ၆၇၊ ၆၈ နှင့် ၆၉ တို့သည် ဧပြီ ၂၀ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးသွားခဲ့သည်။

ထို့ကြောင့် ပြန်လည်ပြုပြင်ပြင်ဆင်ခြင်းလုပ်ငန်းများအား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနကြီးကြပ်မှုအောက်ရှိ စီမံကိန်းမန်နေဂျာရုံး ၄ ရုံးနှင့်မဟာဓာတ်အားလိုင်းမှူးရုံး ၃ ရုံးတို့မှလျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၂၅၀ ဦးက ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်မှ ဧပြီ ၂၂ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးအား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်သူရအောင်ဘိုနှင့်တာဝန်ရှိသူတို့က တာဝါတိုင်များပြိုလဲပျက်စီးဖြစ်ပေါ်ခဲ့မှု၊ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့်ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းခွင်အတွင်း တာဝါသံပေါင်များတပ်ဆင်နေမှု၊ဓာတ်အားလိုင်းကြိုးဆွဲခြင်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့်တာဝါတိုင်များပြန်လည်စိုက်ထူနိုင်ရေး Foundation လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ ပြည်သူများလျှပ်စစ်ဓာတ်အားပြည့်ဝစွာအမြန်ဆုံးသုံးစွဲနိုင်ရန် တာဝါတိုင်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

၂၃၀ ကေဗွီ ဘဲလင်း-အုန်းတော မဟာဓာတ်အားလိုင်းသည် လျှပ်စစ်ဓာတ်အား ၃၄၀ မဂ္ဂါဝပ်ခန့်အား စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့ရှိ မြို့ရွာများသို့ ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပြီး တာဝါတိုင် ၃ တိုင် ပြိုလဲပျက်စီးသွား၍ ယင်း ဒေသများတွင် လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်။
မန္တလေး တအားပူလို့ ရှေးထုံးတမ်းစဥ်လာများအတိုင်း ငရံမင်းပင့်ဆောင်ပရိတ်ရွတ်ပွားတော်မူကြပါသည်
This media is not supported in your browser
VIEW IN TELEGRAM
ဘားအံမြို့နယ် သထုံ-ဘားအံ အဝေးပြေးလမ်းမကြီးပေါ်တွင် မော်တော်ယာဉ်ပေါ်တွင် မိုင်းပေါက် ကွဲမှုဖြစ်ပွားပြီးနောက် ကားဗုံးကွဲချိန်မသေဘဲလွတ်မြောက်လာသည့် PDFတစ်ဦး ဖမ်းမိထားသော ရုပ်သံ Video
ရန်ကုန်တိုင်း၊ခရမ်းမြို့နယ်၌ ရဲတပ်ဖွဲ့ဝင်များ၊နိုင်ငံရေးပါတီဝင်များ နှင့် ပြည်သူများကို သတ်ဖြတ်မှုများ ဆောင်ရွက်လျက်ရှိသော ခရမ်း PDF အဖွဲ့ဝင် ၆ဦး ဖမ်းဆီးရမိထား

#PeopleMedia
မြိတ်မြို့ စည်ပင်ရုံးရှေ့တွင် ကားဗုံးပေါက်ကွဲပြီး နှစ်ဦးသေဆုံး

Dawei Watch၊ ဧပြီ ၂၃

မြိတ်မြို့တွင် ယနေ့ ညနေပိုင်းက ကားဗုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း မြို့ခံများက ပြောသည်။

ယနေ့ ဧပြီလ ၂၃ရက် ညနေ ၄ နာရီခွဲဝန်းကျင်က မြိတ်မြို့ ပန်းခြံအနီးစည်ပင်ရုံးရှေ့တွင် ပေါက်ကွဲခြင်းဖြစ်ပြီး ကားပေါ်တွင် ထိုင်နေသည့် အသက်ကြီးအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတဦးတို့ ပွဲချင်းပြီးသေဆုံးသွားကြောင်း မျက်မြင်လမ်းသွားလာသူများက ဆိုသည်။

“ဒုံးဆိုပြီး အသံအကျယ်ကြီးတစ်ချက်ကြားတယ်။ နောက်ထပ်တစ်ချက်လည်း ထပ်ကြားရတယ်။ သွားကြည့်တော့ ကားပေါ်မှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတဦး သေဆုံးနေတာတွေ့ရတယ်။ လက်ကိုင်ကွင်းထက် မျက်နှာမှောက်သေနေပြီး ဟွန်းတွေလည်း ထမြည်နေတယ်” ဟု လမ်းသွားလမ်းလာမြို့ခံတစ်ဦးက ပြောသည်။

ကားမှာ အိမ်စီးကား ဟွန်ဒါဖစ်အညိုနက်ရောင်ဖြစ်ပြီး ပေါက်ပွဲမှုကြောင့် ကားဘီပေါက်ပြီး ဘောလုံးကွင်းရှေ့မှ လမ်းနိမ့်သည့် ကရင်ဘုရားကျောင်းရှေ့သို့ နောက်ပြန်ရောက်သွားသည်ဟု မျက်မြင်အချို့က ပြောဆိုသည်။

ပေါက်ကွဲမှု ဖြစ်စဉ်ကိုလည်း အသေးစိတ်အခြေအနေနှင့် မည်သည့်တို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်တို့ကို တိတိကျကျ မသိရသေးပေ။
Forwarded from 𝐋𝐢𝐧𝐧 𝐍𝐚𝘆 (Snow Queen)
Media is too big
VIEW IN TELEGRAM
ဧပြီ ၂၄

မြိတ်မြို့ပေါ်တွင် ပေါက်ကွဲစေတတ်သော ခဲယမ်းတင်ဆောင်လာသည့် မော်တော်ယာဥ်တစ်စီး သယ်ဆောင်မောင်းနှင်းစဥ် ပေါက်ကွဲမှုဖြစ်ပွား၊ယာဥ်ပေါ်ပါသူ လင်မယားလနှစ်ဦးစလုံး သေဆုံး

==================================================
ဧပြီ ၂၃

     တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်၊ကန်ဖျားရပ်ကွက်တွင် ယနေ့ ၄ နာရီ ၁၀ မီးနစ်အချိန်၌ မြို့ထဲမှမောင်းလာသော ဟွန်တာဖစ်ကားအမျိုးအစားတွင် အမျိုးသားတဦးနှင့် အမျိုးသမီးတဦးတို့ ပါဝင်ပြီး မြိတ်မြို့နယ် ကညနရုံးအနီသို့ အရောက်တွင် ပေါက်ကွဲမှုဖြစ်ပွားကာ စီးနှင်းလာသူနှစ်ဦးစလုံး သေဆုံးခဲ့ကြောင်းသတင်းကြားရရှိပါသည်။

    သေဆုံးသူများမှာ ကန်ဖျားရပ်နေ ဦးဝင်းဆွေနှင့်ဒေါ်မေကဗျာ တို့ဖြစ်ကြောင်း သိရှိရပါသည်။''သူတို့မောင်းလာတဲ့ ကားထဲမှာ ကားမောင်းရင်းပေါက်ကွဲတာဆိုတော့၊ပေါက်ကွဲစေတတ်တဲ့ ခဲယမ်းတွေ သယ်လာတာဖြစ်မယ်၊ကားရှေ့ပိုင်းမှာ ပေါက်ကွဲခဲ့တယ်လို့ ယူဆရပါတယ်''ဟု ဒေသခံတစ်ဦးမှ PAN သို့ ပြောပြလာပါသည်။

#PAN
အိန္ဒိယနိုင်ငံတွင်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာထိပ်သီးအစည်းအဝေးသို သီတဂူဆရာတော်ကြီး တက်ရောက်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

နေပြည်တော်၊ ဧပြီ ၂၄

သီတဂူဆရာတော်ကြီးသည် ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြိုရှိ Hotel Ashok တွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာထိပ်သီးအစည်းအဝေး (Global Buddhist Summit) သို တက်ရောက်၍ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိတ်စွမ်းအားမိန့်ခွန်းကို မိန့်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Shri Narendra Modi လည်း တက်ရောက်ကာ အဖွင့် အမှာစကားပြောကြားခဲ့ပြီး၊ သီတဂူဆရာတော်ကြီးအား လက်ဆောင်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိ ရသည်။

ထိပ်သီးအစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲချုပ် (IBC)၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတိုက စီစဉ်ကျင်းပခြင်းဖြစ်ပြီး၊ ယင်းအစည်းအဝေးကို နိုင်ငံတကာမှ ဘာသာရေး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

crd
Forwarded from MDY image✍️ (MDY image)
ယနေ့နံနက် ၆နာရီက ရေစကြိုမြိုမဈေးကြီးအနီး၊ ရဲစခန်းအနီး၌ ထန်းသီးမုန့် ရောင်းချနေသည့် မသင်းသင်း နှင့် အမျိုးသမီးတစ်ဦးကို PDF က ဖမ်းဆီးသွားပြီး မသင်းသင်းကို PDF က မြိုပေါ်တွင် သေနတ်ဖြင့် အကြမ်းဖက် သတ်ဖြတ်လိုက်ကြောင်းသိရှိရသည်။
မဟာအောင်မြေမြိုနယ်၊ရဲမွန်တောင်ရပ်ကွက်ရှိ V9 KTV တွင် စကားများရန်ဖြစ်ရာမှစ၍ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား
**
ဧပြီ
၂၄

ယမန်နေ့ ည ၇ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြိုနယ်၊ရဲမွန်တောင်ရပ်ကွက်၊၅၅လမ်း၊၄၂×၄၃ လမ်းကြားရှိ V9 KTV တွင် စကားများရန်ဖြစ်ရာမှစ၍ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဥ်မှာ ဘချစ်(ခ)မြင့်ဇော်ဦး၊၄၅နှစ်၊(ဘ)ဦးကျော်ဝင်း၊က-၁ရပ်ကွက်၊ချမ်းမြသာစည်မြိုနယ်နေသူနှင့် ဂျိုးဂျိုး(ခ)နေလင်းဦး၊၃၆နှစ်၊(ဘ)ဦးမျိုးကြည်၊၅၃လမ်း၊၁၀၅×၁၀၆လမ်းကြား၊အောင်ပင်လယ်ရပ်ကွက်၊ချမ်းမြသာစည်မြိုနယ်နေသူတိုသည် သိန်းအောင်(ညောင်ကွဲရပ်နေသူ)၊ကျော်မင်းသိန်း(ညောင်ကွဲရပ်နေသူ)၊အောင်ကြီး(နေရပ်လိပ်စာစုံစမ်းဆဲ)နှင့် အခြားအမည်မသိ အမျိုးသား ၄ဦးနှင့်အတူ ၅၅လမ်း၊၄၂×၄၃ လမ်းကြားရှိ V9-KTVတွင် စားသောက်ပြီး ပြန်အထွက်ကားပါကင်သို ရောက်ရှိစဥ် ဝေလုကျော်၊၃၀နှစ်၊(ဘ)ဦးသိန်းတန်၊သံပန်းလုပ်၊ကွေ့ကြီးကုန်းရွာ၊ပုသိမ်ကြီးမြိုနယ်နေသူနှင့် ညီအရင်းတော်စပ်သူ ဇော်ဇော်ထွေး၊၂၃နှစ် တို ဆိုက်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဘချစ်(ခ)မြင့်ဇော်ဦးအား ဆိုင်ကယ်ဖြင့်ဝင်တိုက်မိပြီး စကားများရန်ဖြစ်ရာ ဘချစ်(ခ)မြင့်ဇော်ဦးက ၎င်းလွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ အသင့်ပါလာသော ပစ္စတိုသေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ဂျိုးဂျိုး(ခ)နေလင်းဦးက ဓားဖြင့်ခုတ်ခဲ့ရာ ဝေလုကျော်တွင် ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာ ၁ချက်(စိုးရိမ်ရ)၊ဇော်ဇော်ထွေးတွင် ဝဲ-ရင်ညွန့်အောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်(စိုးရိမ်ရ)တိုရရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို တင်ပိုကုသထားကြောင်း၊သေနတ်ဖြင့်ပစ်ခတ်သူ ဘချစ်(ခ)မြင့်ဇော်ဦးနှင့်ဂျိုးဂျိုး(ခ)နေလင်းဦးတိုအား ပူးပေါင်းအဖွဲမှ ချမ်းမြသာစည်မြိုနယ်၊၁၀၇လမ်း၊၅၅×၅၆ လမ်းကြားရှိ နှင်းဆီဝေဟိုတယ်၊အခန်းအမှတ် ၃၀၄ သိုသွားရောက်ပြီးဘချစ်(ခ)မြင့်ဇော်ဦးကိုင်ဆောင်သည့် တူရကီနိူင်ငံထုတ် GLOCK အမျိုးအစား ပစ္စတိုသေနတ် ၁လက်၊၎င်းကျည် ၂၇တောင့်တိုနှင့်အတူ ဘချစ်(ခ)မြင့်ဇော်ဦးနှင့်ဂျိုးဂျိုး(ခ)နေလင်းဦးဆိုအား ဖမ်းဆီးရမိပြီး အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ဖားကန့်Happy KTV ရှေ့မှာမနေ့အကြမ်းဖက်UG၂ ဦးကိုအသေပစ်ခတ်ဖမ်းမိ

မနေ့က၅ ဦးပစ်ခံရသည့်ဖားကန့်Happy KTVရှေ့မှာနံနက်၄ နာရီခွဲခန့်တွင်UGအောင်ကြည်မြင့်တိုပဒက်နှစ်ဦးအားအသေပစ်ခတ်ဖမ်းမိကြောင်း သိရသည်။