CJ Platform
5.01K subscribers
19.6K photos
360 videos
4 files
9.04K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
😭5
စစ်ဆေးရေးဂိတ်တွေကို ဝန်ကြီးရှောင်တခင် စစ်ဆေးမယ့်သတင်းကြောင့် ကားတိုင်းကို ရဲတွေ အလေးပြု

CJ Platform

ငွေတောင်းကြမ်းတဲ့ စစ်ဆေးရေးဂိတ်တွေကို စစ်အုပ်စုခန့် ပြည်ထဲရေးဝန်ကြီးက ရှောင်တခင် ဝင်စစ်ဆေးမယ်ဆိုတဲ့ သတင်းကြောင့် စစ်ဆေးဂိတ်က ရဲများအားလုံး ကားတိုင်းကို အလေးပြုနေရတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1852026-2/
🤣7💩1
ရန်ကုန်တိုင်းတွင် ငလျင်လှုပ်

CJ Platform

ရန်ကုန်တိုင်းမှာ မေလ ၁၈ ရက် မနက် ၈ နာရီ ၃၅ မိနစ်က ကျောက်တန်းမြို့ကို အခြေပြုပြီး လှုပ်ခတ်သွားတဲ့ ငလျင်လှုပ်ခတ်မှုဟာ ပြင်းထန်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ငလျင်လှုပ်ခတ်မှုမှာ ပြည်သူများ အိမ်ပေါ်ကနေ လမ်းထွက်ပြေးကြတဲ့အထိ သိသာတယ်လို့ မြောက်ဥက္ကလာမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"ငလျင်လှုပ်တာ အရမ်းသိသာတယ်။ အိမ်ကိုကိုင်ပြီး ဆောင့်လှုပ်လိုက်သလိုပဲ၊ လူတွေလည်း လမ်းပေါ် အကုန်ပြေးဆင်းကြတယ်" လို့ ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုမှာ အနည်းငယ်ပြင်းထန်၍ အိုးခွက်များ ပြုတ်ကျတဲ့အထိဖြစ်ပြီး အထပ်မြင့်တိုက်ပေါ်မှ လူများ တိုက်အောက်ကို ပြေးဆင်းရတဲ့အထိ ဖြစ်တယ်လို့ သာကေတမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"ငလျင်လှုပ်တာ သိပ်မကြာပေမယ့် အတော်လေး ပြင်းထန်ပါတယ်။ အိုးခွက်ပန်းကန်တွေတောင် ကျတယ်။ အထပ်မြင့်တိုက်ပေါ်မှာနေတဲ့သူတွေ ဘယ်သူမှ အပေါ်မှာမနေရဲဘူး၊ အောက်ကိုဆင်းပြေးပြီး အောက်မှာပဲ နေကြတယ်" လို့ ရှင်းပြပါတယ်။

ရန်ကုန်တိုင်းတွင် မြို့နယ် ၄၅ မြို့နယ်နဲ့ မြို့ပေါင်း ၂၀ ရှိပြီး အကုန်လုံးနီးပါး ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံရပြီး လက်ရှိအခြေအနေအထိ ထိခိုက်ဒဏ်ရာရသူသတင်း မကြားသေးကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။

"ရန်ကုန်တိုင်းတစ်တိုင်းလုံးက မြို့နယ်အကုန်လုံးမှာ ငလျင်လှုပ်တာပါ။ အခုချိန်ထိ ထိခိုက်ဒဏ်ရာရတဲ့သူသတင်း မကြားရသေးဘူး" လို့ ရှင်းပြပါတယ်။

ငလျင်ဟာ ကျောက်တန်းမြို့အနီး ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၂ အဆင့်ဖြင့် လှုပ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ရန်ကုန်တိုင်း #ငလျင် #ကျောက်တန်းမြို့ #သဘာဝဘေးအန္တရာယ်
👍5
👍2
ရန်ကုန်မှာ ရပ်ကျေးအုပ်ချုပ်ရေးရွေးကောက်ပွဲ ဝင်ပြိုင်ရန် ကြံ့ခိုင်ရေးပါတီဝင်နဲ့ စစ်တပ်ထောက်ခံသူများ တက်ကြွနေ

CJ Platform

ရန်ကုန်မြို့မှာ ရပ်ကျေးရွေးကောက်ပွဲလုပ်ဖို့ ရှိနေပြီး ကြံ့ခိုင်ရေးပါတီက သူတွေနဲ့ စစ်တပ်ထောက်ခံတဲ့ အစုအဖွဲ့တွေ ဝင်အရွေးခံဖို့ အပြိုင်ပြင်ဆင်နေကြတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1852026-3/
🤮3🔥1
ရွာငံမှာ ကျောက်သဲကျင်း ပြိုကျလို့ ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

CJ Platform

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ မေလ ၁၇ ရက် မနက် ၁၁ နာရီခွဲက ကျောက်သဲကျင်းပြိုကျရာမှ အလုပ်သမား ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1892025-2/
😢4❤1😱1
ရွာငံမှာ ကျောက်သဲကျင်း ပြိုကျလို့ ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

CJ Platform

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ မေလ ၁၇ ရက် မနက် ၁၁ နာရီခွဲက ကျောက်သဲကျင်းပြိုကျရာမှ အလုပ်သမား ၂ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1892025-2/
😢3
ဒေသ (၃) ခုမှာ မိုးကြိုးနဲ့အတူ မိုးတိမ်တောင်တွေ သတိပြုရမယ်


CJ Platform

ဒီကနေ့ မေလ ၁၈ ရက်၊ တနင်္လာနေ့အတွက် ဒေသအလိုက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ အနောက်တောင် မုတ်သုံလေ အားကောင်းလာမယ့် အခြေအနေ၊ မိုးလေဝသ ခန့်မှန်းချက်နဲ့ ပင်လယ်ပြင် အထူးသတိပေးချက်တွေကို တင်ဆက်ပေးသွားပါမယ်။အရင်ဦးဆုံး အနောက်တောင် မုတ်သုံလေ ပိုမို အားကောင်းလာမယ့် အခြေအနေ ကို ရှင်းလင်း ပြောပြပေးချင်ပါတယ်။ အိန္ဒိယနိုင်ငံ အနောက်ဘက်က အာရေဗျပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဝဲစနစ်တစ်ခုဟာ အားကောင်းလာဖို့ ရှိပါတယ်။ ဒီလေဝဲဟာ မြန်မာနိုင်ငံအပေါ် တိုက်ရိုက် သက်ရောက်မှု မရှိပေမဲ့ လက်ရှိ မြန်မာနိုင်ငံကို ဝင်ရောက်နေတဲ့ အနောက်တောင် မုတ်သုံလေကိုတော့ ပိုမို အရှိန်မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #Monsoon #မုတ်သုံလေ #မိုးသက်လေပြင်း #ပင်လယ်ပြင်သတိပေးချက်


Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/48-7_i3IBMs
👍3❤2
မြင်းမူတွင် ကျေးရွာ ပ.အ.ဖ တာဝန်ခံအား စစ်ကိုင်းခရိုင် ကွပ်ကဲရေးမှူးအဖွဲ့က ဖမ်းဆီးရိုက်နှက်၊ ဖြစ်စဉ်အပေါ် နှစ်ဖက်အယူအဆ ကွဲလွဲနေ

CJ Platform

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မူးမန္တလေးကျေးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) တာဝန်ခံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စစ်ကိုင်းခရိုင် ကွပ်ကဲရေးမှူးနဲ့ ရဲဘော်တွေက ဖမ်းဆီးကာ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဖြစ်ပွားခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဒေသခံသတင်းအရင်းမြစ်တွေဆီကနေ စုံစမ်းသိရှိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/18520263/
👍2🔥1
ဆောမြို့က စစ်ကြောင်း ချင်းတောင်ပိုင်း ကန်ပက်လက်မြို့နယ်ထဲသို့ စတင်ဝင်ရောက်လာ

CJ Platform

ဆောမြို့ကို မေလ ၁၄ ရက်က စတင်ဝင်ရောက်ခဲ့တဲ့ လောင်းရှည် ကပစ (၂၁) က ထုတ်နုတ်အင်အား ၂၀၀ ဝန်းကျင် စစ်ကြောင်းဟာ ဒီကနေ့ မေ ၁၈ ရက်မှာ ချင်းတောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်ထဲက ဒေသအခေါ် ခြောက်မိုင်ရွာမှာ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1852026-4/
👎3
မှတ်ပုံတင်လုပ်ရာတွင် ပိုက်ဆံပေးရကြောင်း အထောက်အထားနဲ့တိုင်ရင် အရေးယူမယ်လို့ လဝက ထုတ်ပြန်
ပြည်သူတွေက တိုင်လည်းမထူးဘူလို့ တုံ့ပြန်

CJ Platform

မှတ်ပုံတင်ပြုလုပ်ရာတွင် ပြည်သူလူထုက ငွေကျပ်သိန်းချီ၊ သောင်းချီ ပေးနေရပေမယ့် ပိုက်ဆံပေးရတဲ့ ဝန်ထမ်းကို အထောက်အထားနဲ့တိုင်ရင် အရေးယူသွားမယ်လို့ စစ်အုပ်စုရဲ့ လဝကဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1892026-2/
😡4😁3
မနက်ဖြန် မေ (၁၉)ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မိုးတိမ်တောင်တွေ သတိပြု

CJ Platform

မနက်ဖြန် မေလ ၁၉ ရက်၊ အင်္ဂါနေ့အတွက် မိုးလေဝသ အခြေအနေတွေကို မတင်ဆက်မီ... ဒီနေ့မှာတော့ ပရိသတ်တွေ အထူးစိတ်ပူနေကြတဲ့ "မြေငလျင်သတင်း" နဲ့ အရင်ဆုံး စတင်ချင်ပါတယ်။
ဒီနေ့မနက် (၈) နာရီ (၃၅) မိနစ် အချိန်ခန့်မှာ ရန်ကုန်တိုင်း ကျောက်တန်းမြို့တောင်ဘက် (၉) မိုင်ခန့်အကွာမှာ အနက် (၄၀) ကီလိုမီတာကို ဗဟိုပြုပြီး အင်အား (၅.၃) မဂ္ဂနီကျု (Magnitude) နဲ့ အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။ အဲဒီနောက် မနက် (၈) နာရီ (၄၈) မိနစ်မှာ (၃.၅) မဂ္ဂနီကျု အဆင့်နဲ့ မုတ္တမကွေ့အတွင်း နောက်ဆက်တွဲ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဂန့်ဂေါမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် (၁၀) မိုင်ခန့်အကွာမှာ အနက် (၃၀) ကီလိုမီတာကို ဗဟိုပြုပြီး အင်အား (၃.၅) မဂ္ဂနီကျုရှိတဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုလည်း လှုပ်ခတ်သွားခဲ့ပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #Earthquake #ရန်ကုန်ငလျင် #Monsoon #မုတ်သုံလေ #AudienceQandA
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/cfqNIrWxGt4