ဒိုက်ဦးက အမျိုးသား ၃ ဦး သံဖြူဇရပ်က လမ်းဘေးတစ်နေရာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေ
CJ Platform
မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်း စမ်းကြီးကျေးရွာအပိုင် ရော်ဘာခြံတစ်ခြံရှေ့မှာ ဒီကနေ့ မေ ၁၄ရက် မနက် ၈ နာရီခွဲက သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၃ ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စမ်းကြီးကျေးရွာနေသူများက မရှိခဏဘုရားအနီးမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၃ ဦးအလောင်းကို တွေ့ရှိခဲ့ပြီးနောက် ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"ရွာသားတွေက မရှိခဏဘုရားနားမှာ အသတ်ခံထားရတဲ့ လူသေအလောင်းတွေတွေ့လို့ ရဲစခန်းကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်တာ။ သေတဲ့သူတွေက ဒီမြို့နယ်ထဲကတော့ မဟုတ်ဘူး၊ ဘယ်ကလူတွေလဲတော့ မသိဘူး။ ရဲနဲ့စစ်တပ်က စစ်ဆေးနေတယ်" လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသား ၃ ဦးမှာ လက်နောက်ပြန် ကြိုးတုပ်လျက် ဦးခေါင်းတွေ ကျည်ထိမှန်ဒဏ်ရာများနဲ့ သေဆုံးနေပြီး အခင်းဖြစ်ရာနေရာတွင် ရေနံချေးပုံးများ တွေ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
"သေတဲ့သူတွေက ဒီမြို့ကမဟုတ်ဘူး၊ ပဲခူးတိုင်းက အောင်ချမ်းသာရပ်ကွက်က မွန်အေးရိပ်တည်းခိုခန်းမှာ တည်းခိုတဲ့သူတွေလို့ ဒေသခံတွေက ပြောလို့ တည်းခိုခန်းမန်နေဂျာကို ခေါ်ပြတာ ဟုတ်တယ်လို့ ပြောတယ်။ ရေနံချေးသုတ်တဲ့သူတွေလို့ ပြောတယ်။ ဘာကြောင့် သေနတ်နဲ့ ပစ်သတ်ခံရလဲတော့ မသိဘူး" လို့ ရှင်းပြပါတယ်။
မွန်အေးရိပ်တည်းခိုခန်းက ရရှိတဲ့ နာမည်စာရင်းအရ သေဆုံးသူ ၃ ဦးမှာ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံကျေးရွာနေ ကိုဌေးအောင်၊ ပြွန်တန်ဆာမြို့နယ်၊ မြို့မ ၂ ရပ်ကွက်၊ ကျောင်းစုရပ်နေ အောင်ပြည်စုံနဲ့ ရဲထက်အောင်တို့ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
သေဆုံးသူ ၃ ဦးရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းတွေက လူနာတင်ယာဉ်နဲ့ သံဖြူဇရပ်မြို့နယ်ဆေးရုံကို ပို့ဆောင်ထားပြီး အုပ်ချုပ်ရေးအဖွဲ့က မိသားစုဝင်များနဲ့ ဆက်သွယ်နိုင်ရေးအတွက် စီစဉ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လက်ရှိအချိန်ထိ အခင်းဖြစ်ရာ သံဖြူဇရပ်မြို့နယ် ရေး-သံဖြူဇရပ် ကားလမ်းတစ်လျှောက်ကို စစ်အုပ်စုတပ်နဲ့ ရဲတွေက စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ - Pro-SAC
#CJPlatform #မွန်ပြည် #သံဖြူဇရပ်မြို့နယ် #အလောင်းတွေ့ရှိ #လူသတ်မှု

🤬3😢3❤1
ခိုင်နှင်းဝေ ဖမ်းဆီးခံရသည့်သတင်းမှာ စစ်အုပ်စုလော်ဘီတွေက သတင်းအမှား ဖြန့်ခြင်းသာဖြစ်
CJ Platform
ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းမှာ မေလ ၁၃ ရက် မနက်က ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ ဖမ်းဆီးခံရသည့်သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မေလ ၁၃ ရက် မနက်က ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းမှာ ပုပ္ပားဘက်ကလာတဲ့ ခိုင်နှင်းဝေပရဟိတအဖွဲ့ဝင်တွေပါတဲ့ကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
"မနေ့က ဗျတ္တပန်းဆက်လမ်းမှာ PDF တွေ ခိုင်နှင်းဝေကားကို စစ်ဆေးတဲ့သတင်းက မှန်တယ်။ ဒါပေမယ့် ဖမ်းဆီးတာမရှိဘူး၊ ပြန်လွှတ်ပေးလိုက်တယ်။ စစ်တပ်လော်ဘီတွေက သူများတင်တဲ့ Post တွေကို ပြန် Share ပြီး ဝါဒဖြန့်နေတာ" လို့ ရှင်းပြပါတယ်။
ခိုင်နှင်းဝေရင်သွေးလေးများဂေဟာနဲ့ နီးစပ်သူတစ်ဦးကလည်း "လိုင်းပေါ်မှာ ပျံ့နေတဲ့ ဗျတ္တပန်းဆက်လမ်းမှာ အစ်မခိုင်နှင်းဝေတို့ အဖမ်းခံရတယ်ဆိုတဲ့သတင်းက သတင်းအမှားပါ" လို့ CJ Platform ကို အတည်ပြုပြောဆိုပါတယ်။
ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ တည်ထောင်ထားသူ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေကို PDF တွေ ဖမ်းသွားတယ်ဆိုတဲ့သတင်းကို ဒီကနေ့ မနက်မှာ စစ်တပ်လော်ဘီချန်နယ်များဖြစ်တဲ့ သဇင်ဦး၊ ဘညွန့်၊ Shwe Po Po အပါအဝင် Account ဆယ်ခုက တစ်ပြိုင်တည်း သူတို့ရဲ့ တယ်လီဂရမ်မှာ တင်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ခိုင်နှင်းဝေ #ညောင်ဦးမြို့နယ် #သတင်းအမှား #စစ်တပ်လော်ဘီ

👍4
အလုပ်သမားထောင်ချီ လုပ်ကိုင်နေတဲ့ Kings Rich Fashion စက်ရုံ ရပ်နားမယ်
CJ Platform
အလုပ်သမားထောင်ချီနဲ့ ဖွင့်လှစ်လည်ပတ်နေတဲ့ Kings Rich Fashion အထည်ချုပ်စက်ရုံကို ဇွန်လကုန်မှာ ရပ်နားမယ်ဆိုပြီး အလုပ်သမားတွေကို နို့တစ်စာထုတ်ကာ အသိပေးထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1452026-5/

👍3🔥3
မနက်ဖြန် မေ (၁၅) ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
သတိပြုရမယ့် ရေကြီးရေလျှံနဲ့ မိုးသက်လေပြင်း
CJ Platform
မနက်ဖြန် မေလ ၁၅ ရက်၊ သောကြာနေ့အတွက် မိုးလေဝသ၊ မေလကုန် မုန်တိုင်း စောင့်ကြည့်ခန့်မှန်းချက်၊ မိုးကြီးရေလျှံ သတိပေးချက်၊ မြစ်ရေ အတက်အကျနဲ့ ပရိသတ်တွေ မေးမြန်းထားတဲ့ မြို့နယ်အလိုက် ခန့်မှန်းချက်တွေကို တင်ဆက်ပေးသွားပါမယ်။အရင်ဦးဆုံး လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်း စောင့်ကြည့်ခန့်မှန်းချက် ကို ပြောပြသွားပါမယ်။ ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် အားကောင်းနေပြီး၊ လာမယ့် မေလ ၁၆ ရက်နေ့အထိ တည်ရှိနေနိုင်တာကို မိုးလေဝသ ခန့်မှန်းမော်ဒယ်တွေမှာ တွေ့ရပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #StormWatch #မုန်တိုင်းစောင့်ကြည့် #ရေကြီးရေလျှံ #မိုးသက်လေပြင်း #ပင်လယ်ပြင်သတိပေးချက်
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/kVj7Jgtzq8c

👍5
အယ်နီညိုကို ကူးပြောင်းလာမှုနဲ့အတူ စောင့်ကြည့်နေရတဲ့ မုန်တိုင်း
CJ Platform
ဒီကနေ့ မေလ ၁၅ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ အရေးကြီးလှတဲ့ ရာသီဥတုဖြစ်စဉ် အပြောင်းအလဲတွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး ကမ္ဘာ့လေထု ပြောင်းလဲမှုနဲ့ အကြီးစား မိုးလေဝသ ဖြစ်စဉ်တွေကို ပြောပြပေးချင်ပါတယ်။ လက်ရှိ အခြေအနေကတော့ အစွန်းရောက် ရာသီဥတုတွေဖြစ်တဲ့ လာနီညာမဟုတ်၊ အယ်နီညိုမဟုတ်တဲ့ ကြားနေ ရာသီဥတု (ENSO-neutral) အတွင်းမှာ ရှိနေတာဖြစ်ပြီး... "အယ်နီညို (El Niño) ဖြစ်စဉ်ကို စတင် ကူးပြောင်းနေပြီ" ဖြစ်ပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #ElNino #အယ်နီညို #StormWatch #ရေကြီးရေလျှံ #မိုးသက်လေပြင်း #ပင်လယ်ပြင်သတိပေးချက်
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/PqF9Gwn0dUo

YouTube
ဒီကနေ့ မေ (၁၅) ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ဒီကနေ့ မေ (၁၅) ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
အယ်နီညိုကို ကူးပြောင်းလာမှုနဲ့အတူ စောင့်ကြည့်နေရတဲ့ မုန်တိုင်း
CJ Platform
ဒီကနေ့ မေလ ၁၅ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ အရေးကြီးလှတဲ့ ရာသီဥတုဖြစ်စဉ် အပြောင်းအလဲတွေကို ပြောပြသွ…

မီးရထားစနစ်ဟာ အကောင်းဆုံးလို့ မင်းအောင်လှိုင်ပြော
CJ Platform
ရထားပို့ဆောင်ရေးဟာ နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိပြီး လောင်စာဆီသုံးစွဲမှုကို ထိရောက်စွာ လျှော့ချပေးနိုင်တာကြောင့် ပြည်သူတွေ ပိုမိုအားကိုးအသုံးပြုလာစေဖို့ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်ရမယ်လို့ မနေ့ မေလ ၁၄ ရက်မှာ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က ပြောပါတယ်။
မနေ့ မေလ ၁၄ ရက်က နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ စက်ခေါင်းသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံကို သွားရောက်စစ်ဆေးစဉ် အဲဒီလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး ရထားပို့ဆောင်ရေးဟာ ခရီးသည်နဲ့ ကုန်ပစ္စည်းတွေကို ကုန်ကျစရိတ်သက်သာစွာနဲ့ အမြောက်အမြား ပို့ဆောင်ပေးနိုင်တဲ့ အကောင်းမွန်ဆုံး ပို့ဆောင်ရေးစနစ်ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ရထားပို့ဆောင်ရေးကို ပြည်သူတွေ ယုံကြည်စိတ်ချစွာနဲ့ အပြည့်အဝ အားကိုးအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်သွားကြရမှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေအရ လောင်စာဆီအခက်အခဲတွေကို ကြုံတွေ့နေရတာကြောင့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး (Public Transportation) ကို ကောင်းမွန်အောင် ဆောင်ရွက်ပေးသွားကြရမယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရထားပို့ဆောင်ရေးကို ၁၈၇၇ ခုနှစ်ကပင် စတင်ခဲ့ပြီး ၂၀၂၇ ခုနှစ်မှာ သက်တမ်း ၁၅၀ ပြည့်မြောက်တော့မှာဖြစ်တာကြောင့် အခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်သင့်ကြောင်း၊ ရထားလမ်းတွေရဲ့ အရည်အသွေးနဲ့ အဆင့်မီမှုရှိမှသာ မြန်နှုန်းမြင့်မောင်းနှင်နိုင်မှာဖြစ်တာကြောင့် သံလမ်းတွေ၊ ဇလီဖားတုံးတွေနဲ့ အောက်ခံကျောက်တွေကို သတ်မှတ်စံချိန်စံညွှန်းမီအောင် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိမှာ မြန်မာ့မီရထားလက်မှတ်တွေကို အွန်လိုင်းကနေတဆင့် ရောင်းချပေးနေမှုမှာ နည်းပညာလိုအပ်ချက်တွေကြောင့် ထိုင်ခုံလက်မှတ်ထပ်နေတာ၊ ငွေဖြတ်သွားပြီးနောက် လက်မှတ်မရတာတွေ ဖြစ်ပေါ်နေတယ်လို့ မြန်မာ့မီးရထား အသုံးပြုသူတွေဆီက သိရပါတယ်။
ဒါ့အပြင် ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်နဲ့ ရန်ကုန်-ပြည် လမ်းပိုင်းတွေကို ဦးစားပေး အဆင့်မြှင့်တင်ဖို့နဲ့ လက်ရှိတည်ဆောက်နေတဲ့ ဘက်ထရီလျှပ်စစ်စက်ခေါင်း (BEL)၊ ဘက်ထရီလျှပ်စစ်ရထားတွဲ (BEMU) တွေကိုလည်း မြို့ပတ်ရထားသာမက ခရီးရှည်လမ်းပိုင်းတွေကိုပါ အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်ဖို့ ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Pro-SAC
#CJPlatform #မင်းအောင်လှိုင် #ရထားပို့ဆောင်ရေး #လောင်စာဆီ #အများပြည်သူသယ်ယူပို့ဆောင်ရေး

🤣5💩2
တောင်ကြီးမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မိထွေးဖြစ်သူက အငိုမတိတ်လို့ ရိုက်ရမှာ သေဆုံးသွားလို့ အလောင်းဖျောက်မှုဖြစ်ပွား
CJ Platform
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁) ဦးရွှေအိုးလမ်းမှာ မေလ ၁၂ ရက်က အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို မိထွေးဖြစ်သူက သတ်ဖြတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1552026-2/

🤬9😱1
ပုံစံ ၇ အခက်အခဲကြောင့် တောင်သူအများစု စိုက်ပျိုးစရိတ်ချေးငွေမရဘဲ ဒုက္ခရောက်နေ
CJ Platform
၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးရေးချေးငွေကို တောင်သူတွေ ထုတ်ချေးရာမှာ စစ်အုပ်စုက သတ်မှတ်ထားတဲ့ ပုံစံ ၇ အခက်အခဲကြောင့် ချေးငွေမရတဲ့ တောင်သူတွေ များတယ်လို့ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1552026-3/

🤬6❤1
သန်လျင်တပ်နယ်က မူးယစ်ဆေးသုံးနေတဲ့ အရာရှိတွေ ဆေးဖိုးမပေးလို့ ရောင်းချသူတွေနဲ့ ရန်ဖြစ်
CJ Platform
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် ရေတပ်လေ့ကျင့်ရေးဌာနချုပ်အနီးမှာ မေလ ၁၄ ရက် ည ၉ နာရီက မူးယစ်ဆေးဝါးသုံးစွဲတဲ့ အရာရှိတွေနဲ့ ရောင်းချသူတွေအကြား ပြဿနာဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1552026-4/

👍3🔥2👏2
မနက်ဖြန် မေ (၁၆) ရက် စနေနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မြင့်တက်လာမယ့် မိုးရေချိန်
CJ Platform
မနက်ဖြန် မေလ ၁၆ ရက်၊ စနေနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ လေဖိအားနည်းရပ်ဝန်း အခြေအနေ၊ မုတ်သုံလေ ဝင်ရောက်မယ့် ခန့်မှန်းချက်၊ မြစ်ရေ အတက်အကျနဲ့ ပရိသတ်တွေ မေးမြန်းထားတဲ့ မြို့နယ်အလိုက် အခြေအနေတွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး လေဖိအားနည်းရပ်ဝန်းနဲ့ မုတ်သုံလေ စတင်ဝင်ရောက်မည့် အခြေအနေ ကို ပြောပြချင်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားနေပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်းဟာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ အားကောင်းလာဖို့ မရှိဘဲ၊ လာမယ့် မေလ ၁၇ ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံ တောင်ဘက် ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ဝင်ရောက်သွားမှာ ဖြစ်ပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #MonsoonEntry #မုတ်သုံလေ #မိုးသက်လေပြင်း #ပင်လယ်ပြင်သတိပေးချက် #AudienceQandA
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/VaWk0x8MZt4

👍2