တပ်ကုန်းမှာ ၂၂ ဘီးကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး
CJ Platform
နေပြည်တော်၊ တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၄၉ မိုင် ၆ ဖာလုံနဲ့ ၇ ဖာလုံကြားမှာ ဒီကနေ့ မနက် ၁၁ နာရီက ၂၂ ဘီးတွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1352026-5/

👎2😱1
အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ အိမ်ထောင်မပြုသူဦးရေ များလာ
CJ Platform
ရန်ကုန်တိုင်းအတွင်း အိမ်ထောင်မပြုတဲ့ လူဦးရေများပြားကြောင်း မေလ ၁၂ ရက်က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းအရ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1352026-7/

👍9
မနက်ဖြန် မေ (၁၄) ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
အားကောင်းလာမယ့် မုတ်သုံနဲ့အတူ သတိပြုရမယ့် မိုးကြိုး
CJ Platform
မနက်ဖြန် မေလ ၁၄ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ မုတ်သုံလေ ဝင်ရောက်မယ့် အခြေအနေ၊ မေလကုန် မုန်တိုင်း စောင့်ကြည့်ခန့်မှန်းချက်၊ မြစ်ရေ အတက်အကျနဲ့ ပရိသတ်တွေ မေးမြန်းထားတဲ့ ဒေသအလိုက် အခြေအနေတွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး ဘင်္ဂလားပင်လယ်အော်အတွင်းက လေဖိအားနည်းရပ်ဝန်းနဲ့ မုတ်သုံလေ အခြေအနေ ကို ရှင်းလင်း ပြောပြပေးချင်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၊ သီရိလင်္ကာနိုင်ငံ မြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိနေပြီး အားကောင်းနေဆဲ ဖြစ်ပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #MonsoonForecast #StormWatch #မုန်တိုင်းစောင့်ကြည့် #မြစ်ရေအခြေအနေ #မိုးသက်လေပြင်း
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/Wd_JvAaJJfQ

👍6
ဒီကနေ့ မေ (၁၄) ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မုန်တိုင်းဖြစ်နိုင်ခြေကို စောင့်ကြည့်ရတော့မယ်
CJ Platform
ဒီကနေ့ မေလ ၁၄ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသ၊ လေဖိအားနည်းရပ်ဝန်း အခြေအနေ၊ မုန်တိုင်းဖြစ်နိုင်ခြေ ခန့်မှန်းချက်နဲ့ အထူးသတိပြုရမယ့် မိုးတိမ်တောင် သတိပေးချက်တွေကို တင်ဆက်ပေးသွားပါမယ်။အရင်ဦးဆုံး အစ်ကိုတို့ အစ်မတို့ အထူးစိတ်ဝင်စားနေတဲ့ မုန်တိုင်းဖြစ်နိုင်ခြေ ခန့်မှန်းချက်နဲ့ လေဖိအားနည်းရပ်ဝန်း အခြေအနေ ကို ရှင်းလင်း ပြောပြပေးချင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိနေပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #StormForecast #မုန်တိုင်းခန့်မှန်းချက် #MonsoonWarning #မိုးသက်လေပြင်း #ပင်လယ်ပြင်သတိပေးချက်
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/_pGOaaHu5RI

❤3👍2
ပုလောမှာ စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အထက်တန်းကျောင်းဆောင် နှစ်ဆောင် ပျက်စီး
CJ Platform
တနင်္သာရီတိုင်း၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေထဲက မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား (ပုလော) မြို့နယ်က ကျေးရွာတစ်ရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆောင် နှစ်ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ Karen National Union က ဒီကနေ့ မေလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1452026-2/

🤬2
တောင်ဥက္ကလာပရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ (သတင်းတို)
CJ Platform
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က ဘုန်းကြီးကျောင်းဝန်းတစ်ခုအတွင်း သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုကို ဒီကနေ့ မေလ ၁၄ ရက်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသတွင်း လူမှုရေးအဖွဲ့အစည်းတွေဆီက သိရပါတယ်။
အဲဒီရုပ်အလောင်းကို တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ နှစ်ဝိုင်းဘုန်းကြီးကျောင်းဝန်းအတွင်း သေဆုံးနေကြောင်း သတင်းရရှိတာကြောင့် မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းက သွားရောက်ကူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပိုင်ရှင်မဲ့ရုပ်အလောင်းကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ရန်အတွက် စံပြဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
သေဆုံးရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဓာတ်ပုံ - မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်း
#CJPlatform #ရန်ကုန်တိုင်း #တောင်ဥက္ကလာပ #ရုပ်အလောင်းတွေ့ရှိ #မေတ္တာသီတာရေစင်

😱3
မြို့နယ် ၃ ခုက စတားလင့်ခ်အင်တာနက်တွေကို ယာယီပိတ်သိမ်းဖို့ ရွှေဘိုခရိုင်စစ်ဌာန ညွှန်ကြား
CJ Platform
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေတာကြောင့် ခရိုင်အတွင်းရှိ ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်အတွင်းက အများပြည်သူသုံး စတားလင့်ခ် (Starlink) အင်တာနက်တွေကို ယာယီပိတ်သိမ်းထားဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ဒီကနေ့ မေလ ၁၄ ရက်မှာ ညွှန်ကြားထားပါတယ်။
စစ်ဆင်ရေးကာလအတွင်း စစ်သတင်းလုံခြုံရေးအတွက် အရပ်ဘက်-စစ်ဘက် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုအားလုံး လိုက်နာရန် စည်းကမ်းချက်တွေကိုလည်း ထုတ်ပြန်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း အင်တာနက်ကို လိုအပ်ချက်အရ အသုံးပြုပါက လုံခြုံရေးအကန့်အသတ်နဲ့သာ အသုံးပြုဖို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ရေးသတင်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူဆိုင်ရာ အချက်အလက်တွေကို ခရိုင်ကွပ်ကဲရေးမှူးရဲ့ ခွင့်ပြုချက်မရှိဘဲ လူမှုကွန်ရက်တွေပေါ် တင်တာ၊ သတင်းမီဒီယာတွေကို ဖြေဆိုတာတွေ လုံးဝမပြုလုပ်ရန် တားမြစ်ထားပါတယ်။ သတင်းမီဒီယာတွေအနေနဲ့လည်း ရွှေဘိုခရိုင်စစ်ဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကိုသာ စောင့်ဆိုင်းကိုးကားရန် အသိပေးထားပါတယ်။
လက်ရှိမှာ အဲဒီဒေသတွေအတွင်းက ဒေသခံတွေဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ရေးအခြေအနေတွေကြောင့် စိုးရိမ်ကြီးစွာ နေထိုင်နေကြရတယ်လို့လည်း သိရပါတယ်။
“ဒီဘက်ကတော့ အတော်ဆိုးနေပြီ၊ နေထိုင်ရအဆင်မပြေဘူး။ ဒီနေ့ ဂျက်ဖိုက်တာတွေရော၊ Y-12 တွေရော၊ လက်နက်ကြီးတွေရော၊ ဆူဆိုဒ်ဒုံး (Suicide Drone) တွေရော စုံနေတာပဲ၊ ပစ်နေတာ” လို့ ရွှေဘိုမြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ထုတ်ပြန်တဲ့ စစ်သတင်းလုံခြုံရေးစည်းကမ်းချက်တွေကို လိုက်နာခြင်းမရှိပါက မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ခြွင်းချက်မရှိ ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ရွှေဘိုခရိုင်စစ်ဌာနက ဆိုထားပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #စစ်ကိုင်းတိုင်း #ရွှေဘိုခရိုင် #ဒီပဲယင်း #ရေဦး #တန့်ဆည် #စတားလင့်ခ် #Starlink #စစ်ရေးသတင်း

👍3
ကျောက်တံတားမြို့နယ် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးက လမ်းဘေးနေရာတွေကို အငှားချပြီး ဆိုင်ဖွင့်ခိုင်းလို့ လမ်းပိတ်
CJ Platform
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အမှတ် (၃) ရပ်ကွက်က စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်ဌေးဟာ ၃၅ လမ်းတစ်လျှောက် လမ်းဘေးဝဲယာနေရာတွေကို လစဉ်ကြေးနဲ့ အငှားချပြီး ဈေးဆိုင်တွေကို ဖွင့်လှစ်ခိုင်းထားတာကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတယ်လို့ လမ်းတွင်းနေထိုင်သူတွေက သတင်းပေးပို့ပါတယ်။
၃၅ လမ်း (အလယ်) တစ်လျှောက် လမ်းဘေးဝဲယာကို အုပ်ချုပ်ရေးမှူး ဒေါ်ဌေးက ဈေးဆိုင်တွေ ဖွင့်လှစ်ဖို့ အကွက်ချငှားရမ်းပေးနေတာလို့ သိရပါတယ်။
“ကားပါကင်ပါ မရှိတော့တာ တော်တော်ဆိုးတယ်၊ စည်ပင်ကလည်း မရှင်းပေးဘူး၊ လမ်းမှာ ကားအသွားအလာတောင်မှ သတိထားရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီသတင်းဟာ CJ Platform ရဲ့ CJ Report သတင်း ဖြစ်ပါတယ်။
CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက CJ Platform Facebook Page Messenger ကနေ ပေးပို့နိုင်ပါတယ်။
#CJPlatform #CJReport #ရန်ကုန်မြို့ #ကျောက်တံတားမြို့နယ် #အုပ်ချုပ်ရေးမှူး #လမ်းပိတ်ဆို့မှု

🤬2👎1