CJ Platform
5.02K subscribers
19.5K photos
360 videos
4 files
9.02K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဗုဒ္ဓရဲ့အဆုံးအမကို ကျင့်ကြံရန်ပင် စိန်ခေါ်မှုဖြစ်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

CJ Platform

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို နာယူကျင့်ကြံအားထုတ်ရန်ပင် စိန်ခေါ်မှု အလွန်ကြီးမားလာကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ ဒီကနေ့ မေလ ၁၃ ရက်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1352026-2/
5👍3
မြောင်းမြမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းဥပဒေနဲ့ ရွာသားတွေကို ခြိမ်းခြောက်ငွေညှစ်နေ

CJ Platform

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ဘုရားငုတ္တိုရှမ်းစုကျေးရွာမှာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးဖြစ်သူက စစ်မှုထမ်းဥပဒေကို အသုံးချကာ ကျေးရွာသားတွေအပေါ် ငွေညှစ်တာနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1352026-3/
🤬8
လှိုင်သာယာမှာ အားသွင်းလျှပ်စစ်မီးလုံး အားသွင်းရာမှ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံးပျက်ဆီး

CJ Platform

ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ အနော်ရထာလမ်းနဲ့ ပုသိမ်လမ်းထောင့်မှာ မေလ ၁၂ ရက် မနက် ၁ နာရီက လူမရှိဘဲ မီးလုံးအားသွင်းထားရာကနေ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံး မီးထဲပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1352026-4/
😱5
တပ်ကုန်းမှာ ၂၂ ဘီးကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး

CJ Platform

နေပြည်တော်၊ တပ်ကုန်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၄၉ မိုင် ၆ ဖာလုံနဲ့ ၇ ဖာလုံကြားမှာ ဒီကနေ့ မနက် ၁၁ နာရီက ၂၂ ဘီးတွဲကားနဲ့ ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1352026-5/
👎2😱1
အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ အိမ်ထောင်မပြုသူဦးရေ များလာ

CJ Platform

ရန်ကုန်တိုင်းအတွင်း အိမ်ထောင်မပြုတဲ့ လူဦးရေများပြားကြောင်း မေလ ၁၂ ရက်က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းအရ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1352026-7/
👍9
မနက်ဖြန် မေ (၁၄) ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
အားကောင်းလာမယ့် မုတ်သုံနဲ့အတူ သတိပြုရမယ့် မိုးကြိုး

CJ Platform

မနက်ဖြန် မေလ ၁၄ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ မုတ်သုံလေ ဝင်ရောက်မယ့် အခြေအနေ၊ မေလကုန် မုန်တိုင်း စောင့်ကြည့်ခန့်မှန်းချက်၊ မြစ်ရေ အတက်အကျနဲ့ ပရိသတ်တွေ မေးမြန်းထားတဲ့ ဒေသအလိုက် အခြေအနေတွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး ဘင်္ဂလားပင်လယ်အော်အတွင်းက လေဖိအားနည်းရပ်ဝန်းနဲ့ မုတ်သုံလေ အခြေအနေ ကို ရှင်းလင်း ပြောပြပေးချင်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၊ သီရိလင်္ကာနိုင်ငံ မြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိနေပြီး အားကောင်းနေဆဲ ဖြစ်ပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #MonsoonForecast #StormWatch #မုန်တိုင်းစောင့်ကြည့် #မြစ်ရေအခြေအနေ #မိုးသက်လေပြင်း

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/Wd_JvAaJJfQ
👍6
ဒီကနေ့ မေ (၁၄) ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မုန်တိုင်းဖြစ်နိုင်ခြေကို စောင့်ကြည့်ရတော့မယ်

CJ Platform

ဒီကနေ့ မေလ ၁၄ ရက်၊ ကြာသပတေးနေ့အတွက် မိုးလေဝသ၊ လေဖိအားနည်းရပ်ဝန်း အခြေအနေ၊ မုန်တိုင်းဖြစ်နိုင်ခြေ ခန့်မှန်းချက်နဲ့ အထူးသတိပြုရမယ့် မိုးတိမ်တောင် သတိပေးချက်တွေကို တင်ဆက်ပေးသွားပါမယ်။အရင်ဦးဆုံး အစ်ကိုတို့ အစ်မတို့ အထူးစိတ်ဝင်စားနေတဲ့ မုန်တိုင်းဖြစ်နိုင်ခြေ ခန့်မှန်းချက်နဲ့ လေဖိအားနည်းရပ်ဝန်း အခြေအနေ ကို ရှင်းလင်း ပြောပြပေးချင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိနေပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #StormForecast #မုန်တိုင်းခန့်မှန်းချက် #MonsoonWarning #မိုးသက်လေပြင်း #ပင်လယ်ပြင်သတိပေးချက်
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/_pGOaaHu5RI
3👍2
ပုလောမှာ စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အထက်တန်းကျောင်းဆောင် နှစ်ဆောင် ပျက်စီး

CJ Platform

တနင်္သာရီတိုင်း၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေထဲက မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား (ပုလော) မြို့နယ်က ကျေးရွာတစ်ရွာကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆောင် နှစ်ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ Karen National Union က ဒီကနေ့ မေလ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1452026-2/
🤬2
တောင်ဥက္ကလာပရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ (သတင်းတို)

CJ Platform

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က ဘုန်းကြီးကျောင်းဝန်းတစ်ခုအတွင်း သေဆုံးနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုကို ဒီကနေ့ မေလ ၁၄ ရက်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသတွင်း လူမှုရေးအဖွဲ့အစည်းတွေဆီက သိရပါတယ်။

အဲဒီရုပ်အလောင်းကို တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ နှစ်ဝိုင်းဘုန်းကြီးကျောင်းဝန်းအတွင်း သေဆုံးနေကြောင်း သတင်းရရှိတာကြောင့် မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်းက သွားရောက်ကူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပိုင်ရှင်မဲ့ရုပ်အလောင်းကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ရန်အတွက် စံပြဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဓာတ်ပုံ - မေတ္တာသီတာရေစင်လူမှုကယ်ဆယ်ရေးအသင်း
#CJPlatform #ရန်ကုန်တိုင်း #တောင်ဥက္ကလာပ #ရုပ်အလောင်းတွေ့ရှိ #မေတ္တာသီတာရေစင်
😱3