CJ Platform
5.03K subscribers
19.5K photos
360 videos
4 files
9.01K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
❤9🔥1🥰1
ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်က စိုက်ချေးငွေတိုးပြီး တောင်သူတွေကို စည်းရုံး
စပါးစျေးက တက်မလာ

CJ Platform

နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်တွေကို ဝန်ခံညည်းတွားနေတဲ့ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က တစ်ဖက်မှာ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် တောင်သူလယ်သမားတွေကို စိုက်ပျိုးရေးချေးငွေတွေ တိုးမြှင့်ပေးကာ စည်းရုံးလာပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/952026-2/
😁4👎1🔥1
ရန်ကုန်မှာ အုပ်ချုပ်ရေးမှူးတွေက ဧည့်စာရင်းနဲ့ ဖမ်းပြီး စစ်မှုထမ်းထဲ ပို့ဆောင်မှုများလာ

CJ Platform

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ဧည့်စာရင်းနဲ့ နေထိုင်သူတွေကို ဖမ်းပြီး စစ်မှုထမ်းထဲကို ထည့်သွင်းပို့ဆောင်မှုတွေ များလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/952026-3/
🤬10❤1
ရန်ကုန်မှာ လူကူးမျဉ်းကြားက မကူးသူတွေ ဒဏ်ငွေ ၃ သောင်း ပေးရမယ်

CJ Platform

ရန်ကုန်တိုင်းမှာ မေလ ၁၄ ရက်ကစပြီး လူကူးမျဉ်းကြားက မကူးသူတွေ ဒဏ်ငွေ ၃ သောင်း ပေးရမယ်လို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/952026-4/
👍4❤3😁3🔥1
ခပ်စိပ်စိပ်ရွာလာတော့မယ့် မိုးနဲ့အတူ ရန်ကုန်တိုင်းအတွက် စိုက်ပျိုးမိုးလေဝသခန့်မှန်းချက်

CJ Platform

CJ Platform ကညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ ရန်ကုန်တိုင်းက တောင်သူဦးကြီးတွေအတွက် အရေးပါလှတဲ့ တစ်ပတ်တာ စိုက်ပျိုးမိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် မေလ ၁၀ ရက် တနင်္ဂနွေနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို မပြောပြခင် ပထမဆုံး ဘင်္ဂလားပင်လယ်အော်အတွင်းက လေဖိအားနည်းရပ်ဝန်း ခန့်မှန်းချက် ကို ပြောပြချင်ပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #LowPressureArea #လေဖိအားနည်းရပ်ဝန်း #စိုက်ပျိုးရေးသတင်း #ရန်ကုန်တိုင်း #မိုးသက်လေပြင်း

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/5PCcT9iDOWo
👍7🔥1
မုတ်သုံဝင်မယ့် သီတင်းပတ်


CJ Platform

CJ Platform က အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက်ပေးနေတဲ့ တစ်ပတ်တာအတွက် မိုးလေဝသခန့်မှန်းချက်တွေကို တင်ဆက်ပေးပါတော့မယ်။

ဒီကနေ့ မေလ ၁၀ ရက်နေ့ကနေ မေလ ၁၆ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသခန့်မှန်းချက်တွေကို အတူတူ ကြည့်လိုက်ကြရအောင်ပါ။

ဒီတစ်ပတ်ကတော့ "မုတ်သုံဝင်မယ့် သီတင်းပတ်" လို့ ပြောရမှာ ဖြစ်ပါတယ်။ CJ Platform Weather Team အနေနဲ့ မိုးလေဝသ ခန့်မှန်းမော်ဒယ်တွေမှာ တွေ့ရှိချက်အရ ပြောပြတာသာဖြစ်ပြီး၊ မုတ်သုံဝင်မယ့်ရက် အတိအကျကိုတော့ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (DMH) ရဲ့ ထုတ်ပြန်ချက်သာ အတည်ဖြစ်တာကြောင့်၊ DMH ရဲ့ ထုတ်ပြန်ချက် ထွက်လာရင် ရက်အတိအကျကို ထပ်မံ အသိပေး ပြောပြပေးသွားပါမယ်နော်။

#CJPlatform #မိုးလေဝသ #WeatherUpdate #MonsoonForecast #WeeklyForecast #မုတ်သုံလေဝဲ #မိုးသက်လေပြင်း #ပင်လယ်ပြင်သတိပေးချက်


Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/RdndOdCI07Q
👍4❤1😁1
လောပိတမြို့ မထောခူသဲချောင်းမှာ ရေဆင်းကူးမိတဲ့ သူငယ်ချင်း ၃ ဦး ရေနစ်သေဆုံး

CJ Platform

ကယားပြည်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ (အောက်) ကျေးရွာရှိ သဲချောင်းမှာ ဒီကနေ့ မေ ၁၀ရက် မနက်က ရေဆင်းကူးတဲ့ သူငယ်ချင်း ၃ ဦး ရေနစ်သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီက မထောခူကျေးရွာ သဲချောင်းမှာ လူငယ် ၆ ယောက် ရေဆင်းကူးရာမှ ၃ ဦး ရေနစ်နေကြောင်း ဒေသခံတွေက မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"အသက် ၂၀ ကျော်အရွယ်လေးတွေ ၆ ယောက် ရေလာကူးတာ၊ ၃ ယောက်က ရေနစ်နေလို့ ဒေသခံတွေက မီးသတ်ကို ဖုန်းဆက်အကြောင်းကြားလိုက်တာ။ မီးသတ်တွေ ရှာတာ တစ်နာရီလောက်ကြာတော့ အလောင်းကို တွေ့တယ်" လို့ ပြောပါတယ်။

သေဆုံးသူ ၃ ဦးမှာ မောင်ရဲလင်းအောင်၊ မောင်စိုးသီဟနဲ့ မသင်းသင်းစိုးတို့ဖြစ်ပြီး သူငယ်ချင်းများဖြစ်ကာ မိသားစုဝင်တွေကို အကြောင်းကြားပြီး ရုပ်အလောင်းကို လွိုင်ကော်မြို့နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

"အဲဒီချောင်းက ရေစီးငြိမ်ပြီး ခါးလယ်လောက်ပဲရှိတယ်။ ဒါပေမယ့် အချို့နေရာတွေမှာ ဂလိုင်ပေါက်တွေရှိတယ်။ အဲဒီဂလိုင်ပေါက်တွေက အတော်နက်တယ်။ အဲဒီဂလိုင်ပေါက်ထဲ ကျသွားတာဖြစ်မယ်" လို့ ရှင်းပြပါတယ်။

လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ (အောက်) ကျေးရွာရှိ သဲချောင်းမှာ လူငယ်တွေ ရေဆင်းမကူးဖို့ ဒေသခံပြည်သူတွေအနေနဲ့ တားမြစ်တာမျိုး လုပ်သင့်ကြောင်း မီးသတ်ဦးစီးဌာနက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက် မနက်ကလည်း လွိုင်ကော်မြို့ရှိ နောင်ယားကန်အတွင်းမှာ အရက်မူးပြီး ရေဆင်းကူးတဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

ဓာတ်ပုံ - MSFD
#CJPlatform #ကယားပြည် #လွိုင်ကော်မြို့နယ် #လောပိတမြို့ #ရေနစ်သေဆုံးမှု #သဲချောင်း
😱4👍1😁1
👍2😁1
အသက်မပြည့်သေးတဲ့ မိန်းမငယ်အား ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ တောင်ကြီးက ဘားပိုင်ရှင်ကို ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်

CJ Platform

အသက် ၁၅ နှစ်သာရှိသေးတဲ့ အမျိုးသမီးဝန်ထမ်းငယ်လေးကို ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ တောင်ကြီးမြို့နယ် Peter ဘားဆိုင်ပိုင်ရှင် ကိုအောင်မျိုးသူ (ခ) ပီတာကို လူသတ်မှုအပြင် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ယစ်မျိုးပုဒ်မနဲ့ ထပ်မံအမှုဖွင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1052026-2/
👍9
မိုးသက်လေပြင်း သတိပြုရမယ့် မြို့တွေများလာ

CJ Platform

ဒီကနေ့ မေလ ၁၁ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး ပရိသတ်တွေ အထူးစိတ်ဝင်စားနေတဲ့ မုန်တိုင်းဖြစ်နိုင်ခြေနှင့် လေထုပြောင်းလဲမှု အခြေအနေ ကို ရှင်းလင်း ပြောပြပေးချင်ပါတယ်။ လေထုပြောင်းလဲမှု အခြေအနေကို ဖော်ပြပေးတဲ့ Tropical Tidbits ရဲ့ အခြေအနေအရ... ဘင်္ဂလားပင်လယ်အော်အတွင်း "လာမယ့် မေလ ၁၇ ရက်နေ့အထိ မုန်တိုင်းဖြစ်လာနိုင်မယ့် အခြေအနေ မရှိသေးတာကို" တွေ့ရပြီး၊ ဩစတြေးလျ မိုးလေဝသဗျူရိုက ထုတ်ပြန်ထားတဲ့ (MJO) လှိုင်းဟာလည်း အားနည်းနေပါတယ်။ ဒါပေမဲ့ MJO လှိုင်းဟာ လာမယ့် မေလ ၂၈ ရက်မှာ အိန္ဒိယသမုဒ္ဒရာအတွင်း ပြန်လည် ရောက်ရှိလာနိုင်ပြီး၊ မိုးတိမ် ဖြစ်ထွန်းမှုတွေ အားကောင်းလာမှာ ဖြစ်ပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #NoStorm #မုန်တိုင်းမရှိပါ #MonsoonForecast #မုတ်သုံလေ #ဧရာဝတီတိုင်း #မိုးသက်လေပြင်း

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/fLBG-98fBtc
👍4
ဧပြီလအတွင်း စစ်အုပ်စုက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၅ ကြိမ် ကျူးလွန်၊ ပြည်သူ ၁၃၀ ကျော် သေဆုံးခဲ့ရ

CJ Platform

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ ရာဇဝတ်မှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့ မေ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1152026-2/
🤬5🔥1
စစ်ကိုင်းမှာ ငလျင်ထောက်ပံ့ကြေးစာရင်းပါဝင်သူတွေကို စစ်မှုထမ်းဆင့်ခေါ်နေ

CJ Platform

စစ်ကိုင်းမြို့မှာ ငလျင်ထောက်ပံ့ကြေးပေးမယ်လို့ဆိုကာ ကောက်ယူထားခဲ့တဲ့ လူဦးရေစာရင်းတွေကို အသုံးပြုပြီး လူငယ်တွေကို အိမ်တိုင်ရာရောက် လိုက်လံဖမ်းဆီးတာတွေနဲ့ စစ်မှုထမ်းဆင့်ခေါ်တာတွေကို ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1152026-3/
🤬2👎1
သတင်းလွတ်လပ်ခွင့် အဆိုးဆုံးမှာ ဆက်ရှိနေပေမယ့် မြန်မာ့မီဒီယာတွေမှာ အမျိုးသမီးပါဝင်မှုနှုန်း တိုးလာ

CJ Platform

မြန်မာ့မီဒီယာတွေမှာ အမျိုးသမီးပါဝင်မှုနှုန်းဟာ ၂၀၁၇ ကစလို့ ၂၀၂၅ ခုနှစ်အထိ ၈ နှစ်တာကာလအတွင်းမှာ ၁၂ ရာခိုင်နှုန်းအထိ တိုးတက်လာပေမယ့် မြန်မာ့စာနယ်ဇင်း သတင်းလွတ်လပ်ခွင့်ကတော့ အဆိုးရွားဆုံး အခြေအနေမှာ ဆက်ရှိနေတယ်လို့ သုတေသနအစီရင်ခံစာတွေအရ သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1152026-3/
👍3
အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းက လူခေါ်ပွဲစား လူမိုက်တွေ အဖမ်းခံရ

CJ Platform

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း အငှားယာဉ်တွေနဲ့ ခရီးသည်တွေဆီက ခြိမ်းခြောက်ငွေတောင်းနေတဲ့ လူခေါ်ပွဲစားတွေကို မေလ ၉ ရက်မှာ စစ်အုပ်စုလက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1152026-5/
😁5👍3❤1
နေရွှေဝင်းစက်ရုံမှာ သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်လို့ အလုပ်သမားတွေ ဆန္ဒပြ

CJ Platform

ရွှေပြည်သာမြို့နယ်က နေရွှေဝင်းအထည်ချုပ်စက်ရုံမှ သမဂ္ဂအဖွဲ့ဝင်တွေ အလုပ်ထုတ်ခံရတာကို မကျေနပ်လို့ စက်ရုံအလုပ်သမားတွေက မေလ ၁၁ ရက်မှာ ကန့်ကွက်ဆန္ဒပြနေတယ်လို့ အဲဒီမြို့နယ်အထည်ချုပ်သမဂ္ဂက အသိပေးထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/1152026-4/
👍7
ဒီကနေ့ မေ (၁၂) ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မုန်တိုင်းကြီး ဝေးနေဦးမယ်

CJ Platform

ဒီကနေ့ မေလ ၁၂ ရက်၊ အင်္ဂါနေ့အတွက် လေထုပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတု ဖြစ်စဉ်တွေ၊ လေဖိအားနည်းရပ်ဝန်း အခြေအနေနဲ့ အထူးသတိပြုရမယ့် မိုးသက်လေပြင်း သတိပေးချက်တွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး ရာသီဥတုဆိုင်ရာ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောပြပေးချင်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၊ သီရိလင်္ကာမြောက်ပိုင်း ကမ်းလွန်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဆက်လက် တည်ရှိနေပြီး လာမယ့် (၄၈) နာရီအတွင်း ပိုမို အားကောင်းလာနိုင်ခြေ ရှိတယ်လို့ အိန္ဒိယမိုးလေဝသဌာန (IMD) က မနေ့က ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံ မိုး/ဇလဌာန (DMH) ကလည်း အိန္ဒိယမိုးလေဝသဌာနနဲ့အတူ ထုတ်ပြန်ထားပြီး၊ ထိုင်းမိုးလေဝသဌာန (TMD) ရဲ့ Synoptic Weather Chart အရလည်း... သီရိလင်္ကာနိုင်ငံ အရှေ့ဘက် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #NoStorm #မုန်တိုင်းမရှိပါ #MonsoonForecast #မုတ်သုံလေ #မိုးသက်လေပြင်း #ပင်လယ်ပြင်သတိပေးချက်

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/rNrkpafvsQo
❤4👍2