စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သဘောတူ
CJ Platform
ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုတွေကို မကြာခင်မှာ လုပ်ဆောင်ဖို့ သဘောတူညီလိုက်ကြပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/752026-5/

😁5🤬4👎2
မနက်ဖြန် မေလ (၈)ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ဒေသ (၃) ခုမှာ မိုးများလာနိုင်မှုနဲ့အတူ ပဲခူးတိုင်းအတွက် စိုက်ပျိုး မိုးလေဝသ
CJ Platform
CJ Platform က ညစဉ်တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ ရခိုင်ပြည်က တောင်သူဦးကြီးတွေအတွက် အရေးပါလှတဲ့ တစ်ပတ်တာ စိုက်ပျိုးမိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် မေလ ၈ရက် သောကြာနေ့အတွက် မိုးလေဝခသန့်မှန်းချက်တွေကို မပြောပြခင် ပထမဆုံး လေစီးကြောင်း အပြောင်းအလဲနဲ့ မုတ်သုံလေ အားကောင်းလာမယ့် အခြေအနေကို ပြောပြလိုပါတယ်။ လက်ရှိ မေလ ဒုတိယအပတ်အတွင်း အိန္ဒိယသမုဒ္ဒရာနဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ လေထုစိုထိုင်းဆနဲ့ လေစီးကြောင်းတွေ ပြောင်းလဲလာမှုကြောင့်... မြန်မာနိုင်ငံ တစ်ဝန်းမှာ မိုးရွာသွန်းမှုတွေ ပိုမို ကျယ်ပြန့်လာနိုင်ပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #MonsoonForecast #StormForecast #စိုက်ပျိုးရေးသတင်း #ပဲခူးတိုင်း #မိုးသက်လေပြင်း
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/FxmCuQp2WIE

👍6
မုန်တိုင်းတွေဝေးနေပေမယ့် သတိပြုရမယ် မိုးတိမ်တောင်
CJ Platform
ဒီကနေ့ မေလ ၈ ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး အစ်ကိုတို့ အစ်မတို့တွေ စိတ်ပူနေကြတဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းက မုန်တိုင်း အခြေအနေ ကို ရှင်းလင်း ပြောပြပေးချင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်း လေထု မတည်ငြိမ်မှုတွေကြောင့် မေလ ဒုတိယအပတ်အတွင်း မိုးရာသီ အစပျိုးခြင်းနဲ့အတူ မုန်တိုင်းဖြစ်ပေါ်လာနိုင်ခြေတွေကလည်း အမျိုးမျိုး ပြောင်းလဲလာပါတယ်။ မိုးလေဝသ ခန့်မှန်းမော်ဒယ်တွေရဲ့ နောက်ဆုံး ရရှိထားတဲ့ Update တွေအရ... "ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံ ဝင်လာပြီးတဲ့အထိ မုန်တိုင်းဖြစ်လာဖို့ မရှိတော့တာကို" တွေ့ရပြီး၊ အထက်လေပွေလှိုင်း (Upper Air Cyclonic Circulation) အဖြစ်သာ ဖြစ်လာနိုင်တာကို တွေ့ရပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #NoStorm #မုန်တိုင်းမရှိပါ #MonsoonForecast #မုတ်သုံမိုး #ရန်ကုန်တိုင်း #မိုးသက်လေပြင်း
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/3DGOkNwKaCU

👏3❤1👍1😁1
ဖားကန့်မှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်
CJ Platform
ကချင်ပြည်၊ ဖားကန့်မြို့နယ်မှာ စစ်အုပ်စုက ဒီကနေ့ မေလ ၈ ရက်မှာ လေကြောင်းကနေ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့နဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်မှာ စစ်အုပ်စုက ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာမှ ကုဋေရွာသို့အသွား လမ်းခွဲနေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လမ်းခွဲရှိ ကုန်စုံဆိုင်တစ်ခု မီးလောင်ကျွမ်းခဲ့သလို အနီးနားရှိ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့ လေယာဉ်ချတာ နှစ်ခါရှိပြီ။ ဒေသခံတွေကတော့ ပြေးစရာ၊ နေစရာ မရှိသလို ဖြစ်နေရတယ်။ လူတွေလည်း ဘယ်မှမထွက်ရဲကြတော့ဘူး။ လူအသေအပျောက်လည်း ရှိနိုင်ပါတယ်” လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ စစ်အုပ်စုဟာ ဂျက်ဖိုက်တာတစ်စီးနဲ့ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်မှော်အတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လုပ်ကွက်အတွင်းက ဘက်ဟိုးတစ်စီးနဲ့ ဝန်ထမ်းတစ်ဦး ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၄ ရက်ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ဆေးရုံဟောင်းနဲ့ ဂေါက်ကွင်းတစ်ကြောမှာ စစ်အုပ်စုနဲ့ KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး တိုက်ပွဲအတွင်း ကုဋေကျေးရွာနဲ့ လယ်ပြင်ရပ်ကွက်ရှိ နေအိမ်တွေအပေါ်ကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
#CJPlatform #ကချင်ပြည် #ဖားကန့် #လေကြောင်းတိုက်ခိုက်မှု
#KIA

😡5❤2🔥1
စုံ/မ စနစ်သတ်မှတ်ချက် ကောင်းမွန်တယ်လို့ စစ်အုပ်စုဝန်ကြီး မောင်မြင့်ပြော
လူထုက ဝေဖန်
CJ Platform
စုံ/မ စနစ် ကန့်သတ်လိုက်ခြင်းမှာ နိုင်ငံတော်အတွက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီက စစ်အုပ်စုရဲ့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးမောင်မြင့်ရဲ့ ပြောဆိုမှုကို အခက်အခဲဖြစ်နေတဲ့ လူထုနဲ့ ယာဉ်မောင်းတွေက ဝေဖန်ပြောဆိုကြပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/852026-2/

😁5🔥2🤬2💩1
Sunrise စက်ရုံမှ ညှိနှိုင်းသဘောတူညီချက် လက်မခံတဲ့ အလုပ်သမား ၂၀၀ နီးပါးကို မောင်းထုတ်
CJ Platform
Sunrise စက်ရုံမှာ လုပ်ငန်းခွင်အတွင်း ဆန္ဒပြတောင်းဆိုတာနဲ့ပတ်သက်လို့ အပြီးသတ်ညှိနှိုင်းကာ သဘောတူညီခဲ့တဲ့အချက်တွေ လက်မခံတဲ့ အလုပ်သမား ၂၀၀ ကျော်ကို ထွက်သွားဖို့ မောင်းထုတ်ခံရတယ်လို့ လုပ်သားတွေနဲ့ ကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/8520261-2/

🤬5❤2
ပြည်ကြီးတံခွန်မှာ လက်လုပ်သေနတ်တွေနဲ့ မူးယစ်ရမ်းကားနေသူ နှစ်ဦးကို ဖမ်းမိ
CJ Platform
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ မေ ၇ ရက် ညနေ ၅ နာရီက လက်လုပ်သေနတ်တွေနဲ့ မူးယစ်ရမ်းကားနေတဲ့ အမျိုးသားနှစ်ဦးကို စစ်အုပ်စု လက်အောက်ခံရဲတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ ညနေ ၅ နာရီက ပြည်ကြီးတံခွန်မြို့နယ် ၁၃၄ လမ်းနှင့် ၆၅ (ဘီ) လမ်းဆုံမှာ အမျိုးသားနှစ်ဦးက ဓားရှည်တွေကိုင်ဆောင်ကာ မူးပြီးရမ်းနေတာကြောင့် ဒေသခံတွေက ရဲကိုတိုင်လိုက်တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"လမ်းသွားလမ်းလာတွေကို မူးပြီးရမ်းနေတာ။ တစ်ယောက်က ဓားရှည်နဲ့။ ရဲတွေမိတော့ နောက်တစ်ယောက်ဆီမှာ လက်လုပ်သေနတ်ပါ မိတယ်" လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ နှစ်ဦးမှာ ရန်မင်းအောင်နဲ့ ညီညီဇော်ဖြစ်ပြီး သူတို့နှစ်ဦးဆီက ဓားရှည်တစ်ချောင်း၊ လက်လုပ်သေနတ် ၁ လက်နဲ့ ကျည် ၅ တောင့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
"ပြည်ကြီးတံခွန် 'စ' ရပ်ကွက်မှာ နေတဲ့သူတွေ။ တစ်ယောက်က ဝပ်ရှော့မှာလုပ်တာ၊ နောက်တစ်ယောက်က မုန့်ဆရာ။ သေနတ်က ဘယ်ကရလဲတော့ မသိဘူး။ ပြည်ကြီးတံခွန်ရဲစခန်းက စစ်ဆေးနေတယ်" လို့ ပြောပါတယ်။
လက်တလောမှာ ပြစ်မှုကျူးလွန်သူ ရန်မင်းအောင်နဲ့ ညီညီဇော်တို့ကို ပြည်ကြီးတံခွန်မြို့မရဲစခန်းက သေနတ်လက်ဝယ်တွေ့ရှိမှုနဲ့ စစ်ဆေးနေတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်မှာ မူးယစ်ရမ်းကားမှုကြောင့် အမျိုးသား ၃၇ ဦးကို စစ်ကောင်စီလက်အောက်ခံရဲတွေ ဖမ်းဆီးခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
ဓာတ်ပုံ - Pro SAC
#CJPlatform #မန္တလေးတိုင်း #ပြည်ကြီးတံခွန် #မူးယစ်ရမ်းကား #လက်လုပ်သေနတ်

🔥2😁1
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အာဆီယံက မြန်မာစစ်အုပ်စုနဲ့ အဓိကထားညှိနှိုင်း
CJ Platform
ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးဟာ ဒီကနေ့မှာတော့ အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီအစည်းအဝေးရဲ့ အဓိက အာရုံစိုက်စရာ အချက်ကတော့ မြန်မာ့အရေးပဲ ဖြစ်ပါတယ်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတ မားကို့စ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေဟာ မြန်မာ့အရေး ဖြေရှင်းဖို့အတွက် အဓိက အချက်ဖြစ်ကြောင်းနဲ့၊ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ရှေ့ဆက်နိုင်ဖို့ "နည်းလမ်းသစ်" တွေ ရှာဖွေနေတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ရပ်တည်ချက်ကို အခုလိုပြောကြားခဲ့တာပါ။ သူက ဒေါ်အောင်ဆန်းစုကြည်ကို "The Lady" လို့ ရည်ညွှန်းပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွတ်မြောက်စေဖို့၊ အခွင့်အရေးတွေကို ကျင့်သုံးခွင့်ပေးဖို့နဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုရင် ခေါင်းဆောင်ပီသစွာ လုပ်ဆောင်ခွင့် ပေးရမယ်ဆိုတဲ့ အချက်တွေဟာ အာဆီယံရဲ့ အဓိက ဆွေးနွေးချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ အာဆီယံ သတင်းစာရှင်းလင်းပွဲ ထဲက မြန်မာ့အရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ အပြည့်အစုံကိုတင်ဆက်ပေးထားပါတယ်။
#CJPlatform #ဖိလစ်ပိုင်နိုင်ငံ #စီဘူးမြို့ #အာဆီယံထိပ်သီးအစည်းအဝေး #မြန်မာစစ်အုပ်စု #ဒေါ်အောင်ဆန်းစုကြည် #ဖာဒီနန်မားကို့စ်ဂျူနီယာ
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/N6zoNu7e7tM

YouTube
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အာဆီယံက မြန်မာစစ်အုပ်စုနဲ့ အဓိကထားညှိနှိုင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အာဆီယံက မြန်မာစစ်အုပ်စုနဲ့ အဓိကထားညှိနှိုင်း
CJ Platform
ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးဟာ ဒီကနေ့မှာတော့ အောင်မြင်စွာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဒီအစည်းအဝေးရဲ့ အဓိက…

❤3🔥2👍1🤮1
နေပြည်တော် ဇေယျာသီရိမှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အများအပြား ပျက်စီး
CJ Platform
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်မှာ ဒီကနေ့ မေ ၈ရက် ညနေ ၅ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုပျက်ကုန်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့ ညနေ ၅ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်မှုကြောင့် ဇေယျာသီရိမြို့နယ်အတွင်းမှာရှိတဲ့ ကျည်တောင်ကန်၊ စည်ပင်သာယာ၊ ကံဦး၊ ငွေစုကျေးရွာတွေမှာ လူနေအိမ်များ အမိုးလန်တာ၊ ပြိုကျပျက်စီးတာတွေ ရှိတယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"မိုးမရွာဘဲ လေတိုက်တာ၊ လေကကြမ်းတော့ နေအိမ်တွေ အမိုးလန်တာ၊ သွပ်မိုးလွင့်ကုန်တာ၊ တဲအိမ်တွေဆို ပြိုကျတာရှိတယ်။ လူသေဆုံးမှုတော့ မရှိဘူး" လို့ ပြောပါတယ်။
မနေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဒက္ခိဏသီရိ၊ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ပျဉ်းမနား၊ လယ်ဝေးမြို့နယ်က နေရာပေါင်း ၃၈ နေရာမှာ လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များ၊ သစ်ပင်များ ပြိုလဲပြီး အဆောက်အအုံများနဲ့ မော်တော်ယာဉ်များအပေါ် ပိခဲ့လို့ ပျက်စီးဆုံးရှုံးခဲ့တာလည်း ရှိပါတယ်။
အလားတူပင် ဧပြီလ ၁၈ ရက်နဲ့ ၁၇ ရက်ကလည်း ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ ပဲခူးတိုင်း ဇီးကုန်းနဲ့ ကြို့ပင်ကောက်မှာ လေပြင်းတိုက်ခတ်ခဲ့လို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးပေးခန်းနဲ့ လူနေအိမ် တစ်ထောင်ကျော် ပြိုကျပျက်စီးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #နေပြည်တော် #ဇေယျာသီရိမြို့နယ် #လေပြင်းတိုက်ခတ်မှု #သဘာဝဘေး

😁3👍2😱1
မုတ်သုံလေဝဲ အခြေအနေ ဘယ်လိုရှိနေလဲ
CJ Platform
CJ Platform ကညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် မေလ ၉ရက်နေ့ စနေနေ့မှာ မိုးလေဝသဖြစ်စဉ်တွေ ဘာတွေ ဖြစ်လာနိုင်မလဲ အတူတူ ကြည့်ကြရအောင်ပါ။အရင်ဦးဆုံး လာမယ့် မေလ ဒုတိယပတ်ကုန်ကစပြီး ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ တည်ဆောက်မှုတွေ စတင် အားကောင်းလာတော့မယ့် အခြေအနေကို ပြောပြပေးချင်ပါတယ်။ သီရိလင်္ကာနိုင်ငံ အရှေ့ဘက် ပင်လယ်ပြင်မှာ မေလ ၁၀ ရက်ကနေ ၁၃ ရက်အတွင်း လေထုလည်ပတ်မှုတွေ သိသိသာသာ အားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းကို ဦးတည်လာနေပါတယ်။ ဒီလေဝဲဟာ မေလ ၁၄ ရက်ကနေ ၁၈ ရက်အတွင်းမှာ ပိုမို စုစည်းလာဖို့ရှိပြီး၊ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထက် မုတ်သုံလေကို အားပေးမယ့် "မုတ်သုံလေဝဲ (Monsoon Vortex)" အဖြစ်သာ အဓိက ဖြစ်ပေါ်လာနိုင်ခြေ ရှိနေပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #MonsoonForecast #StormWatch #မုန်တိုင်းစောင့်ကြည့် #မုတ်သုံလေဝဲ #မိုးသက်လေပြင်း
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/Ucgde8GJfF4

👍2😁1
လေဖိအားနည်းရပ်ဝန်း ဘယ်ရောက်သွားလဲ
CJ Platform
ဒီကနေ့ မေလ ၉ ရက် စနေနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။အရင်ဦးဆုံး ဘင်္ဂလားပင်လယ်အော်အတွင်းက လေပွေလှိုင်း (Cyclonic Circulation) နဲ့ မုတ်သုံလေ အခြေအနေ ကို ရှင်းလင်း ပြောပြပေးချင်ပါတယ်။ အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်း၊ အာရေဗျပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်အတွင်း လေထု မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေပြီး၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာလည်း လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နေပါတယ်။ လက်ရှိ မိုးလေဝသ ခန့်မှန်းမော်ဒယ်တွေရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ Update တွေအရ... "ဒီလေပွေလှိုင်းဟာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း (Low-Pressure Area) ဖြစ်ပေါ်လာဖို့ မရှိတော့တာကို" တွေ့ရပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #MonsoonForecast #မုတ်သုံလေ #လေပွေလှိုင်း #မိုးသက်လေပြင်း #ပင်လယ်ပြင်သတိပေးချက်
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/vxi5q7p4X0Y

👍3❤2
နိုင်ငံတကာပါလီမန်ညီလာခံတွင် တရားမဝင် “ဝတ်စုံပြောင်း” အုပ်ချုပ်ရေးအဖွဲ့အား အသိအမှတ်မပြုရန် ဝန်ကြီး ဒေါ်ဇင်မာအောင် တိုက်တွန်း
CJ Platform
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ကျင်းပခဲ့တဲ့ ၁၅၂ ကြိမ်မြောက် နိုင်ငံတကာပါလီမန်ညီလာခံ (IPU Assembly) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ပြီး မြန်မာနိုင်ငံကိုယ်စားပြု မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဒီကနေ့ မေလ ၉ ရက်မှာ Ministry of Foreign Affairs - Myanmar - NUG က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကျင်းပခဲ့တဲ့ အဆိုပါညီလာခံရဲ့ General Debate မှာ ဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှင်းလင်းတင်ပြခဲ့ပြီး စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ တရားမဝင် "ဝတ်စုံပြောင်း" အုပ်ချုပ်ရေးအဖွဲ့ကို အသိအမှတ်မပြုရန် နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ခရီးစဉ်အတွင်းမှာလည်း ဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ပိုလန်၊ ဆွီဒင်၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ယူကေအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှုအတွင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားပြုအဖြစ် ဆက်လက်အသိအမှတ်ပြုဖို့နဲ့ NUG အပေါ် ထောက်ခံမှုတွေကို ပိုမိုခိုင်မာလာစေဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မကြာသေးမီက စုဖွဲ့လိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မိတ်ဆက်ရှင်းလင်းခဲ့သလို လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုရရှိရေးအတွက်လည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း စစ်အုပ်စုအပေါ် ဆက်လက်ဖိအားပေးရန် ဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းပြောကြားခဲ့ကြောင်း Ministry of Foreign Affairs - Myanmar - NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ - Ministry of Foreign Affairs-Myanmar-NUG
#CJPlatform #NUG #ဒေါ်ဇင်မာအောင် #IPUAssembly #CRPH

❤6😁2👍1