CJ Platform
5.03K subscribers
19.5K photos
360 videos
4 files
9.02K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
စက်သုံးဆီချွေတာရေး စက်ဘီးစီးရုံးတက်တဲ့ နယ်သာလန်သံတမန်

CJ Platform

မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနဲ့အတူ ဆီပြတ်လပ်မှု အကျပ်အတည်းတွေ ကြုံတွေ့နေရချိန်မှာ ရန်ကုန်မြို့အခြေစိုက် နယ်သာလန်သံရုံးရဲ့ ဒုတိယသံရုံးအကြီးအကဲဖြစ်သူ မစ္စတာ ဝင်းမ်ဗန်ဒွေါန် (Wim van Doorn) က စက်သုံးဆီချွေတာဖို့အတွက် စက်ဘီးစီးပြီး ရုံးတက်နေတယ်လို့ ဓာတ်ပုံနဲ့တကွ ဒီကနေ့‌ မေလ ၇ ရက်မှာ Embassy of the Netherlands in Myanmar လူမှုစာမျက်နှာမှာ မျှဝေထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/752026-2/
🍓5👍1😁1
ကရင်ပြည်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီလို့ သတင်းထွက်ပေါ်

CJ Platform

အကျဉ်းထောင်အတွင်း ကျန်းမာရေးချို့ယွင်းခဲ့ရတဲ့ ကရင်ပြည် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ ဘားအံမြို့ရှိ တပ်မတော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားပြီဖြစ်တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/752026-3/
🤬7🔥2😢21
အသက်အကြီးဆုံး ထားဝယ် BIKER "သံပုရာကန် ဦးသီးလှိုင်" ကွယ်လွန်

CJ Platform

ထားဝယ်စက်ဘီးအသင်း (Dawei Bike Association) ရဲ့ နာယကဖြစ်သူ၊ မြန်မာပြည်တစ်နံတစ်လျား ခြေလျင်ခရီးနဲ့ စက်ဘီးခရီးစဉ်များစွာနဲ့ နာမည်ကျော်ခဲ့တဲ့ အဘိုးဦးသီးလှိုင်ဟာ ဒီကနေ့ မေ ၇ ရက် နံနက် ၁ နာရီဝန်းကျင်မှာ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/752026-4/
😭3😁1
မြောက်ဥက္ကလာမှာ သေနတ်ပစ်ဖောက် ဓားပြတိုက်သူ ၃ ဦးကို ရပ်ကွက်နေသူတွေ ဖမ်းမိ

CJ Platform

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက်မှာ ဒီကနေ့ မေ ၇ရက် မွန်းလွဲ ၁ နာရီခွဲက နေအိမ်တစ်အိမ်ကို ဓားပြလာတိုက်တဲ့ အမျိုးသား ၃ ဦးကို ရပ်ကွက်နေသူများက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီခွဲက မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ သုခိတာ ၇ လမ်းက နေအိမ်တစ်အိမ်ကို အမျိုးသား ၃ ယောက်က ဓားပြတိုက်ရာ အဆိုပါနေအိမ်က အော်ဟစ်အကူအညီတောင်းတာကြောင့် ရပ်ကွက်နေသူတွေက ဝိုင်းဖမ်းခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"ဓားပြတိုက်ခံရတဲ့အိမ်က ဓားပြတွေ ထွက်ပြေးတဲ့အချိန် အော်လို့ ရပ်ကွက်ကလူတွေ လိုက်ဖမ်းတာ မိသွားတယ်။ ဓားပြတွေက သေနတ်ပစ်ဖောက်သေးတယ်၊ တစ်ယောက်မှ မထိဘူး။ လိုက်ဖမ်းတဲ့အထဲမှာ အုပ်ချုပ်ရေးပါတယ်၊ ရဲမပါဘူး။ ရဲတွေက ဓားပြတွေ ဖမ်းမိမှ ရောက်လာတာ" လို့ ပြောပါတယ်။

ဓားပြတိုက်ခံရတဲ့နေအိမ်ဟာ သုခိတာ ၇ လမ်းက ဗေဒင်ဆရာတစ်ဦးရဲ့နေအိမ်ဖြစ်ပြီး ရွှေငွေပစ္စည်းတွေ ပါမသွားဘူးလို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

ဓားပြတိုက်သူ အမျိုးသား ၃ ဦးကို ရပ်ကွက်နေသူတွေ ဖမ်းမိပြီးနောက် ရဲစခန်းက ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုတဲ့ သေနတ် ၂ လက်နဲ့ ဖုန်း ၃ လုံးကို သိမ်းဆည်းခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

လက်တလောမှာ ပြစ်မှုကျူးလွန်သူ ၃ ဦးကို မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း မြောက်ဥက္ကလာပမြို့နယ်မှာ ရွှေဆိုင်ဓားပြမှုအပါအဝင် လုယက်မှု ၄၄ ကြိမ် ဖြစ်ခဲ့တယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ရန်ကုန်တိုင်း #မြောက်ဥက္ကလာပ #ဓားပြတိုက်မှု #လုယက်မှု
👍4🔥1😁1😱1
👍4😁1😡1
ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်သွားပြီဆိုတာ စစ်အုပ်စုလော်ဘီတွေရဲ့ ဝါဒဖြန့်မှုသာဖြစ်

CJ Platform

စစ်အုပ်စုရဲ့ မတရား ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခြင်းခံခဲ့ရတဲ့ ကရင်ပြည် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ဟာ စစ်အုပ်စုရဲ့ဆေးရုံမှာ ကွယ်လွန်သွားပြီဆိုတဲ့ စစ်အုပ်စုလော်ဘီတွေ ဖြန့်ဝေနေတဲ့ သတင်းဟာ သတင်းမှားသာဖြစ်ကြောင်း နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။

ဒီကနေ့ ​မေ ၇ ရက်မှာ စစ်အုပ်စုနဲ့ နီးစပ်တဲ့ လူမှုကွန်ရက်တွေမှာ ဒေါ်နန်းခင်ထွေးမြင့်ဟာ အချုပ်ခန်းအတွင်းမှတစ်ဆင့် ဆေးကုသမှုခံယူနေရင်း ကွယ်လွန်သွားပြီဖြစ်ကြောင်း (RIP) လို့ ရေးသားကာ သတင်းတု၊ သတင်းမှားတွေကို စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းရဲ့ အတည်ပြုချက်အရတော့ ကျန်းမာရေးချို့ယွင်းသဖြင့် ဘားအံဆေးရုံကြီးတွင် ၅ ရက်ခန့် တက်ရောက်ကုသခဲ့ရတာ မှန်ပေမယ့် လက်ရှိမှာ ဆေးရုံမှဆင်းကာ အကျဉ်းထောင်အတွင်း ဆေးကုသမှု ဆက်လက်ခံယူနေဆဲဖြစ်ပြီး ကျန်းမာလျက်ရှိတယ်လို့ သိရပါတယ်။

အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ အာရုံကြောရောဂါနဲ့ အစာအိမ်၊ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့် ကျန်းမာရေး မကြာခဏ ချို့ယွင်းလေ့ရှိကြောင်း သိရပါတယ်။

သူ့ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အုပ်စုက မတရားဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ထောင်ဒဏ် နှစ် ၄၀ ဆက်လက်ကျခံနေရသူ ဖြစ်ပါတယ်။ ဒေါ်နန်းခင်ထွေးမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သလို လူထုချစ်ခင်တဲ့ ပြည်ဝန်ကြီးချုပ်တစ်ဦးလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ကရင်ပြည် #ဒေါ်နန်းခင်ထွေးမြင့် #သတင်းမှား #FakeNews #NLD
🔥3👍1
🔥4
LGBT အမျိုးသမီးတစ်ဦးကို အရက်သောက်ရင်း အဓမ္မပြုဖို့ ကြိုးစားသူ အသတ်ခံရ

CJ Platform

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ အရက်ဝိုင်းသောက်ရင်း LGBT အမျိုးသမီးတစ်ဦးကို အဓမ္မပြုဖို့ ကြိုးစားသူတစ်ဦးကို အတူဝိုင်းဖွဲ့သောက်စားနေသူတွေက ဝိုင်းဝန်းကာကွယ်ရာကနေ စကားများရာမှ လူသတ်မှုဖြစ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူလို့စွပ်စွဲခံရသူ နှစ်ဦးကို မေလ ၆ ရက် ည ၆ နာရီက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ မေ ၆ရက် မနက် ၉ နာရီက အေးသာယာမြို့၊ အမှတ် ၁၀ ရပ်ကွက် ခြောက်ကွက်တွဲ ခြံဝင်းအတွင်း အမျိုးသားတစ်ဦး ပြတ်ရှဒဏ်ရာများနဲ့ လဲကျသေဆုံးနေတာကို ရပ်ကွက်နေသူတွေက တွေ့ရှိပြီး လူသတ်မှုဖြစ်မှန်း သိတာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"အဲဒီခြံကွက်ထဲမှာ ညဘက်က လူငယ်သုံးယောက် အရက်လာသောက်ရင်း စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ်သွားတယ်လို့ ကြားတယ်။ သတ်တဲ့သူနှစ်ယောက်လည်း မနေ့ညကပဲ ဖမ်းမိသွားပြီလို့ သိရတယ်" လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်သူ နှစ်ဦးဟာ သူငယ်ချင်းတွေဖြစ်ပြီး အမျိုးသမီးမှာ လိင်စိတ်ခံယူမှု ကွဲပြားသူ ဖြစ်ပြီး အခင်းဖြစ်တဲ့ညက အရက်အတူသောက်ရင်း ဝင်းဌေးဆိုသူက သူငယ်ချင်းဖြစ်သူ မိန်းကလေးကို မဖွယ်မရာလုပ်ရန် ကြိုးစား၍ နှစ်ဦးသား ရိုက်နှက်ရင်း လက်လွန်သေဆုံးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

"လူသတ်မှုဖြစ်တာက ၅ ရက်နေ့ညက။ အလောင်းကို ၆ ရက်နေ့ မနက်မှာ တွေ့တယ်။ ညမှာပဲ ပြစ်မှုကျူးလွန်သူတွေ ပြောတာက အရက်သောက်ရင်း ယောကျ်ားစိတ်ပေါက်နေတဲ့ ကောင်မလေးကို ထိကပါးရိကပါးလုပ်လို့ ရိုက်နှက်ရင်း လက်လွန်ပြီး သေသွားတာလို့ ဖြောင့်ချက်ပေးထားတယ်။ ပြစ်မှုကျူးလွန်သူ နှစ်ယောက်က ဧရာဝတီတိုင်း ဘိုကလေးဘက်က ဒီမှာ အလုပ်လာလုပ်တာ" လို့ ရှင်းပြပါတယ်။

ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ မောင်ရန်ပိုင်နဲ့ မနှင်းနုဝေကို အေးသာယာမြို့မရဲစခန်းက (ပ)အမှတ် ၆၀/၂၀၂၆ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ လူသတ်မှု ၅ မှု ဖြစ်ခဲ့ပြီး ရဲတွေက ၃ မှုကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး ကျန် ၂ မှုမှာ ပြစ်မှုကျူးလွန်သူတွေ လွတ်မြောက်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ - Pro-SAC

#CJPlatform #ရှမ်းပြည်တောင်ပိုင်း #တောင်ကြီးမြို့နယ် #အေးသာယာမြို့ #လူသတ်မှု
👍4🔥1
👍2🔥2
စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သဘောတူ

CJ Platform

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုတွေကို မကြာခင်မှာ လုပ်ဆောင်ဖို့ သဘောတူညီလိုက်ကြပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/752026-5/
😁5🤬4👎2