CJ Platform
5.01K subscribers
19.5K photos
360 videos
4 files
9.04K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
ဂျပန်ဝန်ကြီးချုပ်ရဲ့ Yasukuni Shrine ပူဇော်မှုဟာ သမိုင်းတရားမျှတမှုကို စော်ကားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးဆို

CJ Platform

Yasukuni Shrine နတ်ကွန်းကို ​ဂျပန်ဝန်ကြီးချုပ် တာကာအိချီ ဆာနာအဲက ပူဇော်မှုပြုလုပ်ခြင်းဟာ သမိုင်းဆိုင်ရာ တရားမျှတမှုကို ပြောင်ပြောင်တင်းတင်း စော်ကားဖျက်ဆီးခြင်းဖြစ်ကြောင်း Chinese Embassy in Myanmar က ဒီကနေ့ မေလ ၆ ရက်မှာ ထုတ်ပြန်ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်မှာ ဂျပန်ဝန်ကြီးချုပ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ထိပ်တန်း စစ်ရာဇဝတ်ကျူးလွန်သူတွေကို ထားရှိရာ အဆိုပါနတ်ကွန်းကို “အစိုးရအဖွဲ့ဝန်ကြီးချုပ်” အမည်နဲ့ ပူဇော်သက္ကာယတွေ ဆက်သခဲ့ခြင်းဟာ တစ်ကမ္ဘာလုံးရဲ့ ကန့်ကွက်မှုတွေကို လျစ်လျူရှုကာ လူသားတွေရဲ့ ကိုယ်ကျင့်တရားကို နင်းခြေခြင်းနဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲရလဒ်တွေကို စိန်ခေါ်ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

“Yasukuni Shrine နတ်ကွန်းဟာ မည်သည့်အခါကမျှ သာမန်ဘာသာရေး ဝတ်ပြုရာနေရာ မဟုတ်ခဲ့ဘဲ ဂျပန်စစ်ဝါဒီသမိုင်းရဲ့ ပြယုဂ်၊ လက်တွေ့အားဖြင့် စစ်ရာဇဝတ်ကျူးလွန်သူများရဲ့ နတ်ကွန်းသာ ဖြစ်သည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနတ်ကွန်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ထိပ်တန်း စစ်ရာဇဝတ်ကျူးလွန်သူ ၁၄ ဦးကို ထားရှိပြီး ၎င်းတို့ဟာ အာရှနဲ့ ကမ္ဘာ့ပြည်သူများအပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ပွဲတာဝန်ရှိသူတွေ ဖြစ်ကြကာ ဂျပန်ဝန်ကြီးချုပ်အနေနဲ့ သမိုင်းဝင် အပြစ်ရှိသူတွေအပေါ် ကိုးကွယ်ဆည်းကပ်ခြင်းဟာ ကျူးကျော်မှုသမိုင်းကို ပြောင်းပြန်လှန်ဖို့နဲ့ စစ်ရာဇဝတ်မှုကျူးလွန်သူတွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဖော်ထုတ်ဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့လည်း ဝေဖန်ရေးသားထားပါတယ်။

ဂျပန်စစ်ဝါဒီတွေရဲ့ ကျူးကျော်စစ်ဟာ အာရှနိုင်ငံတွေအတွက် ကပ်ဘေးကြီးတွေကို ဖြစ်ပေါ်စေခဲ့ပြီး ဂျပန်လက်ယာစွန်း နိုင်ငံရေးသမားတွေအနေနဲ့ မှားယွင်းတဲ့ သမိုင်းအမြင်မှာ ဆက်လက်နစ်မွန်းနေမယ်ဆိုရင် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ စောင့်ကြည့်စစ်ဆေးမှုနဲ့ သမိုင်းရဲ့ စီရင်မှုကို ထပ်မံရင်ဆိုင်ရမယ်ဆိုတာကိုလည်း Chinese Embassy in Myanmar က သတိပေးထားပါတယ်။

ဓာတ်ပုံ - CCTV

#CJPlatform #YasukuniShrine #ဂျပန်ဝန်ကြီးချုပ် #တရုတ်သံရုံး #သမိုင်းတရားမျှတမှု #ChineseEmbassy
😁5👍32
👏2
အာဏာသိမ်းစစ်တပ်က လူငယ်သင်တန်းကျောင်း ၁၂ ကျောင်းဖွင့်၊ မိဘတွေ စိတ်ပူ

CJ Platform

အာဏာသိမ်းစစ်တပ်က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီနဲ့ ပဲခူးအပါအဝင် မြို့နယ်ပေါင်း ၁၂ မြို့နယ်မှာ လူငယ်သင်တန်းကျောင်းတွေ ဖွင့်လာတာကြောင့် မိဘတွေ စိတ်ပူနေကြပါတယ်။

အသက် ၁၅ နှစ်ကနေ အသက် ၁၉ နှစ်အတွင်းမှာရှိတဲ့ Grade 9၊ Grade 10၊ Grade 11 နဲ့ Grade 12 ကျောင်းသားတွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး ကျောင်းပြီးပါက မိမိသဘောဆန္ဒအရ စစ်မှုထမ်းလို့ရတယ်ဆိုတဲ့ ကြေညာချက်ကြောင့် စိတ်ပူတာလို့ ကျောင်းသားမိဘတစ်ဦးက CJ Platform ကို ပြောပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/652026-3/
🤬5😁2👍1
မယ်သီလရှင်ဝတ်စုံ သရုပ်ဖော်မှုကြောင့် ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရတဲ့ Miss Grand Myanmar ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်တွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

CJ Platform

Miss Grand Myanmar ပြိုင်ပွဲအတွင်း တာချီလိတ်အလှမယ်ရဲ့ မယ်သီလရှင်ဝတ်စုံ သရုပ်ဖော်မှုအပေါ် ဝေဖန်မှုတွေ ပြင်းထန်နေချိန် Miss Grand Myanmar 2026 ပြိုင်ပွဲရဲ့ နောက်ဆုံးပြိုင်ပွဲနှစ်ခုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းကြောင်း Miss Grand Myanmar Organization က ဒီကနေ့ မေလ ၆ ရက်မှာ ကြေညာပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/652026-5/
🔥3😁2
ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနေရာမှာ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အစားထိုးဖို့ လုပ်ဆောင်

CJ Platform

အတုယောင်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ အနိုင်ရပြီးနောက် စစ်အုပ်စုက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးနေရာတွေမှာ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အစားထိုးဖို့ လုပ်ဆောင်လာပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/6520264-2/
💩51🤮1
လားရှိုးမှာ မိုးသည်းထန်ရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများရှိ

CJ Platform

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှာ ဒီကနေ့ မေ ၆ရက် နေ့လယ် ၂ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ နေ့လယ် ၂ နာရီခွဲက မိုးရွာပြီး လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်တွေ လဲကျခြင်း၊ ဆိုင်းဘုတ်ဗီနိုင်းများ ပြိုကျခြင်းနဲ့ နေအိမ်များ ပြိုပျက်တာကြောင့် လူထိခိုက်မှုများရှိတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"ဒီနေ့ လေတိုက်တာ အတော်ကြမ်းတယ်။ တချို့အိမ်က အမိုးတွေပြိုကျလို့ ခေါင်းကွဲတဲ့သူတွေ၊ ဗိုက်ကို သစ်သားစထိုးမိတဲ့သူ ၃ ယောက်၊ ၄ ယောက်လောက်ရှိတယ်။ လားရှိုးဆေးရုံမှာ တင်ထားတယ်" လို့ ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် လားရှိုးမြို့ပေါ် ရပ်ကွက်အတော်များများ ပျက်စီးဆုံးရှုံးမှုရှိပြီး ကျေးရွာဘက် အခြေအနေကို မသိရကြောင်း အမှတ် ၃ ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။


"မြို့ပေါ်ရပ်ကွက်တွေမှာ သစ်ကိုင်းတွေ ကျိုးကျတာ၊ ဗီနိုင်းတွေ လဲကျတာ၊ ခြံစည်းရိုးတွေ ပြိုလဲတာရှိတယ်။ အမျိုးသမီးတစ်ယောက် သစ်ကိုင်းကျိုးကျလို့ ခေါင်းကွဲသွားတယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်ကလည်း ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်လို့ နေအိမ် ၅၀ နီးပါး ပြိုကျပျက်စီးခဲ့ပါတယ်။

အလားတူပင် ဧပြီလ ၁၇ ရက်ကလည်း ပဲခူးတိုင်း၊ ဇီးကုန်းနဲ့ ကြို့ပင်ကောက်မှာ လေပြင်းတိုက်ခတ်ခဲ့လို့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးပေးခန်းနဲ့ လူနေအိမ် တစ်ထောင်ကျော် ပြိုကျပျက်စီးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ရှမ်းပြည်မြောက်ပိုင်း #လားရှိုးမြို့နယ် #မိုးသက်လေပြင်း #သဘာဝဘေး
🔥21😁1😢1
🔥3😁1
မှတ်ပုံတင်လုပ်ပေးပြီး ပေါ်တာဆွဲတဲ့ စစ်အုပ်စုရဲ့ ‘ရက် ၁၀၀ စီမံချက်’ ကြောင့် စစ်ကိုင်းမြို့ခံတွေ ထိတ်လန့်နေ

CJ Platform

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေမှာ စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာတွေက ရက် ၁၀၀ စီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) တွေ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဟာ စစ်မှုထမ်းဖို့အတွက် လူငယ်စာရင်းပြုစုခြင်းသာဖြစ်ကြောင်း မြို့ခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/652026-4/
🤬6😁2
မနက်ဖြန် မေ (၇)ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
အီကွေတာတလျှောက် တန်းစီနေတဲ့ မိုးတိမ်တွေက ဘယ်လို သက်ရောက်လာမလဲ

CJ Platform

CJ Platform ကညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေပြောပြသွားပါတော့မယ်။ မိုးကြိုကာလကို ရောက်ရှိနေပြီဖြစ်တာမို့ ဒေသအလိုက် စိုက်ပျိုးမိုးလေဝသခန့်မှန်းချက်တွေကို ယာယီရပ်နားပြီး အရေးကြီးလှတဲ့ မိုးလေဝသဖြစ်စဉ်တွေကို ဦးစားပေး တင်ဆက်ခွင့် ပြုပါနော်။မနက်ဖြန် မေလ ၇ရက် ကြာသပတေးနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို မပြောပြမီ ပထမဆုံး ကမ္ဘာ့ရာသီဥတု ဖြစ်စဉ် အပြောင်းအလဲကို ပြောပြချင်ပါတယ်။ မိုးလေဝသအကြောင်း ပြောရင် ချန်ထားလို့မရတဲ့ အသက်သွေးကြောကတော့ "ITCZ (Intertropical Convergence Zone) လို့ခေါ်တဲ့ အီကွေတာအနီးက လေဖိအားနည်းဇုန်" ပဲ ဖြစ်ပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #ITCZ #MonsoonForecast #မုတ်သုံမိုး #အပူရှိန် #မိုးသက်လေပြင်း #HeatwaveWarning

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/zlrFMIgNSiQ
👍5
မုန်တိုင်းဖြစ်နိုင်ခြေနည်းနေသော်လည်း မိုးသက်လေပြင်းသတိပြုဖို့လို

CJ Platform

ဒီကနေ့ မေလ ၆ ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။

အရင်ဆုံး အမေရိကန်အခြေစိုက် ကမ္ဘာ့မိုးလေဝသဌာန NOAA (CPC) ရဲ့ နောက်ဆုံးထုတ်ပြန်ချက် GTH Outlook အရ... မေလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသနဲ့ မုန်တိုင်း အခြေအနေတွေကို ပြောပြပေးချင်ပါတယ်။ ဒီနေ့ကနေ မေလရဲ့ ဒုတိယပတ်ဖြစ်တဲ့ "မေလ ၁၃ ရက်နေ့ မတိုင်ခင်အထိမှာတော့ ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ မရှိသလောက် နည်းပါးနေတာကို" NOAA ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာ တွေ့ရှိရပါတယ်။ မုန်တိုင်းအန္တရာယ် မရှိသေးပေမဲ့၊ ဒီနေ့ကနေ လာမယ့် မေလ ၁၂ ရက်နေ့အတွင်းမှာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ မိုးပိုပြီး ရွာသွန်းနိုင်ခြေကတော့ (၅၀) ရာခိုင်နှုန်းကျော်အထိ ရှိနေမှာ ဖြစ်ပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #StormWarning #မုန်တိုင်းသတင်း #MonsoonForecast #အပူရှိန် #မိုးသက်လေပြင်း #HeatwaveWarning

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/6h6Kj32SVcI
👍61
နိုင်ငံတကာရဲ့ ပိတ်ဆို့မှုဒဏ်ကို မင်းအောင်လှိုင် ညည်းတွားနေ

CJ Platform

ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ နိုင်ငံတော်မှာ ကြုံတွေ့နေရတဲ့ သမိုင်းသင်ခန်းစာတွေကိုယူပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်လို့ ဆိုသော်လည်း သူတို့အစိုးရအပေါ် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ဖိအားပေးနေတာကို ညည်းတွားပြောဆိုလိုက်ပါတယ်။

မနေ့ မေလ ၆ ရက်မှာ ပြုလုပ်တဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ သူက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး သူတို့အစိုးရအဖွဲ့ဟာ ပြည်သူတွေက ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်ထားတဲ့ အစိုးရဖြစ်တာကြောင့် ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ တန်ဖိုးထားရန် လိုအပ်ကြောင်းနဲ့ လက်ရှိမှာ အဲဒီနိုင်ငံတွေက ကန့်သတ်မှုတွေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖိအားပေးလုပ်ဆောင်နေကြဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

မင်းအောင်လှိုင်က သူတို့ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဟာ မဲမသမာမှုမရှိဘဲ သိက္ခာရှိရှိ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း အမွှန်းတင်ပြောဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီမိုကရေစီစနစ်ကို ကူးပြောင်းရာမှာ အမျိုး၊ ဘာသာ၊ သာသနာနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို မပျောက်ပျက်အောင် ထိန်းသိမ်းသွားဖို့ကိုလည်း ဝန်ကြီးဌာနတွေကို မှာကြားခဲ့သလို နိုင်ငံ့စီးပွားတိုးတက်စေရေးအတွက် ကောင်းမွန်တဲ့ ဦးဆောင်မှုတွေနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

တစ်ဖက်မှာ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေဟာ ၎င်းတို့အစိုးရအပေါ် ဖိအားပေးမှုဖြစ်ကြောင်း မင်းအောင်လှိုင်က ဝန်ခံပြောဆိုခဲ့သလို ဒီအခြေအနေတွေကြားမှာ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ဆက်လက်တည်ဆောက်သွားမယ်လို့လည်း ဆိုထားပါတယ်။

ဓာတ်ပုံ - Pro-SAC
#CJPlatform #မင်းအောင်လှိုင် #စီးပွားရေးပိတ်ဆို့မှု #စစ်ကောင်စီ
😁5🤣31👏1
😁4🤮21💩1🤣1
စက်သုံးဆီချွေတာရေး စက်ဘီးစီးရုံးတက်တဲ့ နယ်သာလန်သံတမန်

CJ Platform

မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးနှုန်း မြင့်တက်မှုနဲ့အတူ ဆီပြတ်လပ်မှု အကျပ်အတည်းတွေ ကြုံတွေ့နေရချိန်မှာ ရန်ကုန်မြို့အခြေစိုက် နယ်သာလန်သံရုံးရဲ့ ဒုတိယသံရုံးအကြီးအကဲဖြစ်သူ မစ္စတာ ဝင်းမ်ဗန်ဒွေါန် (Wim van Doorn) က စက်သုံးဆီချွေတာဖို့အတွက် စက်ဘီးစီးပြီး ရုံးတက်နေတယ်လို့ ဓာတ်ပုံနဲ့တကွ ဒီကနေ့‌ မေလ ၇ ရက်မှာ Embassy of the Netherlands in Myanmar လူမှုစာမျက်နှာမှာ မျှဝေထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/752026-2/
🍓5👍1😁1