ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာမှာ အရေးကြီးတဲ့ ကာကွယ်ရေးကဏ္ဍကို ခိုင်မာတဲ့စုဖွဲ့မှုနဲ့ စနစ်တကျ တည်ဆောက်ရန် CRPH တိုက်တွန်း
CJ Platform
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှာ ကာကွယ်ရေးကဏ္ဍဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ် ဖြစ်တာနဲ့အညီ ပိုမိုခိုင်မာအားကောင်းပြီး ကျစ်လစ်တဲ့ စုဖွဲ့မှုနဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို စနစ်တကျ တည်ဆောက်သွားကြဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်မှု ၅ နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/5520261-2/

👍4❤2🔥1
ဘာသာရေးဆိုင်ရာ မလေးမစားတဲ့ အပြုအမူကြောင့် တာချီလိတ်အလှမယ်ကို Miss Grand Myanmar ပြိုင်ပွဲက ထုတ်ပယ်
CJ Platform
Miss Grand Tachileik 2026 အလှမယ်ဟာ ပြိုင်ပွဲစည်းကမ်းတွေကို ဖောက်ဖျက်ပြီး ဘာသာရေးအပေါ် မလေးစားတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်တယ်လို့ Miss Grand Myanmar Organization က ဒီကနေ့ မေလ ၅ ရက်မှာ ကြေညာခဲ့ပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ Miss Grand Myanmar ရဲ့ အမျိုးသားဝတ်စုံပြိုင်ပွဲမှာ တာချီလိတ်အလှမယ်ရဲ့ တင်ဆက်မှုဟာ မေလ ၃ ရက်နဲ့ ၄ ရက်တွေက ကြိုတင်ပြင်ဆင်ထားတဲ့ ပုံစံတွေမှာ ပါဝင်ခြင်းမရှိဘဲ ဝတ်စုံနဲ့ မသက်ဆိုင်တဲ့ ဘာသာရေးဆိုင်ရာ အမူအရာတွေကို ထည့်သွင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလုပ်ဆောင်ချက်တွေဟာ Miss Grand Myanmar ကျင်းပရာ မြန်မာပြည်တွင်းက တိုင်းရင်းသားလူပေါင်းများစွာ ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုရာ ရောက်တဲ့အပြင် နိုင်ငံတော်ကို အကြည်ညိုပျက်စေပြီး အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာကြောင့် စာချုပ်ပါ စည်းကမ်းချက်တွေအရ ပြိုင်ပွဲက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Miss Grand Myanmar အနေနဲ့ ပြိုင်ပွဲဝင်တွေကို မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့၊ ကိုးကွယ်ရာ ဘာသာတရားကို အကြည်ညိုမဲ့စေတဲ့ ပြင်ဆင်မှုတွေ မပြုလုပ်လာစေဖို့ မှာကြားထားပေမယ့် အခုလို ဖြစ်စဉ်ပေါ်ပေါက်ခဲ့တဲ့အတွက် အနူးအညွတ် တောင်းပန်ပါကြောင်းနဲ့ နောင်မှာ အခုလို ဖြစ်ရပ်မျိုး လုံးဝမဖြစ်စေဖို့ အာမခံကြောင်း ပြောကြားထားပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #MissGrandMyanmar #တာချီလိတ်အလှမယ် #ဘာသာရေး #ထုတ်ပယ်

👍4🔥2🤬1
ယာယီဆုတ်ခွာခြင်းဟာ ရန်သူကို ကြောက်ရွံ့ခြင်းမဟုတ်ဘဲ ပြည်သူကို မျက်နှာမူခြင်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ဆို
CJ Platform
စစ်ဆင်ရေးနယ်မြေအချို့မှာ နည်းဗျူဟာအရ ယာယီဆုတ်ခွာပေးခဲ့ရတဲ့ မြေပြင်အမှန်တရားတွေ ရှိခဲ့ပြီး ဒါဟာ ရန်သူကို ကြောက်ရွံ့လို့မဟုတ်ဘဲ ပြည်သူလူထုကို မျက်နှာမူခြင်းသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့ မေလ ၅ ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/542026-2/

❤7🔥1😁1
စစ်ခေါင်းဆောင်လာပြီးနောက် ရန်ကုန်ရှိ လမ်းဘေးဈေးဆိုင်တွေ ဖျက်ဖို့ စစ်အုပ်စုခန့် ဝန်ကြီးချုပ် အမိန့်ပေး
CJ Platform
အာဏာသိမ်းစစ်ခေါင်းဆောင်ကနေ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင် ရန်ကုန်မြို့ရောက်လာပြီးနောက် ရန်ကုန်တိုင်းအတွင်း လမ်းဘေးပလက်ဖောင်းပေါ်က ဈေးဆိုင်တွေကို ဖျက်ဖို့ စစ်အုပ်စုခန့် ဝန်ကြီးချုပ် အောင်နိုင်သူက ဒီကနေ့မှာ အမိန့်ပေးပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/552026-2/

🤬6❤1🔥1
ဗျူဟာမှူးအဆင့် ဦးဆောင်သော စစ်အုပ်စုတပ်က ကျောက်ထုမြို့ကို အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်းထိုးရန် ပြင်ဆင်
CJ Platform
စစ်အုပ်စုတပ်က ဗျူဟာမှူးအဆင့် ဦးဆောင်တဲ့ အင်အား ၆၀၀ ခန့်ရှိတဲ့ စစ်ကြောင်းဟာ မကွေးတိုင်း၊ ကျောက်ထုမြို့ (ယောဒေသ) ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ထွက်ပြေးလာတဲ့ စစ်အုပ်စုတပ်သားနှစ်ယောက်က ပြောပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/5520265-2/

👎4❤2
တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မော်လူးမြို့ကို စစ်အုပ်စု ပြန်လည်ထိန်းချုပ်
CJ Platform
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်အစပ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မော်လူးမြို့ကို စစ်အုပ်စုက ဒီကနေ့ မေလ ၅ ရက် မနက်ပိုင်းမှာ ပြန်လည်ထိန်းချုပ်သွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက စုံစမ်းသိရှိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/5520264-2/

👎4❤1🤬1
မနက်ဖြန် မေလ ၆ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မိုးလာတော့မယ် ကြိုပြင်ကြပါ
CJ Platform
CJ Platform က ညစဉ်တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့ အတူ ရခိုင်ပြည်က တောင်သူဦးကြီးတွေအတွက် အရေးပါလှတဲ့ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါမယ်။မနက်ဖြန် မတ်လ ၆ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို မပြောပြမီ အရင်ဆုံး ဘင်္ဂလားပင်လယ်အော် အခြေအနေနဲ့ မိုးရွာသွန်းနိုင်မယ့် ခန့်မှန်းချက်ကို ပြောပြလိုပါတယ်။ သီရိလင်္ကာနိုင်ငံ အရှေ့ဘက်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ လေဖိအား ကျဆင်းနေပြီး... "လာမယ့် မေလ ၈ ရက်နေ့ ဝန်းကျင်မှာတော့ လေဖိအားနည်းရပ်ဝန်း (Low-Pressure Area) တစ်ခု ဖြစ်ပေါ်လာဖို့" ရှိနေပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #LowPressure #လေဖိအားနည်းရပ်ဝန်း #စိုက်ပျိုးရေးသတင်း #ရခိုင်ပြည် #HeatwaveWarning
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/dlKAXvEKZyk

👍5
Sun Rise စက်ရုံအလုပ်သမားတွေ လုပ်ခတိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေပြီး ပြေလည်မှုမရသေး
CJ Platform
ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်ရှိ Sun Rise အထည်ချုပ်စက်ရုံမှာ လုပ်ခတိုးမြှင့်ပေးဖို့နဲ့ လုပ်ငန်းခွင်အတွင်း လိုအပ်ချက်တွေရရှိဖို့ အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေပြီး ပြေလည်မှုမရသေးဘူးလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) နဲ့ စက်ရုံလုပ်သားတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/652026-2/

👍4🔥2❤1👎1
ရန်ကုန်လေဆိပ်ကနေ မလေးရှားကိုပို့မယ့် ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ
CJ Platform
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကတဆင့် မလေးရှားနိုင်ငံကို သယ်ဆောင်မယ့် ငွေကျပ် ၂ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၉၃ ကီလိုကျော်ကို တရားခံတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC Myanmar) က မနေ့က မေလ ၅ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက် နံနက် ၈ နာရီခွဲခန့်မှာ ရန်ကုန်မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ထွက်ခွာမည့်လေယာဉ်ဖြင့် လိုက်ပါမယ့် ခရီးသည်နှစ်ဦးဆီကနေ အိုက်စ် ၂၆ ဒသမ ၆ ကီလိုကို လေဆိပ်မှာ စတင်ဖမ်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ အဲဒီနေ့မနက်ပိုင်းမှာတင် အလားတူလေယာဉ်နဲ့ လိုက်ပါမယ့် ခရီးသည် ၄ ဦးဆီကနေ အိုက်စ် ၅၆ ဒသမ ၀၅ ကီလိုကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ်က နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုကို ဝင်ရောက်ရှာဖွေရာမှာ အမျိုးသမီးနှစ်ဦးနဲ့အတူ အိုက်စ် ၉ ဒသမ ၅ ကီလို ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ပို့ဆောင်ရန် အပ်နှံသူ အောင်ကျော်ဝင်း (ခ) အောင်အောင်နဲ့ ဇနီးဖြစ်သူ မသန္တာလွင်တို့ကို လားရှိုးမြို့က ဟိုတယ်တစ်ခုမှာ အိုက်စ် ၁ ကီလိုနဲ့အတူ ဖမ်းဆီးရမိခဲ့တာကြောင့် စုစုပေါင်း ဒေသတန်ဖိုး ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် ၉၃ ဒသမ ၁၅ ကီလိုကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်တယ်လို့ CCDAC Myanmar က ဖော်ပြထားပါတယ်။
ထို့ပြင် စစ်ဆေးချက်တွေအရ အဆိုပါ မူးယစ်ဆေးဝါးတွေကို မလေးရှားနိုင်ငံကို ပို့ဆောင်ဖို့ စေခိုင်းသူဟာ သီပေါမြို့နယ်၊ လင်တိကျေးရွာနေ လောက်ချီ (ဖမ်းဆီးရန်ကျန်) ဆိုသူဖြစ်ကြောင်း သိရှိရတာကြောင့် ဖမ်းဆီးရမိသူတွေနဲ့အတူ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းကိုလည်း ဖော်ပြထားပါတယ်။
လက်ရှိမှာ ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေကြောင်းကိုလည်း CCDAC Myanmar က ထုတ်ပြန်ပြောဆိုထားပါတယ်။
#CJPlatform #ရန်ကုန်လေဆိပ် #မူးယစ်ဆေးဝါး #အိုက်စ် #CCDAC #ဖမ်းဆီးရမိ

👍3😁2
ဂျပန်ဝန်ကြီးချုပ်ရဲ့ Yasukuni Shrine ပူဇော်မှုဟာ သမိုင်းတရားမျှတမှုကို စော်ကားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးဆို
CJ Platform
Yasukuni Shrine နတ်ကွန်းကို ဂျပန်ဝန်ကြီးချုပ် တာကာအိချီ ဆာနာအဲက ပူဇော်မှုပြုလုပ်ခြင်းဟာ သမိုင်းဆိုင်ရာ တရားမျှတမှုကို ပြောင်ပြောင်တင်းတင်း စော်ကားဖျက်ဆီးခြင်းဖြစ်ကြောင်း Chinese Embassy in Myanmar က ဒီကနေ့ မေလ ၆ ရက်မှာ ထုတ်ပြန်ဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်မှာ ဂျပန်ဝန်ကြီးချုပ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ထိပ်တန်း စစ်ရာဇဝတ်ကျူးလွန်သူတွေကို ထားရှိရာ အဆိုပါနတ်ကွန်းကို “အစိုးရအဖွဲ့ဝန်ကြီးချုပ်” အမည်နဲ့ ပူဇော်သက္ကာယတွေ ဆက်သခဲ့ခြင်းဟာ တစ်ကမ္ဘာလုံးရဲ့ ကန့်ကွက်မှုတွေကို လျစ်လျူရှုကာ လူသားတွေရဲ့ ကိုယ်ကျင့်တရားကို နင်းခြေခြင်းနဲ့ ဒုတိယကမ္ဘာစစ် အောင်ပွဲရလဒ်တွေကို စိန်ခေါ်ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
“Yasukuni Shrine နတ်ကွန်းဟာ မည်သည့်အခါကမျှ သာမန်ဘာသာရေး ဝတ်ပြုရာနေရာ မဟုတ်ခဲ့ဘဲ ဂျပန်စစ်ဝါဒီသမိုင်းရဲ့ ပြယုဂ်၊ လက်တွေ့အားဖြင့် စစ်ရာဇဝတ်ကျူးလွန်သူများရဲ့ နတ်ကွန်းသာ ဖြစ်သည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီနတ်ကွန်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ထိပ်တန်း စစ်ရာဇဝတ်ကျူးလွန်သူ ၁၄ ဦးကို ထားရှိပြီး ၎င်းတို့ဟာ အာရှနဲ့ ကမ္ဘာ့ပြည်သူများအပေါ် ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ပွဲတာဝန်ရှိသူတွေ ဖြစ်ကြကာ ဂျပန်ဝန်ကြီးချုပ်အနေနဲ့ သမိုင်းဝင် အပြစ်ရှိသူတွေအပေါ် ကိုးကွယ်ဆည်းကပ်ခြင်းဟာ ကျူးကျော်မှုသမိုင်းကို ပြောင်းပြန်လှန်ဖို့နဲ့ စစ်ရာဇဝတ်မှုကျူးလွန်သူတွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ဖော်ထုတ်ဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့လည်း ဝေဖန်ရေးသားထားပါတယ်။
ဂျပန်စစ်ဝါဒီတွေရဲ့ ကျူးကျော်စစ်ဟာ အာရှနိုင်ငံတွေအတွက် ကပ်ဘေးကြီးတွေကို ဖြစ်ပေါ်စေခဲ့ပြီး ဂျပန်လက်ယာစွန်း နိုင်ငံရေးသမားတွေအနေနဲ့ မှားယွင်းတဲ့ သမိုင်းအမြင်မှာ ဆက်လက်နစ်မွန်းနေမယ်ဆိုရင် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ စောင့်ကြည့်စစ်ဆေးမှုနဲ့ သမိုင်းရဲ့ စီရင်မှုကို ထပ်မံရင်ဆိုင်ရမယ်ဆိုတာကိုလည်း Chinese Embassy in Myanmar က သတိပေးထားပါတယ်။
ဓာတ်ပုံ - CCTV
#CJPlatform #YasukuniShrine #ဂျပန်ဝန်ကြီးချုပ် #တရုတ်သံရုံး #သမိုင်းတရားမျှတမှု #ChineseEmbassy

😁5👍3❤2