မြောက်ဥက္ကလာပမှာ မိသားစု သုံးဦး စီးနင်းလာတဲ့ စက်ဘီးကို ကားတစ်စီးက ဝင်တိုက်ရာမှာ တစ်ဦးသေဆုံး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးနေ
CJ Platform
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ မိသားစု သုံးဦး စီးနင်းလာတဲ့ စက်ဘီးတစ်စင်း မော်တော်ယာဉ်တစ်စီးက ဝင်တိုက်မိရာမှာ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
မနေ့က မေ ၃ ရက်၊ ည ၉ နာရီခွဲခန့်မှာ မြောက်ဥက္ကလာပမြို့နယ်၊ ကျော်သူကြိုးတံတားအဆင်း အလုပ်က ပြန်လာတဲ့ မိသားစု သုံးဦး စီးနင်းလာတဲ့ စက်ဘီးကို ကားတစ်စီးက အရှိန်ပြင်းစွာ ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် အသက် ၃၁ နှစ်အရွယ် မိခင်ဖြစ်သူ မယဉ်ယဉ်ဌေးဟာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ ဒီကနေ့ မေလ ၄ ရက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပြီး ခင်ပွန်းဖြစ်သူမှာလည်း ဒဏ်ရာတွေနဲ့ မြောက်ဥက္ကလာပဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရဆဲဖြစ်တယ်လို့ အကူအညီပေးခဲ့သူတစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်ကနေ နောက်ဆုံးအခြေအနေတွေကို ရေးသားအသိပေးထားပါတယ်။
ထို့ပြင် အသက် နှစ်နှစ်အရွယ် သားငယ်လေးမှာလည်း ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိမှာ အဘွားဖြစ်သူနဲ့အတူ ကျန်ရစ်ခဲ့တယ်လို့ သိရပြီး ကျန်ရစ်ခဲ့တဲ့ မိသားစုအတွက် ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်းက တစ်ဆင့် အလှူရှင်တွေက ငွေကျပ် ၁၁ သိန်းကို ဒီကနေ့ မေလ ၄ ရက်မှာ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ယာဉ်တိုက်မှုကျူးလွန်ခဲ့တဲ့ ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး မျက်မြင်သက်သေတွေရဲ့ အဆိုအရ ကားနံပါတ်၊ ကားအမျိုးအစားနဲ့ အရောင်တို့ကို သိရှိထားပြီး လက်ရှိမှာ တိုက်ပြေးသွားတဲ့ ယာဉ်မောင်းကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
#CJPlatform #ရန်ကုန်တိုင်း #မြောက်ဥက္ကလာပ #ယာဉ်တိုက်မှု #တိုက်ပြေး

🤬3❤1👎1👏1😢1
မြန်အောင်တွင် လင်မယားချင်းစကားများရာမှ ဇနီးဖြစ်သူကို ဓားနဲ့ခုတ်သတ်
CJ Platform
မြန်အောင်မြို့နယ် ညောင်ဝိုင်းအုပ်စု ထုံးဝိုင်းကုန်းကျေးရွာတွင် ဧပြီလ ၃ ရက် မနက် ၆ နာရီက လင်မယားချင်း စကားများရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ဓားနဲ့ ခုတ်သတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ မနက် ၅ နာရီက ညောင်ဝိုင်းအုပ်စု ထုံးဝိုင်းကျေးရွာမှာ လူမှုရေးကိစ္စနဲ့ လင်မယားချင်း စကားများရာမှ ကိုအောင်ထွန်းလင်းဆိုသူက မသန်းသန်းစိုးကို လည်ပင်းကို ဓားနဲ့ ခုတ်သတ်ခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"အကြွေးကိစ္စလို့လည်း ပြောတယ်၊ အခြားလူမှုရေးကိစ္စလို့လည်း ကြားတယ်။ လင်မယားချင်း စကားများပြီး သူ့မိန်းမကို ဓားနဲ့ ခုတ်သတ်သွားတာ။ သတ်သွားတဲ့သူကို မမိသေးဘူး" လို့ ပြောပါတယ်။
အခင်းဖြစ်ပွားပြီးနောက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတွေက သေဆုံးသူ မသန်းသန်းစိုးရဲ့ ရုပ်အလောင်းကို ရွှေကျင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်တလောမှာ ပြစ်မှုကျူးလွန်သူ ကိုအောင်ထွန်းလင်းကို မြောင်းမြမြို့နယ် ရွှေကျင်နယ်မြေရဲစခန်းက (ပ) အမှတ် ၂၇/၂၀၂၆၊ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက် ည ၈ နာရီကလည်း မြန်အောင်မြို့နယ် အမှတ် ၁ ရပ်ကွက်မှာ လူငယ်အချင်းချင်း စကားများရန်ဖြစ်ပြီး လူငယ်တစ်ဦး ဓားနဲ့ထိုးသတ်ခံရတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
#CJPlatform #မြန်အောင်မြို့နယ် #လူသတ်မှု #အမှုဖွင့်

😱4❤1👏1
၄ လအတွင်း အမြန်လမ်းမှာ ယာဉ်တိုက်မှုကြောင့် ၃၂ဦး သေဆုံးကာ ၆၃ဦး ဒဏ်ရာရ
CJ Platform
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်တိုက်မှု ၅၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၂ ဦးနဲ့ ဒဏ်ရာရရှိသူ ၆၃ ဦး ရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ယာဉ်တိုက်မှု ၅၂ မှုထဲမှာ ဘရိတ်ပေါက်တာ၊ အရှိန်လွန်မောင်းနှင်တာနဲ့ စလစ်ဖြစ်တာတွေကြောင့်ဖြစ်ပြီး ယာဉ်စည်းကမ်းမလိုက်နာတာတွေကြောင့် ယာဉ်တိုက်မှုတွေ ဖြစ်တာလို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
"ယာဉ်တိုက်မှုအတော်များများက လိုအပ်တဲ့ ကီလိုထက်ပိုပြီးမောင်းလို့ ဖြစ်တာများတယ်။ အချို့ကားတွေကျတော့ ဘရိတ်ပေါက်လို့ဖြစ်တာ။ လစဉ် စည်းကမ်းမဲ့မောင်းနှင်သူတွေကို အရေးယူတာရှိပေမယ့် ဖြစ်နေတာပဲ" လို့ ရှင်းပြပါတယ်။
သတ်မှတ်ချက်ထက် အရှိန်လွန်မောင်းနှင်သူတွေကို ဇန်နဝါရီလမှာ ၁,၄၃၈ ဦး၊ ဖေဖော်ဝါရီလမှာ ၂,၃၆၆ ဦး၊ မတ်လမှာ ၁,၂၃၀ ဦးနဲ့ ဧပြီလတွင် ၇၇၂ ဦး စုစုပေါင်း ၄,၈၀၆ ဦး ရှိခဲ့တယ်လို့လည်း သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
ဒီနှစ် လေးလတာ ယာဉ်တိုက်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ နှိုင်းယှဉ်ပါက သေဆုံးသူဦးရေ သိသိသာသာ လျော့နည်းသွားတယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တိုက်မှု ၄၅ မှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၁၁၆ ဦးနဲ့ ဒဏ်ရာရသူ ၁၇ ယောက် ရှိခဲ့ပါတယ်။
ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့
#CJPlatform #အမြန်လမ်း #ယာဉ်တိုက်မှု #ယာဉ်စည်းကမ်း #အရှိန်လွန်

😢2👏1🤬1
စစ်ရှောင်ဝန်ထမ်းတွေကို စစ်အုပ်စုက ထောက်ပံ့မပေးလို့ ကြုံရာအလုပ်လုပ်နေရ
စက်ရုံဆင်းနေရသူနဲ့ KTV မှာ အလုပ်ဝင်နေရသူပါ ရှိနေ
CJ Platform
၁၀၂၇ စစ်ဆင်ရေးမှာ ရခိုင်ပြည်ကနေ ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းကို စစ်ရှောင်လာတဲ့ စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ စစ်အုပ်စုရဲ့ ထောက်ပံ့မှုမရတာကြောင့် ကြုံရာကျပန်းလုပ်ကိုင်နေရတယ်လို့ Non-CDM ဝန်ထမ်းတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/4520261-2/

👏4🔥2😁2
မိုးကြိုး၊ လေပြင်း သတိပေးချက်နဲ့အတူ ချင်းပြည်အတွက် စိုက်ပျိုးမိုးလေဝသ
CJ Platform
CJ Platform ကညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့ ချင်းပြည်က တောင်သူဦးကြီးတွေအတွက် အရေးပါလှတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် မေလ ၅ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို မပြောပြမီ ပထမဆုံး ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်နဲ့ မုတ်သုံလေ ဝင်ရောက်နိုင်တဲ့ အခြေအနေကို ပြောပြလိုပါတယ်။ မြန်မာနိုင်ငံကို စီးဝင်နေတဲ့ လေထု အခြေအနေမှာတော့ အနောက်မြောက် လေစီးကြောင်းတွေက အားလျော့သွားပြီး ဘင်္ဂလားပင်လယ်အော်မှာလည်း လေထု မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #BayOfBengal #လေဖိအားနည်းရပ်ဝန်း #စိုက်ပျိုးရေးသတင်း #ချင်းပြည် #HeatwaveWarning
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/IuQn3UrMqhE

👍5
ပုသိမ်မှာ ဆိုင်ကယ်နဲ့ကားမျက်နှာချင်းဆိုင် တိုက်မိပြီး တစ်ဦးသေဆုံး ကားမောင်းသူထွက်ပြေးနေ
CJ Platform
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ရဲကင်းအမှတ် ၁၅ အနီး ပုသိမ်–ရန်ကုန်–မုံရွာ ကားလမ်းမပေါ်မှာ ဧပြီလ ၄ ရက် ညနေ ၃ နာရီခွဲက ကားနဲ့ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးပြီး နောက်မှလိုက်ပါစီးလာသူ ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ ညနေ ၃ နာရီခွဲက ဒိုက်ထူဘက်ကနေ မြတ်တိုဘက်ကို မောင်းနှင်လာတဲ့ မော်တော်ယာဉ်နဲ့ ရုပ်ထုဘက်ကနေ မြတ်တိုဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"မာကို ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်ရှေ့မှာ တိုက်တာ။ အရှိန်ဘယ်လောက်ပြင်းလဲဆိုရင် ဆိုင်ကယ်အရှေ့ကမောင်းတဲ့ကောင်လေး ဘယ်ဘက်လက် ပြုတ်ထွက်သွားတယ်။ ခေါင်းလည်း ရစရာမရှိဘူး။ နောက်ကလိုက်စီးတဲ့ကောင်လေးကလည်း ခြေထောက်တွေ၊ လက်တွေ ကျိုးကုန်တယ်" လို့ ပြောပါတယ်။
သေဆုံးသူမှာ အသက် ၂၀ နှစ်အရွယ် ပိုင်ဇေထက်ဖြစ်ပြီး ဒဏ်ရာရသူမှာ အသက် ၁၈ နှစ်အရွယ် သက်ဝေဖြိုးဖြစ်ပြီး ပုသိမ်မြို့နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
အဆိုပါယာဉ်တိုက်မှုတွင် မော်တော်ယာဉ်မောင်းမှာ အခင်းဖြစ်ရာနေရာမှာပင် ကားမောင်းထွက်ပြေးသွား၍ ဖမ်းဆီးရမိခြင်းမရှိကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးရမိခြင်းမရှိသော်လည်း ပုသိမ်မြို့မရဲစခန်းက ယာဉ်မောင်းဖြစ်သူကို (ပ) အမှတ် ၂၅/၂၀၂၆၊ ပုဒ်မ ၃၀၄ (က) နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက် နေ့လယ် ၂ နာရီကျော်ကလည်း ပုသိမ်-ငွေဆောင်သွားကားလမ်း မိုင်တိုင်အမှတ် ၁၂ မိုင် ၂ ဖာလုံနဲ့ ၃ ဖာလုံအကြားမှာ ခရီးသည်တင်ကားနဲ့ ဆိုင်ကယ်တစ်စီး မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ဧရာဝတီတိုင်း #ပုသိမ်မြို့နယ် #ယာဉ်တိုက်မှု #တိုက်ပြေး

👎2🤬2😢1
ဒီကနေ့ မေ (၅) ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မုန်တိုင်းနှစ်လုံး ဖြစ်လာမယ်ဆိုတာ အမှန်လား
CJ Platform
ဒီကနေ့ မေလ ၅ ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။ပထမဆုံး လူမှုကွန်ရက်တွေမှာ "မုန်တိုင်းနှစ်လုံး တစ်ပြိုင်နက် ဖြစ်မယ်" ဆိုပြီး ပျံ့နှံ့နေတဲ့ သတင်းတွေကြောင့် စိုးရိမ်နေကြသူတွေအတွက် ရှင်းလင်း ပြောပြပေးချင်ပါတယ်။ လက်ရှိ အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေထု မငြိမ်သက်မှုတွေ၊ လေဖိအား ကျဆင်းမှုတွေ ဖြစ်ပေါ်နေပြီး... လာမယ့် မေလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့ ဝန်းကျင်မှာ "လေဝဲဂယက် (Cyclonic Circulation)" တစ်ခု ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ဖြစ်ပေါ်လာမှာကို မိုးလေဝသ ခန့်မှန်းမော်ဒယ် အားလုံးက အတည်ပြုထားတာကို တွေ့ရပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #StormUpdate #မုန်တိုင်းသတင်း #အပူရှိန် #မိုးသက်လေပြင်း #HeatwaveWarning
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/LdtFHVkC3Y4

👍4
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာမှာ အရေးကြီးတဲ့ ကာကွယ်ရေးကဏ္ဍကို ခိုင်မာတဲ့စုဖွဲ့မှုနဲ့ စနစ်တကျ တည်ဆောက်ရန် CRPH တိုက်တွန်း
CJ Platform
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှာ ကာကွယ်ရေးကဏ္ဍဟာ အရေးကြီးတဲ့ ကဏ္ဍတစ်ရပ် ဖြစ်တာနဲ့အညီ ပိုမိုခိုင်မာအားကောင်းပြီး ကျစ်လစ်တဲ့ စုဖွဲ့မှုနဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို စနစ်တကျ တည်ဆောက်သွားကြဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်မှု ၅ နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/5520261-2/

👍4❤2🔥1
ဘာသာရေးဆိုင်ရာ မလေးမစားတဲ့ အပြုအမူကြောင့် တာချီလိတ်အလှမယ်ကို Miss Grand Myanmar ပြိုင်ပွဲက ထုတ်ပယ်
CJ Platform
Miss Grand Tachileik 2026 အလှမယ်ဟာ ပြိုင်ပွဲစည်းကမ်းတွေကို ဖောက်ဖျက်ပြီး ဘာသာရေးအပေါ် မလေးစားတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်တယ်လို့ Miss Grand Myanmar Organization က ဒီကနေ့ မေလ ၅ ရက်မှာ ကြေညာခဲ့ပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ Miss Grand Myanmar ရဲ့ အမျိုးသားဝတ်စုံပြိုင်ပွဲမှာ တာချီလိတ်အလှမယ်ရဲ့ တင်ဆက်မှုဟာ မေလ ၃ ရက်နဲ့ ၄ ရက်တွေက ကြိုတင်ပြင်ဆင်ထားတဲ့ ပုံစံတွေမှာ ပါဝင်ခြင်းမရှိဘဲ ဝတ်စုံနဲ့ မသက်ဆိုင်တဲ့ ဘာသာရေးဆိုင်ရာ အမူအရာတွေကို ထည့်သွင်းပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလုပ်ဆောင်ချက်တွေဟာ Miss Grand Myanmar ကျင်းပရာ မြန်မာပြည်တွင်းက တိုင်းရင်းသားလူပေါင်းများစွာ ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုရာ ရောက်တဲ့အပြင် နိုင်ငံတော်ကို အကြည်ညိုပျက်စေပြီး အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာကြောင့် စာချုပ်ပါ စည်းကမ်းချက်တွေအရ ပြိုင်ပွဲက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Miss Grand Myanmar အနေနဲ့ ပြိုင်ပွဲဝင်တွေကို မြန်မာ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့၊ ကိုးကွယ်ရာ ဘာသာတရားကို အကြည်ညိုမဲ့စေတဲ့ ပြင်ဆင်မှုတွေ မပြုလုပ်လာစေဖို့ မှာကြားထားပေမယ့် အခုလို ဖြစ်စဉ်ပေါ်ပေါက်ခဲ့တဲ့အတွက် အနူးအညွတ် တောင်းပန်ပါကြောင်းနဲ့ နောင်မှာ အခုလို ဖြစ်ရပ်မျိုး လုံးဝမဖြစ်စေဖို့ အာမခံကြောင်း ပြောကြားထားပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #MissGrandMyanmar #တာချီလိတ်အလှမယ် #ဘာသာရေး #ထုတ်ပယ်

👍4🔥2🤬1
ယာယီဆုတ်ခွာခြင်းဟာ ရန်သူကို ကြောက်ရွံ့ခြင်းမဟုတ်ဘဲ ပြည်သူကို မျက်နှာမူခြင်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ဆို
CJ Platform
စစ်ဆင်ရေးနယ်မြေအချို့မှာ နည်းဗျူဟာအရ ယာယီဆုတ်ခွာပေးခဲ့ရတဲ့ မြေပြင်အမှန်တရားတွေ ရှိခဲ့ပြီး ဒါဟာ ရန်သူကို ကြောက်ရွံ့လို့မဟုတ်ဘဲ ပြည်သူလူထုကို မျက်နှာမူခြင်းသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့ မေလ ၅ ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/542026-2/

❤7🔥1😁1
စစ်ခေါင်းဆောင်လာပြီးနောက် ရန်ကုန်ရှိ လမ်းဘေးဈေးဆိုင်တွေ ဖျက်ဖို့ စစ်အုပ်စုခန့် ဝန်ကြီးချုပ် အမိန့်ပေး
CJ Platform
အာဏာသိမ်းစစ်ခေါင်းဆောင်ကနေ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင် ရန်ကုန်မြို့ရောက်လာပြီးနောက် ရန်ကုန်တိုင်းအတွင်း လမ်းဘေးပလက်ဖောင်းပေါ်က ဈေးဆိုင်တွေကို ဖျက်ဖို့ စစ်အုပ်စုခန့် ဝန်ကြီးချုပ် အောင်နိုင်သူက ဒီကနေ့မှာ အမိန့်ပေးပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/552026-2/

🤬6❤1🔥1
ဗျူဟာမှူးအဆင့် ဦးဆောင်သော စစ်အုပ်စုတပ်က ကျောက်ထုမြို့ကို အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်းထိုးရန် ပြင်ဆင်
CJ Platform
စစ်အုပ်စုတပ်က ဗျူဟာမှူးအဆင့် ဦးဆောင်တဲ့ အင်အား ၆၀၀ ခန့်ရှိတဲ့ စစ်ကြောင်းဟာ မကွေးတိုင်း၊ ကျောက်ထုမြို့ (ယောဒေသ) ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ထွက်ပြေးလာတဲ့ စစ်အုပ်စုတပ်သားနှစ်ယောက်က ပြောပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/5520265-2/

👎4❤2
တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မော်လူးမြို့ကို စစ်အုပ်စု ပြန်လည်ထိန်းချုပ်
CJ Platform
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်အစပ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မော်လူးမြို့ကို စစ်အုပ်စုက ဒီကနေ့ မေလ ၅ ရက် မနက်ပိုင်းမှာ ပြန်လည်ထိန်းချုပ်သွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက စုံစမ်းသိရှိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/5520264-2/

👎4❤1🤬1