ဒီကနေ့ မေ ၁ ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မိုးမျှော်နေကြလား
CJ Platform
ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ နိုင်ငံတစ်ဝန်းက အလုပ်သမား ပြည်သူများအားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ CJ Platform ကနေ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ လက်ရှိမှာတော့ မုတ်သုံအကြိုကာလအတွင်း အပူပျံတက်တိမ်တွေကြောင့် နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုတွေ ရှိနေပြီး၊ မိုးသည်းထန်တာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နေပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်းရှိ အလုပ်သမား ပြည်သူတွေအနေနဲ့ အလုပ်သွား၊ အလုပ်ပြန် အချိန်တွေမှာ သတိနဲ့ သွားလာကြဖို့နဲ့ ထီး၊ မိုးကာ စတာတွေကို မဖြစ်မနေ ယူဆောင်သွားကြဖို့ သတိပေး နှိုးဆော်ချင်ပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #MayDay #အလုပ်သမားနေ့ #MonsoonForecast #မုတ်သုံလေ #ရခိုင်ပြည် #မိုးသက်လေပြင်းသတိပေးချက်
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/HpKUF0ceA60

YouTube
ဒီကနေ့ မေ ၁ ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
ဒီကနေ့ မေ ၁ ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မိုးမျှော်နေကြလား
CJ Platform
ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ နိုင်ငံတစ်ဝန်းက အလုပ်သမား ပြည်သူများအားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ CJ Platform ကနေ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ လက်ရှိမှာတော့…

❤6
မြန်မာစစ်လက်နက်ပွဲစားကွန်ရက်ရဲ့ ရှယ်ယာရင်းနှီးမြှုပ်နှံမှုကို ထိုင်းအာဏာပိုင်တွေ တားမြစ်စုံစမ်းပေးဖို့ JFM တောင်းဆို
CJ Platform
ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Advanced Connection Corporation (ACC) ကုမ္ပဏီရဲ့ ရှယ်ယာအမြောက်အမြားကို မြန်မာစစ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ Sky Aviator ကွန်ရက်က ကုမ္ပဏီတွေကို ရောင်းချဖို့ အတည်ပြုလိုက်ခြင်းနဲ့ သွေးစွန်းငွေတွေကို ထိုင်းနိုင်ငံအတွင်း ခဝါချခွင့် လုံးဝမပေးသင့်ဘူးလို့ Justice For Myanmar (JFM) က ဝေဖန်ထောက်ပြပြီး ထိုင်းအာဏာပိုင်တွေအနေနဲ့ တားမြစ်စုံစမ်းပေးဖို့ ဒီကနေ့ မေ ၁ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/152026-2/

❤7
လေပြင်းကြောင့် ကျုံပျော်ရှိ မိုးမခရွှေစည်းခုံစေတီတော် ပြိုကျပျက်စီး
CJ Platform
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု နွားဦးတိုက်ကျောင်းရှိ မိုးမခရွှေစည်းခုံစေတီတော်ဟာ ဧပြီလ ၂၉ ရက်မှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းဒဏ်ကြောင့် တိမ်းစောင်းပြိုပျက်သွားတယ်လို့ နွားဦးတိုက်ဆရာတော်ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် သိရပါတယ်။
အဆိုပါစေတီတော်ဟာ နွားဦးတိုက်ဆရာတော်နဲ့ ထူးခန့်ကျော်တို့ ဦးဆောင်ပြီး ထီးတော်တင်လှူဒါန်းထားတဲ့ စေတီတစ်ဆူဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက် ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် အခုလို တိမ်းစောင်းပြိုကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဖီးစလောင် မိုးမခရွှေစည်းခုံစေတီတော်ကြီးပါ။ ဆရာထူးခန့်ကျော် ထီးတင်သွားတဲ့ စေတီတော်ကြီး၊ မိုးမခစေတီတော်ကြီးဟာ မနေ့က (ဧပြီ ၂၉) လေခသွားတာဖြစ်ပါတယ်။ လေပြင်းမုန်တိုင်းကြီး တိုက်လိုက်တာ လေကြောင်းမိပြီးတော့ ဇောက်ထိုးဂျွမ်းပြန် စေတီတော်ကြီးဘေးကို စောင်းသွားတာဖြစ်ပါတယ်” လို့ နွားဦးတိုက်ဆရာတော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မနေ့က ဧပြီ ၃၀ ရက်မှာ မိန့်ဆိုထားပါတယ်။
မိုးမခစေတီတော်ကြီးဟာ ရွှေစည်းခုံပုံတူ ဉာဏ်တော်အမြင့် ၃၇ ပေရှိ စတီးစေတီတော်ကြီးဖြစ်ပြီး နွားဦးတိုက်ဆရာတော်ဘုရား စီစဉ်ညွှန်ကြားမှုဖြင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းမှာ ထူးခန့်ကျော်က ထီးတော်တင်ပူဇော်ပေးခဲ့တဲ့ စေတီတစ်ဆူ ဖြစ်ပါတယ်။
လက်ရှိမှာ လေပြင်းဒဏ်ကြောင့် စေတီတော်ရဲ့ အုတ်ခုံရိုးပါ ကွဲပြဲတိမ်းစောင်းလျက်ရှိပြီး ပြန်လည်ပြုပြင်ရေးအတွက် နွားဦးတိုက်ဆရာတော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Facebook နဲ့ TikTok စာမျက်နှာတွေကနေ အလှူခံမှုတွေ ပြုလုပ်လျက်ရှိပါတယ်။
ဒေသတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ ပြိုကျပျက်စီးနေချိန် ဆရာတော်ရဲ့ အခုလို လူမှုကွန်ရက်စာမျက်နှာတွေမှာ အလှူခံပြုလုပ်မှုအပေါ် ဒေသခံတွေနဲ့ လူမှုကွန်ရက်အသုံးပြုသူအချို့ကလည်း ဝေဖန်သုံးသပ်မှု မှတ်ချက်တွေလည်း ရှိနေပါတယ်။
#CJPlatform #ဧရာဝတီတိုင်း #ကျုံပျော်မြို့နယ် #မိုးမခရွှေစည်းခုံစေတီတော် #လေပြင်းဒဏ်

❤3👍2👎2🔥1😁1
နေပြည်တော်မှာ ဘုရားဖူးပြီး ပြန်လာတဲ့ သုံးဘီးတစ်စီးတိမ်းမှောက်ရာမှ ၁ ဦးသေ ၁၂ ဦးဒဏ်ရာရ
CJ Platform
နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဧပြီလ ၃၀ ရက် မနက် ၁၀ နာရီက ဗုဒ္ဓဂါယာဘုရားဖူးပြီး ပြန်လာတဲ့ သုံးဘီးယာဉ်တစ်စီး အရှိန်မထိန်းဘဲ တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/152026-3/

👍2👎1😁1
ဓာတ်ပုံတစ်ပုံနဲ့ အငြင်းပွားနေမှာလား ခဲပစ်သူ ရှာမလား
CJ Platform
အတုယောင်ရွေးကောက်ပွဲကို အသုံးချပြီး ကိုယ်တိုင်ခန့် သမ္မတလုပ်ဆောင်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတဖြစ်ပါတယ်လို့ လူသိခံရဖို့အရေး နိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးတာတွေ တောက်လျှောက်ဆိုသလို လုပ်လာခဲ့ပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/152026-4/

😁3👍2❤1
အပူပျံတက်မိုးတိမ်တွေကြောင့် မိုးသက်လေပြင်း အန္တရာယ်နဲ့အတူ နေပြည်တော်အတွက် စိုက်ပျိုးမိုးလေဝသ
CJ Platform
CJ Platform ကညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ နေပြည်တော်က တောင်သူဦးကြီးတွေအတွက် အရေးပါလှတဲ့ တစ်ပတ်တာ စိုက်ပျိုးမိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် မေလ ၂ရက် စနေနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို မပြောပြမီ ပထမဆုံး ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်နဲ့ မိုးရွာသွန်းမယ့် အခြေအနေကို ပြောပြလိုပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်း လေထု မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေပြီး ပင်လယ်ပြင်က စိုထိုင်းဆတွေကလည်း မြန်မာနိုင်ငံအတွင်း စီးဝင်နေပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #SummerStorm #မိုးသက်လေပြင်း #မီးဘေးသတိပေးချက် #စိုက်ပျိုးရေးသတင်း #နေပြည်တော်
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/3xVBP-vaDJc

👍5
အမျိုးသားတစ်ဦးကို ကျားဖောင်လုပ်ငန်းသို့ ရောင်းစားခဲ့သူကို ထောင်ဒဏ် ၇ နှစ်အမိန့်ချ၊ ညှင်းပန်းနှိပ်စက်သူကို မမိသေး
CJ Platform
ရေးမှာ အမျိုးသားတစ်ဦးကို လိမ်လည်ခေါ်ယူပြီး ကျားဖောင်လုပ်ငန်းကို ရောင်းစားခဲ့တဲ့ အမျိုးသားတစ်ဦးကို ရေးခရိုင်တရားရုံးက ဧပြီ ၂၇ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇နှစ် ချမှတ်ခဲ့ပေမယ့် ကျားဖောင်ဦးစီးကိုတော့ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/252026-2/

🔥7🤬2
ဒီကနေ့ မေလ (၂) ရက် စနေနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မြို့နယ် ၁၃ ခုမှာ မိုးကြီးနိုင်
CJ Platform
ဒီကနေ့ မေလ ၂ ရက်၊ စနေနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။ပထမဆုံးအနေနဲ့ ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်နဲ့ မုတ်သုံလေ ဝင်ရောက်နိုင်တဲ့ အခြေအနေကို ပြောပြလိုပါတယ်။ လက်ရှိ မုတ်သုံအကြိုကာလအတွင်း နေလမ်းကြောင်းအတိုင်း လှည့်ပတ်နေတဲ့ မိုးတိမ်လမ်းကြောင်း (ITCZ) ဟာ အီကွေတာတစ်လျှောက် အလျားလိုက် ဖြစ်ပေါ်နေပြီး၊ မြန်မာနိုင်ငံရှိရာ မြောက်ဘက်ကို တဖြည်းဖြည်း တိုးဝင်လာနေပါတယ်။ ဒါဟာ အနောက်တောင် မုတ်သုံလေကို စနစ်တကျ ဝင်ရောက်လာဖို့ အစပျိုးနေတာလည်း ဖြစ်ပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #MonsoonForecast #StormUpdate #မုန်တိုင်းသတိပေးချက် #မိုးသက်လေပြင်း #ရခိုင်ပြည်
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/eOxnA8JWHMI

❤9
နေပြည်တော်၊ မိုးစွေ-လွင်သာယာကားလမ်းတွင် ဝါးကားတစ်စီး ချောက်ထဲထိုးကျ၊ ၈ ဦးသေဆုံး
CJ Platform
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုးစွေ-လွင်သာယာကားလမ်းမမှာ ဒီကနေ့ မေ ၂ရက် နေ့လယ် ၃ နာရီက ဝါးကားတစ်စီး ချောက်ထဲထိုးကျခဲ့ရာ အမျိုးသား ၈ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2520264-2/

👎3😱2❤1
ရွှေပြည်သာမှာ ထင်းမီးဖိုဖြင့် ထမင်းအိုးတည်ရာမှ မီးလောင်မှုဖြစ်၊ နေအိမ် ၃ လုံး မီးထဲပါသွား
CJ Platform
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အမှတ် ၉ ရပ်ကွက် ရာဇဓိရာဇ်လမ်းမှာ ဒီကနေ့ မေ ၂ရက် နေ့လယ် ၂ နာရီ ၄၀မိနစ်ဝန်းကျင်က ထင်းမီးဖိုဖြင့် ထမင်းချက်သည့်အိမ်မှ မီးလောင်ခဲ့ရာမှ နေအိမ် ၃ လုံး မီးလောင်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
က ရာဇဓိရာဇ်လမ်းရှိ နေအိမ်တစ်အိမ်မှာ ထင်းမီးဖိုဖြင့် ထမင်းချက်ရာ ထင်းမီးက ဘေးထရံကို ကူးစက်ကာ မီးလောင်ခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"ထင်းနဲ့ ထမင်းအိုးတည်ထားရင်း အိမ်ရှင်က အပြင်မှာ စျေးသွားဝယ်နေတဲ့အချိန် ထင်းမီးက ဝါးထရံကို မီးစွဲပြီးလောင်တာ။ ဘေးအိမ် ၂ လုံးလည်း မီးထဲပါသွားတာ။ ဓနိမိုး၊ ထရံကာအိမ်တွေဆိုတော့ မီးလောင်တာ မြန်တယ်" လို့ ပြောပါတယ်။
အဆိုပါ မီးလောင်မှုကို ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့က မီးသတ်ကား ၅ စီးနဲ့ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ရာ ဆယ်မိနစ်အတွင်း မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။
"ပူပြင်းတဲ့ရာသီဆိုတော့ ထမင်းအိုးတည်တာ၊ မီးပူတိုက်တာ၊ ဖုန်းအားသွင်းတာ၊ ရေမောင်းတာကအစ မီးကို ဂရုစိုက်စေချင်တယ်။ အခုရက်နောက်ပိုင်း မီးလောင်မှုဖြစ်စဉ်တွေမှာ သတိမထားမိရာကနေ မီးလောင်တာများတယ်။ ဘာကြောင့်ပဲလောင်လောင် အိမ်ရှင်က အရေးယူခံရမှာပဲ" လို့ ရှင်းပြပါတယ်။
လက်ရှိအခြေအနေတွင် မီးစတင်လောင်ကျွမ်းခဲ့သည့်နေအိမ်မှ အိမ်ရှင်ဖြစ်သူ ဒေါ်စန်းစန်းတိုးကို ရွှေပြည်သာမြို့နယ်ရဲစခန်းက မီးပေါ့ဆမှုပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နဲ့ ၁၈ ရက်ကလည်း ရွှေပြည်သာစက်မှုဇုန်မှာ ဖော့စက္ကူဘူးစက်ရုံနဲ့ အထည်ချုပ်စက်ရုံ မီးလောင်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ဓာတ်ပုံ - ဒေသခံမီးသတ်
#CJPlatform #ရန်ကုန်တိုင်း #ရွှေပြည်သာမြို့နယ် #မီးလောင်မှု #မီးပေါ့ဆမှု

👎3👍1
ဝါးကားတိမ်းမှောက်မှုမှာ သေဆုံးသူ ၁၇ ဦးအထိ ရှိလာ
CJ Platform
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုးစွေ-လွင်သာယာကားလမ်းမမှာ ဒီကနေ့ နေ့လယ် ၃ နာရီက ဝါးကားတစ်စီး ချောက်ထဲထိုးကျခဲ့ရာ သေဆုံးသူ ၁၇ ဦးအထိ ရှိလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အခင်းဖြစ်ပွားချိန်တွင် သေဆုံးသူ အမျိုးသား ၈ ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်နေချိန် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၇ ဦးရဲ့ ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးရုံလိုက်ပို့ချိန် အမျိုးသား ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"ကားချောက်ထဲကျတဲ့အချိန် ၈ ယောက်သေတာ တွေ့တယ်။ ကယ်ဆယ်ရေးလုပ်ရင်း အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၇ ယောက် အလောင်းတွေ တွေ့ရတယ်။ ဒဏ်ရာရတဲ့သူက ၁၈ ယောက်ရှိတယ်။ ဆေးရုံပို့တဲ့လမ်းမှာ ၁ ယောက် ထပ်သေတယ်။ သေတဲ့သူတွေက ဝါးခုတ်စားတဲ့ ဒေသခံတွေ" လို့ ရှင်းပြပါတယ်။
လက်တလောမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို နေပြည်တော် ခုတင် ၁၀၀၀ နဲ့ တောင်ညိုဆေးရုံကို ပို့ဆောင်ထားတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
သေဆုံးသူတွေဟာ ဒီကနေ့ နေ့လယ် ၃ နာရီက ဥတ္တရသီရိမြို့နယ်မှာ ဝါးခုတ်ပြီး ပြန်လာချိန် မိုးစွေ-လွင်သာယာ တောင်တက်လမ်းမှာ အရှိန်မထိန်းနိုင်ဘဲ ကားချောက်ထဲထိုးကျခဲ့တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်ကလည်း ပျဉ်းမနား-တောင်ညိုလမ်းမှာ ဇော်လေးနိုင် ဇာတ်အဖွဲ့ကား ချောက်ထဲထိုးကျပြီး ၁၂ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #နေပြည်တော် #ဥတ္တရသီရိမြို့နယ် #ယာဉ်တိုက်မှု #ဝါးကားမှောက် #ချောက်ထဲကျ #သေဆုံးမှု

😱5👎2😭1
ဒေသ ( ၁၀ )ခုအတွက် မိုးသည်းထန်မယ့် သတိပေးချက်နဲ့အတူ မကွေးတိုင်းအတွက် စိုက်ပျိုးမိုးလေဝသ
CJ Platform
CJ Platform ကညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ မကွေးတိုင်းက တောင်သူဦးကြီးတွေအတွက် အရေးကြီးလှတဲ့ တစ်ပတ်တာအတွက် စိုက်ပျိုးမိုးလေဝသအခြေအနေတွေကို ပြောပြသွားပါမယ်။မနက်ဖြန် မေလ ၃ရက် တနင်္ဂနွေနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို မပြောပြမီ ပထမဆုံး ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်နဲ့ မိုးရွာသွန်းမယ့် အခြေအနေကို ပြောပြလိုပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်း လေထုမငြိမ်သက်မှုတွေ ဖြစ်ပေါ်နေပြီး ပင်လယ်ပြင်က စိုထိုင်းဆတွေကလည်း မြန်မာနိုင်ငံအတွင်း စီးဝင်နေပါတယ်။ ဒါကြောင့် လက်ရှိ မုတ်သုံအကြိုကာလအတွင်း အပူရှိန်နဲ့ စိုထိုင်းဆတွေ ပေါင်းစပ်ပြီး အပူပျံတက်မိုးတိမ်တွေ အားကောင်းစွာ ဖြစ်ထွန်းနေပါတယ်
#CJPlatform #မိုးလေဝသ #WeatherUpdate #RiverWaterLevel #မြစ်ရေအခြေအနေ #စိုက်ပျိုးရေးသတင်း #မကွေးတိုင်း #မိုးသက်လေပြင်း
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/52K1ExRtFd0

❤6👍3
နွေအထွက် မိုးအဝင် ဘာတွေ ဖြစ်လာနိုင်သလဲ ?
CJ Platform
CJ Platform က အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ တင်ဆက်ပေးနေတဲ့ တစ်ပတ်တာအတွက် မိုးလေဝခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။ဒီကနေ့ မေလ ၃ ရက်နေ့ကနေ မေလ ၉ ရက်နေ့အထိ တစ်ပတ်အတွင်း ဖြစ်ပေါ်လာမယ့် မိုးလေဝသ အခြေအနေတွေကို မပြောပြခင် ပထမဆုံး ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်နဲ့ မုတ်သုံလေ ဝင်ရောက်နိုင်တဲ့ အခြေအနေကို ပြောပြလိုပါတယ်။ အမေရိကန်အခြေစိုက် ကမ္ဘာ့မိုးလေဝသဌာန (NOAA) နဲ့ ဩစတြေးလျ မိုးလေဝသဗျူရို (BOM) တို့ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်တွေအရ... မိုးတိမ်တွေ ဖြစ်ထွန်းလာနိုင်တဲ့ MJO လေစီးကြောင်းဟာ အိန္ဒိယသမုဒ္ဒရာအတွင်းကို ရောက်ရှိလာပေမဲ့ အားပျော့သွားတာကို တွေ့ရပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #WeeklyForecast #MonsoonForecast #အပူချိန်မြင့်တက်မည် #မိုးသက်လေပြင်း #မုတ်သုံမိုး
Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/awxl19ycEQU

❤4👍2
မြန်အောင်မြို့မှာ တစ်သောင်းတန်ငွေစက္ကူအတု ၄၇အုပ်နဲ့အတူ သယ်ဆောင်လာသူ ၈ဦး ဖမ်းမိ
CJ Platform
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် မလာကာကုန်းစစ်ဆေးရေးဂိတ်တွင် ဧပြီ ၂ ရက် ညနေ ၄ နာရီခွဲက အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးကို တစ်သောင်းတန်ငွေစက္ကူအတု သိန်း ၄၇၀ နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်အုပ်စုတပ်နဲ့ ရဲတွေက မြန်အောင်မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်မှာ သတင်းအရ ကားနှစ်စီးကို ရှာဖွေစစ်ဆေးခဲ့ရာ တစ်သောင်းတန်ငွေစက္ကူအတု ရွက်ရေ ၄,၇၀၀ နဲ့အတူ ဖမ်းဆီးရမိတာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"ကားနှစ်စီးကို စစ်တာ တိုရိုတာပရိုဘောက်စ်ကားရယ်၊ နောက်တစ်စီးက တိုရိုတာကရောင်းကားရယ်၊ အဲဒီကားပေါ်ကနေ တစ်သောင်းတန် တစ်ရာစည်း ၄၇ အုပ် မိတာ။ လူတွေရော ကားတွေရော မြန်အောင်ရဲစခန်းကို ခေါ်သွားတယ်" လို့ ပြောပါတယ်။
လက်တလောမှာ တစ်သောင်းတန်ငွေစက္ကူအတု လက်ဝယ်တွေ့ရှိသူ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးကို မြန်အောင်မြို့မရဲစခန်းက စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်ကလည်း အင်္ဂပူမြို့နယ် ထူးကြီးမြို့မှာ တစ်သောင်းတန်ငွေစက္ကူပြုလုပ်သူတစ်ဦးကို စစ်အုပ်စုလက်အောက်ခံရဲတွေက ဖမ်းမိခဲ့ပါတယ်။
အလားတူပင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်ကလည်း လေးမျက်နှာမြို့နယ်မှာ ၁ သောင်းကျပ်တန် ငွေစက္ကူအတု အသုံးပြုသူတစ်ဦးကို စစ်အုပ်စုလက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် တစ်သောင်းတန်၊ ငါးထောင်တန် ငွေစက္ကူအတု ပြုလုပ်သူတွေကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နဲ့ ရှမ်းပြည်တို့မှာ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူဦးရေ ၇၄ ဦး ထိရှိခဲ့ပါတယ်။
#CJPlatform #ဧရာဝတီတိုင်း #မြန်အောင်မြို့နယ် #ငွေစက္ကူအတု #ဖမ်းဆီးရမိ

👍4😁3🔥1