CJ Platform
5K subscribers
19.6K photos
360 videos
4 files
9.05K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
🔥3👍2
နေအိမ်လိုင်းခန်းတွဲရှေ့ အပေါ့စွန့်သည့်ကိစ္စနဲ့ စကားများရာမှ လူသတ်မှုဖြစ်

CJ Platform

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့ သီတာမြိုင်ရပ်ကွက် ဒေါ်ညွန့်စိန်လမ်းမှာ ဧပြီလ ၂၉ ရက် ည ၈ နာရီက နေအိမ်လိုင်းခန်းတွဲရှေ့ အပေါ့စွန့်သည့်ကိစ္စနဲ့ အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ည ၈ နာရီက ဒေါ်ညွန့်စိန်လမ်းရှိ ဦးဇော်ထွန်း အဆောင်လိုင်းခန်းတွင် ငှားနေသည့် ကိုဇော်မင်းမှာ ၎င်းအခန်းရှေ့တွင် အပေါ့သွားနေသည့် အမျိုးသားတစ်ဦးနဲ့ စကားများရန်ဖြစ်ရာမှ ဓားနဲ့ ထိုးသတ်ခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"ဦးဇော်ထွန်းအဆောင်မှာ ဖြစ်တာ။ အဲဒီမှာ ငှားနေတဲ့သူက သူ့အခန်းရှေ့မှာ သေးလာပေါက်တဲ့သူနဲ့ တစ်ယောက်တစ်ခွန်း စကားများရင်း စိတ်မထိန်းနိုင်ဘဲ ဓားနဲ့ ထိုးသတ်လိုက်တာ ပွဲချင်းပြီး သေသွားတယ်။ ဓားနဲ့ထိုးတဲ့သူလည်း ညတွင်းချင်း ဖမ်းမိတယ်" လို့ ပြောပါတယ်။

သေဆုံးသူမှာ ကျောက်တန်းမြို့နယ် ရွှေပြည်သာရပ်ကွက်နေ အသက် ၄၀ အရွယ် ကိုအောင်ခင်ဇော်ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

လက်တလောမှာ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုဇော်မင်းကို ကျောက်တန်းမြို့မရဲစခန်းက (ပ) အမှတ် ၃၈/၂၀၂၆၊ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်ကလည်း ကျောက်တန်းမြို့နယ်၊ ရွာသစ်ကလေးကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာမှာ နေထိုင်ဖို့ မြေနေရာမပေး၍ မွေးစားမိဘနှစ်ပါးကို မွေးစားသားဖြစ်သူက ပြန်သတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ရန်ကုန်တိုင်း #ကျောက်တန်းမြို့နယ် #လူသတ်မှု #အမှုဖွင့်
🔥2❤1😱1🤬1
🔥2🤬1
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်ချုပ် နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲထားရှိကြောင်း ကြေညာ
မုတ်သုံအစပျိုးချိန်မှာ ဘာတွေသတိပြုဖို့လိုလဲ သတိပေးချက်နဲ့အတူ မန္တလေးတိုင်းအတွက် စိုက်ပျိုးမိုးလေဝသ

CJ Platform

CJ Platform က ညစဉ်တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ မန္တလေးတိုင်းက တောင်သူဦးကြီးတွေအတွက် အရေးပါလှတဲ့ တစ်ပတ်တာ စိုက်ပျိုးမိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် မေလ ၁ရက်နေ့ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို မပြောပြမီ ပထမဦးဆုံး လေစီးကြောင်း အပြောင်းအလဲနဲ့ မုတ်သုံလေ ဝင်ရောက်နိုင်တဲ့ အခြေအနေကို ပြောပြလိုပါတယ်။ အနောက်တောင် မုတ်သုံလေဟာ လက်ရှိမှာ စတင် အစပျိုးနေပြီဖြစ်ပြီး၊ လာမယ့် မေလ (၁၂) ရက်နေ့ကစတင်ကာ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ သိသိသာသာ အားကောင်းလာတော့မှာ ဖြစ်ပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #MonsoonForecast #SummerStorm #စိုက်ပျိုးရေးသတင်း #မန္တလေးတိုင်း #မိုးသက်လေပြင်း
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/p5o7kO3nnek
👍5
ဒီကနေ့ မေ ၁ ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မိုးမျှော်နေကြလား

CJ Platform

ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ နိုင်ငံတစ်ဝန်းက အလုပ်သမား ပြည်သူများအားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ CJ Platform ကနေ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ လက်ရှိမှာတော့ မုတ်သုံအကြိုကာလအတွင်း အပူပျံတက်တိမ်တွေကြောင့် နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုတွေ ရှိနေပြီး၊ မိုးသည်းထန်တာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နေပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်းရှိ အလုပ်သမား ပြည်သူတွေအနေနဲ့ အလုပ်သွား၊ အလုပ်ပြန် အချိန်တွေမှာ သတိနဲ့ သွားလာကြဖို့နဲ့ ထီး၊ မိုးကာ စတာတွေကို မဖြစ်မနေ ယူဆောင်သွားကြဖို့ သတိပေး နှိုးဆော်ချင်ပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #MayDay #အလုပ်သမားနေ့ #MonsoonForecast #မုတ်သုံလေ #ရခိုင်ပြည် #မိုးသက်လေပြင်းသတိပေးချက်
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/HpKUF0ceA60
❤6
မြန်မာစစ်လက်နက်ပွဲစားကွန်ရက်ရဲ့ ရှယ်ယာရင်းနှီးမြှုပ်နှံမှုကို ထိုင်းအာဏာပိုင်တွေ တားမြစ်စုံစမ်းပေးဖို့ JFM တောင်းဆို

CJ Platform

ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Advanced Connection Corporation (ACC) ကုမ္ပဏီရဲ့ ရှယ်ယာအမြောက်အမြားကို မြန်မာစစ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ Sky Aviator ကွန်ရက်က ကုမ္ပဏီတွေကို ရောင်းချဖို့ အတည်ပြုလိုက်ခြင်းနဲ့ သွေးစွန်းငွေတွေကို ထိုင်းနိုင်ငံအတွင်း ခဝါချခွင့် လုံးဝမပေးသင့်ဘူးလို့ Justice For Myanmar (JFM) က ဝေဖန်ထောက်ပြပြီး ထိုင်းအာဏာပိုင်တွေအနေနဲ့ တားမြစ်စုံစမ်းပေးဖို့ ဒီကနေ့ မေ ၁ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/152026-2/
❤7
လေပြင်းကြောင့် ကျုံပျော်ရှိ မိုးမခရွှေစည်းခုံစေတီတော် ပြိုကျပျက်စီး

CJ Platform

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ဇရစ်ရိုးကျေးရွာအုပ်စု နွားဦးတိုက်ကျောင်းရှိ မိုးမခရွှေစည်းခုံစေတီတော်ဟာ ဧပြီလ ၂၉ ရက်မှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းဒဏ်ကြောင့် တိမ်းစောင်းပြိုပျက်သွားတယ်လို့ နွားဦးတိုက်ဆရာတော်ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် သိရပါတယ်။

အဆိုပါစေတီတော်ဟာ နွားဦးတိုက်ဆရာတော်နဲ့ ထူးခန့်ကျော်တို့ ဦးဆောင်ပြီး ထီးတော်တင်လှူဒါန်းထားတဲ့ စေတီတစ်ဆူဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက် ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် အခုလို တိမ်းစောင်းပြိုကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ဖီးစလောင် မိုးမခရွှေစည်းခုံစေတီတော်ကြီးပါ။ ဆရာထူးခန့်ကျော် ထီးတင်သွားတဲ့ စေတီတော်ကြီး၊ မိုးမခစေတီတော်ကြီးဟာ မနေ့က (ဧပြီ ၂၉) လေခသွားတာဖြစ်ပါတယ်။ လေပြင်းမုန်တိုင်းကြီး တိုက်လိုက်တာ လေကြောင်းမိပြီးတော့ ဇောက်ထိုးဂျွမ်းပြန် စေတီတော်ကြီးဘေးကို စောင်းသွားတာဖြစ်ပါတယ်” လို့ နွားဦးတိုက်ဆရာတော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မနေ့က ဧပြီ ၃၀ ရက်မှာ မိန့်ဆိုထားပါတယ်။

​ မိုးမခစေတီတော်ကြီးဟာ ရွှေစည်းခုံပုံတူ ဉာဏ်တော်အမြင့် ၃၇ ပေရှိ စတီးစေတီတော်ကြီးဖြစ်ပြီး နွားဦးတိုက်ဆရာတော်ဘုရား စီစဉ်ညွှန်ကြားမှုဖြင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းမှာ ထူးခန့်ကျော်က ထီးတော်တင်ပူဇော်ပေးခဲ့တဲ့ စေတီတစ်ဆူ ဖြစ်ပါတယ်။

လက်ရှိမှာ လေပြင်းဒဏ်ကြောင့် စေတီတော်ရဲ့ အုတ်ခုံရိုးပါ ကွဲပြဲတိမ်းစောင်းလျက်ရှိပြီး ပြန်လည်ပြုပြင်ရေးအတွက် နွားဦးတိုက်ဆရာတော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Facebook နဲ့ TikTok စာမျက်နှာတွေကနေ အလှူခံမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

ဒေသတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ ပြိုကျပျက်စီးနေချိန် ဆရာတော်ရဲ့ အခုလို လူမှုကွန်ရက်စာမျက်နှာတွေမှာ အလှူခံပြုလုပ်မှုအပေါ် ဒေသခံတွေနဲ့ လူမှုကွန်ရက်အသုံးပြုသူအချို့ကလည်း ဝေဖန်သုံးသပ်မှု မှတ်ချက်တွေလည်း ရှိနေပါတယ်။

#CJPlatform #ဧရာဝတီတိုင်း #ကျုံပျော်မြို့နယ် #မိုးမခရွှေစည်းခုံစေတီတော် #လေပြင်းဒဏ်
❤3👍2👎2🔥1😁1
🔥1
နေပြည်တော်မှာ ဘုရားဖူးပြီး ပြန်လာတဲ့ သုံးဘီးတစ်စီးတိမ်းမှောက်ရာမှ ၁ ဦးသေ ၁၂ ဦးဒဏ်ရာရ

CJ Platform

နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဧပြီလ ၃၀ ရက် မနက် ၁၀ နာရီက ဗုဒ္ဓဂါယာဘုရားဖူးပြီး ပြန်လာတဲ့ သုံးဘီးယာဉ်တစ်စီး အရှိန်မထိန်းဘဲ တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/152026-3/
👍2👎1😁1
ဓာတ်ပုံတစ်ပုံနဲ့ အငြင်းပွားနေမှာလား ခဲပစ်သူ ရှာမလား

CJ Platform

အတုယောင်ရွေးကောက်ပွဲကို အသုံးချပြီး ကိုယ်တိုင်ခန့် သမ္မတလုပ်ဆောင်ခဲ့တဲ့ စစ်ခေါင်း​ဆောင် မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတဖြစ်ပါတယ်လို့ လူသိခံရဖို့အရေး နိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးတာတွေ တောက်လျှောက်ဆိုသလို လုပ်လာခဲ့ပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/152026-4/
😁3👍2❤1
အပူပျံတက်မိုးတိမ်တွေကြောင့် မိုးသက်လေပြင်း အန္တရာယ်နဲ့အတူ နေပြည်တော်အတွက် စိုက်ပျိုးမိုးလေဝသ

CJ Platform

CJ Platform ကညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ နေပြည်တော်က တောင်သူဦးကြီးတွေအတွက် အရေးပါလှတဲ့ တစ်ပတ်တာ စိုက်ပျိုးမိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် မေလ ၂ရက် စနေနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို မပြောပြမီ ပထမဆုံး ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်နဲ့ မိုးရွာသွန်းမယ့် အခြေအနေကို ပြောပြလိုပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်း လေထု မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေပြီး ပင်လယ်ပြင်က စိုထိုင်းဆတွေကလည်း မြန်မာနိုင်ငံအတွင်း စီးဝင်နေပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #SummerStorm #မိုးသက်လေပြင်း #မီးဘေးသတိပေးချက် #စိုက်ပျိုးရေးသတင်း #နေပြည်တော်

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/3xVBP-vaDJc
👍5
အမျိုးသားတစ်ဦးကို ကျားဖောင်လုပ်ငန်းသို့ ရောင်းစားခဲ့သူကို ထောင်ဒဏ် ၇ နှစ်အမိန့်ချ၊ ညှင်းပန်းနှိပ်စက်သူကို မမိသေး

CJ Platform

ရေးမှာ အမျိုးသားတစ်ဦးကို လိမ်လည်ခေါ်ယူပြီး ကျားဖောင်လုပ်ငန်းကို ရောင်းစားခဲ့တဲ့ အမျိုးသားတစ်ဦးကို ရေးခရိုင်တရားရုံးက ဧပြီ ၂၇ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇နှစ် ချမှတ်ခဲ့ပေမယ့် ကျားဖောင်ဦးစီးကိုတော့ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/252026-2/
🔥7🤬2
ဒီကနေ့ မေလ (၂) ရက် စနေနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မြို့နယ် ၁၃ ခုမှာ မိုးကြီးနိုင်

CJ Platform

ဒီကနေ့ မေလ ၂ ရက်၊ စနေနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။ပထမဆုံးအနေနဲ့ ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်နဲ့ မုတ်သုံလေ ဝင်ရောက်နိုင်တဲ့ အခြေအနေကို ပြောပြလိုပါတယ်။ လက်ရှိ မုတ်သုံအကြိုကာလအတွင်း နေလမ်းကြောင်းအတိုင်း လှည့်ပတ်နေတဲ့ မိုးတိမ်လမ်းကြောင်း (ITCZ) ဟာ အီကွေတာတစ်လျှောက် အလျားလိုက် ဖြစ်ပေါ်နေပြီး၊ မြန်မာနိုင်ငံရှိရာ မြောက်ဘက်ကို တဖြည်းဖြည်း တိုးဝင်လာနေပါတယ်။ ဒါဟာ အနောက်တောင် မုတ်သုံလေကို စနစ်တကျ ဝင်ရောက်လာဖို့ အစပျိုးနေတာလည်း ဖြစ်ပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #MonsoonForecast #StormUpdate #မုန်တိုင်းသတိပေးချက် #မိုးသက်လေပြင်း #ရခိုင်ပြည်


Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/eOxnA8JWHMI
❤9
နေပြည်တော်၊ မိုးစွေ-လွင်သာယာကားလမ်းတွင် ဝါးကားတစ်စီး ချောက်ထဲထိုးကျ၊ ၈ ဦးသေဆုံး

CJ Platform

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မိုးစွေ-လွင်သာယာကားလမ်းမမှာ ဒီကနေ့ မေ ၂ရက် နေ့လယ် ၃ နာရီက ဝါးကားတစ်စီး ချောက်ထဲထိုးကျခဲ့ရာ အမျိုးသား ၈ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2520264-2/
👎3😱2❤1