CJ Platform
5K subscribers
19.6K photos
360 videos
4 files
9.05K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
😁3🔥1
ယောဒေသ စစ်ရှောင်စခန်းတွင် ကလေးများ ပညာဆက်လက်သင်ကြားရန် အခက်အခဲများကြုံ
 
CJ Platform
 
မကွေးတိုင်း၊ ကျောက်ထုမြို့နယ် (ယောဒေသ) ရှိ တောင်ဇလပ်စစ်ရှောင်စခန်းက စစ်ဘေးရှောင်ကလေးသူငယ်တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့အရေး ဆရာ၊ ဆရာမ အင်အားမလုံလောက်မှု၊ လုံခြုံရေးအန္တရာယ်တွေနဲ့ စားဝတ်နေရေးအခက်အခဲတွေအကြားမှာ ရုန်းကန်နေရတယ်လို့ ဒေသတွင်း လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။
 Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2942026-5/
😢3👎2🔥1
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မေလ ၁၁ ရက်မှာ ခံဝန်နဲ့လွတ်မယ်

CJ Platform

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို လာမယ့် မေလ ၁၁ ရက်မှာ ခံဝန်နဲ့လွှတ်ပေးမှာဖြစ်ပေမယ့် အီလက်ထရောနစ်စောင့်ကြည့်ကိရိယာ (EM) ကိုတော့ ကျန်ရှိပြစ်ဒဏ်ပြီးဆုံးချိန်အထိ ဝတ်ဆင်ထားရမှာဖြစ်တယ်လို့ ထိုင်းသတင်းဌာန The Nation က ဒီနေ့ ဧပြီ ၃၀ ရက်မှာ ဖော်ပြထားပါတယ်။

မနေ့ ဧပြီ ၂၉ ရက်မှာ ဘန်ကောက်ပို့စ်သတင်းမှာတော့ ခံဝန်နဲ့လွတ်လာမယ့် သက်ဆင်အနေနဲ့ EM ဝတ်ဆင်စရာမလိုဘူးလို့ ဖော်ပြထားပေမယ့် ဒီနေ့ ဧပြီ ၃၀ ရက် The Nation သတင်းဌာနကတော့ သက်ဆင်အနေနဲ့ ခံဝန်နဲ့ လွတ်မြောက်ချိန် EM ဝတ်ဆင်ဖို့ တရားရုံးက ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

အသက် ၇၆ နှစ်အရွယ် သက်ဆင်ကို ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ပေးမယ့် အခြေအနေနဲ့ပတ်သက်ပြီး သူဟာ အကျဉ်းကျခံနေရတဲ့ ပြစ်ဒဏ်ကာလဟာ တစ်နှစ်ထက်မပိုတော့တာ၊ အကျဉ်းကျခံနေရချိန်ကာလအတွင်း အပြုအမူပိုင်းဆိုင်ရာ တိုးတက်မှုတွေရှိထားပြီး သူ့ရဲ့အမူအကျင့်တွေဟာ ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းကို ဦးတည်နေသလို ပြစ်မှုကျူးလွန်နိုင်ခြေ နည်းပါးတာကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ မနေ့ ဧပြီ ၂၉ ရက်က ပြုလုပ်တဲ့ တရားရေးဝန်ကြီးဌာန ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ကော်မတီ အစည်းအဝေးမှာ နိုင်ငံတစ်ဝန်း ပြစ်ဒဏ်ကျခံနေရသူတွေထဲက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အကျဉ်းသား ၅၀၀ ကို စိစစ်သုံးသပ်ခဲ့ပြီး အခုလို ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Klong Prem ဗဟိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရဆဲဖြစ်တဲ့ သက်ဆင်အနေနဲ့ မေလ ၁၁ ရက်မှာ ခံဝန်နဲ့လွတ်မြောက်လာမယ်ဆိုပေမယ့် ကျန်ရှိပြစ်ဒဏ်ကာလ ၄ လပြည့်ချိန်အထိ ကန့်သတ်ချက်တွေနဲ့ နေထိုင်ရဦးမှာဖြစ်သလို အခုနှစ် စက်တင်ဘာ ၉ ရက်မှသာ အပြည့်အဝ လွတ်မြောက်မှာဖြစ်တယ်လို့ သိရပါတယ်။

သူ့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၉ ရက်မှာ ဗဟိုတရားရုံးက ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ် ပြန်လည်ချမှတ်ခဲ့တာဖြစ်ပြီး သက်ဆင်အနေနဲ့ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေချိန်ကာလအတွင်း လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားလုပ်မှုနဲ့ အဂတိလိုက်စားမှုတွေကို ကျူးလွန်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ - ဘန်ကောက်ပို့စ်
#ထိုင်းနိုင်ငံ #သက်ဆင် #ခံဝန်နဲ့လွတ်မြောက် #လွတ်ငြိမ်းခွင့် #CJPlatform #သတင်း
🔥2👍1
👎2🔥1
မွန်မှာ ဓာတ်အားလွှတ်ပစ္စည်းတွေ ချို့ယွင်းမှုဖြစ်တဲ့အချိန်ကလွဲပြီး ပုံမှန်မီးပေးနေတယ်လို့ ပြည်နယ် လျှပ်စစ်ဝန်ကြီးပြော
မွန်ပြည်မှာ အမှောင်တိကျနေ

CJ Platform

ကြံ့ခိုင်ရေးအစိုးရ တက်လာကတည်းက မွန်ပြည်မှာ လျှပ်စစ်မီးတွေ တောက်လျှောက်ပျက်နေပေမယ့် မွန်ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးဇေယျာဦးက ဓာတ်အားလွှတ်ပစ္စည်းတွေ ချို့ယွင်းမှုဖြစ်တဲ့အချိန်ကလွဲပြီး ပုံမှန်မီးပေးနေတယ်လို့ ပြောကြားခဲ့မှုကို ပြည်သူတွေကို ဝေဖန်နေကြပါတယ်။

ဧပြီလ ၂၉ ရက် မနက်က ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးဇေယျာဦးက မော်လမြိုင်မြို့နယ်က လျှပ်စစ်ဓာတ်အားခွဲရုံတွေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာမှာ "မော်လမြိုင်လျှပ်စစ်ဓာတ်အားခွဲစက်ရုံမှာ ဓာတ်အားလွှတ်ပစ္စည်းများ ချို့ယွင်းမှုဖြစ်ချိန်မှလွဲ၍ ကျန်အချိန်များတွင် ပုံမှန်မီးပေးနေပြီး ပြည်သူများအနေနဲ့လည်း ဝန်အားမျှတစေရန် လျှပ်စစ်မီးကို မလိုအပ်ဘဲ မသုံးစွဲကြဖို့" မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

ကျိုက်ထိုမြို့နယ်မှာ မီးလာတဲ့အချိန်ထက် မီးပျက်တဲ့အချိန်က ပိုများနေပြီး မီးလုံးဝမလာတဲ့နေ့တွေလည်း ရှိတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"မီးက ဘယ်အချိန်လာမယ်ဆိုတာ ခန့်မှန်းလို့မရဘူး။ လာလိုက်ပျက်လိုက် ရက်တွေရှိသလို လုံးဝမီးမလာတဲ့နေ့တွေလည်း ရှိတယ်။ မလိုအပ်ဘဲ လျှပ်စစ်မီးကို မသုံးနဲ့ဆိုတော့ မသိရင် မီးက ပုံမှန်လာနေတာကျတာပဲ" လို့ ဝေဖန်ပြောဆိုပါတယ်။

ရက် ၁၀၀ စီမံချက်တွင် လျှပ်စစ်မီးကို အရင်ကထက် တစ်နေ့ ၂ နာရီပိုပေးမယ်လို့ ပြည်ဝန်ကြီးချုပ်က ကတိပေးပြောဆိုပြီး နောက်ရက် မီး တစ်နေ့ ၂ နာရီသာ လာတော့တယ်လို့ မော်လမြိုင်မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"ကျွန်တော်တို့လက်ထက်မှာ အရင်ကထက် မီး ၂ နာရီ ပိုပေးမယ်လို့ ပြောပြီးကတည်းက မီးမလာတော့တာ တစ်နေ့ ၂ နာရီပဲ လာတယ်။ မီးသာမလာတာ မီတာခကတော့ ပုံမှန်လာကောက်တယ်" လို့ ပြောပါတယ်။

အလားတူပင် ကျိုက်မရော၊ ချောင်းဆုံ၊ သံဖြူဇရပ်နဲ့ မုဒုံမြို့နယ်တွေမှာလည်း လျှပ်စစ်မီးပြတ်တောက်မှုမှာ အရင်ကထက် ဆိုးဝါးလာတယ်လို့ မုဒုံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"မီးလာနေတဲ့အချိန် မိုးမရွာပါစေနဲ့၊ လေမတိုက်ပါနဲ့ ဆုတောင်းနေရတယ်။ မိုးလေးဖွဲဖွဲကျတာနဲ့ မီးပျက်ပြီ။ လေလေးနည်းနည်းတိုက်လည်း မီးပျက်တယ်။ အဲဒီလိုပျက်ပြီးရင် နောက်ရက်မှ မီးပြန်လာတယ်။ ပူလည်းပူ၊ မီးကမလာနဲ့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေ အတော်ဒုက္ခရောက်တာ" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်က စစ်အုပ်စုခန့် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က လျှပ်စစ်မီးကို အရင်ကထက် ပိုတိုးပေးမယ်လို့ ပြောဆိုခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း မီးပျက်ချိန်တွေ ပိုများလာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Pro-SAC
#CJPlatform #မွန်ပြည် #မော်လမြိုင် #လျှပ်စစ်မီး #မီးပျက် #EPC
💩4🔥1🤮1
💩3
သောင်းရင်းမြစ်ကမ်းဘေးမှာ ဒီဇယ်ဆီလီတာပေါင်း ၅,၆၀၀ ကို ထိုင်းအာဏာပိုင်တွေ သိမ်းဆည်းရမိ

CJ Platform

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်း (Tha Song Yang) မြို့နယ် မယ်တန် (Mae Tan) ကျေးရွာအနီး သောင်းရင်းမြစ်ကမ်းဘေးမှာ ဒီဇယ်ဆီတိုင်ကီ ၂၈ လုံးကို ဒီဇယ်ဆီလီတာပေါင်း ၅,၆၀၀ နဲ့အတူ သိမ်းဆည်းရရှိခဲ့တယ်လို့ တာ့ခ်ခရိုင် သတင်းပြန်ကြားရေးက ဒီနေ့ ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ မနက် ၆ နာရီဝန်းကျင်က တာ့ခ်ခရိုင် အစိုးရအဖွဲ့အပါအဝင် ထာ့ဆောင်ယန်းဒေသ အာဏာပိုင်တွေ၊ ဒေသခံရဲတပ်ဖွဲ့နဲ့ နယ်စပ်လုံခြုံရေးအဖွဲ့တွေက သောင်းရင်းမြစ်ကမ်းဘေးမှာရှိတဲ့ ဒီဇယ်ဆီတိုင်ကီတွေကို ရှာဖွေတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

သောင်းရင်းမြစ်ကမ်းဘေးမှာ စွန့်ပစ်ထားတဲ့ ဒီဇယ်ဆီလီတာ ၂၀၀ ပါတဲ့ တိုင်ကီ ၂၈ လုံးကို ထိုင်းအာဏာပိုင်တွေ တွေ့ရှိခဲ့တာဖြစ်ပြီး ပိုင်ရှင်က လာရောက်သယ်ယူတာမျိုး မတွေ့ရတာကြောင့် ဒါဟာ နယ်စပ်ဖြတ်ကျော်ပြီး ဆီမှောင်ခိုသယ်ယူဖို့ ဖြစ်နိုင်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သိမ်းဆည်းရမိတဲ့ ဒီဇယ်ဆီတွေကို သက်သေအနေနဲ့ သိမ်းဆည်းခဲ့ပြီး ထာ့ဆောင်ယန်းရဲစခန်းကို လွှဲပြောင်းပေးခဲ့သလို စက်သုံးဆီ မှောင်ခိုသယ်ယူရာလမ်းကြောင်းတွေကို ခြေရာခံစုံစမ်းစစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကာ ဥပဒေအတိုင်း အရေးယူနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အခုလ ဧပြီ ၂၀ ရက်ကနေ ၂၇ ရက်နေ့အထိ တရားမဝင် သယ်ဆောင်ပြီး မြန်မာဘက်ကိုပို့မယ့် စက်သုံးဆီ ဓာတ်ဆီ၊ ဒီဇယ်ဆီလီတာပေါင်း ၂၃,၆၀၀ ကို မဲဆောက်မြို့နယ်၊ ထာ့ဆောင်ယန်းမြို့နယ်နဲ့ မယ့်ရမတ်မြို့နယ်တို့မှာ ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ တာ့ခ်ခရိုင် သတင်းပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဓာတ်ပုံ - TAK PRD
#CJPlatform #ထိုင်းနိုင်ငံ #တာ့ခ်ခရိုင် #သောင်းရင်းမြစ် #ဒီဇယ်ဆီ #မှောင်ခိုသယ်ယူမှု
🔥3
🔥3👍2
နေအိမ်လိုင်းခန်းတွဲရှေ့ အပေါ့စွန့်သည့်ကိစ္စနဲ့ စကားများရာမှ လူသတ်မှုဖြစ်

CJ Platform

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့ သီတာမြိုင်ရပ်ကွက် ဒေါ်ညွန့်စိန်လမ်းမှာ ဧပြီလ ၂၉ ရက် ည ၈ နာရီက နေအိမ်လိုင်းခန်းတွဲရှေ့ အပေါ့စွန့်သည့်ကိစ္စနဲ့ အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့ည ၈ နာရီက ဒေါ်ညွန့်စိန်လမ်းရှိ ဦးဇော်ထွန်း အဆောင်လိုင်းခန်းတွင် ငှားနေသည့် ကိုဇော်မင်းမှာ ၎င်းအခန်းရှေ့တွင် အပေါ့သွားနေသည့် အမျိုးသားတစ်ဦးနဲ့ စကားများရန်ဖြစ်ရာမှ ဓားနဲ့ ထိုးသတ်ခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"ဦးဇော်ထွန်းအဆောင်မှာ ဖြစ်တာ။ အဲဒီမှာ ငှားနေတဲ့သူက သူ့အခန်းရှေ့မှာ သေးလာပေါက်တဲ့သူနဲ့ တစ်ယောက်တစ်ခွန်း စကားများရင်း စိတ်မထိန်းနိုင်ဘဲ ဓားနဲ့ ထိုးသတ်လိုက်တာ ပွဲချင်းပြီး သေသွားတယ်။ ဓားနဲ့ထိုးတဲ့သူလည်း ညတွင်းချင်း ဖမ်းမိတယ်" လို့ ပြောပါတယ်။

သေဆုံးသူမှာ ကျောက်တန်းမြို့နယ် ရွှေပြည်သာရပ်ကွက်နေ အသက် ၄၀ အရွယ် ကိုအောင်ခင်ဇော်ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

လက်တလောမှာ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုဇော်မင်းကို ကျောက်တန်းမြို့မရဲစခန်းက (ပ) အမှတ် ၃၈/၂၀၂၆၊ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်ကလည်း ကျောက်တန်းမြို့နယ်၊ ရွာသစ်ကလေးကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာမှာ နေထိုင်ဖို့ မြေနေရာမပေး၍ မွေးစားမိဘနှစ်ပါးကို မွေးစားသားဖြစ်သူက ပြန်သတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ရန်ကုန်တိုင်း #ကျောက်တန်းမြို့နယ် #လူသတ်မှု #အမှုဖွင့်
🔥2❤1😱1🤬1
🔥2🤬1
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်ချုပ် နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲထားရှိကြောင်း ကြေညာ
မုတ်သုံအစပျိုးချိန်မှာ ဘာတွေသတိပြုဖို့လိုလဲ သတိပေးချက်နဲ့အတူ မန္တလေးတိုင်းအတွက် စိုက်ပျိုးမိုးလေဝသ

CJ Platform

CJ Platform က ညစဉ်တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ မန္တလေးတိုင်းက တောင်သူဦးကြီးတွေအတွက် အရေးပါလှတဲ့ တစ်ပတ်တာ စိုက်ပျိုးမိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် မေလ ၁ရက်နေ့ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို မပြောပြမီ ပထမဦးဆုံး လေစီးကြောင်း အပြောင်းအလဲနဲ့ မုတ်သုံလေ ဝင်ရောက်နိုင်တဲ့ အခြေအနေကို ပြောပြလိုပါတယ်။ အနောက်တောင် မုတ်သုံလေဟာ လက်ရှိမှာ စတင် အစပျိုးနေပြီဖြစ်ပြီး၊ လာမယ့် မေလ (၁၂) ရက်နေ့ကစတင်ကာ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ သိသိသာသာ အားကောင်းလာတော့မှာ ဖြစ်ပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #MonsoonForecast #SummerStorm #စိုက်ပျိုးရေးသတင်း #မန္တလေးတိုင်း #မိုးသက်လေပြင်း
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/p5o7kO3nnek
👍5
ဒီကနေ့ မေ ၁ ရက် သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်
မိုးမျှော်နေကြလား

CJ Platform

ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ နိုင်ငံတစ်ဝန်းက အလုပ်သမား ပြည်သူများအားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေလို့ CJ Platform ကနေ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ လက်ရှိမှာတော့ မုတ်သုံအကြိုကာလအတွင်း အပူပျံတက်တိမ်တွေကြောင့် နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုတွေ ရှိနေပြီး၊ မိုးသည်းထန်တာ၊ လေပြင်းတိုက်ခတ်တာတွေ ဖြစ်နေပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်းရှိ အလုပ်သမား ပြည်သူတွေအနေနဲ့ အလုပ်သွား၊ အလုပ်ပြန် အချိန်တွေမှာ သတိနဲ့ သွားလာကြဖို့နဲ့ ထီး၊ မိုးကာ စတာတွေကို မဖြစ်မနေ ယူဆောင်သွားကြဖို့ သတိပေး နှိုးဆော်ချင်ပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #MayDay #အလုပ်သမားနေ့ #MonsoonForecast #မုတ်သုံလေ #ရခိုင်ပြည် #မိုးသက်လေပြင်းသတိပေးချက်
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/HpKUF0ceA60
❤6