ဒီကနေ့ ဧပြီ ၃၀ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
CJ Platform
ဒီကနေ့ ဧပြီ ၃၀ ရက်နေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဘုရားသွား ညောင်ရေသွန်းပြီး ကုသိုလ်ယူကြမယ့် အစ်ကို၊အစ်မတို့အတွက် ရာသီဥတုအခြေအနေလေးတွေ ဘယ်လိုရှိမလဲဆိုတာကို ပြောပြသွားပါမယ်။
ပထမဆုံး ကမ္ဘာ့ရာသီဥတု ဖြစ်စဉ်နဲ့ မုတ်သုံလေ အခြေအနေကို ပြောပြလိုပါတယ်။ လက်ရှိ ကမ္ဘာ့မိုးတိမ်ဖြစ်ထွန်းမှု လမ်းကြောင်း (MJO) ဟာ အားနည်းနေပြီး၊ မနက်ဖြန်ကစတင်ကာ အိန္ဒိယသမုဒ္ဒရာအတွင်း ပြန်လည် အားကောင်းလာနိုင်သလို... မိုးတိမ်ဖြစ်ထွန်းမှု တန်ဖိုး (OLR) အရလည်း မိုးရွာသွန်းမှုတွေ ပိုပြီး အားကောင်းလာနိုင်ပါတယ်။
#CJPlatform #မိုးလေဝသ #WeatherUpdate #KasoneFullMoon #ကဆုန်လပြည့် #မိုးသက်လေပြင်း #ရေကြီးမှုသတိပေးချက် #မိုးကောင်းမြို့
Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/g6Q4Bvo6KjA

YouTube
ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ရာသီဥတုအခြေအနေ ဘယ်လိုရှိမလဲ
ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ရာသီဥတုအခြေအနေ ဘယ်လိုရှိမလဲ
ဒီကနေ့ ဧပြီ ၃၀ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်
CJ Platform
ဒီကနေ့ ဧပြီ ၃၀ ရက်နေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဘုရားသွား ညောင်ရေသွန်းပြီး ကုသိုလ်ယူကြမယ့် အစ်ကို၊အစ်မတို့အတွက် ရာသီဥတုအခြေအနေလေးတွေ…

👍4🔥1
မူဆယ်မှာ ကျားဖြန့်လုပ်ကိုင်သူတွေနဲ့ တရားမဝင်နေထိုင်တဲ့ တရုတ် ၂၈ ဦးကို ဖမ်းမိ
CJ Platform
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား စုစုပေါင်း ၂၈ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒီနေ့ထုတ် စစ်အုပ်စုသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မနေ့ ဧပြီ ၂၉ ရက် ညနေပိုင်းက မူဆယ်မြို့ တော်ရွက်ရပ်ကွက် ဖွေဟုန်းနယ်မြေထဲမှာရှိတဲ့ နေအိမ်တစ်လုံးမှာ ကျားဖြန့်လုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာ ၁၂ ဦးတို့ကို ဖုန်းမျိုးစုံ ၂၄ လုံး၊ All in One ကွန်ပျူတာ ၁၉ လုံး၊ TP Link တစ်လုံး၊ ဝိုင်ဖိုင်စက် ၆ လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ထဲက နေအိမ်တစ်လုံးမှာ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်ကာ နေထိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၆ ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုက ဖော်ပြထားပါတယ်။
ကျားဖြန့်နဲ့ အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်သူတွေကို စစ်အုပ်စုက အရှိန်မြှင့်ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပြီး အခုလ ဧပြီ ၂၇ ရက်ကလည်း ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ကိုင်သူ တရုတ်နဲ့ မြန်မာနိုင်ငံသား ၅၂ ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ဓာတ်ပုံ - Pro-SAC
#CJPlatform #ရှမ်းပြည် #မူဆယ်မြို့ #ကျားဖြန့် #တရားမဝင်နေထိုင်မှု #တရုတ်နိုင်ငံသား

❤3😁2👍1🔥1
ယောဒေသ စစ်ရှောင်စခန်းတွင် ကလေးများ ပညာဆက်လက်သင်ကြားရန် အခက်အခဲများကြုံ
CJ Platform
မကွေးတိုင်း၊ ကျောက်ထုမြို့နယ် (ယောဒေသ) ရှိ တောင်ဇလပ်စစ်ရှောင်စခန်းက စစ်ဘေးရှောင်ကလေးသူငယ်တွေ ပညာဆက်လက်သင်ကြားနိုင်ဖို့အရေး ဆရာ၊ ဆရာမ အင်အားမလုံလောက်မှု၊ လုံခြုံရေးအန္တရာယ်တွေနဲ့ စားဝတ်နေရေးအခက်အခဲတွေအကြားမှာ ရုန်းကန်နေရတယ်လို့ ဒေသတွင်း လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2942026-5/

😢3👎2🔥1
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မေလ ၁၁ ရက်မှာ ခံဝန်နဲ့လွတ်မယ်
CJ Platform
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို လာမယ့် မေလ ၁၁ ရက်မှာ ခံဝန်နဲ့လွှတ်ပေးမှာဖြစ်ပေမယ့် အီလက်ထရောနစ်စောင့်ကြည့်ကိရိယာ (EM) ကိုတော့ ကျန်ရှိပြစ်ဒဏ်ပြီးဆုံးချိန်အထိ ဝတ်ဆင်ထားရမှာဖြစ်တယ်လို့ ထိုင်းသတင်းဌာန The Nation က ဒီနေ့ ဧပြီ ၃၀ ရက်မှာ ဖော်ပြထားပါတယ်။
မနေ့ ဧပြီ ၂၉ ရက်မှာ ဘန်ကောက်ပို့စ်သတင်းမှာတော့ ခံဝန်နဲ့လွတ်လာမယ့် သက်ဆင်အနေနဲ့ EM ဝတ်ဆင်စရာမလိုဘူးလို့ ဖော်ပြထားပေမယ့် ဒီနေ့ ဧပြီ ၃၀ ရက် The Nation သတင်းဌာနကတော့ သက်ဆင်အနေနဲ့ ခံဝန်နဲ့ လွတ်မြောက်ချိန် EM ဝတ်ဆင်ဖို့ တရားရုံးက ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
အသက် ၇၆ နှစ်အရွယ် သက်ဆင်ကို ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ပေးမယ့် အခြေအနေနဲ့ပတ်သက်ပြီး သူဟာ အကျဉ်းကျခံနေရတဲ့ ပြစ်ဒဏ်ကာလဟာ တစ်နှစ်ထက်မပိုတော့တာ၊ အကျဉ်းကျခံနေရချိန်ကာလအတွင်း အပြုအမူပိုင်းဆိုင်ရာ တိုးတက်မှုတွေရှိထားပြီး သူ့ရဲ့အမူအကျင့်တွေဟာ ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းကို ဦးတည်နေသလို ပြစ်မှုကျူးလွန်နိုင်ခြေ နည်းပါးတာကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါဟာ မနေ့ ဧပြီ ၂၉ ရက်က ပြုလုပ်တဲ့ တရားရေးဝန်ကြီးဌာန ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ကော်မတီ အစည်းအဝေးမှာ နိုင်ငံတစ်ဝန်း ပြစ်ဒဏ်ကျခံနေရသူတွေထဲက သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အကျဉ်းသား ၅၀၀ ကို စိစစ်သုံးသပ်ခဲ့ပြီး အခုလို ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
Klong Prem ဗဟိုအကျဉ်းထောင်မှာ အကျဉ်းကျခံနေရဆဲဖြစ်တဲ့ သက်ဆင်အနေနဲ့ မေလ ၁၁ ရက်မှာ ခံဝန်နဲ့လွတ်မြောက်လာမယ်ဆိုပေမယ့် ကျန်ရှိပြစ်ဒဏ်ကာလ ၄ လပြည့်ချိန်အထိ ကန့်သတ်ချက်တွေနဲ့ နေထိုင်ရဦးမှာဖြစ်သလို အခုနှစ် စက်တင်ဘာ ၉ ရက်မှသာ အပြည့်အဝ လွတ်မြောက်မှာဖြစ်တယ်လို့ သိရပါတယ်။
သူ့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၉ ရက်မှာ ဗဟိုတရားရုံးက ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ် ပြန်လည်ချမှတ်ခဲ့တာဖြစ်ပြီး သက်ဆင်အနေနဲ့ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေချိန်ကာလအတွင်း လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားလုပ်မှုနဲ့ အဂတိလိုက်စားမှုတွေကို ကျူးလွန်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ - ဘန်ကောက်ပို့စ်
#ထိုင်းနိုင်ငံ #သက်ဆင် #ခံဝန်နဲ့လွတ်မြောက် #လွတ်ငြိမ်းခွင့် #CJPlatform #သတင်း

🔥2👍1
မွန်မှာ ဓာတ်အားလွှတ်ပစ္စည်းတွေ ချို့ယွင်းမှုဖြစ်တဲ့အချိန်ကလွဲပြီး ပုံမှန်မီးပေးနေတယ်လို့ ပြည်နယ် လျှပ်စစ်ဝန်ကြီးပြော
မွန်ပြည်မှာ အမှောင်တိကျနေ
CJ Platform
ကြံ့ခိုင်ရေးအစိုးရ တက်လာကတည်းက မွန်ပြည်မှာ လျှပ်စစ်မီးတွေ တောက်လျှောက်ပျက်နေပေမယ့် မွန်ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးဇေယျာဦးက ဓာတ်အားလွှတ်ပစ္စည်းတွေ ချို့ယွင်းမှုဖြစ်တဲ့အချိန်ကလွဲပြီး ပုံမှန်မီးပေးနေတယ်လို့ ပြောကြားခဲ့မှုကို ပြည်သူတွေကို ဝေဖန်နေကြပါတယ်။
ဧပြီလ ၂၉ ရက် မနက်က ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးဇေယျာဦးက မော်လမြိုင်မြို့နယ်က လျှပ်စစ်ဓာတ်အားခွဲရုံတွေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာမှာ "မော်လမြိုင်လျှပ်စစ်ဓာတ်အားခွဲစက်ရုံမှာ ဓာတ်အားလွှတ်ပစ္စည်းများ ချို့ယွင်းမှုဖြစ်ချိန်မှလွဲ၍ ကျန်အချိန်များတွင် ပုံမှန်မီးပေးနေပြီး ပြည်သူများအနေနဲ့လည်း ဝန်အားမျှတစေရန် လျှပ်စစ်မီးကို မလိုအပ်ဘဲ မသုံးစွဲကြဖို့" မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။
ကျိုက်ထိုမြို့နယ်မှာ မီးလာတဲ့အချိန်ထက် မီးပျက်တဲ့အချိန်က ပိုများနေပြီး မီးလုံးဝမလာတဲ့နေ့တွေလည်း ရှိတယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"မီးက ဘယ်အချိန်လာမယ်ဆိုတာ ခန့်မှန်းလို့မရဘူး။ လာလိုက်ပျက်လိုက် ရက်တွေရှိသလို လုံးဝမီးမလာတဲ့နေ့တွေလည်း ရှိတယ်။ မလိုအပ်ဘဲ လျှပ်စစ်မီးကို မသုံးနဲ့ဆိုတော့ မသိရင် မီးက ပုံမှန်လာနေတာကျတာပဲ" လို့ ဝေဖန်ပြောဆိုပါတယ်။
ရက် ၁၀၀ စီမံချက်တွင် လျှပ်စစ်မီးကို အရင်ကထက် တစ်နေ့ ၂ နာရီပိုပေးမယ်လို့ ပြည်ဝန်ကြီးချုပ်က ကတိပေးပြောဆိုပြီး နောက်ရက် မီး တစ်နေ့ ၂ နာရီသာ လာတော့တယ်လို့ မော်လမြိုင်မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"ကျွန်တော်တို့လက်ထက်မှာ အရင်ကထက် မီး ၂ နာရီ ပိုပေးမယ်လို့ ပြောပြီးကတည်းက မီးမလာတော့တာ တစ်နေ့ ၂ နာရီပဲ လာတယ်။ မီးသာမလာတာ မီတာခကတော့ ပုံမှန်လာကောက်တယ်" လို့ ပြောပါတယ်။
အလားတူပင် ကျိုက်မရော၊ ချောင်းဆုံ၊ သံဖြူဇရပ်နဲ့ မုဒုံမြို့နယ်တွေမှာလည်း လျှပ်စစ်မီးပြတ်တောက်မှုမှာ အရင်ကထက် ဆိုးဝါးလာတယ်လို့ မုဒုံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"မီးလာနေတဲ့အချိန် မိုးမရွာပါစေနဲ့၊ လေမတိုက်ပါနဲ့ ဆုတောင်းနေရတယ်။ မိုးလေးဖွဲဖွဲကျတာနဲ့ မီးပျက်ပြီ။ လေလေးနည်းနည်းတိုက်လည်း မီးပျက်တယ်။ အဲဒီလိုပျက်ပြီးရင် နောက်ရက်မှ မီးပြန်လာတယ်။ ပူလည်းပူ၊ မီးကမလာနဲ့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေ အတော်ဒုက္ခရောက်တာ" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်က စစ်အုပ်စုခန့် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က လျှပ်စစ်မီးကို အရင်ကထက် ပိုတိုးပေးမယ်လို့ ပြောဆိုခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း မီးပျက်ချိန်တွေ ပိုများလာတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - Pro-SAC
#CJPlatform #မွန်ပြည် #မော်လမြိုင် #လျှပ်စစ်မီး #မီးပျက် #EPC

💩4🔥1🤮1
သောင်းရင်းမြစ်ကမ်းဘေးမှာ ဒီဇယ်ဆီလီတာပေါင်း ၅,၆၀၀ ကို ထိုင်းအာဏာပိုင်တွေ သိမ်းဆည်းရမိ
CJ Platform
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ယန်း (Tha Song Yang) မြို့နယ် မယ်တန် (Mae Tan) ကျေးရွာအနီး သောင်းရင်းမြစ်ကမ်းဘေးမှာ ဒီဇယ်ဆီတိုင်ကီ ၂၈ လုံးကို ဒီဇယ်ဆီလီတာပေါင်း ၅,၆၀၀ နဲ့အတူ သိမ်းဆည်းရရှိခဲ့တယ်လို့ တာ့ခ်ခရိုင် သတင်းပြန်ကြားရေးက ဒီနေ့ ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒီနေ့ မနက် ၆ နာရီဝန်းကျင်က တာ့ခ်ခရိုင် အစိုးရအဖွဲ့အပါအဝင် ထာ့ဆောင်ယန်းဒေသ အာဏာပိုင်တွေ၊ ဒေသခံရဲတပ်ဖွဲ့နဲ့ နယ်စပ်လုံခြုံရေးအဖွဲ့တွေက သောင်းရင်းမြစ်ကမ်းဘေးမှာရှိတဲ့ ဒီဇယ်ဆီတိုင်ကီတွေကို ရှာဖွေတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
သောင်းရင်းမြစ်ကမ်းဘေးမှာ စွန့်ပစ်ထားတဲ့ ဒီဇယ်ဆီလီတာ ၂၀၀ ပါတဲ့ တိုင်ကီ ၂၈ လုံးကို ထိုင်းအာဏာပိုင်တွေ တွေ့ရှိခဲ့တာဖြစ်ပြီး ပိုင်ရှင်က လာရောက်သယ်ယူတာမျိုး မတွေ့ရတာကြောင့် ဒါဟာ နယ်စပ်ဖြတ်ကျော်ပြီး ဆီမှောင်ခိုသယ်ယူဖို့ ဖြစ်နိုင်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ ဒီဇယ်ဆီတွေကို သက်သေအနေနဲ့ သိမ်းဆည်းခဲ့ပြီး ထာ့ဆောင်ယန်းရဲစခန်းကို လွှဲပြောင်းပေးခဲ့သလို စက်သုံးဆီ မှောင်ခိုသယ်ယူရာလမ်းကြောင်းတွေကို ခြေရာခံစုံစမ်းစစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကာ ဥပဒေအတိုင်း အရေးယူနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အခုလ ဧပြီ ၂၀ ရက်ကနေ ၂၇ ရက်နေ့အထိ တရားမဝင် သယ်ဆောင်ပြီး မြန်မာဘက်ကိုပို့မယ့် စက်သုံးဆီ ဓာတ်ဆီ၊ ဒီဇယ်ဆီလီတာပေါင်း ၂၃,၆၀၀ ကို မဲဆောက်မြို့နယ်၊ ထာ့ဆောင်ယန်းမြို့နယ်နဲ့ မယ့်ရမတ်မြို့နယ်တို့မှာ ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ တာ့ခ်ခရိုင် သတင်းပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဓာတ်ပုံ - TAK PRD
#CJPlatform #ထိုင်းနိုင်ငံ #တာ့ခ်ခရိုင် #သောင်းရင်းမြစ် #ဒီဇယ်ဆီ #မှောင်ခိုသယ်ယူမှု

🔥3
နေအိမ်လိုင်းခန်းတွဲရှေ့ အပေါ့စွန့်သည့်ကိစ္စနဲ့ စကားများရာမှ လူသတ်မှုဖြစ်
CJ Platform
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့ သီတာမြိုင်ရပ်ကွက် ဒေါ်ညွန့်စိန်လမ်းမှာ ဧပြီလ ၂၉ ရက် ည ၈ နာရီက နေအိမ်လိုင်းခန်းတွဲရှေ့ အပေါ့စွန့်သည့်ကိစ္စနဲ့ အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီက ဒေါ်ညွန့်စိန်လမ်းရှိ ဦးဇော်ထွန်း အဆောင်လိုင်းခန်းတွင် ငှားနေသည့် ကိုဇော်မင်းမှာ ၎င်းအခန်းရှေ့တွင် အပေါ့သွားနေသည့် အမျိုးသားတစ်ဦးနဲ့ စကားများရန်ဖြစ်ရာမှ ဓားနဲ့ ထိုးသတ်ခဲ့တာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
"ဦးဇော်ထွန်းအဆောင်မှာ ဖြစ်တာ။ အဲဒီမှာ ငှားနေတဲ့သူက သူ့အခန်းရှေ့မှာ သေးလာပေါက်တဲ့သူနဲ့ တစ်ယောက်တစ်ခွန်း စကားများရင်း စိတ်မထိန်းနိုင်ဘဲ ဓားနဲ့ ထိုးသတ်လိုက်တာ ပွဲချင်းပြီး သေသွားတယ်။ ဓားနဲ့ထိုးတဲ့သူလည်း ညတွင်းချင်း ဖမ်းမိတယ်" လို့ ပြောပါတယ်။
သေဆုံးသူမှာ ကျောက်တန်းမြို့နယ် ရွှေပြည်သာရပ်ကွက်နေ အသက် ၄၀ အရွယ် ကိုအောင်ခင်ဇော်ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
လက်တလောမှာ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုဇော်မင်းကို ကျောက်တန်းမြို့မရဲစခန်းက (ပ) အမှတ် ၃၈/၂၀၂၆၊ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်ကလည်း ကျောက်တန်းမြို့နယ်၊ ရွာသစ်ကလေးကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာမှာ နေထိုင်ဖို့ မြေနေရာမပေး၍ မွေးစားမိဘနှစ်ပါးကို မွေးစားသားဖြစ်သူက ပြန်သတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
#CJPlatform #ရန်ကုန်တိုင်း #ကျောက်တန်းမြို့နယ် #လူသတ်မှု #အမှုဖွင့်

🔥2❤1😱1🤬1