မဲဆောက်မှာ ဆောက်လုပ်ရေးလုပ်သားအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ
CJ Platform
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်နှစ်ခုကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးချိန် အထောက်အထားမဲ့ မြန်မာ ၁၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ဒီနေ့ ဧပြီ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မနေ့ ဧပြီ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်က တာ့ခ်ခရိုင် အလုပ်သမားရုံးဌာန တာဝန်ရှိသူတွေ၊ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တို့က မဲဆောက်မြို့ ဖရထက်ဖာဒါန်း (Phra That Pha Daeng) ရပ်ကွက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်စစ်ဆေးချိန် အထောက်အထားမဲ့ မြန်မာ ၇ ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် မနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ မဲဆောက်မြို့ ဆမတ်ဆာ့ဖာကန် (Samak Sapphakan) လမ်းမပေါ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုလည်း ဝင်ရောက်စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ မြန်မာအမျိုးသား ၇ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ ဝင်ရောက်စစ်ဆေးမှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ အထောက်အထားမဲ့ မြန်မာ ၁၄ ဦးကို ဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။
ထို့ပြင် အလုပ်ရှင်တွေအနေနဲ့လည်း နိုင်ငံခြားသားအလုပ်သမားတွေကို ခေါ်ယူခိုင်းစေရာမှာ တရားဝင်အလုပ်သမားတွေကိုသာ ခေါ်ယူဖို့နဲ့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပြောဆိုထားပြီး လုပ်ငန်းခွင်အတွင်း မသင်္ကာဖွယ် တရားမဝင် လုပ်ကိုင်နေသူတွေကို တွေ့ရှိပါက တာ့ခ်ခရိုင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေထံ အကြောင်းကြားဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ - Tak Immigration
#CJPlatform #ထိုင်းနိုင်ငံ #မဲဆောက်မြို့ #အထောက်အထားမဲ့မြန်မာ #တရားမဝင်ဝင်ရောက်မှု #ဆောက်လုပ်ရေးလုပ်ငန်းခွင်

😢4🔥1
စစ်မှုထမ်းသူတိုင်း သေဆုံးတာမဟုတ်ဘဲ အိမ်ပြန်လာသူ အများအပြားရှိတယ်လို့ စစ်အုပ်စုခန့် ဝန်ကြီးချုပ်ပြော
CJ Platform
လူငယ်တွေ စစ်ထဲဝင်ပြီး စစ်မှုထမ်းတိုင်း သေလူလို့ မသတ်မှတ်ဘဲ မွန်ပြည်မှာ အသက်ရှင်လျက် အိမ်ပြန်ရသူအများကြီးရှိကြောင်း စစ်တပ်ကိုယ်စားလှယ်ကနေ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဦးအောင်ဝင်းသန်းက ပြောပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2942026-2/

💩7👍1
ထိုင်းဘတ်ငွေ ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းအတုတွေကို သိမ်းဆည်းရမိ
CJ Platform
ထိုင်းနိုင်ငံတွင်း ဉာဏမူပိုင်ခွင့်ဆိုင်ရာချိုးဖောက်မှုတွေကို အစိုးရက အရှိန်မြှင့်နှိမ်နင်းမှုတွေ လုပ်ဆောင်လာချိန် ၂၀၂၆ ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်အတွင်း ဘတ်ငွေ ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းအတုတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဒီနေ့ ဧပြီ ၂၉ ရက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကနေ အခု ၂၀၂၆ ခုနှစ် မတ်လအတွင်း ဈေးဝယ်စင်တာစတဲ့ စီးပွားရေးလုပ်ငန်းခွင်နေရာတွေ၊ ပစ္စည်းသိုလှောင်ရုံတွေ၊ နယ်စပ်ဂိတ်တွေနဲ့ အွန်လိုင်းပလက်ဖောင်းတွေကနေ ရှာဖွေဖမ်းဆီးမှုလုပ်ဆောင်ခဲ့တာဖြစ်ပြီး အမှုပေါင်း ၃၃၂ မှုအထိ ရှိခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီး Ekniti Nitithanprapas ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာချိုးဖောက်မှုတွေကို အရှိန်မြှင့်နှိမ်နင်းဖို့၊ ထိုင်းနိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ ယုံကြည်မှု အခိုင်အမာရရှိစေဖို့အတွက် လုပ်ဆောင်ဖို့ကိုလည်း ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း Mr. Ekniti က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်းက ကုန်ပစ္စည်းအတုတွေ သိမ်းဆည်းရမိမှုဟာ ဘတ်ငွေတန်ဖိုး ၁ ဒသမ ၃ ဘီလီယံသာရှိပေမယ့် အခုဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း ၂ ဒသမ ၃ ဘီလီယံအထိ သိမ်းဆည်းရရှိခဲ့တာဟာ ၇၈ ရာခိုင်နှုန်းအထိ တိုးတက်လာတာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။
အွန်လိုင်းနဲ့ ဈေးကွက်အတွင်းမှာရှိတဲ့ ကုန်ပစ္စည်းအတုတွေကို ရှာဖွေနှိမ်နင်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောကြားထားပြီး နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်ရာလမ်းကြောင်းတွေကိုလည်း အလေးထားစောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - ဘန်ကောက်ပို့စ်
#CJPlatform #ထိုင်းနိုင်ငံ #ကုန်ပစ္စည်းအတု #ဉာဏမူပိုင်ခွင့် #သိမ်းဆည်းရမိ

👍2🔥1
ကိုရီးယားမှာ တားမြစ်ပစ္စည်းသယ်ဆောင်လာတဲ့ မြန်မာအချို့ လေဆိပ်တွင် တားဆီးခံရ
CJ Platform
တောင်ကိုရီးယားနိုင်ငံအတွင်း တားမြစ်ပစ္စည်း သယ်ဆောင်လာတဲ့ မြန်မာလုပ်သားအချို့ကို ပြည်ဝင်ခွင့်ပိတ်ခံရတဲ့ အခြေအနေကြုံခဲ့ရတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ စစ်အုပ်စုရဲ့ သံရုံးဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2942026-3/

👍4🔥1😱1
ရခိုင်ပြည် အေးချမ်းသွားပြီလို့ စစ်အုပ်စုခန့် ဝန်ကြီးချုပ်ပြော၊ ဌာနဆိုင်ရာ စစ်ရှောင်ဝန်ထမ်းများ ဝေဖန်
CJ Platform
အာရက္ခတပ်တော် AA တိုက်ခိုက်သိမ်းပိုက်မှုကြောင့် မြို့ ၃ မြို့သာ ရခိုင်ပြည်အစိုးရက အုပ်ချုပ်နိုင်ပေမယ့် ရခိုင်ပြည်ရဲ့ လက်ရှိအခြေအနေမှာ အေးချမ်းနေပြီလို့ စစ်အုပ်စုခန့် ဝန်ကြီးချုပ် ဦးနိုင်ဦးက ပြောဆိုမှုအပေါ် ဌာနဆိုင်ရာနဲ့ စစ်ရှောင်ဝန်ထမ်းတွေက ဝေဖန်ပြောဆိုပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2942026-4/

🤣11❤2💩1
အကျဉ်းသား၊ အကျဉ်းသူ ၁,၅၀၈ ဦးနဲ့ နိုင်ငံခြားသား ၁၁ ဦးကို စစ်အုပ်စုက လွတ်ငြိမ်းခွင့်ပေး
CJ Platform
မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၁,၅၀၈ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်အုပ်စုက ဒီနေ့ ဧပြီ ၃၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
ဒီနေ့ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) အထိမ်းအမှတ်အနေနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူ ၁,၅၀၈ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ် ပြစ်ဒဏ်ထပ်ကျူးလွန်ရင် အခု ကျန်ရှိပြစ်ဒဏ်ကိုပါ ပြန်လည်ကျခံရမယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့ လွတ်ငြိမ်းမှာ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး သူတို့အားလုံးကို ပြည်နှင်ဒဏ်ပါ ပေးခဲ့ပါတယ်။ ထို့ပြင် ဒီနေ့ ဧပြီ ၃၀ ရက်မတိုင်မီ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူအားလုံးကိုလည်း ကျန်ရှိပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်အုပ်စုက အခုလ ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်) ကလည်း သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် အကျဉ်းသား၊ အကျဉ်းသူ ၄,၃၃၅ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး သေဒဏ်ကျခံနေရသူတွေ၊ တစ်သက်တစ်ကျွန်းကျခံနေရသူတွေနဲ့ ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူတွေကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့သလို ကျန်အကျဉ်းသား၊ အကျဉ်းသူတွေကို ကျန်ရှိပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံ လျှော့ပေါ့ပေးခဲ့ပါသေးတယ်။
ပုံစာ - အင်းစိန်အကျဉ်းထောင်ရှေ့ မြင်ကွင်း (ပုံဟောင်း)
#CJPlatform #လွတ်ငြိမ်းချမ်းသာခွင့် #အကျဉ်းသား #ကဆုန်လပြည့်နေ့ #စစ်ကောင်စီ

🔥3😁1
မြိုင်မြို့ပေါ်ရှိ စစ်အုပ်စုရဲ့ အရေးပါတဲ့ နယ်မြေလုံခြုံရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းသိမ်းပိုက်၊ စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိ
CJ Platform
မကွေးတိုင်း၊ မြိုင်မြို့ပေါ်က စစ်အုပ်စုရဲ့ အရေးပါတဲ့ ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး စစ်သုံးပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/30420265-2/

❤6🔥1