CJ Platform
5K subscribers
19.6K photos
360 videos
4 files
9.06K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
ဘိုကလေးမှာ ကဏန်းပိုက်ထောင်နေတဲ့ လူငယ်တစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံး

CJ Platform

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် မိန်းမလှကျွန်းအနီး အမဲချောင်းအတွင်းမှာ ဧပြီ ၂၇ ရက် ည ၇ နာရီခန့်မှာ ကဏန်းပိုက်ထောင်နေတဲ့ လူငယ်တစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံးသွားတယ်လို့ စစ်အုပ်စုလက်အောက်ခံ ဘိုကလေးမြို့နယ် ထွေအုပ်က ထုတ်ပြန်ထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2654556-2/
😱6
စစ်ကိုင်းမှာ ရက် ၁၀၀ စီမံချက်နဲ့ မှတ်ပုံတင်ပြုလုပ်ပေးနေတယ်လို့ဆိုပြီး ရေထွက်ခပ်သူပါ မချန် ပေါ်တာဆွဲနေ

CJ Platform

စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေမှာ စစ်အုပ်စုတာဝန်ရှိသူတွေက စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) တွေ ကွင်းဆင်းဆောင်ရွက်ပေးနေစဉ်မှာပဲ စစ်အုပ်စုတပ်သားနဲ့ ပျူပူးပေါင်းအဖွဲ့တွေက မြို့အနှံ့မှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/27420264-2/
🤬8
“ဝ”တပ်ဖွဲ့ ထိပ်ပိုင်းအရာရှိ ၂ ဦး ကျားဖြန့်နဲ့ပတ်သက်နေတာကြောင့် ထောင် ၃ နှစ် ချမှတ်ခံရ
 
CJ Platform
 
ရှမ်းပြည်အရှေ့ပိုင်း၊ “ဝ”ပြည် တရားရေးကော်မတီမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိ ၂ ဦးကို အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) တွေနဲ့ ဆက်စပ်ပတ်သက်နေတာကြောင့် ရာထူးက ဖယ်ရှားပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ “ဝ”ပြည် တရားစီရင်ရေးကော်မတီ ရဲတပ်ဖွဲ့ (WSP) က ထုတ်ပြန်ထားပါတယ်။
 
“ဝ”ပြည် တရားစီရင်ရေးကော်မတီရဲ့ ဧပြီ ၂၅ ရက် ရက်စွဲနဲ့ထုတ်ပြန်ချက်အရ “ဝ”အရာရှိနှစ်ဦးဖြစ်တဲ့ Zhao Guliang နဲ့ Zhao E-xiang တို့ဟာ “ဝ”ပြည် ဗဟိုကော်မတီရဲ့ အမိန့်ညွှန်ကြားချက်တွေကို မျက်ကွယ်ပြုပြီး သူတို့ရဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ရာထူးက ဖယ်ရှားခံရတဲ့ Zhao Guliang ဟာ တရားရေးကော်မတီ ရဲဌာနရဲ့ ညွှန်ကြားရေးမှူးတစ်ဦးလည်းဖြစ်ပြီး Zhao E-xiang ကလည်း တရားရေးကော်မတီ စုံစမ်းစစ်ဆေးရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
 
သူတို့နှစ်ဦးစလုံးဟာ သူတို့ရဲ့ဆွေမျိုးတွေနဲ့ လက်အောက်ငယ်သားတွေ ကျားဖြန့်လုပ်ကိုင်နေမှုကို အကာအကွယ်ပေးတာ၊ နေရာငှားရမ်းပေးတာ၊ ကျားဖြန့်လုပ်ကိုင်သူတွေကို နေထိုင်ရန် စီစဉ်ပေးတာစတဲ့ လုပ်ဆောင်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ရာထူးကနေ ဖယ်ရှားပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
“ဝ”ပြည်အတွင်း ကျားဖြန့်နဲ့ တရားမဝင်လုပ်ငန်းတွေအပါအဝင် ရာဇဝတ်မှုလုပ်ရပ်တွေကို လုံးဝသည်းခံ ခွင့်လွှတ်သွားမှာမဟုတ်ဘဲ “ဝ”ပြည် ဥပဒေအရ အရေးယူမှုတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမယ်လို့လည်း WSP က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ - WSP
#CJPlatform #ရှမ်းပြည် #ဝတပ်ဖွဲ့ #UWSA #ကျားဖြန့် #အွန်လိုင်းလိမ်လည်မှု #ထောင်ဒဏ်
😁52🤣1
😁3🔥1💩1🐳1
အထောက်အထားမဲ့မြန်မာ ၁၉ ဦး ကန်ချနာဘူရီတောတွင်းတစ်နေရာမှာ ဖမ်းဆီးခံရ

CJ Platform

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲက တောတွင်းတစ်နေရာမှာ အုပ်စုဖွဲ့ ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာ ၁၉ ဦးကို ထိုင်းအာဏာပိုင်တွေက မနေ့ ဧပြီ ၂၇ ရက် ညနေပိုင်းက တွေ့ရှိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကန်ချနာဘူရီဒေသတွင်းသတင်းမှာ ဖော်ပြထားပါတယ်။

ဆိုင်ယော့ (Sai Yok) မြို့ ထာဆွိုင် (Tha Sao) ကျေးရွာအုပ်စု ကျေးရွာအမှတ် ၅၊ ဝတ်ဖူဖုန် (Wat Phu Phong) သစ်တောဧရိယာအနီး တောထဲမှာ မြန်မာအမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ကို ထိုင်းအာဏာပိုင်တွေက ကင်းလှည့်စစ်ဆေးမှု လုပ်ဆောင်နေချိန် တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေက သူတို့ကို စစ်ဆေးမှုတွေ လုပ်ဆောင်ချိန် အားလုံးမှာ အထောက်အထား စာရွက်စာတမ်းမပါရှိဘူးလို့ ဆိုပါတယ်။ သူတို့အားလုံးဟာ ရတ်ချာဘူရီခရိုင်မှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြတာဖြစ်ပါတယ်။

အထောက်အထားမဲ့ဝင်ရောက်လာသူတွေဟာ သူတို့ အလုပ်လုပ်ကိုင်ရမယ့်နေရာကို ရောက်ရှိပါက ကြားခံဝန်ဆောင်မှုပေးသူ (ပွဲစား) ကို တစ်ဦးစီအတွက် ဘတ် ၂၀,၀၀၀ စီ ပေးရမှာဖြစ်ပေမယ့် လမ်းခရီးတစ်ဝက်မှာတင် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရသူအားလုံးကို ဆိုင်ယော့ရဲစခန်းကို လွှဲပြောင်းပေးထားပြီး ဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ အခုလ ဧပြီလဆန်းပိုင်းကလည်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ ၃၉ ဦးကို ပက်ဖရာ့ကျေးရွာထဲက နေအိမ်တစ်လုံးမှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ဓာတ်ပုံ - Kanchanaburi News
#CJPlatform #ထိုင်းနိုင်ငံ #ကန်ချနာဘူရီ #အထောက်အထားမဲ့မြန်မာ #တရားမဝင်ဝင်ရောက်မှု #ဆိုင်ယော့မြို့
😢4🔥1
🔥2😢2
မြောင်းမြမြို့မှာ ၄ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်သူကို ဖမ်းမိ

CJ Platform

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် လူတော်ကြီးကျေးရွာမှာ အသက် ၁၂ နှစ်အရွယ် ၄ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဧပြီ ၂၇ ရက်မှာ ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/28420265-2/
🤬4👍3
ပြည်ပမှ ခွင့်ပြန်အလုပ်သမားတွေ ခွင့်စာပြပြီး သံရုံးထောက်ခံစာ ယူလာရမယ်လို့ စစ်အုပ်စုတင်းကျပ်

CJ Platform

ပြည်ပကနေ ခွင့်နဲ့ပြန်လာမယ့် အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ဆီက ခွင့်စာကို သက်ဆိုင်ရာသံရုံးမှာပြပြီး ထောက်ခံစာယူလာရမယ်လို့ စစ်အုပ်စုဩဇာခံ အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/28420265-3/
👎51🔥1
မုတ်သုံကို မျှော်နေကြသူတွေအတွက် သတင်းစကားနဲ့အတူ ကချင်ပြည်အတွက် စိုက်ပျိုးမိုးလေဝသ

CJ Platform

CJ Platform ကညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ ကချင်ပြည်က တောင်သူဦးကြီးတွေအတွက် အရေးပါလှတဲ့ တစ်ပတ်တာ စိုက်ပျိုးမိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် ဧပြီ ၂၉ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို မပြောပြမီ ပထမဆုံး လေစီးကြောင်း အပြောင်းအလဲနဲ့ မုတ်သုံလေ ဝင်ရောက်နိုင်တဲ့ အခြေအနေကို ပြောပြလိုပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #MonsoonForecast #မုတ်သုံလေ #စိုက်ပျိုးရေးသတင်း #ကချင်ပြည် #မှိုရောဂါသတိပေးချက်

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/roLKEmVgrgY
👍6
မုတ်သုံလေ အစပျိုးနေပြီလား

CJ Platform

ဒီကနေ့ ဧပြီ ၂၉ ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။ဒီရက်တွေမှာ မိုးတွေအားကောင်းလာတာနဲ့အမျှ အားလုံး သိချင်နေကြမယ့် မုတ်သုံလေ ဝင်ရောက်မယ့် အခြေအနေ ကို ပြောပြလိုပါတယ်။ အနောက်တောင် မုတ်သုံလေက လက်ရှိမှာ စတင် အစပျိုးလာပြီး တဖြည်းဖြည်း ထင်ရှားလာနေပါပြီ။ ဒါဟာ အစပျိုးချိန်ပဲ ရှိနေသေးပြီး တဖြည်းဖြည်း ပိုမို အားကောင်းလာနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် ကမ္ဘာ့မိုးလေဝသ ခန့်မှန်းရေးစင်တာ (NOAA) ရဲ့ ထုတ်ပြန်ထားချက်အရ... ကမ္ဘာ့မိုးတိမ်စု လမ်းကြောင်းက အိန္ဒိယသမုဒ္ဒရာအတွင်း စတင်ဝင်ရောက်ကာ အစပျိုးနေပြီ ဖြစ်ပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #MonsoonForecast #မုတ်သုံလေ #မိုးသည်းထန်နိုင် #လေပြင်းသတိပေးချက် #ရခိုင်ကမ်းရိုးတန်း

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/FGWDhkjOOOw
2👍2
တရုတ်အမျိုးသားနဲ့ လက်ထပ်ရင် သိန်း ၂၀၀ ရမယ်ဆိုပြီး လူကုန်ကူးခဲ့သူတွေ အမှုဖွင့်ခံရပြီး ကျူးလွန်သူ တရုတ်အမျိုးသား ထောင် ၁၂နှစ် ချခံရ

CJ Platform

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသားနဲ့ လက်ထပ်ရင် သိန်း ၂၀၀ ရမယ်လို့ စည်းရုံးပြီး လူကုန်ကူးခဲ့သူတွေ အမှုဖွင့်ခံထားရကာ ကျူးလွန်သူ တရုတ်အမျိုးသားကို အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တယ်လို့ စစ်အုပ်စုက ဒီနေ့ ဧပြီ ၂၉ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/29420263-2/
👍4🔥2
ရာဇဝတ်မှုအများအပြား ကျူးလွန်ထားတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီး

CJ Platform

ထိုင်းနိုင်ငံ ချွန်ပွန်ခရိုင် ဆဝီ (Sawi) မြို့မှာ ရာဇဝတ်မှုအများအပြား ကျူးလွန်ထားတဲ့ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်တွေက ရှာဖွေဖမ်းဆီးချိန် ပြန်လည်ခုခံပစ်ခတ်တာကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

မနေ့ ဧပြီ ၂၈ ရက်က ဆဝီမြို့ ထွန်းရာယာ (Thung Raya) ကျေးရွာအုပ်စု ကျေးရွာအမှတ် ၄ အနီးက ဂူတစ်ခုမှာ ပုန်းအောင်းနေတဲ့ ရာဇဝတ်မှုကျူးလွန်သူကို ထိုင်းအာဏာပိုင်တွေက ပိတ်ဆို့ဖမ်းဆီးချိန် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

ထွန်းရာယာကျေးရွာအုပ်စုအနီး ဂူတစ်ခုထဲမှာ အာဏာပိုင်တွေ အသေပစ်ခတ်ဖမ်းဆီးခဲ့ရသူဟာ အသက် ၃၀ နဲ့ ၃၅ နှစ်ဝန်းကျင်အရွယ် နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး ပစ်ခတ်မှုအတွင်း ဝမ်းဗိုက်သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အပြီး ထိုင်းအာဏာပိုင်တွေက ဂူအနီးဝန်းကျင်ကို ရှာဖွေမှုတွေ လုပ်ဆောင်ချိန် ဂူအဝင်ဝနေရာမှာ ဖုန်းတစ်လုံး၊ မက်သာဖက်တမင်း (ရာဘ) ဆေးပြား ၃ ပြား၊ ကိုယ်တိုင်လုပ် ပွိုင့် ၃၈ သေနတ်တစ်လက်၊ ကျည်အချို့နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ဆဝီမြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြောဆိုမှုအရ ရာဇဝတ်မှုအများအပြား ကျူးလွန်ခဲ့သူဟာ ကရင်တိုင်းရင်းသားတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ပြီးခဲ့တဲ့ နှစ်ပတ်ကလည်း ဒေသတွင်းမှာရှိတဲ့ နေအိမ် ၃ လုံးကို အကြမ်းဖက်ဝင်ရောက်လုယက်ကာ အိမ်ရှင်ဖြစ်သူတွေကို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ သိရပြီး သူ့ကို ဖမ်းဆီးနိုင်ဖို့ ဒေသအာဏာပိုင်တွေက ပူးပေါင်းရှာဖွေခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ထို့ပြင် သူဟာ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်သူတွေနဲ့လည်း ပတ်သက်မှုရှိနေပြီး သူနဲ့အတူ သေနတ်တစ်လက်ကို အမြဲဆောင်ထားကာ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အခု ပစ်ခတ်မှုမဖြစ်မီ အစောပိုင်းကလည်း ကျေးရွာအနီး သူ နေထိုင်တဲ့ တဲအိမ်တစ်လုံးကို ကျေးရွာတာဝန်ရှိသူတွေနဲ့ ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်းရှာဖွေခဲ့ချိန် တဲအတွင်း စိတ်ကြွဆေးပြား ၁၇၀ ပြား၊ ပွိုင့် ၃၈ သေနတ်တစ်လက်၊ ကျည် ၇ တောင့်တို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး သူ့ကို ခြေရာခံလိုက်လံရှာဖွေရာက ဂူတစ်ခုအတွင်းမှာ မနေ့က တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေက ရာဇဝတ်မှုကျူးလွန်သူကို အတည်ပြုနိုင်ချိန် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အထူးတပ်ဖွဲ့တို့က အနီးဝန်းကျင်ကို ဝိုင်းဝန်းပိတ်ဆို့ခဲ့ပြီး ကျူးလွန်သူနဲ့ ကနဦးညှိနှိုင်းဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ညှိနှိုင်းမှု အဆင်မပြေခဲ့တာကြောင့် ဂူအတွင်း မျက်ရည်ယိုဗုံးပစ်ထည့်ပြီး ကျူးလွန်သူကို အပြင်ထွက်လာအောင် လုပ်ဆောင်ခဲ့ပေမယ့် တုံ့ပြန်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

ဓာတ်ပုံ - ข่าวเวิร์คพอยท์ 23
#CJPlatform #ထိုင်းနိုင်ငံ #ချွန်ပွန်ခရိုင် #အသေပစ်ခတ်ဖမ်းဆီးမှု #မြန်မာနိုင်ငံသား
👍2🔥2😱1
🔥3
မဲဆောက်မှာ ဆောက်လုပ်ရေးလုပ်သားအဖြစ် လုပ်ကိုင်နေတဲ့ မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ

CJ Platform

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်နှစ်ခုကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးချိန် အထောက်အထားမဲ့ မြန်မာ ၁၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ဒီနေ့ ဧပြီ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မနေ့ ဧပြီ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်က တာ့ခ်ခရိုင် အလုပ်သမားရုံးဌာန တာဝန်ရှိသူတွေ၊ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တို့က မဲဆောက်မြို့ ဖရထက်ဖာဒါန်း (Phra That Pha Daeng) ရပ်ကွက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်စစ်ဆေးချိန် အထောက်အထားမဲ့ မြန်မာ ၇ ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ မဲဆောက်မြို့ ဆမတ်ဆာ့ဖာကန် (Samak Sapphakan) လမ်းမပေါ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုလည်း ဝင်ရောက်စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ မြန်မာအမျိုးသား ၇ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းအာဏာပိုင်တွေရဲ့ ဝင်ရောက်စစ်ဆေးမှုအတွင်း ဖမ်းဆီးရမိခဲ့တဲ့ အထောက်အထားမဲ့ မြန်မာ ၁၄ ဦးကို ဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။

ထို့ပြင် အလုပ်ရှင်တွေအနေနဲ့လည်း နိုင်ငံခြားသားအလုပ်သမားတွေကို ခေါ်ယူခိုင်းစေရာမှာ တရားဝင်အလုပ်သမားတွေကိုသာ ခေါ်ယူဖို့နဲ့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပြောဆိုထားပြီး လုပ်ငန်းခွင်အတွင်း မသင်္ကာဖွယ် တရားမဝင် လုပ်ကိုင်နေသူတွေကို တွေ့ရှိပါက တာ့ခ်ခရိုင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေထံ အကြောင်းကြားဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - Tak Immigration
#CJPlatform #ထိုင်းနိုင်ငံ #မဲဆောက်မြို့ #အထောက်အထားမဲ့မြန်မာ #တရားမဝင်ဝင်ရောက်မှု #ဆောက်လုပ်ရေးလုပ်ငန်းခွင်
😢4🔥1