CJ Platform
✔
4.99K subscribers
19.6K photos
360 videos
4 files
9.07K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
🔥1😢1
ကချင်ပြည် မိုးကြီးနိုင်မှုနဲ့အတူ ရှမ်းပြည်အတွက် စိုက်ပျိုးမိုးလေဝသ

CJ Platform

CJ Platform ကညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ ရှမ်းပြည်က တောင်သူဦးကြီးတွေအတွက် အရေးကြီးလှတဲ့ တစ်ပတ်တာအတွက် စိုက်ပျိုးမိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။မနက်ဖြန် ဧပြီ ၂၈ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို မပြောပြမီ ပထမဆုံး လေစီးကြောင်း အပြောင်းအလဲနဲ့ မိုးရွာနိုင်တဲ့ အခြေအနေကို ပြောပြလိုပါတယ်။ လက်ရှိမှာ အနောက်မြောက် လေစီးကြောင်းတွေက မြန်မာနိုင်ငံရဲ့ ကုန်းတွင်းပိုင်းကို ဆက်လက် ဝင်ရောက်နေပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #စိုက်ပျိုးရေးသတင်း #ရှမ်းပြည် #ကချင်ပြည်မိုးကြီးနိုင် #ရေငွေ့ပျံနှုန်း

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/FowwWJ_BQ_8
👍4
ကျောင်းကုန်းမှာ အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

CJ Platform

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ဒူးချဆိပ်ကျေးရွာမှာ ဧပြီ ၂၆ရက် ညနေ ၅နာရီခွဲခန့်က အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေကို ဖော်ပြနေတဲ့ သတင်းအထူးတပ်ဖွဲ့-ပုသိမ်က ဖော်ပြထားပါတယ်။

ကျောင်းကုန်းမြို့နယ် ထန်းတပင်ကျေးရွာအုပ်စု ဒူးချဆိပ်ကျေးရွာနေ ဦးဝင်းလှိုင် အသက် (၅၈)နှစ်ဟာ မိတ်ဆွေ ၂ဦးနဲ့အတူ ရွာအပြင်ရှိ လယ်ကွင်းတွေက ကောက်ရိုးတွေကို နွားစာအတွက် သွားရောက် ယူဆောင်စဉ်မှာ လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုနဲ့ ကြုံတွေ့ရကာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

မိုးကြိုးပစ်ချမှုကြောင့် ဦးဝင်းလှိုင်နှင့် အတူလိုက်ပါတဲ့ မိတ်ဆွေ ၂ဦးမှာ ထိခိုက်မှု မရှိခဲ့သော်လည်း ဦးဝင်းလှိုင်မှာမူ နေရာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မိုးလေဝသခန့်မှန်းချက် မော်ဒယ်တွေမှာ ဖော်ပြထားချက်အရ ဒီကနေ့ ဧပြီ ၂၈ရက်ကနေ ၂၉ရက်နေ့အထိ တွန်းဇံ၊ တီးတိန်၊ ကလေး၊ မော်လိုက်၊ တန့်ဆည်၊ ကန့်ဘလူ၊ ကောလင်း၊ ကသာ၊ မဘိန်းနဲ့ နမ္မတူ ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်သလို လေပြင်းတိုက်ခတ်တာတွေလည်း ရှိနိုင်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - သတင်းအထူးတပ်ဖွဲ့- ပုသိမ်
#CJPlatform #မိုးကြိုးပစ် #ပုသိမ် #ကျောင်းကုန်း #ဒူးချဆိပ် #ထန်းတပင် #ကောက်ရိုး #လေပြင်းတိုက်
😢5❤1😱1
ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပြီ

CJ Platform

ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဒီနေ့ ဧပြီ ၂၈ ရက်မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကုန်တင်ကားအများအပြားဟာ တံတားကနေတစ်ဆင့် မြန်မာဘက်ကို ဝင်ရောက်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ ထိုင်းသတင်းဌာန Thai PBS က ဖော်ပြထားပါတယ်။

တာ့ခ်ခရိုင် မဲဆောက်မြို့ အကောက်ခွန်ဌာနရုံးမှာ ကုန်တင်ကားအများအပြား စီတန်းထားကြပြီး ကုန်စည်ခွန်ပေးဆောင်ပြီးပါက မြန်မာနိုင်ငံ ကရင်ပြည် မြဝတီမြို့ဘက်ခြမ်းကို အမှတ် ၂ ချစ်ကြည်ရေးတံတားကနေတစ်ဆင့် ဖြတ်သန်းဖို့ စောင့်ဆိုင်းနေကြတာလည်း ဖြစ်ပါတယ်။

မြန်မာဘက် နယ်စပ်ကုန်သွယ်ဂိတ်ကို ဒီနေ့ ပြန်လည်ဖွင့်လှစ်ဖို့ မြန်မာလူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေကလည်း ထိုင်းတာဝန်ရှိသူတွေကို အသိပေးထားပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး သဘောတူညီမှုတွေ ခွင့်ပြုလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

၉ လနီးပါးကြာ ပိတ်ထားခဲ့တဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်လည်ဖွင့်လှစ်မှုနဲ့ပတ်သက်ပြီး တာ့ခ်ခရိုင် ခရီးသွားလာရေးနှင့် စက်မှုလုပ်ငန်းရှင်များကောင်စီဥက္ကဋ္ဌဖြစ်သူ Thitiporn Kasomsan ကလည်း ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ဒါဟာ နှစ်နိုင်ငံ ပြည်သူတွေကြား ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာရေးအတွက် မူလအတိုင်း ပြန်လည်လည်ပတ်နိုင်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားကို စစ်အုပ်စုက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းမှာ တစ်ဖက်သတ်ပိတ်ထားခဲ့တာကြောင့် ထိုင်းနိုင်ငံထဲက ကုန်စည်စီးဆင်းမှုတွေကို ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်နဲ့ တနင်္သာရီတိုင်း ကော့သောင်းနယ်စပ်ဂိတ်တို့ကနေတစ်ဆင့် မြန်မာဘက်ခြမ်းကို တင်ပို့ခဲ့ရတာလည်း ဖြစ်ပါတယ်။

စစ်အုပ်စုက သူတို့ပြန်လည်ထိန်းချုပ်ထားခဲ့တဲ့ အာရှလမ်းမကြီးကို အခုလ ဧပြီ ၁ ရက်မှာ အခမ်းအနားနဲ့ ပြန်လည်ဖွင့်လှစ်ခဲ့သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကက်ကော်ရဲ့ နေပြည်တော်ခရီးစဉ်မှာလည်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Thai PBS
#CJPlatform #ထိုင်းမြန်မာနယ်စပ် #အမှတ်၂တံတား #နယ်စပ်ကုန်သွယ်ရေး #မြဝတီ #မဲဆောက်
👍3👎2
🔥3
မြို့နယ် ၉ခုမှာ လေပြင်း အန္တရာယ် သတိပြု

CJ Platform

ဒီကနေ့ ဧပြီ ၂၈ ရက် အင်္ဂါနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။ကမ္ဘာ့ မိုးတိမ်စုလမ်းကြောင်း MJO လှိုင်းဟာ အခု ဧပြီလ ကုန်ပိုင်းနဲ့ မေလ ဆန်းပိုင်းတွေမှာ အိန္ဒိယသမုဒ္ဒရာအတွင်း အားကောင်းနေမှာကို အမေရိကန်အခြေစိုက် ကမ္ဘာ့မိုးလေဝသ ခန့်မှန်းရေးစင်တာ (NOAA) ရဲ့ ထုတ်ပြန်ထားချက်တွေမှာ တွေ့ရပါတယ်။ ဒါကြောင့် ဘင်္ဂလားပင်လယ်အော်အတွင်း လေထုမငြိမ်သက်မှုတွေ ဆက်ရှိနေပြီး၊ အနောက်မြောက် လေစီးကြောင်းတွေကနေ ပါလာတဲ့ အစိုဓာတ်တွေကြောင့်ပဲ "ကချင်ပြည်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်၊ ချင်းပြည်နဲ့ ရခိုင်ပြည်တို့မှာ လာမယ့် မေလ ၄ ရက်နေ့အထိ" မိုးရွာသွန်းမှုတွေ အရှိန်ကောင်းနေဦးမှာ ဖြစ်သလို၊ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာလည်း နေရာကွက်ကျား မိုးများနိုင်ဦးမှာ ဖြစ်ပါတယ်။

#CJPlatform #မိုးလေဝသ #WeatherUpdate #SummerStorm #LandslideWarning #တောင်ပြိုသတိပေးချက် #အပူရှိန်သတိပေးချက်

Youtube တွင်ကြည့်ရှုရန်>>>https://youtu.be/TR4WQUobuRo
👍4
တာချီလိတ်က အွန်လိုင်းလောင်းကစားလုပ်ငန်းမှာ မြန်မာနိုင်ငံသား ၄၀ ဦး ပါဝင်နေ

CJ Platform

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ထဲက အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းတွေကို ဝင်ရောက်စီးနင်းချိန် မြန်မာနိုင်ငံသား ၄၀ ဦးကို အခြားနိုင်ငံသားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်အုပ်စုက ဒီနေ့ ဧပြီ ၂၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/28520262-2/
❤1👎1😁1
ကရုပ္ပိမှာ ထမင်းအိုးတည်ရာကနေ မီးလောင်မှုဖြစ်ပြီး နေအိမ် ၉ လုံးပျက်စီး

CJ Platform

မွန်ပြည်၊ သံဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာ အနောက်ပိုင်းတွင် ဒီနေ့ မနက် ၅ နာရီကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၉ လုံး မီးထဲပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ မနက် ၅ နာရီ ၁၀ မိနစ်က ကရုပ္ပိကျေးရွာ အနောက်ပိုင်း နေအိမ်တစ်အိမ်တွင် ထမင်းအိုးတည်ထားတဲ့ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ခဲ့ရာ ဘေးအိမ်တွေကိုပါ မီးကူးစက်ခဲ့တာဖြစ်တယ်လို့ ​ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

"ထမင်းအိုးတည်ပြီးထားခဲ့တဲ့ မီးကြွင်းမီးကျန်က လောင်တာ၊ အိမ် ၉ လုံး မီးထဲပါသွားတယ်။ အဲဒီအိမ် ၉ လုံးမှာ အိမ်ကြီးအိမ်ကောင်း ၆ လုံးပါတယ်။ ကျန်တဲ့ ၃ လုံးက ဓနီမိုးအိမ်တွေ" လို့ ပြောပါတယ်။

အဆိုပါမီးလောင်မှုကို သံဖြူဇရပ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၄ စီးနဲ့ နာရီဝက်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

လက်တလောမှာ မီးစတင်လောင်ကျွမ်းသည့် နေအိမ်မှ အိမ်ရှင်ဖြစ်သူကို သံဖြူဇရပ်မြို့မရဲစခန်းက မီးပေါ့ဆမှုနဲ့ အမှုဖွင့်စစ်ဆေးနေပြီး မီးဘေးသင့် အိမ်ထောင်စု ၉ စုက လူဦးရေ ၃၈ ဦးကို ဓမ္မင်းဆိပ်ရှိ ရှင်ဥပဂုတ္တဓမ္မာရုံမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီး နေထိုင်ခွင့်ပေးထားတယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် မနက် ၄ နာရီခွဲကလည်း သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်တွင် မကျီးချောင် ၇ လမ်းမှာ နေအိမ်တစ်လုံး မီးလောင်ရာမှ ဘေးအိမ်ကို မီးကူးစက်ပြီး မီးလောင်ကျွမ်းခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

အလားတူပင် ဇန်နဝါရီလ ၁၃ ရက် ည ၉ နာရီကလည်း သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ကျေးရွာမှာရှိတဲ့ ရော်ဘာမှိုင်းခံစက်ရုံ မီးလောင်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#CJPlatform #မွန်ပြည် #သံဖြူဇရပ်မြို့နယ် #ကရုပ္ပိကျေးရွာ #မီးလောင်မှု #မီးပေါ့ဆမှု
👎1😱1
မကွေးတိုင်းတွင် ပေါ်တာဆွဲဖမ်းဆီးမှုများမရှိဘဲ မိမိသဘောဆန္ဒအရ စစ်မှုထမ်းသူ တစ်သောင်းရှိကြောင်း စစ်အုပ်စုခန့် ဝန်ကြီးချုပ်ပြော
ပြည်သူတွေက ညဖက် အပြင်မထွက်ရဲ

CJ Platform

လူမှုကွန်ရက်ပေါ်မှာ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းတယ်ဆိုတဲ့ သတင်းများ ပျံ့နှံ့နေပေမယ့် မကွေးတိုင်းတွင် အခုလိုဖြစ်ရပ်များမရှိဘဲ မိမိသဘောဆန္ဒအရ စစ်မှုထမ်းသူ တစ်သောင်းနီးပါးရှိကြောင်း စစ်အုပ်စုခန့် မကွေးတိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့တယ်လို့ ဌာနဆိုင်ရာသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/28420261-2/
🤣4😁2💩2❤1
ဘိုကလေးမှာ ကဏန်းပိုက်ထောင်နေတဲ့ လူငယ်တစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံး

CJ Platform

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် မိန်းမလှကျွန်းအနီး အမဲချောင်းအတွင်းမှာ ဧပြီ ၂၇ ရက် ည ၇ နာရီခန့်မှာ ကဏန်းပိုက်ထောင်နေတဲ့ လူငယ်တစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံးသွားတယ်လို့ စစ်အုပ်စုလက်အောက်ခံ ဘိုကလေးမြို့နယ် ထွေအုပ်က ထုတ်ပြန်ထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/2654556-2/
😱6
စစ်ကိုင်းမှာ ရက် ၁၀၀ စီမံချက်နဲ့ မှတ်ပုံတင်ပြုလုပ်ပေးနေတယ်လို့ဆိုပြီး ရေထွက်ခပ်သူပါ မချန် ပေါ်တာဆွဲနေ

CJ Platform

စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေမှာ စစ်အုပ်စုတာဝန်ရှိသူတွေက စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) တွေ ကွင်းဆင်းဆောင်ရွက်ပေးနေစဉ်မှာပဲ စစ်အုပ်စုတပ်သားနဲ့ ပျူပူးပေါင်းအဖွဲ့တွေက မြို့အနှံ့မှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/27420264-2/
🤬8
“ဝ”တပ်ဖွဲ့ ထိပ်ပိုင်းအရာရှိ ၂ ဦး ကျားဖြန့်နဲ့ပတ်သက်နေတာကြောင့် ထောင် ၃ နှစ် ချမှတ်ခံရ
 
CJ Platform
 
ရှမ်းပြည်အရှေ့ပိုင်း၊ “ဝ”ပြည် တရားရေးကော်မတီမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိ ၂ ဦးကို အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) တွေနဲ့ ဆက်စပ်ပတ်သက်နေတာကြောင့် ရာထူးက ဖယ်ရှားပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ “ဝ”ပြည် တရားစီရင်ရေးကော်မတီ ရဲတပ်ဖွဲ့ (WSP) က ထုတ်ပြန်ထားပါတယ်။
 
“ဝ”ပြည် တရားစီရင်ရေးကော်မတီရဲ့ ဧပြီ ၂၅ ရက် ရက်စွဲနဲ့ထုတ်ပြန်ချက်အရ “ဝ”အရာရှိနှစ်ဦးဖြစ်တဲ့ Zhao Guliang နဲ့ Zhao E-xiang တို့ဟာ “ဝ”ပြည် ဗဟိုကော်မတီရဲ့ အမိန့်ညွှန်ကြားချက်တွေကို မျက်ကွယ်ပြုပြီး သူတို့ရဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ရာထူးက ဖယ်ရှားခံရတဲ့ Zhao Guliang ဟာ တရားရေးကော်မတီ ရဲဌာနရဲ့ ညွှန်ကြားရေးမှူးတစ်ဦးလည်းဖြစ်ပြီး Zhao E-xiang ကလည်း တရားရေးကော်မတီ စုံစမ်းစစ်ဆေးရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
 
သူတို့နှစ်ဦးစလုံးဟာ သူတို့ရဲ့ဆွေမျိုးတွေနဲ့ လက်အောက်ငယ်သားတွေ ကျားဖြန့်လုပ်ကိုင်နေမှုကို အကာအကွယ်ပေးတာ၊ နေရာငှားရမ်းပေးတာ၊ ကျားဖြန့်လုပ်ကိုင်သူတွေကို နေထိုင်ရန် စီစဉ်ပေးတာစတဲ့ လုပ်ဆောင်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ရာထူးကနေ ဖယ်ရှားပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
“ဝ”ပြည်အတွင်း ကျားဖြန့်နဲ့ တရားမဝင်လုပ်ငန်းတွေအပါအဝင် ရာဇဝတ်မှုလုပ်ရပ်တွေကို လုံးဝသည်းခံ ခွင့်လွှတ်သွားမှာမဟုတ်ဘဲ “ဝ”ပြည် ဥပဒေအရ အရေးယူမှုတွေကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမယ်လို့လည်း WSP က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ - WSP
#CJPlatform #ရှမ်းပြည် #ဝတပ်ဖွဲ့ #UWSA #ကျားဖြန့် #အွန်လိုင်းလိမ်လည်မှု #ထောင်ဒဏ်
😁5❤2🤣1
😁3🔥1💩1🐳1
အထောက်အထားမဲ့မြန်မာ ၁၉ ဦး ကန်ချနာဘူရီတောတွင်းတစ်နေရာမှာ ဖမ်းဆီးခံရ

CJ Platform

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲက တောတွင်းတစ်နေရာမှာ အုပ်စုဖွဲ့ ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာ ၁၉ ဦးကို ထိုင်းအာဏာပိုင်တွေက မနေ့ ဧပြီ ၂၇ ရက် ညနေပိုင်းက တွေ့ရှိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကန်ချနာဘူရီဒေသတွင်းသတင်းမှာ ဖော်ပြထားပါတယ်။

ဆိုင်ယော့ (Sai Yok) မြို့ ထာဆွိုင် (Tha Sao) ကျေးရွာအုပ်စု ကျေးရွာအမှတ် ၅၊ ဝတ်ဖူဖုန် (Wat Phu Phong) သစ်တောဧရိယာအနီး တောထဲမှာ မြန်မာအမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ကို ထိုင်းအာဏာပိုင်တွေက ကင်းလှည့်စစ်ဆေးမှု လုပ်ဆောင်နေချိန် တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေက သူတို့ကို စစ်ဆေးမှုတွေ လုပ်ဆောင်ချိန် အားလုံးမှာ အထောက်အထား စာရွက်စာတမ်းမပါရှိဘူးလို့ ဆိုပါတယ်။ သူတို့အားလုံးဟာ ရတ်ချာဘူရီခရိုင်မှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် တနင်္သာရီတိုင်း ထားဝယ်မြို့ကနေ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြတာဖြစ်ပါတယ်။

အထောက်အထားမဲ့ဝင်ရောက်လာသူတွေဟာ သူတို့ အလုပ်လုပ်ကိုင်ရမယ့်နေရာကို ရောက်ရှိပါက ကြားခံဝန်ဆောင်မှုပေးသူ (ပွဲစား) ကို တစ်ဦးစီအတွက် ဘတ် ၂၀,၀၀၀ စီ ပေးရမှာဖြစ်ပေမယ့် လမ်းခရီးတစ်ဝက်မှာတင် ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံရသူအားလုံးကို ဆိုင်ယော့ရဲစခန်းကို လွှဲပြောင်းပေးထားပြီး ဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ အခုလ ဧပြီလဆန်းပိုင်းကလည်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာ ၃၉ ဦးကို ပက်ဖရာ့ကျေးရွာထဲက နေအိမ်တစ်လုံးမှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ဓာတ်ပုံ - Kanchanaburi News
#CJPlatform #ထိုင်းနိုင်ငံ #ကန်ချနာဘူရီ #အထောက်အထားမဲ့မြန်မာ #တရားမဝင်ဝင်ရောက်မှု #ဆိုင်ယော့မြို့
😢4🔥1