CJ Platform
5.28K subscribers
18.7K photos
359 videos
4 files
8.74K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
👍4😁1
Give and Take

CJ Platform

{ ဘယ်နေရာက တော်လှန်ရေးကို ပါဝင်သည်ဖြစ်စေ တော်လှန်ရေးမိသားစုတွေ အချင်းချင်း လေးစားကြပါ။ ကူညီကြပါ။ စုပေါင်းဆောင်ရွက်ကြဖို့ စိုင်းပြင်းပါ} စာကောက်။

မတ် ၁၂ ရက် RFA သတင်းတစ်ပုဒ်မှာ "ပြည်တွင်းစစ် ငြိမ်းချမ်းမယ်ဆို စစ်တပ်နဲ့ စကားပြောမည်ဟု တရုတ်ကို ပြောကြောင်း" KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ ပြောကြားလို့ တွေ့ရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/13320261-3/
👎2🔥1
ညောင်ဦးမြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ Wheel Tax ပါမှ ဆီရောင်းချပေး

CJ Platform

မန္တလေးတိုင်း၊‌ ညောင်ဦးမြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ Wheel Tax ရှိ၊ မရှိ စစ်ဆေးပြီးမှ စက်သုံးဆီရောင်းချပေးတဲ့ စနစ်ကို စတင်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ညောင်ဦးမြို့က စက်သုံးဆီဆိုင်တွေမှာ ဒီကနေ့ မတ် ၁၃ ရက်မှာ ကား၊ ဆိုင်ကယ်တွေနဲ့ လာရောက်ဝယ်သူတွေကို ယာဉ်လိုင်စင် စတင်စစ်ဆေးတာတွေ လုပ်ဆောင်နေတာဖြစ်ပြီး ယာဉ်သက်တမ်းကုန်ဆုံးနေတဲ့ မော်တော်ယာဉ်တွေကိုတော့ ရောင်းချပေးခြင်း မရှိဘူးလို့ သိရပါတယ်။

“ဒီကနေ့ စစ်တယ်၊ လိုင်စင်ရှိတာပဲ ထုတ်ပေးတယ်၊ ပြီးတော့ QR ဖတ်ထားတယ်ပြောတယ်၊ စာရင်းသွင်းတာတွေ့တယ်၊ ဝှီးတက်ယူသွားပြီးတော့” လို့ ညောင်ဦးမြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

မော်တော်ယာဉ်ပိုင်ရှင်တွေအနေနဲ့ မိမိတို့ယာဉ်ရဲ့ ဘီးခွန် (Wheel Tax) ရှိ Barcode ကို အသုံးပြုပြီး တစ်ရက်ကို တစ်ကြိမ်သာ ဝယ်ယူခွင့်ရတယ်လို့ သိရပါတယ်။

“တစ်နေ့ တစ်ကြိမ်ပဲ ရတော့တယ်၊ ဆီကတော့ ဆိုင်တွေမှာ ဘယ်လောက်ဈေးဆိုပြီး ပြမထား‌တော့ မသိဘူး၊ ဘယ်လောက်ဖိုးဆိုပြီး ထည့်ခဲ့ရတာ၊ ဆန့်သလောက်ပေးပါတယ် ၂ လီတာ သတ်မှတ်ပေမယ့်” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီတွေကို စုံ၊ မ စနစ်နဲ့ ရောင်းချမှုတွေ လုပ်ပေးနေပြီး လိုင်စင်ပြုလုပ်ထားခြင်းမရှိတဲ့ ယာဉ်တွေကို ရောင်းချပေးမည်မဟုတ်ကြောင်း ကြေညာထားသလို တစ်ရက်ကို ယာဉ်အမျိုးအစားအလိုက် ပမာဏခွဲခြားရောင်းချတာတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ ဆီချွေတာသုံးစွဲဖို့အတွက် မတ် ၇ ရက်ကစလို့ ပုဂ္ဂလိကပိုင်ယာဉ်တွေအနေနဲ့ လစဉ်စုံရက်တွေမှာ စုံအက္ခရာနဲ့ မရက်တွေမှာ မအက္ခရာနံပါတ်ပါ ယာဉ်တွေ မောင်းနှင်အသုံးပြုဖို့ ပြီးခဲ့တဲ့ မတ် ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲဒီနောက် တစ်ရက်တည်းမှာ စက်သုံးဆီဝယ်ယူဖို့ တစ်ကြိမ်ထက်ပိုပြီး တန်းစီဝယ်ယူနေတာကို ပပျောက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မတ် ၁၂ ရက်ကစလို့ ဖုန်းအက်ပလီကေးရှင်းနဲ့ QR ကုတ်ဖတ်ပြီး စက်သုံးဆီ ဝယ်ယူခွင့်ပေးတဲ့စနစ်ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနဲ့ နေပြည်တော်က စက်သုံးဆီဆိုင်တွေမှာ စတင်အသုံးပြုခဲ့ပါတယ်။

ဓာတ်ပုံ - ပေးပို့
#CJPlatform #ညောင်ဦး #စက်သုံးဆီ
👎2🔥2
👎2🔥2
အီရန်ရဲ့ အဓိကကျတဲ့ နျူကလီးယား သိပ္ပံပညာရှင်ကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေးအတည်ပြုတဲ့သတင်း အပါဝင် အီရန်စစ်ပွဲ နောက်ဆုံးရသတင်း

CJ Platform

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညပိုင်းက အီရန်ကို တိုက်ခိုက်နေတဲ့ "Operation Epic Fury" စစ်ဆင်ရေးအတွင်းမှာ အမေရိကန်ရဲ့ KC-135 ဆီဖြည့်လေယာဉ်တစ်စင်း ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ လေထဲမှာ ဆီဖြည့်နေစဉ်အတွင်း နောက်ထပ် ဆီဖြည့်လေယာဉ်တစ်စင်းနဲ့ မတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့တာလို့ ယူဆရပါတယ်။

#CJPlatform #အမေရိကန် #ICENTCOM #အီရန် #ဒရုန်း #ဒုံးကျည် #စစ်ပွဲ #နျူကလီးယား #ဆီဖြည့်လေယာဉ်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/XFXpJoNXMtE
👍5😁1
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု မြင့်တက်နေချိန် စစ်ကော်မရှင်က ရုရှားလေယာဉ်သစ်တွေနဲ့ လေကြောင်းအင်အား ထပ်မံဖြည့်တင်း

CJ Platform

မတ်လ ၁၂ ရက်နေ့မှာ မန္တလေးတိုင်း၊ မိတ္ထီလာတပ်နယ်က လေတပ်စခန်းဌာနချုပ်မှာ လေယာဉ်တွေ တပ်တော်ဝင်တဲ့အခမ်းအနားကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒါဟာ ၆ ကြိမ်မြောက် လေယာဉ်သစ်တွေ ဖြည့်တင်းတာ ဖြစ်ပါတယ်။

#CJPlatform #မင်းအောင်လှိုင် #မန္တလေးတိုင်း #မိတ္ထီလာ #စစ်ပွဲ #လေယာဉ်သစ် #ရုရှား

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>https://youtu.be/rQH2ENswg-E
😁2🤬2👎1
မတ်လ ၁၈ရက်နေ့ထိ မိုးရွာသွန်းနိုင်ခြေရှိနေ

CJ Platform

CJ Platform က ညစဉ် တင်ဆက်ပေးနေတဲ့ မနက်ဖြန်အတွက် မိုးလေဝသခန့်မှန်းချက်တွေနဲ့အတူ ရန်ကုန်တိုင်းက တောင်သူဦးကြီးတွေအတွက် တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါမယ်။မနက်ဖြန် မတ်လ ၁၄ ရက် စနေနေ့မှာတော့ အရှေ့မြောက် မုတ်သုံလေဟာ ဆက်လက် အားကောင်းနေဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမြင့်ပေ ၅,၀၀၀ ဝန်းကျင်က လေထုစီးဆင်းမှုအရ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ အရှေ့မြောက်လေက စိုးမိုးထားပေမဲ့ "မြောက်ပိုင်းဒေသတွေမှာတော့ အနောက်ဘက်ကလာတဲ့ လေစီးကြောင်းတွေလည်း ဝင်ရောက်နေပါတယ်"။

#CJPlatform #မိုးလေဝသခန့်မှန်းချက် #မြေဆီလွှာ #မုတ်သုံလေ #မိုးရွာနိုင်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/0kAcbHQxJDc
👍3🔥1
ဓာတ်ပုံ - Pro SAC
🖕3🔥1😁1
ဒုချုပ် စိုးဝင်းကို မင်းအောင်လှိုင် နှုတ်ဆက်ပြီလား

CJ Platform

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း သူနဲ့အတူ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ကျေးဇူးတင်ကြောင်း မနေ့က မတ် ၁၃ ရက်မှာ နေပြည်တော်ဆွေးနွေးပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့မှုကို စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၁ ခုနှစ်၊ မတ် ၃၀ ရက်ကနေ ၂၀၂၅ ခုနှစ်အထိ ၁၅ နှစ်တာကာလအတွင်း တပ်ချုပ်တာဝန်ကို ထမ်းဆောင်ချိန် စစ်တပ်ကို ခေတ်မီတပ်မတော်ဖြစ်လာအောင် လုပ်ဆောင်ခဲ့မှုတွေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်က ပြန်လည်သုံးသပ်ဆွေးနွေး မှာကြားမှုတွေကို မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ချိန် ဒုတပ်ချုပ်စိုးဝင်းကိုလည်း ဂုဏ်ပြုစကား ထည့်သွင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအခမ်းအနားကို စစ်အုပ်စုဘက်က ဒုတပ်ချုပ်စိုးဝင်းအပါအဝင် ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်တွေနဲ့ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့နဲ့ စစ်အုပ်စုဘက်က အဆင့်မြင့်အရာရှိတွေနဲ့ တိုင်းစစ်ဌာနအလိုက်က စစ်တိုင်းမှူးတွေ၊ တပ်ဌာနချုပ်အလိုက် ဌာနမှူးတွေ၊ စစ်ဆင်ရေးကွပ်ကဲရေးမှူးတွေ အစုံအလင် တက်ရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင်က ၁၅ နှစ်တာကာလအတွင်း သူ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းဆောင်တာတွေကို ပြန်လည်သုံးသပ် ဆွေးနွေးပြောဆိုခဲ့တာဟာ သူ့အနေနဲ့ တပ်ချုပ်နေရာက အနားယူဖို့ ဖြစ်နိုင်ပြီး ဒီလိုပြောကြားမှုနဲ့ အစီအစဉ်ပုံစံတွေဟာ တပ်ချုပ်ရာထူးကနေ အနားယူတော့မယ့် အခြေအနေလို့ သုံးသပ်နိုင်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက CJ Platform ကို ပြောပါတယ်။

ဒါဟာ စစ်ခေါင်းဆောင်က လာမယ့် အစိုးရသစ်အဖွဲ့မှာ သမ္မတ ဒါမှမဟုတ် နိုင်ငံတော်အတိုင်ပင်ခံ ရာထူးနေရာကို ရယူဖို့ ပြင်ဆင်မှုတွေ ရှိလာနေတာလည်း ဖြစ်တယ်လို့ CDM လေတပ်အရာရှိတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

“နားမယ်လို့ ထင်ရပါတယ်။ ဒီအတိုင်းကတော့ သူက သမ္မတ၊ ဒုတပ်ချုပ်က အတိုင်ပင်ခံနေရာ ယူမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်မှာက ရာထူးတိုက်ရိုက်မရှိရင် ထိန်းချုပ်ဖို့ခက်တဲ့ အစဉ်အလာရှိတော့ အဓိက တပ်ချုပ်နေရာနဲ့ တပ်ချုပ်ကို ဘယ်လိုထိန်းမလဲဆိုတာတော့ စောင့်ကြည့်ရမယ်” လို့ MDSI အဖွဲ့ CDM လေတပ်အရာရှိတစ်ဦးက သုံးသပ်ပြောပါတယ်။

သူ့အနေနဲ့ တပ်ချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ချိန် စစ်တပ်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီတပ်မတော်၊ မျိုးချစ်တပ်မတော်ဖြစ်အောင် လုပ်ဆောင်ပေးခဲ့ကြောင်း ပြောဆိုခဲ့သလို ရေတပ်စွမ်းအားကိုလည်း ကိုယ်ပိုင်လုပ်ဆောင်နိုင်တဲ့အထိ စွမ်းဆောင်ရည် တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

အခု မတ်လအတွင်းမှာ စစ်ခေါင်းဆောင်အနေနဲ့ အနားယူဖို့ ရှိနိုင်ပြီး စစ်တပ်ကို နောက်မျိုးဆက်သစ်တွေနဲ့ သွေးသစ်လောင်း လက်ဆင့်ကမ်းမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနိုင်သလို မင်းအောင်လှိုင်အနေနဲ့ အစိုးရအဖွဲ့သစ်အတွင်းမှာ ရာထူးနေရာတစ်ခုကို ရယူဖို့ ရှိနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း သုံးသပ်ပြောထားပါတယ်။

လာမယ့် မတ် ၁၆ ရက်မှာ တတိယအကြိမ် ပြည်သူ့လွှတ်တော်ကို စတင်ခေါ်ယူဖို့ ရှိနေပြီး မတ် ၁၈ ရက်မှာ အမျိုးသားလွှတ်တော်နဲ့ မတ် ၂၀ ရက်တို့မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တို့ကို စတင်ကျင်းပသွားဖို့ ရှိနေသလို လွှတ်တော်ကနေတစ်ဆင့် အစိုးရဖွဲ့ဖို့အတွက် ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

#CJPlatform #MinAungHlaing #SoeWin #MyanmarJunta #MDSI #MyanmarPolitics
❤2🔥2😁2🤮2
အချိန်ခါမဟုတ် မိုးရွာနိုင်ဖို့ ဆက်ရှိနေ၊ တောင်သူတွေ အထူးသတိပြု

CJ Platform

ဒီကနေ့ မတ်လ ၁၄ ရက် စနေနေ့အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ပြောပြသွားပါတော့မယ်။တောင်တရုတ်ပင်လယ်ပြင်မှာ အရှေ့မြောက်လေစီး ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး လေစီးကြောင်းနဲ့အတူ ပါဝင်လာတဲ့ မိုးတိမ်တိုက်တွေဟာ ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဆက်လက် ဝင်ရောက်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အနောက်ပိုင်းနဲ့ တောင်ပိုင်းပင်လယ်ပြင်က စီးဝင်နေတဲ့ "ပူနွေးစိုစွတ်တဲ့ လေစီးကြောင်းတွေဟာလည်း" ဆက်လက် ဝင်ရောက်နေဆဲ ဖြစ်ပါတယ်။

#CJPlatform #မိုးလေဝသခန့်မှန်းချက် #မြေဆီလွှာ #မုတ်သုံလေ #မိုးရွာနိုင်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/nG6jTYLYHtY
👍5😁1
ဓာတ်ပုံ - Pro SAC
🤣2❤1💩1
စစ်သားတွေကို မူလတန်းအဆင့် ပညာရေး ပြီးဆုံးအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ မင်းအောင်လှိုင် ပြော

CJ Platform

စစ်တပ်အတွင်း စွမ်းဆောင်ရည်မြှင့်တင်ဖို့အတွက် ပညာရေးအားနည်းတဲ့ စစ်သားတွေကို အနည်းဆုံး မူလတန်းအဆင့် ပြီးဆုံးအောင် လုပ်ဆောင်ပေးနိုင်ခဲ့တယ်လို့ မနေ့က မတ် ၁၃ ရက် နေပြည်တော်ဆွေးနွေးပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း စစ်ကော်မရှင် ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

စစ်တပ်အတွင်း ထိပ်ပိုင်းအရာရှိတွေအပါအဝင် တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ တပ်စုမှူးတွေထဲမှာ ပညာတတ်သူတွေ ရှိနေပေမယ့် အောက်ခြေစစ်သားတွေကတော့ အမှန်တကယ် ပညာတတ်မြောက်သူ နည်းပါးတယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။

“တကယ့်တကယ် ခြေလျင်၊ ခြေမြန်ကတော့ ကျောင်းတက်ရတာ နည်းပါတယ်။ အဲဒီတော့ ဟန်ပြနဲ့တင် ဆွဲပြီးတော့ တင်သွားတာပေါ့။ အဲဒီတော့ သူ့လက်ထက်မှာတင် စာမတတ်တဲ့သူမရှိဘူး၊ အနိမ့်ဆုံး ၄ တန်းအောင်တယ်၊ ၈ တန်းအောင်တယ်ဆိုပြီး ညာလုပ်သွားတာ၊ သူလည်း သိတယ်၊ အဲဒါကိုပဲ မှတ်တမ်းအဖြစ်နဲ့ သွင်းပြီးတော့ ပညာရေး မြှင့်တင်နိုင်တယ်ဆိုတဲ့ ပုံစံမျိုး လုပ်တာ” လို့ CDM ဗိုလ်ကြီး ဇင်ယော်က စစ်တပ်အတွင်း သူ ဖြတ်သန်းတွေ့ကြုံခဲ့ရတဲ့ အခြေအနေကို ရှင်းပြပါတယ်။

အောက်ခြေစစ်သားတွေရဲ့ ပညာသင်ကြားရေးဟာ ဟန်ပြသက်သက်သာဖြစ်ပြီး အတန်းပညာ တတ်မြောက်မှုနှုန်းဟာလည်း စစ်တပ်အရာရှိတွေ တင်ပြတဲ့ အရေအတွက်သက်သက်မျှသာဖြစ်ပြီး အမှန်တကယ် စာတတ်မြောက်တဲ့သူ မရှိဘူးလို့လည်း သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သူ စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်ထဲက စစ်သားတွေအပါအဝင် စစ်မှုထမ်းဟောင်း မိသားစုဝင်တွေရဲ့ ပညာရေးအတွက် ငွေကြေးထောက်ပံ့မှုတွေ၊ ပညာသင်ဆုတွေ ပေးအပ်ခဲ့ကြောင်းနဲ့ ထူးချွန်စစ်သားအချို့ကို ပြည်ပနိုင်ငံတွေဆီ လေ့လာရေး စေလွှတ်နိုင်ခဲ့တယ်လို့ နေပြည်တော်ဆွေးနွေးပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

#CJPlatform #မင်းအောင်လှိုင် #စာတတ်မြောက်မှု
😁3❤1💩1🤣1
အရှေ့အလယ်ပိုင်းဒေသက သံသယဖြစ်ဖွယ် နိုင်ငံခြားသားတွေကို ထိုင်းက ပြည်ဝင်ခွင့်ပိတ်ပင်

CJ Platform

အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခ မြင့်တက်နေချိန် ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို အာဏာပိုင်တွေက လုံခြုံရေးတိုးမြှင့် စောင့်ကြည့်နေပြီး သံသယဖြစ်ဖွယ် နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်တာမျိုးတွေ ရှိနေတယ်လို့ ဘန်ကောက်ပို့စ် (Bangkok Post) သတင်းဌာနက ဖော်ပြထားပါတယ်။

အခု မတ်လအတွင်း အရှေ့အလယ်ပိုင်းဒေသကနေ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေထဲက ၃၀ ကျော်ကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့တယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် Choengron Rimpadee က ပြောကြားခဲ့ပါတယ်။

၁၃ ရက်တာကာလအတွင်း အရှေ့အလယ်ပိုင်းဒေသကနေ နိုင်ငံထဲ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားပေါင်း ၈၇၀ ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး သံသယဖြစ်ဖွယ် နိုင်ငံခြားသား ၃၀ ကျော်ကို ပြည်ဝင်ခွင့်ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါဟာ အရှေ့အလယ်ပိုင်းအရေးနဲ့ပတ်သက်ပြီး ထိုင်းပြည်သူတွေကြား ကောလာဟလသတင်းတွေကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေချိန် စစ်ရေးနဲ့ ဆက်စပ်နေတဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံထဲမှာ လာရောက်ခိုလှုံမှာကို စိုးရိမ်နေကြတာဖြစ်တယ်လို့ ရဲမှူးချုပ်က ဆိုပါတယ်။

လက်ရှိ ထိုင်းနိုင်ငံထဲမှာ အစ္စရေးနိုင်ငံသား ၄ သိန်းကျော် ရှိနေတယ်ဆိုတဲ့ ကောလာဟလသတင်းနဲ့ပတ်သက်ပြီး ထိုင်းပြည်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပေမယ့် ဒါဟာ မမှန်ကန်ဘူးလို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ထိုင်းနိုင်ငံ ဝင်ရောက်လာတဲ့ အစ္စရေးနိုင်ငံသား ၄၂၀,၂၀၂ ဦး ရှိခဲ့ပေမယ့် နိုင်ငံတွင်းကနေ ပြန်လည်ထွက်ခွာသွားသူ ၄၀၅,၇၁၂ ဦး ရှိခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ လက်ရှိ နိုင်ငံတွင်း အစ္စရေးနိုင်ငံသား ၃၀,၀၀၀ ဝန်းကျင်သာ ရှိနေတယ်လို့လည်း ရဲမှူးချုပ်က ဆိုပါတယ်။

ဒါပေမယ့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေအပါအဝင် စစ်ရေးပဋိပက္ခ ဆက်စပ်နေတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံက နိုင်ငံခြားသားတွေကို အဓိကထား စောင့်ကြည့်သွားမှာဖြစ်ပြီး ထိုင်းနိုင်ငံကို လာရောက်တဲ့ အကြောင်းရင်း မခိုင်လုံပါက ပြည်ဝင်ခွင့်ပေးသွားမှာ မဟုတ်ဘူးလို့ သူက ဆက်ပြောထားပါတယ်။

ဓာတ်ပုံ - ဘန်ကောက်ပို့စ်
#CJPlatform #ThailandNews #Immigration #MiddleEastConflict #BangkokPost #InternationalNews
👍4😁1
👍3😁1
အီရန်ခေါင်းဆောင်သစ်ကို ဖမ်းဖို့ အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုငွေထုတ်ပြန်တာအပါအဝင် အီရန်စစ်ပွဲ နောက်ဆုံးရသတင်း

CJ Platform

အမေရိကန် တပ်တွေဟာ၊ အီရန်ရဲ့ ရေနံအခြေခံအဆောက်အအုံတွေ တည်ရှိရာ ခါ့ဂ်ကျွန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေဟာ အဆိုပါကျွန်းပေါ်က စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကိုတော့ အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီလို့ ထရမ့်က ကြေညာပါတယ်။ အကယ်၍ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေကို ဆက်ပြီး နှောင့်ယှက်နေမယ်ဆိုရင်၊ ခါ့ဂ်ကျွန်းကို မြေလှန်ပစ်မယ်လို့ ဆိုပါတယ်။

#CJPlatform #ခါ့ဂ်ကျွန်း #ဟော်မုဇ်ရေလက်ကြား #အမေရိကန် #အီရန်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/6YN9DB8OP18
👍5🤣1
မြောက်ကိုရီးယားက ဒုံးကျည် ၁၀ စင်းထက်မနည်း ပစ်ခတ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်

CJ Platform

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားဟာ သောကြာနေ့ နေ့လယ် ၁ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ မြို့တော်ပြုံးယမ်းအနီးကနေ ဒုံးပျံအမြောက်အမြားကို အရှေ့ဘက်ပင်လယ်ပြင်ဆီကို ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်ကမ်းခြေစောင့်တပ်ကလည်း ဒုံးကျည်တွေဟာ ဂျပန်ရဲ့ သီးသန့်စီးပွားရေးဇုန်အပြင်ဘက် ပင်လယ်ထဲကို ကျရောက်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။


#CJPlatform #မြောက်ကိုရီးယား #ဒုံးကျည် #အမေရိကန် #တောင်ကိုရီးယား

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/57DUKGH_u-k
😁3👍2❤1🔥1