CJ Platform
5.29K subscribers
18.7K photos
359 videos
4 files
8.74K links
We are freedom and voices.
Website Link: https://cjplatform.com/
Download Telegram
ထီးလင်းမြို့နယ်၊ မြောင်းကြီးကျေးရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံး

CJ Platform

ယောဒေသအတွင်းရှိ ထီးလင်းမြို့နယ်၊ မြောင်းကြီးကျေးရွာကို စစ်အုပ်စုက မတ် ၁၀ ရက်၊ နေ့လယ် ၁ နာရီ ၅၁ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/12320263-2/
🤬51
အရေးပေါ် လူနာတင်ယာဉ်အချို့ ရပ်နားထားတော့မယ်
 
CJ Platform
 
စက်သုံးဆီဝယ်ယူရေး အခက်အခဲအပြင် အသင်းအဖွဲ့ မှတ်ပုံတင်ရာမှာ ရန်ပုံငွေ ကျပ်သိန်း ၅၀၀ ကို တင်ပြရမယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ကန့်သတ်ချက်တွေကြောင့် လူမှုရေးအသင်းအဖွဲ့အချို့ လုပ်ငန်းတွေ ရပ်နားထားဖို့ ပြင်ဆင်နေတယ်လို့ ပရဟိတအကျိုးဆောင်တွေဆီက သိရပါတယ်။
 Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/12320269-2/
😢71
လေယာဉ်အဟောင်းတွေကို အသစ်တွေနဲ့ ရောနှောပြီး တပ်တော်ဝင်တယ်လို့ စစ်အုပ်စုပြသ

CJ Platform

ရုရှားနိုင်ငံကနေ မှာယူထားတဲ့ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ စစ်အုပ်စုက လေတပ်အင်အားကို ထပ်မံဖြည့်တင်းနေပြီး တိုက်ခိုက်ရေးလေယာဉ်တွေ တပ်တော်ဝင်အခမ်းအနားကို မနေ့က မတ် ၁၂ ရက်က မန္တလေးတိုင်း၊ မိတ္ထီလာတပ်နယ်မှာ ကျင်းပခဲ့တယ်လို့ သူတို့ရဲ့ ဝါဒဖြန့် သတင်းစာတွေကနေတဆင့် သတင်းထုတ်ပြန်ထားပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/13320261-2/
2🤣2👎1😁1
ဒေသအများစု မိုးရွာနိုင်ပြီး မိုးကြီးနိုင်ခြေရှိနေ

CJ Platform

ဒီကနေ့ မတ်လ ၁၃ ရက် သောကြာနေ့အတွက် မိုးလေဝသအခြေအနေတွေကို ပြောပြပေးသွားပါတော့မယ်။အရှေ့မြောက် မုတ်သုံလေဟာ ဆက်လက် အားကောင်းနေဆဲဖြစ်ပြီး တောင်တရုတ်ပင်လယ်ဘက်ကလာတဲ့ လေစီးကြောင်းနဲ့အတူ ထိုင်းနိုင်ငံဘက်က ဝင်ရောက်လာတဲ့ မိုးတိမ်တွေ၊ မြန်မာနိုင်ငံ တောင်ဘက်က တက်လာတဲ့ မိုးတိမ်တွေကြောင့် "တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးအနည်းငယ်ကနေ အသင့်အတင့် ထစ်ချုန်းရွာနိုင်ပါတယ်"။

#CJPlatform #မိုးလေဝသခန့်မှန်းချက် #မြေဆီလွှာ #မုတ်သုံလေ #မိုးရွာနိုင်

Youtube တွင် ဆက်လက်ကြည့်ရှုရန် >>>https://youtu.be/BXXJ-8l_3_g
5👍2😁1
လမ်းလျှောက်သင်္ကြန်ကို ဦးစားပေးလုပ်ဆောင်ပြီး စည်ကားအောင်လုပ်မယ်လို့ စစ်ကော်မရှင် ပြော

CJ Platform

လာမယ့် ဧပြီလအတွင်းမှာ ကျင်းပမယ့် မြန်မာနှစ်သစ်ကူးကာလမှာ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဦးစားပေးလုပ်ဆောင်ပြီး စည်ကားအောင် ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ စစ်ကော်မရှင် ဝန်ကြီးချုပ် ဦးညိုစောက မနေ့က မတ် ၁၂ ရက် နေပြည်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင် အစိုးရအဖွဲ့ အစည်းအဝေး ၂/၂၀၂၆ ကို နေပြည်တော်မှာ မနေ့က ပြုလုပ်ခဲ့ချိန် ဦးညိုစောက ပြောဆိုခဲ့တာဖြစ်ပြီး အခုနှစ် သင်္ကြန်ကို စည်စည်ကားကားနဲ့ ကျင်းပနိုင်အောင် ရည်ရွယ်ချက်ထားရှိပြီး ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က မတ် ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် သင်္ကြန်ကို သာမန်မျှသာ ဖြတ်သန်းခဲ့ရတယ်လို့ ပြောဆိုထားပြီး အခုနှစ်မှာတော့ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီတဲ့ လမ်းလျှောက်သင်္ကြန်ကို ဦးစားပေး စီစဉ်ဆောင်ရွက်ဖို့ကိုလည်း ဦးညိုစောက ပြောကြားထားပါသေးတယ်။

အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် စက်သုံးဆီ ရှားပါးလာချိန်မှာ သင်္ကြန်ပွဲတော် လည်ပတ်ဖို့ မော်တော်ယာဉ်တွေအတွက် စက်သုံးဆီ အခက်အခဲတွေပါ ဖြစ်ပေါ်လာနိုင်ပြီး စစ်ကော်မရှင်က မော်တော်ယာဉ်တွေကို စုံမခွဲကာ မောင်းနှင်စေခြင်းဟာလည်း သင်္ကြန်လည်ပတ်ဖို့ ပြင်ဆင်ထားသူတွေအတွက် အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သင်္ကြန်ပွဲတော် ကျင်းပချိန်တိုင်း စစ်အုပ်စုက လုံခြုံရေး တင်းကျပ်ပြီး လမ်းလျှောက်သင်္ကြန်ကို လုပ်ဆောင်ခဲ့ပေမယ့် လာရောက်သူအရေအတွက်ကတော့ သိသိသာသာ များပြားတာမျိုး မရှိခဲ့ပါဘူး။

၂၀၂၁ နောက်ပိုင်း စစ်အုပ်စုက သင်္ကြန်ပွဲတော်ကို နည်းလမ်းမျိုးစုံနဲ့ စည်ကားအောင် ကြိုးပမ်းနေပေမယ့် တော်လှန်ရေးလှုပ်ရှားနေသူတွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကတော့ စစ်အုပ်စုသင်္ကြန်ကို သပိတ်မှောက်ဖို့ တိုက်တွန်းမှုတွေ ရှိခဲ့သလို ပြည်သူအများစုကလည်း စစ်အုပ်စု ကျင်းပတဲ့သင်္ကြန်ကို ပါဝင်ဆင်နွှဲတာမျိုး မရှိခဲ့ကြပါဘူး။

ပုံစာ - ရန်ကုန်မြို့ လမ်းလျှောက်သင်္ကြန်ကို မြင်ရပုံ (ပုံဟောင်း)
#CJPlatform #သင်္ကြန် #လမ်းလျှောက်သင်္ကြန် #စက်သုံးဆီ
3💩3🔥1
💩51👎1
နာမည်ကြီးတံဆိပ် ဘူးခွံတွေကိုသုံးပြီး ခေါင်းလျှော်ရည်အတု ရောင်းချတဲ့ ထိုင်းနိုင်ငံသား ဖမ်းဆီးခံရ

CJ Platform

ထိုင်းနိုင်ငံ၊ နာခွန်ပထုံခရိုင်မှာ နာမည်ကြီး ခေါင်းလျှော်ရည်ကုမ္ပဏီ အမှတ်တံဆိပ်တွေရဲ့ ဘူးခွံတွေကို အသုံးပြုပြီး ကိုယ်တိုင်ဖျော်စပ်ထားတဲ့ ခေါင်းလျှော်ရည်အတုတွေကို ရောင်းချတဲ့ ထိုင်းနိုင်ငံသား ၁ ဦးကို ဒီကနေ့ မတ် ၁၃ ရက်မှာ အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ခေါင်းလျှော်ရည်အတု ထုတ်လုပ်ရောင်းချတဲ့ အသက် ၆၀ အရွယ် မစ္စတာ ပရွန်မတ်လို့ အမည်ရတဲ့ ထိုင်းအမျိုးသားကို စုံစမ်းစစ်ဆေးရေးဗျူရို (CIB)၊ စီးပွားရေးဆိုင်ရာ မှုခင်းနှိမ်နင်းရေးဌာန (ECD) နဲ့ Procter & Gamble ကုမ္ပဏီ တာဝန်ရှိသူတို့ ပူးပေါင်းပြီး ဒီကနေ့မှာ ဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ခေါင်းလျှော်ရည်ထုတ်လုပ်ရာမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေ အသုံးပြုပြီး သူကိုယ်တိုင် ဖန်တီးပေါင်းစပ်ကာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေတာဖြစ်သလို သူ အသုံးပြုခဲ့တဲ့ နာမည်ကြီးတံဆိပ် ခေါင်းလျှော်ရည်ဘူးခွံတွေဟာလည်း အရည်အသွေးမပြည့်မီလို့ ကုမ္ပဏီက အသုံးမပြုတော့တဲ့ ဘူးခွံတွေကို အသုံးပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ အခု မတ် ၃ ရက်မှာ ဈေးကွက်အတွင်းမှာရှိတဲ့ ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကို ဒေသအာဏာပိုင်တွေက လိုက်လံစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ချိန် ပုံမှန်ထက် သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချနေတဲ့ ခေါင်းလျှော်ရည်ဘူးတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ဆောင်ချိန် ခေါင်းလျှော်ရည်အတု ဖြန့်ချိနေတာကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီနောက် ကုမ္ပဏီဘက်က တာဝန်ရှိသူတွေအပါအဝင် ဒေသဆိုင်ရာ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ပြီး ခေါင်းလျှော်ရည်အတု ထုတ်လုပ်ကာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေတဲ့ မစ္စတာ ပရွန်မတ်ကို သူ နေထိုင်တဲ့ Phutthamonthon မြို့၊ ဆာလာယာ (Salaya) ရပ်ကွက်က နေအိမ်မှာ ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

အာဏာပိုင်တွေက သူ့နေအိမ်အတွင်း ဝင်ရောက်စီးနင်းဖမ်းဆီးချိန် နာမည်ကြီး ခေါင်းလျှော်ရည် အမှတ်တံဆိပ်အတုပေါင်း ၂၀ ခန့်ကို တွေ့ရှိခဲ့ပြီး ဈေးကွက်အတွင်း ဖြန့်ချိဖို့ ပြင်ဆင်ထားတဲ့ ခေါင်းလျှော်ရည်ဘူးပေါင်း ၁,၄၁၃ ဘူးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခေါင်းလျှော်ရည်ထုတ်လုပ်ရာမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေ၊ ထုပ်ပိုးရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပြီး သူ့ကိုတော့ နိုင်ငံတွင်း မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအမှတ်တံဆိပ်တွေကို အတုပြုလုပ်ခြင်း၊ ဈေးကွက်အတွင်း အများပြည်သူကို ကုန်ပစ္စည်းအတု ရောင်းချခြင်းတို့နဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Ch7HD News
#CJPlatform #ခေါင်းလျှော်ရည်အတု #ထိုင်းနိုင်ငံ
👍41😁1🤬1
👍3😁1
Give and Take

CJ Platform

{ ဘယ်နေရာက တော်လှန်ရေးကို ပါဝင်သည်ဖြစ်စေ တော်လှန်ရေးမိသားစုတွေ အချင်းချင်း လေးစားကြပါ။ ကူညီကြပါ။ စုပေါင်းဆောင်ရွက်ကြဖို့ စိုင်းပြင်းပါ} စာကောက်။

မတ် ၁၂ ရက် RFA သတင်းတစ်ပုဒ်မှာ "ပြည်တွင်းစစ် ငြိမ်းချမ်းမယ်ဆို စစ်တပ်နဲ့ စကားပြောမည်ဟု တရုတ်ကို ပြောကြောင်း" KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ ပြောကြားလို့ တွေ့ရပါတယ်။
Website တွင် ဆက်လက် ဖတ်ရှုရန် >>> https://cjplatform.com/13320261-3/
👎2🔥1
ညောင်ဦးမြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ Wheel Tax ပါမှ ဆီရောင်းချပေး

CJ Platform

မန္တလေးတိုင်း၊‌ ညောင်ဦးမြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ Wheel Tax ရှိ၊ မရှိ စစ်ဆေးပြီးမှ စက်သုံးဆီရောင်းချပေးတဲ့ စနစ်ကို စတင်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ညောင်ဦးမြို့က စက်သုံးဆီဆိုင်တွေမှာ ဒီကနေ့ မတ် ၁၃ ရက်မှာ ကား၊ ဆိုင်ကယ်တွေနဲ့ လာရောက်ဝယ်သူတွေကို ယာဉ်လိုင်စင် စတင်စစ်ဆေးတာတွေ လုပ်ဆောင်နေတာဖြစ်ပြီး ယာဉ်သက်တမ်းကုန်ဆုံးနေတဲ့ မော်တော်ယာဉ်တွေကိုတော့ ရောင်းချပေးခြင်း မရှိဘူးလို့ သိရပါတယ်။

“ဒီကနေ့ စစ်တယ်၊ လိုင်စင်ရှိတာပဲ ထုတ်ပေးတယ်၊ ပြီးတော့ QR ဖတ်ထားတယ်ပြောတယ်၊ စာရင်းသွင်းတာတွေ့တယ်၊ ဝှီးတက်ယူသွားပြီးတော့” လို့ ညောင်ဦးမြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

မော်တော်ယာဉ်ပိုင်ရှင်တွေအနေနဲ့ မိမိတို့ယာဉ်ရဲ့ ဘီးခွန် (Wheel Tax) ရှိ Barcode ကို အသုံးပြုပြီး တစ်ရက်ကို တစ်ကြိမ်သာ ဝယ်ယူခွင့်ရတယ်လို့ သိရပါတယ်။

“တစ်နေ့ တစ်ကြိမ်ပဲ ရတော့တယ်၊ ဆီကတော့ ဆိုင်တွေမှာ ဘယ်လောက်ဈေးဆိုပြီး ပြမထား‌တော့ မသိဘူး၊ ဘယ်လောက်ဖိုးဆိုပြီး ထည့်ခဲ့ရတာ၊ ဆန့်သလောက်ပေးပါတယ် ၂ လီတာ သတ်မှတ်ပေမယ့်” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီတွေကို စုံ၊ မ စနစ်နဲ့ ရောင်းချမှုတွေ လုပ်ပေးနေပြီး လိုင်စင်ပြုလုပ်ထားခြင်းမရှိတဲ့ ယာဉ်တွေကို ရောင်းချပေးမည်မဟုတ်ကြောင်း ကြေညာထားသလို တစ်ရက်ကို ယာဉ်အမျိုးအစားအလိုက် ပမာဏခွဲခြားရောင်းချတာတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ ဆီချွေတာသုံးစွဲဖို့အတွက် မတ် ၇ ရက်ကစလို့ ပုဂ္ဂလိကပိုင်ယာဉ်တွေအနေနဲ့ လစဉ်စုံရက်တွေမှာ စုံအက္ခရာနဲ့ မရက်တွေမှာ မအက္ခရာနံပါတ်ပါ ယာဉ်တွေ မောင်းနှင်အသုံးပြုဖို့ ပြီးခဲ့တဲ့ မတ် ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲဒီနောက် တစ်ရက်တည်းမှာ စက်သုံးဆီဝယ်ယူဖို့ တစ်ကြိမ်ထက်ပိုပြီး တန်းစီဝယ်ယူနေတာကို ပပျောက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မတ် ၁၂ ရက်ကစလို့ ဖုန်းအက်ပလီကေးရှင်းနဲ့ QR ကုတ်ဖတ်ပြီး စက်သုံးဆီ ဝယ်ယူခွင့်ပေးတဲ့စနစ်ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနဲ့ နေပြည်တော်က စက်သုံးဆီဆိုင်တွေမှာ စတင်အသုံးပြုခဲ့ပါတယ်။

ဓာတ်ပုံ - ပေးပို့
#CJPlatform #ညောင်ဦး #စက်သုံးဆီ
👎2🔥2